‘သတင်းကောင်း ဟောပါ’
ယေဟောဝါသက်သေများရဲ့ ၂၀၂၄ အစည်းအဝေးကြီး
ဝင်ကြေး မကောက်ပါ • အလှူငွေ မကောက်ပါ
အစီအစဉ် ပေါ်လွင်ချက်များ
သောကြာနေ့။ ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုအကြောင်း သတင်းကောင်းဟာ တိကျမှန်ကန်တဲ့ မှတ်တမ်း ဖြစ်ကြောင်း အထောက်အထားတွေ သုံးသပ်ကြည့်ပါ။ အဲဒီမှတ်တမ်းတွေ ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုနိုင်ကြောင်း လေ့လာကြည့်ပါ။
စနေနေ့။ ယေရှု မွေးဖွားခြင်း၊ ကလေးဘဝအကြောင်း ဘာတွေ ကြိုဟောထားသလဲ။ ကြိုဟောချက်တွေ တကယ် ပြည့်စုံလာသလား။
တနင်္ဂနွေနေ့။ ကမ္ဘာ့အခြေအနေ ဆိုးသည်ထက် ဆိုးလာပေမဲ့ သန်းနဲ့ချီတဲ့ လူတွေ ဘာကြောင့် စိတ်အေးအေး ထားနိုင်တယ်၊ အနာဂတ်နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချမှု အပြည့် ရှိနေတယ်ဆိုတာ သိဖို့ “သတင်းဆိုး ကြားတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် မကြောက်ကြသလဲ” ဆိုတဲ့ ကျမ်းစာ အခြေပြု ဟောပြောချက်မှာ လေ့လာကြည့်ပါ။
ကျမ်းစာဇာတ်လမ်း
ယေရှုရဲ့ အမှုဆောင်လုပ်ငန်း– အပိုင်း ၁
လူ့လောကကို အလင်းပေးမယ့် စစ်မှန်တဲ့ အလင်း
ယေရှု အံ့ဖွယ်နည်းနဲ့ မွေးလာတယ်။ ကလေးဘဝမှာတင် ကြုံရတာတွေ မနည်းဘူး။ အသက်ရန်ရှာနေတဲ့ ဘုရင်လက်က လွတ်အောင် ယေရှုကို မိဘတွေ အီဂျစ်ပြည် ခေါ်သွားကြတယ်။ နောက်တော့ အဲဒီခေတ်က ထိပ်သီး ဆရာတွေတောင် လက်ဖျားခါရတဲ့သူ ဖြစ်လာတယ်။ ဒီဖြစ်ရပ်တွေနဲ့ တခြားဖြစ်ရပ်တွေအကြောင်း အပိုင်း နှစ်ပိုင်း ပါတဲ့ ဇာတ်လမ်းတွဲကို သောကြာနေ့နဲ့ စနေနေ့မှာ ရှုစားကြည့်ပါ။
ဒီနှစ် အစည်းအဝေးကြီးနဲ့ပတ်သက်ပြီး အောက်ပါ ဗီဒီယိုတွေ ကြည့်ပါ
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးတွေက ဘယ်လိုမျိုးလဲ
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးမှာ ဘာတွေ မြင်တွေ့ကြားနာရမယ်ဆိုတာ လေ့လာကြည့်ပါ။
‘သတင်းကောင်း ဟောပါ’ ယေဟောဝါသက်သေများရဲ့ ၂၀၂၄ အစည်းအဝေးကြီး
ဒီနှစ် အစည်းအဝေးကြီး အစီအစဉ်မှာ ဘာတွေ ပါသလဲ အမြည်း ကြည့်ပါ။
ကျမ်းစာဇာတ်လမ်း နမူနာ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း
ယေရှု အံ့ဖွယ်နည်းနဲ့ မွေးလာတာ လူတော်တော်များများ သိကြတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာ အဲဒီဖြစ်ရပ် မတိုင်ခင်၊ ပြီးနောက် ဘာတွေ ဖြစ်သလဲ။