မာတိကာဆီ ကျော်သွား

မော်ကွန်းတိုက်မှ

ယေဟောဝါသက်သေတွေရဲ့ မျက်မှောက်ခေတ်သမိုင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်း ဖတ်ပါ။

သမိုင်းကြောင်းကို ခြုံငုံသုံးသပ်

သတင်းကောင်းကို ထုတ်လွှင့်ခြင်း

ရေဒီယိုအသံလွှင့်ရုံကို အသုံးပြုပြီး နိုင်ငံတော်သတင်းကို ယေဟောဝါသက်သေတွေ ဘယ်လိုကြေညာခဲ့ကြသလဲ။

ပေါ်တူဂီမှာ ဦးဆုံး နိုင်ငံတော်သတင်း ရောက်ရှိခဲ့ပုံ

ပေါ်တူဂီမှာ နိုင်ငံတော်သတင်း စဟောပြောသူတွေ ဘာအခက်အခဲ ကြုံခဲ့သလဲ။

၁၈၇၀ ကနေ ၁၉၁၈

လူထုဟောပြောချက်တွေက အိုင်ယာလန်မှာ သတင်းကောင်း ပျံ့နှံ့စေ

“ရိတ်သိမ်းဖို့ အသင့်ဖြစ်နေတဲ့” လယ်ကွင်းပဲဆိုတာ စီတီ ရပ်စယ် ဘယ်လို ယုံကြည်စိတ်ချခဲ့သလဲ။

ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့ အနှစ်တရာသက်တမ်းရှိ ရုပ်ရှင်

ဒီနှစ်ကတော့ ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ အနှစ်တရာပြည့်တဲ့နှစ် ဖြစ်ပါတယ်၊ ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ ဆိုတာ သမ္မာကျမ်းစာကို ဘုရားသခင့်တရားစကားအဖြစ် ယုံကြည်စေဖို့ ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။

“ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတဲ့ အသီးတွေ ရိတ်သိမ်းနေရတယ်”

ပထမကမ္ဘာစစ်အတွင်း ခရစ်ယာန်ကြားနေမှုကိစ္စကို ကျမ်းစာကျောင်းသားတွေ အပြည့်အဝ နားမလည်ပေမဲ့ ​သူတို့ရဲ့ စိတ်ရင်းမှန်မှုကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။

“စမ်းသပ်ရာအချိန်နာရီ” မှာ သူတို့ အခိုင်အမာ ရပ်တည်ခဲ့ကြ

၁၉၁၄ ပထမကမ္ဘာစစ်က ကျမ်းစာကျောင်းသားတွေရဲ့ ကြားနေမှုကို ကမ္ဘာသိအောင် ဘယ်လို လုပ်ပေးခဲ့ကြောင်း ဖတ်ကြည့်ပါ။

၁၉၁၉ ကနေ ၁၉၃၀

“အရင်ကထက် စိတ်ထက်သန်မှုနဲ့ မေတ္တာ တိုးပွား”

၁၉၂၂ အစည်းအဝေးကြီးပြီးနောက်မှာ “ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ” ဆိုတဲ့ အကြံပြုချက်ကို ကျမ်းစာကျောင်းသားတွေ ဘယ်လို လိုက်နာခဲ့ကြသလဲ။

‘ကြားခဲ့ဖူးသမျှမှာ အကောင်းဆုံးသတင်းပဲ’

၁၉၂၆ မှာ ကျမ်းစာကျောင်းသား၊ ယခုအခေါ် ယေဟောဝါသက်သေများဟာ ကနေဒါမြို့ကြီး လေးမြို့ရဲ့ ကိုယ်ပိုင် ရေဒီယိုအသံလွှင့်ရုံတွေမှာ လုပ်ဆောင်နေကြတယ်။

အချိန်ကိုက်ပေါ်လာတဲ့ “မေ့လို့မရနိုင်တဲ့အရာပဲ”

”ဖန်ဆင်းခြင်းပြဇာတ်” အသစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ယုံကြည်ခြင်း စမ်းသပ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဂျာမနီနိုင်ငံက သက်သေခံတွေကို ဘယ်လို ကူညီပေးခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။

“ကျွန်တော်က လိပ်ခွံထဲက လိပ်နဲ့တူတယ်၊ ကျွန်တော်သွားလေရာမှာ ကျွန်တော့်အိမ် အမြဲပါတယ်

၁၉၂၉ ခုနှစ်အကုန်လောက်မှာ ကမ္ဘာ့စီးပွားရေးအခြေအနေ အရမ်းကျဆင်းခဲ့တယ်။ ကော်လ်ပေါ်တာလို့ခေါ်တဲ့ ရှေ့ဆောင်တွေ (အချိန်ပြည့်ဟောပြောသူတွေ) ဒီအကျပ်အတည်းကို ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။

၁၉၃၁ ကနေ လက်ရှိအချိန်အထိ

ခက်ခဲချိန်တစ်လျှောက် ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေခဲ့ကြ

ဒုတိယကမ္ဘာစစ်ကြောင့် ဥရောပတိုက်ဟာ အပျက်အယွင်းပုံကြီး ဖြစ်ကျန်ခဲ့လို့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းလှတယ်။ အဲဒီခေတ်ကို ဖြတ်ကျော်ခဲ့သူတွေဆီကနေ ဘာတွေ သင်ယူနိုင်သလဲ။

ကွဲပြားတဲ့နိုင်ငံမှာ စည်းလုံးနေကြ

တောင်အာဖရိကမှာရှိတဲ့ ယေဟောဝါသက်သေတွေက လူမျိုးရေးခွဲခြားမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ကြသလဲ။ ဒီသမိုင်းဖြစ်ရပ်ကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။

“ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”

၁၉၂၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနဲ့ ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ထက်သန်တဲ့ ရှေ့ဆောင်တွေဟာ ဩစတြေးလျ ကုန်းတွင်းပိုင်းဒေသကြီးမှာ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖော်ပြခဲ့တယ်။

“နောက်အစည်းအဝေးပွဲ ဘယ်တော့လဲ”

၁၉၃၂၊ မက္ကဆီကိုမြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေးကို ဘာက ထူးခြားစေသလဲ။

ဘုရင်ကြီးက သဘောကျ

ဆွာဇီလန်ဘုရင်က ကျမ်းစာအမှန်တရားကို ဘယ်လောက် လေးမြတ်တန်ဖိုးထားတဲ့အကြောင်း ဖတ်ကြည့်ပါ။

အလင်းဆောင်သူ ရွက်လှေက အရှေ့တောင်အာရှမှာ ကျမ်းစာအလင်း ထွန်းလင်း

ဆန့်ကျင်မှုတွေ ရှိခဲ့ပေမဲ့ အလင်းဆောင်သူ ရွက်လှေ အဖွဲ့ဟာ သမ္မာကျမ်းစာအလင်းကို လူဦးရေ ထူထပ်ပြီး ကျယ်ပြန့်တဲ့ ဒေသတွေမှာ သတ္တိရှိရှိ ထွန်းလင်းခဲ့တယ်။

“ဗြိ​တိန်​နိုင်​ငံ​က ဘု​ရား​နိုင်​ငံ​တော် ကြေ​ညာ​သူ​တွေ နိုး​ထ​ကြ”

ဗြိ​တိန်​မှာ ဆယ်​နှစ်​လုံး​လုံး နိုင်​ငံ​တော်​ကြေ​ညာ​သူ တိုး​တက်​မှု မ​ရှိ​ခဲ့​ဘူး။ အဲ​ဒီ​အ​ခြေ​အ​နေ​ကို နောက်​ဆုံး​မှာ ဘာ​က ပြောင်း​လဲ​စေ​ခဲ့​သ​လဲ။

နယူးဇီလန်မှ ယေဟောဝါသက်သေများ—ငြိမ်သက်အေးချမ်းပြီး ဘုရားတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန်တွေလား

၁၉၄၀ တုန်းက သက်သေခံတွေကို လူထုအတွက် အန္တရာယ်ရှိသူတွေအဖြစ် ဘာကြောင့် သတ်မှတ်ကြသလဲ။

အကောင်းဆုံးကို ပေးခဲ့ကြ

ဒုတိယကမ္ဘာစစ် ပြီး,ပြီးချင်းမှာပဲ ယေဟောဝါသက်သေတွေဟာ ဂျာမနီက ယုံကြည်သူချင်းတွေကို ဘယ်လို ကူညီပေးခဲ့ကြသလဲ။

ကမ္ဘာချီ စာတတ်မြောက်ဖို့ ကြိုးစားခြင်း

ယေဟောဝါသက်သေတွေ စာတတ်မြောက်ရေးလုပ်ငန်းမှာ ကြိုးစားပါဝင်မှုကြောင့် နိုင်ငံအတော်များများက အစိုးရအရာရှိတွေ ချီးမွမ်းကြတယ်။

စီးပွားရေးအကျပ်အတည်းကြား ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ကြ

ဖိလစ်ပိုင်နိုင်ငံက ယေဟောဝါသက်သေတွေဟာ ၁၉၇၀ ကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းကာလတစ်ခု ရင်ဆိုင်ခဲ့ရတယ်။ ခေတ်ဆိုးခေတ်ကျပ်မှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့အနေနဲ့ သူတို့ဆီကနေ ဘာတွေ သင်ယူနိုင်သလဲဆိုတာ လေ့လာကြည့်ပါ။