မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုပ်မြင်သံကြားသည် ကလေးထိန်းကောင်းတစ်ဦးလော

ရုပ်မြင်သံကြားသည် ကလေးထိန်းကောင်းတစ်ဦးလော

ရုပ်မြင်သံကြားသည် ကလေးထိန်း​ကောင်း​တစ်ဦး​လော

သင်သည် နေ့စဉ်​လုပ်ငန်းဆောင်တာ​များနှင့် အလုပ်များ​နေစဉ် သင့်​ကလေး​များ​ပျော်​စေရန် ရုပ်မြင်သံကြား​ကြည့်ရှု​ခွင့်​ပေး​ထားခြင်း​သည် တစ်ခါတစ်ရံ အတော်ပင် နှစ်သက်ဖွယ်​ကောင်း​ပုံ​ရ​ပေမည်။ သို့သော် ယင်းက သင့်​သားသမီး​အပေါ် အဘယ်​အကျိုး​သက်ရောက်​နိုင်​သနည်း။

“ရုပ်မြင်သံကြား​မှ​ထုတ်လွှင့်​သော  စိတ်​လှုပ်ရှား​ဖွယ်​အကြောင်း​များသည် ကလေးငယ်​များ​ကို​ပင် ဩဇာ​လွှမ်းမိုး​နိုင်​သည်” ဟု နယူးယောက်​တိုင်းမ်​က ဖော်ပြ​သည်။ မကြာသေးမီ​က​ပြုလုပ်​သော လေ့လာမှု​တစ်ခု​တွင် အမျိုးသမီး​သရုပ်ဆောင်​တစ်ဦး​က ကစားစရာ​အရုပ်​တစ်ခု​နှင့် ပုံစံ​အမျိုးမျိုး​သရုပ်ဆောင်​ပြ​သော ပြကွက်​တို​များ​ကို တစ်နှစ်​အရွယ်​ကလေး​များ​အား ပြသ​ခဲ့​သည်။ “အမျိုးသမီး​သရုပ်ဆောင်​က ကစားစရာ​အရုပ်​တစ်ခု​ကို ကြောက်ရွံ့​ပုံ သရုပ်ဆောင်​ပြ​မည်​ဆိုလျှင် ကလေးငယ်​များသည် ထို​အရုပ်​နှင့် ဆော့​ကစား​မည်​မဟုတ်ဘဲ ယင်းကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်၊ ဘဝင်​မကျ၊ သု​န်​မှု​န် သို့​မဟုတ် ငိုယို​မည့်​အကြောင်း​ပို​များသည်။ သို့သော် အမျိုးသမီး​သရုပ်ဆောင်​က ကစားစရာ​အရုပ်​ကို သဘောကျ​မည်​ဆိုလျှင် ကလေးငယ်​များသည် ထို​အရုပ်​နှင့် ပို​၍​ကစား​လို​စိတ်​ရှိကြ​၏” ဟူ၍ တိုင်းမ်​က ဖော်ပြ​သည်။

ရုပ်မြင်သံကြားသည် ကလေးငယ်​များ​အပေါ် ဩဇာ​လွှမ်းမိုး​နိုင်​သည်​မှာ ရှင်းနေပါသည်။ ယင်းက သားသမီး​များ​အပေါ် နှစ်​ရှည်​လ​များ​သြဇာလွှမ်း​မိုး​လာ​လျှင် မည်သို့​နည်း။ ဂျပန်​နိုင်ငံ၊ ကူ​ရာ​ရှီ​ကီ​မြို့မှ ကာ​ဝါ​ဆာကီ​ဆေး​ကောလိပ်​၏ ကလေး​အထူးကု​ပါမောက္ခ နာ​အို​ကီ ကာ​တာ​အို​ကာ​က အလွန်​ငြိမ်​ချက်​သား​ကောင်း​၍ မျက်နှာ​ပေါ်​တွင် ခံစားချက်​မ​ပေါ်လွင်​သော ကလေး​များစွာကို လေ့လာ​ခဲ့​၏။ ထို​ကလေး​အားလုံး​မှာ တီဗွီ သို့​မဟုတ် ဗီဒီယိုကို နှစ်​ရှည်​လ​များ ကြည့်ရှု​ခဲ့​သူများ​ဖြစ်​ကြ​၏။ နှစ်နှစ်​သား​တစ်ဦး​သည် အခြားသူ​တို့​နှင့် စကားစမြည်​မပြော​ဆိုနိုင်​သည့်​ပြင် စကားလုံး​များများ​စား​စား မ​သုံးနိုင်​ပေ။ သူသည် တစ်နှစ်​သား​အရွယ်​ကတည်းက နေ့တိုင်း မိုးလင်း​မိုးချုပ် ဗီဒီယို​ကြည့်​ခဲ့​သူ​ဖြစ်၏။ မိခင်​ဖြစ်သူက ဆရာဝန်​၏​အကြံပေး​ချက်​အတိုင်း ဗီဒီယို​ကြည့်​ခွင့်​မပြု​တော့​ဘဲ ကလေး​နှင့်အတူ အဖော်​ပြု​ကစား​ပေး​ပြီး​နောက်​မှ​သာ ထို​ကလေး​မှာ တဖြည်းဖြည်း စကား​ပို​ပြောတတ်​လာ​သည်။ ထို့​ကြောင့် မိဘများသည် သားသမီး​များနှင့် အပြန်အလှန် ပြောဆို​ဆက်သွယ်မှု​ရှိ​ရမည်။

မိသားစု​အစီအစဉ်ကို​စတင်​ခဲ့​သော ယေဟောဝါ​ဘုရားသခင်​သည် ကောင်းစွာ​ပြောဆို​ဆက်သွယ်ခြင်း​၏ အရေးကြီးပုံကို အလေးထား​ဖော်ပြ​ခဲ့​သည်။ ရှေး​အချိန်​က မိမိ​လူမျိုးတော်ကို ကိုယ်တော် ဤသို့​မိန့်ဆိုခဲ့​၏– “[ဘုရားသခင့်​စကားတော်] ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင်​ရမည်။ အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ၊ ထိုစကား​ကို​ပြော​ရမည်။” (တရားဟောရာ ၆:၇) ရုပ်မြင်သံကြား​က မဟုတ်ဘဲ မိဘတို့​က​သာ အပြော​နှင့်​ပုံသက်သေ​အားဖြင့် သားသမီး​များ “သွား​ရမည့်​လမ်းအတိုင်း” အကောင်းဆုံး​သွန်သင်ပေး​နိုင်​မည်​ဖြစ်သည်။—သု. ၂၂:၆သမ္မာ။