အခန်းတစ်
ဘုရားသခင်ဟာ ဘယ်သူလဲ
၁၊ ၂။ ဘယ်မေးခွန်းတွေကို လူတွေ မေးတတ်ကြသလဲ။
ကလေးတွေဟာ အမေးအမြန်းထူတယ်။ သင် အဖြေပေးလိုက်ပေမဲ့ ‘ဘာဖြစ်လို့လဲ’ လို့ ထပ်မေးလေ့ရှိတယ်။ အတတ်နိုင်ဆုံး ရှင်းပြရင်လည်း ‘ဘာဖြစ်လို့လဲ’ ဆိုပြီး ထပ်မေးဦးမှာပဲ။
၂ လူကြီးလူငယ်မရွေး ကျွန်တော်တို့အားလုံး မေးခွန်းမေးတတ်ကြတယ်။ လမ်း မသိတဲ့အခါ၊ အချိန် မသိတဲ့အခါမျိုးမှာ မေးခွန်းမေးတတ်ကြတယ်။ လက်ရှိအသက်တာနဲ့ အနာဂတ်အကြောင်း အရေးကြီးမေးခွန်းတွေလည်း မေးကြတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့အဖြေ မရတဲ့အခါ အဖြေရဖို့ မကြိုးစားကြတော့ဘူး။
၃။ အရေးကြီးမေးခွန်းတွေရဲ့ အဖြေကို မရနိုင်ဘူးလို့ လူအများ ဘာကြောင့် ထင်ကြသလဲ။
၃ ကျွန်တော်တို့မေးလေ့ရှိတဲ့ အရေးကြီးမေးခွန်းတွေရဲ့အဖြေ ကျမ်းစာမှာ ရှိသလား။ ရှိတယ်လို့ တချို့ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာဟာ နားလည်ရခက်လွန်းတယ်၊ ဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေပဲ ရှင်းပြပေးနိုင်တယ်လို့ ထင်ကြတယ်။ တချို့ကျတော့လည်း မသိဘူးလို့ ပြောရမှာ ရှက်ကြတယ်။ သင်ကော ဘယ်လိုထင်သလဲ။
၄၊ ၅။ သင် ဘယ်အရေးကြီးမေးခွန်းတွေ မေးချင်သလဲ။ အဖြေရဖို့ ဘာကြောင့် ဆက်ကြိုးစားသင့်သလဲ။
၄ ဘဝရည်ရွယ်ချက်ဟာ ဘာလဲ၊ လူသေရင် ဘာဖြစ်သွားသလဲ၊ ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သင် သိချင်မှာပဲ။ လူသိများတဲ့ ဆရာယေရှုက “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်” လို့ပြောတယ်။ (မဿဲ ၇:၇) ဒါကြောင့် စိတ်ချရတဲ့အဖြေ မရမချင်း လက်မလျှော့လိုက်ပါနဲ့။
၅ “ရှာမြဲရှာ” မယ်ဆိုရင် ကျမ်းစာမှာ အဖြေတွေ့ပါလိမ့်မယ်။ (ပညာအလိမ္မာ ၂:၁-၅) အဲဒီအဖြေတွေဟာ နားလည်ရ မခက်ပါဘူး။ သင် သိရှိလာတာတွေဟာ လက်ရှိအသက်တာမှာ ပျော်ရွှင်စေတဲ့အပြင် အနာဂတ်မှာလည်း သိပ်ကောင်းတဲ့ မျှော်လင့်ချက် ရှိစေတယ်။ အခု၊ လူအများကို စိတ်ရှုပ်စေတဲ့မေးခွန်းတစ်ခု သုံးသပ်ကြစို့။
ဘုရားသခင်ဟာ ဂရုစိုက်တတ်တဲ့ ဘုရားလား
၆။ လူတချို့ဟာ သူတို့ဆင်းရဲဒုက္ခကြုံနေရတာကို ဘုရားသခင် ဂရုမစိုက်ဘူးလို့ ဘာလို့ထင်ကြသလဲ။
၆ ကျွန်တော်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးလို့ လူအများ ထင်ကြတယ်။ ဘုရားသာ တကယ်ဂရုစိုက်ရင် ကမ္ဘာကြီး အခုလိုဖြစ်နေမှာ မဟုတ်ဘူးလို့ ယူဆကြတယ်။ နေရာတကာမှာ စစ်ပွဲတွေ၊ မုန်းတီးမှုတွေ၊ စိတ်ဆင်းရဲစရာတွေချည်းပဲ။ လူတွေ ဖျားနာကြတယ်။ ဝေဒနာ ခံစားပြီး သေဆုံးနေကြတယ်။ တချို့က ‘ဘုရားသခင်သာ လူတွေကို ဂရုစိုက်ရင် ဒီဆင်းရဲဒုက္ခတွေ မရှိတော့အောင် ဘာလို့ မလုပ်ပေးတာလဲ’ ဆိုတာ သိချင်ကြတယ်။
၇။ (က) ဘုရားသခင်ကို ရက်စက်တဲ့ဘုရားလို့ လူတွေထင်အောင် ဘာသာရေးခေါင်းဆောင်တွေ ဘယ်လို သွန်သင်ကြသလဲ။ (ခ) မကောင်းမှုတွေအတွက် ဘုရားသခင်ကို အပြစ်တင်လို့မရဘူးဆိုတာ ဘာကြောင့် သေချာပေါက် ပြောနိုင်သလဲ။
၇ တစ်ခါတစ်ရံ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားသခင်ကို ရက်စက်တဲ့ဘုရားလို့ လူတွေထင်အောင် လုပ်ကြတယ်။ အဖြစ်ဆိုးတစ်ခု ကြုံရတဲ့အခါ ဒါဟာ ဘုရားအလိုတော်ပဲ၊ ဘုရားက အဲဒီအတိုင်း ဖြစ်စေချင်တာလို့ သူတို့ပြောကြတယ်။ တကယ်တော့ ဒါဟာ ဘုရားသခင်ကို အပြစ်တင်နေတာပဲ။ မကောင်းမှုတွေရဲ့ အရင်းခံဟာ ဘုရားသခင် မဟုတ်ဘူးလို့ ကျမ်းစာ သွန်သင်တယ်။ ဘုရားသခင်ဟာ ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး။ “စမ်းသပ်မှု ကြုံရတဲ့အခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်နေတာပဲ’ လို့ မပြောကြနဲ့။ မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့ မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး” လို့ ယာကုပ် ၁:၁၃ မှာပြောထားတယ်။ ဘုရားသခင်ဟာ မကောင်းမှုတွေကို မဖယ်ရှားသေးပေမဲ့ မကောင်းမှုဖြစ်ပေါ်အောင် ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့သဘောပဲ။ (ယောဘ ၃၄:၁၀–၁၂ ကိုဖတ်ပါ။) ဥပမာတစ်ခု သုံးသပ်ရအောင်။
၈၊ ၉။ ဒုက္ခပြဿနာတွေအတွက် ဘုရားသခင်ကို အပြစ်တင်တာ ဘာကြောင့် တရားနည်းလမ်း မကျသလဲ။ ဥပမာပေးပါ။
လုကာ ၁၅:၁၁-၁၃) အဲဒီဖခင်လိုပဲ ဘုရားသခင်ကလည်း လူတွေ ပုန်ကန်ပြီး မကောင်းတာလုပ်တာကို မတားဆီးပေးဘူး။ ဒါကြောင့် အဖြစ်ဆိုးကြုံရတဲ့အခါ ဘုရားသခင်ကြောင့် မဟုတ်မှန်း ကျွန်တော်တို့ သိထားသင့်တယ်။ ဘုရားသခင်ကို အပြစ်တင်တာဟာ တရားနည်းလမ်း မကျဘူး။
၈ မိဘနဲ့အတူ နေထိုင်တဲ့ လူငယ်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ အဖေက သူ့ကို သိပ်ချစ်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်အောင် သင်ပေးတယ်။ ဒါပေမဲ့ အဲဒီလူငယ်ဟာ အဖေ့ကို ပုန်ကန်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ မကောင်းတာတွေလုပ်ပြီး ဒုက္ခရောက်သွားတယ်။ အိမ်ပေါ်က ဆင်းသွားတာကို မတားလို့ သားဒုက္ခရောက်တဲ့အခါ အဖေဖြစ်သူကို အပြစ်တင်မလား။ အပြစ်တင်လို့မရဘူး။ (၉ မကောင်းမှုတွေကို ဘုရားသခင် မဖယ်ရှားသေးတာဟာ အကြောင်းကောင်း ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာဘာပြောသလဲဆိုတာ အခန်း ၁၁ မှာ ရှင်းပြထားတယ်။ ကျွန်တော်တို့ကို ဘုရားသခင် ချစ်တယ်၊ ကျွန်တော်တို့ရဲ့ ဒုက္ခပြဿနာတွေအတွက် ဘုရားသခင်ကို အပြစ်တင်လို့ မရဘူးဆိုတာ သေချာတယ်။ တကယ်တော့ ဘုရားသခင်တစ်ပါးတည်းသာ ဒုက္ခပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။—ဟေရှာယ ၃၃:၂။
၁၀။ လူဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို အကောင်းအတိုင်း ပြန်ဖြစ်အောင် ဘုရား လုပ်ပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၀ ဘုရားသခင်ဟာ သန့်ရှင်းတယ်။ (ဟေရှာယ ၆:၃) ဘုရားသခင်လုပ်ဆောင်သမျှ သန့်ရှင်းစင်ကြယ်ပြီး ကောင်းမွန်တယ်။ ဒါကြောင့် ဘုရားကို ယုံကြည်စိတ်ချနိုင်တယ်။ လူတွေကိုတော့ ယုံကြည်စိတ်ချလို့ မရဘူး။ အမှားတွေ လုပ်တတ်ကြတယ်။ ရိုးသားဖြောင့်မတ်တဲ့ အုပ်စိုးရှင်တောင် လူဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို အကောင်းအတိုင်း ပြန်ဖြစ်အောင် မလုပ်ပေးနိုင်ဘူး။ ဘုရားသခင်လောက် ဘယ်သူမှ အစွမ်းတန်ခိုး မရှိဘူး။ လူဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှကို အကောင်းအတိုင်း ပြန်ဖြစ်အောင် ဘုရားသခင် လုပ်ပေးနိုင်စွမ်းရှိသလို လုပ်လည်း လုပ် ပေးမယ်။ မကောင်းမှုတွေ လုံးဝမရှိတော့အောင် ကိုယ်တော် လုပ်ပေးပါလိမ့်မယ်။—ဆာလံ ၃၇:၉–၁၁ ကိုဖတ်ပါ။
လူတွေ ဒုက္ခကြုံရတဲ့အခါ ဘုရားသခင် ဘယ်လိုခံစားရသလဲ
၁၁။ သင် ဒုက္ခကြုံရတဲ့အခါ ဘုရားသခင် ဘယ်လိုခံစားရသလဲ။
၁၁ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ၊ သင် ဒုက္ခကြုံနေရတာတွေကို မြင်တဲ့အခါ ဘုရားသခင် ဘယ်လိုခံစားရသလဲ။ ဘုရားသခင်ဟာ “တရားမျှတမှုကို မြတ်နိုးတယ်” ဆိုပြီး ကျမ်းစာမှာ ပြောထားတယ်။ (ဆာလံ ၃၇:၂၈) ဒါကြောင့် ဘုရားသခင်ဟာ အမှားအမှန်နဲ့ပတ်သက်တဲ့ မိမိရဲ့စံနှုန်းတွေကို အလွန်အလေးထားတယ်။ လူတွေ ဒုက္ခကြုံနေရတာကို ကိုယ်တော် မနှစ်သက်ဘူး။ တစ်ချိန်က ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှုတွေ ပြည့်နေတာကို မြင်တဲ့အခါ ကိုယ်တော် “စိတ်ထိခိုက်မိတယ်” လို့ ကျမ်းစာပြောတယ်။ (ကမ္ဘာဦး ၆:၅၊ ၆) ဘုရားသခင်ဟာ မပြောင်းလဲတတ်ဘူး။ (မာလခိ ၃:၆) သင့်ကို ဘုရားသခင် တကယ်ဂရုစိုက်တယ်လို့ ကျမ်းစာပြောတယ်။—၁ ပေတရု ၅:၇ ကိုဖတ်ပါ။
၁၂၊ ၁၃။ (က) တခြားသူတွေကို ကျွန်တော်တို့ ချစ်ပြီး ဂရုစိုက်တတ်တာ ဘာကြောင့်လဲ။ ဆင်းရဲဒုက္ခတွေကို မြင်တဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ (ခ) ဆင်းရဲခက်ခဲမှုနဲ့ မတရားမှုတွေကို ဘုရားသခင် ဖယ်ရှားပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၂ ဘုရားသခင်က မိမိရဲ့ ပုံသဏ္ဌာန်အတိုင်း လူတွေကို ဖန်ဆင်းတယ်လို့ ကျမ်းစာပြောတယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင်မှာရှိတဲ့ အရည်အသွေးကောင်းတွေ ထည့်သွင်းဖန်ဆင်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကြောင့် အပြစ်မဲ့သူတွေ ဒုက္ခရောက်နေတာ မြင်တဲ့အခါ သင် စိတ်မကောင်းဖြစ်မိရင် ဘုရားသခင်သာဆို ပိုပြီးစိတ်မကောင်းဖြစ်မှာပဲ။ ဒါကို ဘယ်လိုသိနိုင်သလဲ။
၁၃ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်” တယ်လို့ ကျမ်းစာသွန်သင်တယ်။ (၁ ယောဟန် ၄:၈) ဘုရားလုပ်ဆောင်သမျှဟာ မေတ္တာကို အရင်းခံတယ်။ ဘုရားသခင် ချစ်တတ်လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတယ်။ စဉ်းစားကြည့်ပါ– သင့်မှာ တန်ခိုးရှိရင် ကမ္ဘာပေါ်က ဆင်းရဲခက်ခဲမှု၊ မတရားမှုတွေကို ဖယ်ရှားပေးမယ် မဟုတ်လား။ ဖယ်ရှားပေးမှာပေါ့၊ လူတွေကို ချစ်တာကိုး။ ဒါဆိုရင် ဘုရားသခင်ကော။ ကိုယ်တော့်မှာ တန်ခိုးရှိတဲ့အပြင် ကျွန်တော်တို့ကို ချစ်တဲ့အတွက် ဆင်းရဲခက်ခဲမှု၊ မတရားမှုတွေကို ဖယ်ရှားပေးမယ်။ ဒီစာအုပ်ရဲ့အစမှာ ဖော်ပြထားတဲ့ ဘုရားရဲ့ကတိမှန်သမျှ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဒါပေမဲ့ အဲဒီကတိတွေကို ယုံကြည်နိုင်ဖို့ဆိုရင် ဘုရားသခင်အကြောင်း ပိုသိဖို့လိုတယ်။
ဘုရားသခင်က သူ့အကြောင်း သိစေချင်တယ်
၁၄။ ဘုရားသခင်ရဲ့နာမည် ဘယ်လိုခေါ်သလဲ။ ဘုရားနာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ။
၁၄ တစ်ယောက်ယောက်နဲ့ မိတ်ဆွေဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ဘာလုပ်လေ့ရှိသလဲ။ သင့်နာမည်ကို ပြောပြီး မိတ်ဆက်မှာပဲ။ ဘုရားသခင်မှာကော နာမည်ရှိသလား။ ကိုယ်တော့်နာမည်ဟာ ဘုရားသခင် ဒါမှမဟုတ် သခင်ဆိုပြီး ဘာသာအများစုက သင်ပေးတယ်။ ဒါပေမဲ့ အဲဒါတွေဟာ နာမည်မဟုတ်ဘူး။ “ဘုရင်၊” “သမ္မတ” ဆိုတဲ့ အသုံးအနှုန်းတွေလို ဂုဏ်ပုဒ်တွေပဲ။ ဘုရားသခင်က မိမိရဲ့နာမည်ဟာ ယေဟောဝါဖြစ်တယ်လို့ ပြောထားတယ်။ “ယေဟောဝါလို့နာမည်ရှိတဲ့ ကိုယ်တော်တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင်ဖြစ်မှန်း လူတွေ သိကြပါစေ” ဆိုပြီး ဆာလံ ၈၃:၁၈ မှာပြောထားတယ်။ ကျမ်းရေးသူတွေဟာ ဘုရားနာမည်ကို အကြိမ်ပေါင်းထောင်နဲ့ချီ အသုံးပြုခဲ့ကြတယ်။ ယေဟောဝါက သူ့နာမည်ကို သိစေချင်တယ်၊ အသုံးပြုစေချင်တယ်။ ဘုရားက သူနဲ့မိတ်ဆွေဖြစ်နိုင်ဖို့ သူ့နာမည်ကို အသိပေးတယ်။
၁၅။ ယေဟောဝါဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ။
၁၅ ယေဟောဝါဆိုတဲ့ နာမည်ဟာ အဓိပ္ပာယ်ကျယ်ပြန့်တယ်။ ကတိမှန်သမျှကို ဘုရားသခင် ပြည့်စုံစေနိုင်တယ်၊ ရည်ရွယ် *
ထားတဲ့အတိုင်း ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဘုရားသခင်ကို ဘာကမှ မတားဆီးနိုင်ဘူး။ ယေဟောဝါတစ်ပါးတည်းသာ ဒီနာမည်ကို ပိုင်ဆိုင်တယ်။၁၆၊ ၁၇။ (က) “အနန္တတန်ခိုးရှင်၊” (ခ) “ထာဝရဘုရင်၊” (ဂ) “ဖန်ဆင်းရှင်” ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ။
၁၆ ဆာလံ ၈၃:၁၈ မှာ ယေဟောဝါနဲ့ပတ်သက်ပြီး ‘ကိုယ်တော်တစ်ပါးတည်းသာ အမြင့်မြတ်ဆုံးအရှင် ဖြစ်တယ်’ လို့ပြောတယ်။ “အနန္တတန်ခိုးရှင် ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ကြီးမြတ်ပြီး အံ့သြစရာကောင်းလှပါတယ်။ အို ထာဝရဘုရင်၊ နည်းလမ်းတော်တွေဟာ ဖြောင့်မတ်မှန်ကန်လှပါတယ်” လို့ ဗျာဒိတ် ၁၅:၃ မှာလည်း ဖော်ပြထားတယ်။ “အနန္တတန်ခိုးရှင်” ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ။ စကြဝဠာမှာ ယေဟောဝါသာ တန်ခိုးအကြီးဆုံးဆိုတဲ့ အဓိပ္ပာယ်ပဲ။ “ထာဝရဘုရင်” ဆိုတာက ကိုယ်တော် အစဉ်အမြဲတည်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘုရားသခင်ဟာ ထာဝစဉ်ထာဝရ တည်ရှိတယ်လို့ ဆာလံ ၉၀:၂ မှာ ပြောထားတယ်။ ဒါဟာ အံ့သြစရာပဲ မဟုတ်လား။
၁၇ ယေဟောဝါတစ်ပါးတည်းသာ ဖန်ဆင်းရှင် ဖြစ်တယ်။ “ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်” လို့ ဗျာဒိတ် ၄:၁၁ မှာပြောထားတယ်။ ကောင်းကင်မှာရှိတဲ့ ကောင်းကင်တမန်တွေကအစ ကြယ်တွေ၊ သစ်သီးတွေ၊ ပင်လယ်ငါးတွေအဆုံး သင် စဉ်းစားလို့ရနိုင်သမျှ အရာအားလုံးကို ယေဟောဝါ ဖန်ဆင်းထားတယ်။
ဘုရားသခင့်မိတ်ဆွေ ဖြစ်နိုင်သလား
၁၈။ ဘုရားရဲ့မိတ်ဆွေ မဖြစ်နိုင်ဘူးလို့ တချို့ ဘာကြောင့် တွေးမိနိုင်သလဲ။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲ။
၁၈ ယေဟောဝါရဲ့ အံ့ဖွယ်အရည်အသွေးတွေအကြောင်း သိလာတဲ့အခါ တချို့က ကြောက်စိတ်ဝင်ပြီး ‘ဒီလောက်တန်ခိုးကြီးပြီး အရေးပါတဲ့ဘုရား၊ အလှမ်းဝေးလွန်းတဲ့ဘုရားက ငါ့ကို ဂရုစိုက်ပါ့မလား’ ဆိုပြီး တွေးမိကြတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို အဲဒီလို ခံစားစေချင်သလား။ မခံစားစေချင်ဘူး။ ယေဟောဝါဟာ မိမိနဲ့ ရင်းနှီးစေချင်တယ်။ ဘုရားသခင်ဟာ “ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တမန်တော် ၁၇:၂၇) ဘုရားသခင်က မိမိနဲ့ ရင်းနှီးအောင် ကြိုးစားစေချင်တယ်။ ဒါဆိုရင် သင်နဲ့ “ရင်းနှီးလာလိမ့်မယ်” ဆိုပြီး ကတိပေးထားတယ်။—ယာကုပ် ၄:၈။
၁၉။ (က) ဘယ်လိုနည်းနဲ့ ဘုရားသခင့်မိတ်ဆွ ဖြစ်နိုင်သလဲ။ (ခ) ယေဟောဝါရဲ့ ဘယ်အရည်အသွေးကို သင် အနှစ်သက်ဆုံးလဲ။
၁၉ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ဘုရားသခင့်မိတ်ဆွေ ဖြစ်နိုင်သလဲ။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၇:၃) ဆက်လေ့လာဆည်းပူးမယ်ဆိုရင် ယေဟောဝါနဲ့ ယေရှုကို သိကျွမ်းလာမယ်။ ဒါဆိုရင် ထာဝရအသက် ရနိုင်မယ်။ ဥပမာ၊ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်” ဆိုတာ ကျွန်တော်တို့ သိလာကြပြီ။ (၁ ယောဟန် ၄:၁၆) ဘုရားသခင်မှာ တခြားအရည်အသွေးကောင်းတွေ အများကြီး ရှိသေးတယ်။ ယေဟောဝါဟာ ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား’ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ထွက်မြောက်ရာ ၃၄:၆) ယေဟောဝါဟာ “ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။” (ဆာလံ ၈၆:၅) စိတ်ရှည်တဲ့၊ သစ္စာစောင့်သိတဲ့အရှင် ဖြစ်တယ်။ (၂ ပေတရု ၃:၉။ ဗျာဒိတ် ၁၅:၄) ကျမ်းစာမှာ ဘုရားသခင်အကြောင်း လေ့လာတဲ့အခါ ဘုရားရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလာမယ်။
၂၀-၂၂။ (က) မမြင်ရတဲ့ ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်သလဲ။ (ခ) ကျမ်းစာ ဆက်မလေ့လာဖို့ တားကြတဲ့အခါ ဘာလုပ်သင့်သလဲ။
ယောဟန် ၁:၁၈။ ၄:၂၄။ ၁ တိမောသေ ၁:၁၇) ကျမ်းစာမှာ ယေဟောဝါအကြောင်း ဖတ်ရတဲ့အခါ ကိုယ်တော့်ကို တကယ့်ပုဂ္ဂိုလ်အဖြစ် သိကျွမ်းလာတယ်။ (ဆာလံ ၂၇:၄။ ရောမ ၁:၂၀) ယေဟောဝါအကြောင်း ပိုသိလာတာနဲ့အမျှ ကိုယ်တော့်ကို ပိုချစ်ပြီး ပိုရင်းနှီးလာပါလိမ့်မယ်။
၂၀ မမြင်ရတဲ့ ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်သလဲ။ (၂၁ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ဖခင်ဖြစ်မှန်း သင် နားလည်လာပါလိမ့်မယ်။ (မဿဲ ၆:၉) ကိုယ်တော်က ကျွန်တော်တို့ကို အသက်ပေးထားတဲ့အပြင် အကောင်းဆုံး အသက်တာကို ပိုင်ဆိုင်စေချင်တယ်။ မေတ္တာရှိတဲ့ဖခင်ဟာ သားသမီးတွေကို အဲဒီလိုပဲ ဖြစ်စေချင်တယ်။ (ဆာလံ ၃၆:၉) သင်ဟာ ယေဟောဝါရဲ့မိတ်ဆွေ ဖြစ်နိုင်တယ်လို့ ကျမ်းစာသွန်သင်တယ်။ (ယာကုပ် ၂:၂၃) စကြဝဠာဖန်ဆင်းရှင် ယေဟောဝါဟာ သင့်ကို သူ့မိတ်ဆွေ ဖြစ်စေချင်တယ်ဆိုတဲ့အချက်ကို စဉ်းစားကြည့်ပါ။
၂၂ တချို့က သင် ဘာသာပြောင်းမှာ စိုးရိမ်လို့ ကျမ်းစာ ဆက်မလေ့လာဖို့ တားကြမှာပဲ။ ဘုရားသခင်နဲ့ မိတ်ဆွေမဖြစ်အောင် ဘယ်သူပဲတားတား ခွင့်မပြုလိုက်ပါနဲ့။ ဘုရားသခင်ဟာ အကောင်းဆုံး မိတ်ဆွေပါပဲ။
၂၃၊ ၂၄။ (က) ဘာကြောင့် မေးခွန်းတွေ ဆက်မေးသင့်သလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း လေ့လာမလဲ။
၂၃ ကျမ်းစာလေ့လာတဲ့အခါ သင် နားမလည်တာတွေ ရှိမယ်။ မေးခွန်းမေးဖို့၊ အကူအညီတောင်းဖို့ မရှက်ပါနဲ့။ ကျွန်တော်တို့ဟာ ကလေးတွေလို နှိမ့်ချမှုရှိရမယ်လို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၁၈:၂-၄) ကလေးတွေဟာ အမေးအမြန်းထူတယ်။ ဘုရားသခင်က သင့်ကို အဖြေရှာတွေ့စေချင်တယ်။ သင်ယူသိရှိထားတာတွေဟာ အမှန်တရား ဟုတ်မဟုတ် သိနိုင်ဖို့ ကျမ်းစာကို အသေအချာ လေ့လာပါ။—တမန်တော် ၁၇:၁၁ ကိုဖတ်ပါ။
၂၄ ကျမ်းစာလေ့လာတာဟာ ယေဟောဝါအကြောင်း သင်ယူနိုင်တဲ့ အကောင်းဆုံးနည်းပဲ။ ကျမ်းစာဟာ တခြားဘယ်စာအုပ်နဲ့မှ မတူရတဲ့အကြောင်းရင်းကို နောက်အခန်းမှာ လေ့လာကြမယ်။
^ အပိုဒ်၊ 15 သင့်ကျမ်းစာမှာ ဘုရားနာမည် မပါဘူးဆိုရင်၊ ဘုရားနာမည်ရဲ့ အဓိပ္ပာယ်နဲ့ အသံထွက်အကြောင်း ပိုသိချင်ရင် ရှင်းလင်းချက် ၁ မှာကြည့်ပါ။