အခန်း ၈
တို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်
တခြားပုဂ္ဂိုလ်တွေဟာ ကလေးတို့ထက်ကော၊ တို့ထက်ကော ပိုအဆင့်မြင့်တယ်၊ ပိုကြီးမြတ်တယ်၊ ပိုခွန်အားကြီးတယ်ဆိုတာ ကလေးတို့ သဘောတူကြမှာ သေချာတယ်။ တို့ထက် ဘယ်သူ ကြီးမြတ်တယ်လို့ ပြောမလဲ။— ယေဟောဝါဘုရား ဖြစ်တယ်။ ဘုရားသားတော် ကြီးမြတ်တဲ့ဆရာကော။ သူလည်းပဲ တို့တစ်တွေထက် ပိုအဆင့်မြင့်သလား။— မြင့်တာပေါ့။
ယေရှုဟာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ နေခဲ့တယ်လေ။ နာမ်ဝိညာဉ်သား၊ ကောင်းကင်တမန် ဖြစ်ခဲ့တယ်။ တခြား ကောင်းကင်တမန်တွေ၊ နာမ်ဝိညာဉ်သားတွေကိုကော ဘုရားသခင် ဖန်ဆင်းခဲ့သလား။— ဟုတ်တယ်၊ သန်းကုဋေကုဋာ ဖန်ဆင်းခဲ့တယ်။ ဒီကောင်းကင်တမန်တွေလည်း တို့တစ်တွေထက် အဆင့်အတန်း ပိုမြင့်တယ်၊ ပိုလည်း တန်ခိုးကြီးတယ်။—ဆာလံ ၁၀၄:၄။ ဒံယေလ ၇:၁၀။
မာရိဆီ လာပြီး စကားပြောခဲ့တဲ့ ကောင်းကင်တမန်ရဲ့ နာမည်ကို မှတ်မိသလား။— ဂါဗြေလ။ သူက မာရိရဲ့ ကလေးဟာ ဘုရားသခင်ရဲ့ သားတော် ဖြစ်မယ်လို့ ပြောခဲ့တယ်လေ။ ဘုရားသခင်ဟာ နာမ်ဝိညာဉ် သားတော်ရဲ့ အသက်ကို မာရိဗိုက်ထဲ ထည့်ပေးခဲ့တယ်။ ဒီလိုနဲ့ ယေရှုဟာ ကမ္ဘာပေါ်မှာ ကလေးလေး တစ်ယောက်အနေနဲ့ ဖွားမြင်လာနိုင်ခဲ့တာပေါ့။—လုကာ ၁:၂၆၊ ၂၇။
ဒီအံ့သြစရာအဖြစ်ကို ယုံကြည်သလား။ ယေရှုဟာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ နေခဲ့တယ်ဆိုတာကိုကော ယုံကြည်သလား။— ကောင်းကင်မှာ နေခဲ့တယ်လို့ ယေရှု ပြောတယ်။ အဲဒီအကြောင်းတွေကို ယေရှု ဘယ်လို သိသလဲ။ ဂါဗြေလ ပြောခဲ့တာတွေကို ယေရှု ကလေးဘဝတုန်းက မာရိ ပြောပြခဲ့မှာပဲ။ ယောသပ်ကလည်း ယေရှုရဲ့ ဖေဖေအရင်းဟာ ဘုရားသခင် ဖြစ်တယ်ဆိုတာ ပြောပြခဲ့မှာပဲ။
ယေရှု နှစ်ခြင်းခံတဲ့အခါမှာ ဘုရားသခင်က ကောင်းကင်ကနေ ‘သူဟာ ငါ့ရဲ့ချစ်သားပဲ’ ဆိုပြီးတော့တောင် ပြောခဲ့တာပဲ။ (မဿဲ ၃:၁၇) မသေဆုံးခင် တစ်ညမှာ ယေရှုက “အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ ဘေးနားမှာ ကျွန်တော် ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို အခုလည်း အဖရဲ့ ဘေးနားမှာ ပြန်ခံစားခွင့်ပေးပါ” ဆိုပြီး ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၅) ဟုတ်တယ်ကွဲ့၊ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ ပြန်နေထိုင်ဖို့ ပြန်ခေါ်ယူပါဆိုပြီး ယေရှု ဆုတောင်းနေတာလေ။ ကောင်းကင်ဘုံမှာ ဘယ်လို နေလို့ရနိုင်မှာလဲ။— သူ့ကို ယေဟောဝါဘုရားက မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်၊ ဒါမှမဟုတ် ကောင်းကင်တမန်ဖြစ်အောင် ပြန်လုပ်ပေးမှ နေလို့ရနိုင်မယ်။
အခု ကလေးတို့ကို အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးချင်တယ်။ ကောင်းကင်တမန်အားလုံး ကောင်းတဲ့သူတွေချည်းပဲလား။ ဘယ်လို ထင်သလဲ။— ဟုတ်တယ်၊ ဟိုအရင်တုန်းကတော့ အားလုံးဟာ ကောင်းတဲ့သူတွေချည်းပါပဲ။ သူတို့ကို ယေဟောဝါ ဖန်ဆင်းခဲ့လို့ပဲ။ ဘုရားသခင် လုပ်သမျှဟာ ကောင်းတာတွေချည်းပဲ။ နောက်ပိုင်းကျတော့ ကောင်းကင်တမန်တစ်ပါး ဆိုးသွားခဲ့တယ်။ ဘယ်လို ဖြစ်သွားသလဲ။
အဖြေ ရဖို့ ပထမ လူယောက်ျားနဲ့ လူမိန်းမ၊ အာဒံနဲ့ ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အချိန်ကို ပြန်သွားရမယ်။ လူတချို့က အာဒံနဲ့ ဧဝတို့အကြောင်းဟာ ယုံတမ်းစကားပါလို့ ပြောကြတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့ဆရာက တကယ့်ဖြစ်ရပ်ဆိုတာ ကောင်းကောင်း သိတယ်။
ဘုရားသခင်က အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းပြီး လှပတဲ့ ဧဒင်ဥယျာဉ်၊ ပရဒိသုမှာ နေရာချပေးခဲ့တယ်။ သားသမီး အများကြီး မွေးဖွားပြီး မိသားစုကြီးတစ်ခုအနေနဲ့ ပရဒိသုမှာ အမြဲတမ်း နေသွားနိုင်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်တစ်ချက်ကို သိထားရမယ်။ ဒီအကြောင်းကို ရှေ့ပိုင်းမှာ ပြောခဲ့ပြီးပြီ။ မှတ်မိသေးလားဆိုတာ ကြည့်ရအောင်။
ကမ္ဘာဦး ၂:၁၇) ဒီတော့ အာဒံနဲ့ ဧဝတို့ ဘယ်အချက်ကို သိထားရမလဲ။—
အာဒံနဲ့ ဧဝအနေနဲ့ ဧဒင်ဥယျာဉ်ထဲက အပင်တွေရဲ့ အသီးတွေကို စိတ်ကြိုက် စားလို့ရတယ်လို့ ယေဟောဝါ ပြောပြထားတယ်။ ဒါပေမဲ့ အပင်တစ်ပင်ရဲ့ အသီးကိုတော့ မစားရဘူးတဲ့။ စားရင် ဘာဖြစ်မယ်ဆိုတာလည်း ဘုရားသခင် ပြောထားတယ်။ “မင်း သေကို သေရမယ်” ဆိုပြီး ပြောခဲ့တယ်။ (နာခံမှု အရေးကြီးတယ်ဆိုတဲ့ အချက်ပဲကွဲ့။ ဟုတ်တယ်၊ အသက်ရှင်ရေးဟာ ယေဟောဝါဘုရားကို နာခံတဲ့အပေါ်မှာ မူတည်တယ်လေ။ အာဒံနဲ့ ဧဝအနေနဲ့ ဘုရားသခင်ကို နာခံပါ့မယ်လို့ ပြောရုံလောက်နဲ့ မပြီးဘူး။ နာခံမှုကို အလုပ်နဲ့ ပြရမယ်။ ဘုရားသခင်စကားကို နားထောင်ရင် ဘုရားသခင်ကို ချစ်တယ်၊ ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို လိုချင်တယ်ဆိုတာ ပြရာရောက်တာပေါ့။ အဲဒီလိုဆိုရင် ပရဒိသုမှာ ထာဝစဉ် နေထိုင်သွားနိုင်မယ်ပေါ့။ ဒါပေမဲ့ အဲဒီအပင်ရဲ့ အသီးကို စားမယ်ဆိုရင် ဘာပြရာရောက်မလဲ။—
ဘုရားသခင် ပေးထားတာတွေအတွက် ကျေးဇူးကန်းရာ ရောက်မှာပေါ့။ ကလေးတို့သာ အဲဒီမှာရှိခဲ့ရင် ယေဟောဝါရဲ့ စကားကို နားထောင်ကြမလား။— အစပိုင်းမှာတော့ အာဒံနဲ့ ဧဝတို့ နားထောင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဧဝကို လှည့်စားခဲ့တယ်။ ဧဝကို ယေဟောဝါရဲ့ စကား နားမထောင်အောင် လုပ်လိုက်တယ်။ အဲဒီပုဂ္ဂိုလ် ဘယ်သူလဲ၊ သိသလား။—
မြွေတစ်ကောင်က ဧဝကို လာစကားပြောတယ်လို့ ကျမ်းစာက ဆိုတယ်ကွဲ့။ ဒါပေမဲ့ မြွေ စကားမပြောတတ်ဘူးဆိုတာ ကလေးတို့ သိပါတယ်။ ဒါဆိုရင် ဘယ်လို ပြောသလဲ။— ကောင်းကင်တမန်တစ်ပါးက မြွေ စကားပြောနေသလိုဖြစ်အောင် လုပ်လိုက်တာလေ။ တကယ်ဆိုရင် အဲဒီကောင်းကင်တမန်က စကားပြောနေတာကွဲ့။ အဲဒီကောင်းကင်တမန်ဟာ မကောင်းတာတွေ စကြံစည်ခဲ့တယ်။ အာဒံနဲ့ ဧဝတို့ရဲ့ ကိုးကွယ်မှုကို လိုချင်ခဲ့တယ်။ သူခိုင်းတာကို လုပ်စေချင်တယ်။ ဘုရားသခင်ရဲ့ နေရာကို လုချင်တာလေ။
ဒါနဲ့ ဒီကောင်းကင်တမန်ဆိုးက ဧဝစိတ်ထဲမှာ မကောင်းတဲ့ အကြံအစည်တွေ ထည့်ပေးခဲ့တယ်။ ‘ဘုရားသခင်က မင်းတို့ကို အမှန် မပြောဘူး။ အဲဒီအပင်ရဲ့ အသီးကို စားရင် မင်းတို့ သေမှာ မဟုတ်ပါဘူး။ ဘုရားသခင်လို ပညာရှိလာမယ်’ ဆိုပြီး မြွေကနေတစ်ဆင့် ဧဝကို ပြောခဲ့တယ်။ အဲဒီစကားကို ကလေးတို့သာ ကြားခဲ့ရင် ယုံကြည်လိုက်မလား။—
ဧဝဟာ ဘုရားသခင် မပေးတဲ့ ဥစ္စာတစ်ခုခုကို လိုချင်လာတယ်။ ဒါနဲ့ တားမြစ်ထားတဲ့ အပင်ရဲ့ အသီးကို စားလိုက်တယ်။ ပြီးတော့ အာဒံကိုလည်း တချို့ ပေးလိုက်တယ်။ အာဒံကတော့ မြွေပြောတာကို မယုံဘူး။ ဒါပေမဲ့ ဘုရားသခင်ကို ချစ်တာထက် ဧဝကို ပိုချစ်တယ်။ ဒါနဲ့ သူလည်း အဲဒီအပင်ရဲ့ အသီးကို စားလိုက်ရော။—ကမ္ဘာဦး ၃:၁-၆။ ၁ တိမောသေ ၂:၁၄။
ဒါနဲ့ ဘာဖြစ်သွားကြသလဲ။— အာဒံနဲ့ ဧဝတို့ဟာ မစုံလင်တော့ဘူး၊ အိုလာတယ်၊ ပြီးတော့ သေသွားကြတယ်။ သူတို့ မစုံလင်တဲ့အတွက် သူတို့ရဲ့ သားသမီးအားလုံးလည်း မစုံလင်ကြလို့ တဖြည်းဖြည်းနဲ့ အိုလာပြီး သေသွားကြတယ်။ ဘုရားသခင် မလိမ်ခဲ့ဘူးကွဲ့။ အသက်ရှင်ခြင်းဟာ ဘုရားသခင်ရဲ့ စကားကို ရောမ ၅:၁၂) ဧဝကို လိမ်ခဲ့တဲ့ ကောင်းကင်တမန်ကို စာတန်မာရ်နတ်လို့ ခေါ်တဲ့အကြောင်း၊ ဆိုးသွားတဲ့ တခြား ကောင်းကင်တမန်တွေကိုတော့ နတ်ဆိုးတွေလို့ ခေါ်တဲ့အကြောင်း ကျမ်းစာမှာ ဆိုထားတယ်။—ယာကုပ် ၂:၁၉။ ဗျာဒိတ် ၁၂:၉။
နားထောင်ခြင်းပေါ်မှာ တကယ်ပဲ မူတည်နေတယ်။ (ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ ကောင်းတဲ့ ကောင်းကင်တမန်ဟာ ဘယ်လို ဆိုးသွားခဲ့တယ်ဆိုတာ ကလေးတို့ နားလည်နိုင်သလား။— မကောင်းတာတွေကို စပြီး တွေးတောခဲ့လို့ပဲ။ သူဟာ အရေးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ချင်တယ်။ အာဒံနဲ့ ဧဝတို့ကို ကလေးတွေ မွေးဖွားဖို့ ဘုရားသခင် မိန့်မှာခဲ့တာကို သိလို့ အဲဒီကလေးတွေအားလုံး ကိုးကွယ်တာကို လိုချင်ခဲ့တယ်။ မာရ်နတ်ဟာ လူတိုင်းကို ယေဟောဝါရဲ့ စကား နားမထောင်အောင် လုပ်ချင်တယ်။ ဒါနဲ့ သူက တို့ရဲ့ ဦးနှောက်ထဲမှာ မကောင်းတဲ့ အကြံအစည်တွေကို ထည့်ပေးဖို့ ကြိုးစားတယ်။—ယာကုပ် ၁:၁၃-၁၅။
ဘယ်သူမှ ယေဟောဝါကို တကယ် မချစ်ဘူးလို့ မာရ်နတ် ပြောတယ်။ တို့ရော၊ ကလေးတို့ပါ ဘုရားသခင်ကို မချစ်ဘူး၊ ဘုရားသခင် ပြောတဲ့အတိုင်း တကယ်တမ်း လုပ်ချင်ကြတာ မဟုတ်ဘူးလို့ ပြောတယ်။ တို့တစ်တွေ ယေဟောဝါစကားကို နားထောင်တာဟာ တို့စိတ်တိုင်းကျ အခြေအနေမျိုးမှာ ရှိလို့သာ နားထောင်တာတဲ့။ မာရ်နတ် ပြောတာ မှန်ရဲ့လား။ တို့တစ်တွေ သူပြောတဲ့အတိုင်း ဖြစ်နေကြသလား။
မာရ်နတ်ဟာ လိမ်ညာသူ ဖြစ်တယ်လို့ ကြီးမြတ်တဲ့ဆရာက ပြောခဲ့တယ်။ ယေရှုဟာ ယေဟောဝါကို နာခံခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်း သက်သေပြခဲ့တယ်။ ပြီးတော့ ယေရှုဟာ လွယ်တဲ့အခါကျမှ ဘုရားသခင်စကားကို နားထောင်တာ မဟုတ်ဘူး။ အချိန်တိုင်းမှာ နားထောင်ခဲ့တယ်။ တခြားလူတွေက ခက်အောင်လုပ်တဲ့အခါမှာတောင်မှ နားထောင်ခဲ့တယ်။ သေတဲ့အထိ ယေဟောဝါအပေါ်မှာ သစ္စာရှိခဲ့တယ်။ ဒါကြောင့်လည်း ဘုရားသခင်က သူ့ကို ထာဝစဉ် အသက်ရှင်ဖို့ ပြန်ရှင်စေခဲ့တယ်။
တို့တစ်တွေရဲ့ အကြီးဆုံးရန်သူဟာ ဘယ်သူ ဖြစ်တယ်လို့ ကလေးတို့ ပြောကြမလဲ။— ဟုတ်တယ်ကွဲ့၊ စာတန်မာရ်နတ်ပဲ။ ကလေးတို့ သူ့ကို မြင်နိုင်သလား။— မမြင်နိုင်ဘူး။ ဒါပေမဲ့ သူ ရှိတယ်ဆိုတာရယ်၊ တို့ထက် ပိုအဆင့်မြင့်တယ်၊ ပိုတန်ခိုးကြီးတယ်ဆိုတာရယ်ကို တို့တစ်တွေ သိကြတယ်။ ဒါပေမဲ့ မာရ်နတ်ထက် ဘယ်သူ ပိုအဆင့်မြင့်သလဲ။— ယေဟောဝါဘုရားပဲပေါ့။ ဒါကြောင့် ဘုရားသခင်ဟာ တို့တစ်တွေကို ကာကွယ်နိုင်မှန်း တို့သိကြတယ်။
တို့တစ်တွေ ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ်အကြောင်းကို တရားဟောရာ ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၄၊ ၁၅။ ပညာအလိမ္မာ ၂၇:၁၁။ မဿဲ ၄:၁၀ တို့မှာ ဖတ်ပါ။