အခန်း ၁၅
ယေရှုသည် ‘မြေကြီးပေါ်တွင် တရားမျှတမှု တည်ရှိစေ’
၁၊ ၂။ အဘယ်အချိန်အခါတွင် ယေရှုအမျက်ဒေါသထွက်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
ယေရှုသည် အကြောင်းရှိ၍ သိသိသာသာပင် အမျက်ဒေါသထွက်ခဲ့၏။ ကိုယ်တော်သည် အလွန်နူးညံ့သိမ်မွေ့သူဖြစ်သောကြောင့် ကိုယ်တော် ထိုသို့ဖြစ်သည်ကို သင်စဉ်းစားရခက်ပေမည်။ (မဿဲ ၂၁:၅) အမှန်ဆိုလျှင် ယေရှု၏ဒေါသသည် ထွက်သင့်ထွက်ထိုက်သော အမျက်ဒေါသဖြစ်သဖြင့် သူ့ကိုယ်သူ လုံးလုံးထိန်းချုပ်နိုင်ခဲ့သည်။ * သို့သော် ငြိမ်သက်ခြင်းကိုအလွန်မြတ်နိုးသူတစ်ဦးအား အဘယ်အရာက ဤမျှတိုင် ဒေါသအမျက်ထွက်စေခဲ့သနည်း။ လုံးလုံးလျားလျားမတရားသောအမှု တစ်ခုကြောင့်ဖြစ်သည်။
၂ ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကို ယေရှု အလွန်မြတ်နိုးသည်။ ယင်းသည် တစ်ကမ္ဘာလုံးတွင် ကိုယ်တော့်ကောင်းကင်ခမည်းတော်၏ ဝတ်ပြုရေးအတွက် ဆက်ကပ်အပ်နှံထားသည့် တစ်ခုတည်းသောနေရာဖြစ်၏။ တိုင်းနိုင်ငံများစွာမှဂျူးများသည် ထိုနေရာသို့ ရပ်ဝေးမှလာ၍ ဝတ်ပြုကိုးကွယ်ကြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သော တစ်ပါးအမျိုးသားများပင် သူတို့အသုံးပြုဖို့ သီးသန့်ဖယ်ထားသော ဗိမာန်တော်တံတိုင်းအတွင်း ဝင်၍ကိုးကွယ်ကြ၏။ သို့သော် ယေရှုသည် ကိုယ်တော်၏ဓမ္မအမှုအစောပိုင်းအချိန်တွင် ဗိမာန်တော်အတွင်းသို့ဝင်သည်နှင့် အလွန်ဆိုးရွားသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုနေရာသည် ဝတ်ပြုရာအိမ်တော်ဖြစ်မည့်အစား ဈေးကွက်ဖြစ်နေသည်တကား! ထိုနေရာတွင် ကုန်သည်များ၊ ငွေလဲလှယ်သူများနှင့် ပြည့်နေသည်။ သို့သော် အဘယ်မတရားမှု ရှိသနည်း။ ထိုသူတို့အတွက် ဘုရားသခင့်ဗိမာန်တော်သည် လူတို့ကို အမြတ်ထုတ်စရာနေရာ၊ ဓားပြတွင်းပင်ဖြစ်သည်။ ထိုသို့ အဘယ်ကြောင့်ဆိုသနည်း။—ယောဟန် ၂:၁၄။
၃၊ ၄။ ယေဟောဝါ၏အိမ်တော်တွင် မည်သို့လောဘတကြီး ခေါင်းပုံဖြတ်နေကြသနည်း၊ ဤကိစ္စကိုဖြေရှင်းရန် ယေရှု မည်သို့အရေးယူဆောင်ရွက်ခဲ့သနည်း။
၃ ဗိမာန်တော်အခွန်ပေးဆောင်ရန် သတ်မှတ်ထားသောငွေဒ င်္ဂါးပြားကိုသာ အသုံးပြုရမည်ဟု ဘာသာရေးခေါင်းဆောင်တို့က စည်းမျဉ်းထုတ်ထား၏။ ထို့ကြောင့် ဧည့်သည်တို့သည် ထိုငွေဒ င်္ဂါးရရှိရန် မိမိတို့ငွေနှင့်လဲလှယ်ကြရသည်။ သို့နှင့် ငွေလဲလှယ်သူတို့သည် ဗိမာန်တော်အတွင်း၌ပင် စားပွဲများခင်းထားပြီး ငွေလဲလှယ်တိုင်း အခကြေးငွေယူကြသည်။ * ထိုသို့ပြုခြင်းသည် စာနာစိတ်ကင်းသော စီးပွားရေးအမြတ်ထုတ်မှုထက် ပိုဆိုးရွားပေသည်။ အမှန်မှာ ဓားပြတိုက်ရာကျပေသည်!
တိရစ္ဆာန်များရောင်းချခြင်းလုပ်ငန်းမှလည်း အမြတ်အလွန်ရ၏။ ယဇ်ပူဇော်လိုသူ ဧည့်သည်တို့သည် မြို့တွင်းရှိ မည်သည့်ကုန်သည်ထံမှမဆို ယဇ်ကောင်ကိုဝယ်ယူလာနိုင်သော်လည်း ဗိမာန်တော်အရာရှိတို့က သူတို့၏ယဇ်သကာများကို မသင့်လျော်ဟုဆို၍ ငြင်းပယ်နိုင်ပေသည်။ သို့သော် ဗိမာန်တော်တွင်း ဝယ်ယူသောယဇ်သကာများကိုမူ လက်ခံမည်သေချာသည်။ လူတို့ကို ကုန်သည်များက ဤသို့အခွင့်အရေးယူနိုင်ကြသည့်အတွက် သူတို့သည် မတန်တဆဈေးတင်ရောင်းတတ်ကြ၏။“ဤဥစ္စာကို ယူသွားကြ”
၄ ထိုမတရားမှုကို ယေရှုသည်းမခံနိုင်ခဲ့ပေ။ ၎င်းအိမ်တော်သည် ကိုယ်တော့်ဖခင်ကိုယ်နှိုက်၏ အိမ်တော်ပင်ဖြစ်သည်! ထိုအခါ ယေရှုသည် ကြိုးမွှားနှင်တံကိုပြုလုပ်၍ ဗိမာန်တော်မှ သိုးနွားများကိုမောင်းထုတ်လေ၏။ ထို့နောက် ငွေလဲလှယ်သူတို့ထံသွား၍ သူတို့၏စားပွဲများကို မှောက်လှန်ပစ်လေသည်။ စကျင်ကျောက်ခင်းထားသော ကြမ်းပြင်ပေါ် ဒ င်္ဂါးပြားများ ပြန့်ကျဲကျသွားသည်ကို မြင်ယောင်ကြည့်ပါ! ချိုးငှက်များရောင်းချသူတို့ကို ကိုယ်တော်က “ဤဥစ္စာကိုယူသွားကြ” ဟုတင်းမာစွာပင်အမိန့်ပေးသည်။ (ယောဟန် ၂:၁၅၊ ၁၆) ဤသတ္တိရှိသူကို မည်သူမျှ မဆန့်ကျင်ဝံ့ခဲ့ချေ။
“ဖအေတူသား”
၅-၇။ (က) လူ့ဘဝမတိုင်မီ ယေရှုတည်ရှိခြင်းက ကိုယ်တော်၏တရားမျှတသော စိတ်သဘောတော်ကို မည်သို့သြဇာသက်ရောက်ခဲ့သနည်း၊ ကိုယ်တော်၏စံနမူနာကို လေ့လာခြင်းဖြင့် အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်အပြင် နာမတော်နှင့်ပတ်သက်၍ မတရားစွပ်စွဲမှုများကို ကိုယ်တော်မည်သို့ချေဖျက်ခဲ့သနည်း။
၅ မကြာမီပင် ထိုကုန်သည်များ တစ်ဖန်ပြန်ပေါ်လာသည်။ သုံးနှစ်ကြာသော် ထိုမတရားမှုကိုပင် ယေရှုကိုင်တွယ်ဖြေရှင်းခဲ့ရပြန်၏၊ ဤတစ်ကြိမ်တွင် ကိုယ်တော်၏အိမ်တော်ကို “ဓားပြတွင်း” ဖြစ်စေခဲ့ကြသူတို့အား ယေဟောဝါ၏စကားကိုပင်ကိုးကား၍ ရှုတ်ချပြစ်တင်ခဲ့သည်။ (မဿဲ ၂၁:၁၃; ယေရမိ ၇:၁၁) ယေရှုသည် လောဘတကြီးခေါင်းပုံဖြတ်သူတို့နှင့် ဘုရားသခင့်ဗိမာန်တော် ညစ်ညူးစေသူတို့ကို တွေ့မြင်သောအခါ ခမည်းတော်နည်းတူ ခံစားရခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ! ကိုယ်တော်သည် မရေမတွက်နိုင်သော သန်းနှင့်ချီနှစ်များတစ်လျှောက် ကောင်းကင်ခမည်းတော်၏သွန်သင်ခြင်းကို ခံခဲ့ရ၏။ ယင်းကြောင့် ယေဟောဝါ၏တရားမျှတသော စိတ်သဘောထား ကိုယ်တော်၌ အပြည့်အဝရှိနေခြင်းဖြစ်၏။ “ဖအေတူသား” ဟုဆိုရိုးရှိသည့်အတိုင်း ကိုယ်တော်ဖြစ်တော်မူသည်။ သို့ဖြစ်၍ ယေဟောဝါ၏တရားမျှတမှုအရည်အသွေးကို ကျွန်ုပ်တို့ပိုမိုရှင်းလင်းစွာ သိနားလည်လိုလျှင် အကောင်းဆုံးကား ယေရှုခရစ်၏ပုံနမူနာကို စေ့စေ့ဆင်ခြင်ခြင်းဖြစ်သည်။—ယောဟန် ၁၄:၉၊ ၁၀။
၆ ယေဟောဝါဘုရားသခင်အား စာတန်က လိမ်ညာသူဟု မတရားခေါ်ခဲ့ချိန်နှင့် ကိုယ်တော့်အုပ်ချုပ်မှု၏ ဖြောင့်မတ်တော်မှန်မှုကို မေးခွန်းထုတ်ခဲ့ချိန်၌ ယေဟောဝါ၏တစ်ပါးတည်းသောသားတော် ရှိနေသည်။ ယင်းသည် လုံးလုံးလျားလျားအသရေဖျက်မှုပင်တည်း! တစ်ကိုယ်ကောင်းမဆန်ဘဲ မေတ္တာဖြင့် ယေဟောဝါအား မည်သူတစ်ဦးကမျှ ဝတ်ပြုကိုးကွယ်မည်မဟုတ်ဟု နောက်ပိုင်းတွင် စာတန်စိန်ခေါ်ပြောဆိုခဲ့သည်ကိုလည်း သားတော်ကြားသိခဲ့၏။ မှားယွင်းစွာ ဤသို့စွပ်စွဲခဲ့ခြင်းက သားတော်၏ဖြောင့်မတ်သောစိတ်နှလုံးကို အမှန်ပင် ထိခိုက်နာကျင်စေခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကိုဖြေရှင်းရန် မိမိသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြားသိသောအခါ ကိုယ်တော်မည်မျှစိတ်လှုပ်ရှားခဲ့မည်ဖြစ်ခြင်း! (၂ ကောရိန္သု ၁:၂၀) ထိုအမှုကို ကိုယ်တော် မည်သို့ပြုမူမည်နည်း။
၇ အခန်း ၁၄ တွင် ကျွန်ုပ်တို့သိခဲ့ကြရသည့်အတိုင်း ယေဟောဝါဖန်ဆင်းထားသော သတ္တဝါများ၏သမာဓိကို စာတန်မယုံသင်္ကာ စွပ်စွဲပြောဆိုခြင်းသည် မှားကြောင်း ယေရှုခရစ်က အပြီးသတ်ဆုံးဖြတ်ပေးခဲ့၏။ ထိုသို့အားဖြင့် ယေရှုသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို အပြီးအပြတ်သံသယကင်းရှင်းစေပြီး ကိုယ်တော့်နာမတော် သန့်ရှင်းမြင့်မြတ်ကြောင်း အခြေခံအကြောင်းရင်းကို ချမှတ်ပေးခဲ့သည်။ ယေဟောဝါ၏ကိုယ်စားလှယ်ချုပ်အဖြစ် ယေရှုသည် စကြဝဠာတစ်ခွင်တွင် ဘုရားသခင့်တရားမျှတမှုကို တည်စေပေလိမ့်မည်။ (တမန်တော် ၅:၃၁) ကိုယ်တော်၏မြေကြီးအသက်တာဘဝလမ်းစဉ်ကလည်း ဘုရားသခင့်တရားမျှတမှုကို ထင်ဟပ်စေခဲ့သည်။ ကိုယ်တော်နှင့်ပတ်သက်၍ ယေဟောဝါက ဤသို့မိန့်တော်မူ၏– “ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။ သူသည်လူမျိုးခြားတို့အား တရားမျှတခြင်းကို နားလည်စေမည်။” (မဿဲ ၁၂:၁၈၊ ကဘ) ဤစကားများကို ယေရှု မည်သို့ပြည့်စုံစေခဲ့သနည်း။
“တရားမျှတခြင်း” ကိုယေရှုရှင်းပြ
၈-၁၀။ (က) ဂျူးဘာသာရေးခေါင်းဆောင်တို့၏ နှုတ်တိုက်ထုံးတမ်းစဉ်လာများက ဂျူးမဟုတ်သူတို့နှင့် အမျိုးသမီးများကို မည်သို့နှိပ်ကွပ်ထားသနည်း။ (ခ) နှုတ်တိုက်ပညတ်များက ယေဟောဝါ၏ဥပုသ်ပညတ်ကို အဘယ်နည်းဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေခဲ့သနည်း။
၈ ယေရှုသည် ယေဟောဝါ၏ပညတ်တရားကို မြတ်နိုးပြီး ယင်းနှင့်အညီအသက်ရှင်နေထိုင်မဿဲ ၂၃:၂၃) ဘုရားသခင့်ပညတ်တရားကို သွန်သင်ရသော ထိုသူတို့သည် “တရားမျှတခြင်း” ကို ရှင်းလင်းစွာနားလည်အောင် မပြုပေးခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ပြုမည့်အစား ဘုရားသခင့်တရားမျှတမှုကို မရှင်းမလင်း သူတို့ပြုခဲ့ကြ၏။ မည်သို့ပြုကြ၍နည်း။ ဥပမာအနည်းငယ်ကို သုံးသပ်ကြည့်ပါ။
ခဲ့၏။ သို့သော် ကိုယ်တော့်အချိန်က ဘာသာရေးခေါင်းဆောင်တို့သည် ပညတ်တရားကို မလှိမ့်တပတ် တလွဲအသုံးချခဲ့ကြ၏။ သူတို့ကို ယေရှုကဤသို့မိန့်တော်မူခဲ့သည်– “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ . . . အကြောင်းမူကား တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။” (၉ ယေဟောဝါက မိမိ၏လူတို့ကို ဝန်းကျင်ရှိအယူမှားသူတို့နှင့် သီးခြားနေရန် ညွှန်ကြားခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၁:၁၊ ၂) သို့သော် အယူသီးသော ဘာသာရေးခေါင်းဆောင်အချို့က ဂျူးမဟုတ်သူအားလုံးကို အထင်သေးကြဖို့ တိုက်တွန်းခဲ့သည်။ မစ်ရှ်နာတွင် ဤစည်းမျဉ်းကိုပင် ထည့်သွင်းထား၏– “တစ်ပါးအမျိုးသားတို့သည် တိရစ္ဆာန်နှင့်ဆက်ဆံ၏ဟု သင်္ကာမကင်းဖြစ်ရသောကြောင့် သူတို့၏တည်းခိုဆောင်များ၌ သိုးနွားတို့ကိုပင် ချန်မထားရ။” ဂျူးမဟုတ်သူတို့ကို ဤသို့ခြုံငုံ၍ စိတ်စွန်းကွက်ခြင်းသည် မတရားပါ၊ မောရှေပညတ်၏ဆိုလိုရင်းနှင့်လည်း တခြားစီပင်။ (ဝတ်ပြုရာ ၁၉:၃၄) အခြားလူ့စည်းမျဉ်းများကမူ အမျိုးသမီးများကို နှိပ်ကွပ်ထားသည်။ ဇနီးသည်,သည် မိမိ၏ခင်ပွန်းနှင့်ဘေးချင်းယှဉ်မလျှောက်ရ၊ သူ၏အနောက်မှ လျှောက်သင့်သည်ဟု နှုတ်တိုက်ပညတ်ကဆို၏။ အမျိုးသားတစ်ဦးသည် လူသူရှေ့ မိမိ၏ဇနီးနှင့်သာမက အဘယ်အမျိုးသမီးနှင့်မျှ စကားပြောဆိုခြင်းမပြုရန် သတိပေးထားသည်။ ကျွန်များကဲ့သို့ပင် အမျိုးသမီးတို့သည် တရားရုံး၌ သက်သေထွက်ဆိုခွင့်မရချေ။ အမျိုးသားတို့က မိမိတို့သည် အမျိုးသမီးများမဖြစ်ကြသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်သည့် ဆုတောင်းချက်ပင်ရှိ၏။
၁၀ ဘာသာရေးခေါင်းဆောင်တို့သည် လူ့စည်းမျဉ်းများ၊ လုပ်ထုံးလုပ်စဉ်မြောက်မြားစွာအောက် ဘုရားသခင့်ပညတ်တရားကို မြှုပ်နှံလိုက်ကြသည်။ ဥပမာ၊ ဥပုသ်ပညတ်က ဥပုသ်နေ့ကို ဝတ်ပြုရေးအတွက်၊ ဝိညာဉ်ရေးလန်းဆန်းမှုနှင့် အနားယူခြင်းအတွက် သီးသန့်ဖယ်ထားရန် ထိုနေ့၌အလုပ်မလုပ်ဖို့ တားမြစ်သည်။ သို့သော် ဖာရိရှဲတို့က ထိုပညတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ကြ၏။ “အလုပ်လုပ်ခြင်း” သည် အဘယ်အရာကိုဆိုလိုကြောင်း သူတို့က အတိအကျဆုံးဖြတ်ပေးကြ၏။ သူတို့သည် လုပ်ဆောင်မှု ၃၉ မျိုးကို ရိတ်သိမ်းခြင်း သို့မဟုတ် အမဲလိုက်ခြင်းအဖြစ်သတ်မှတ်၍ အလုပ်ဟုအမည်တပ်ခဲ့ကြသည်။ ဤသို့အမျိုးအစားများခွဲခြင်းက မကုန်နိုင်သောမေးခွန်းများကို ပေါ်ထွက်စေသည်။ ဥပုသ်နေ့တွင် သန်းတစ်ကောင်သတ်မိပါက သူသည် အမဲလိုက်နေခြင်းလော။ လမ်းလျှောက်သွားစဉ် လက်တစ်ဆုပ်စာဆန်စပါးကို ဆွတ်ခူးခြွေစားခြင်းသည် ရိတ်သိမ်းခြင်းလော။ ဖျားနာသူတစ်ဦး
ကို ကုသပေးပါက အလုပ်လုပ်နေခြင်းလော။ ထိုသို့သောမေးခွန်းများကို တင်းကျပ်၊ အသေးစိတ်ကျသောစည်းမျဉ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့ကြ၏။၁၁၊ ၁၂။ ဖာရိရှဲတို့၏ ကျမ်းစာနှင့်မညီသောထုံးတမ်းစဉ်လာများကို ယေရှုဆန့်ကျင်ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၁၁ ဤသို့သောအခြေအနေမျိုးတွင် ယေရှုသည် တရားမျှတမှုကို လူတို့အား မည်သို့နားလည်စေနိုင်မည်နည်း။ ကိုယ်တော်၏သွန်သင်ချက်များနှင့် ကိုယ်တော်နေထိုင်ကျင့်ကြံပုံအားဖြင့် ကိုယ်တော်သည် ဘာသာရေးခေါင်းဆောင်တို့နှင့်မတူကြောင်း ရဲရဲရင့်ရင့်ဖော်ပြခဲ့၏။ ဦးစွာ ကိုယ်တော့်သွန်သင်ချက်အချို့ကို သုံးသပ်ကြည့်ပါ။ သူတို့၏မြောက်မြားစွာသော လူ့စည်းမျဉ်းများကို ကိုယ်တော်က ဤသို့ပြစ်တင်ရှုတ်ချခဲ့သည်– “မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ပယ်ကြ၏။”—မာကု ၇:၁၃။
၁၂ ဥပုသ်ပညတ်အပေါ် ဖာရိရှဲတို့ အမြင်လွဲမှားနေကြောင်း၊ အမှန်မှာ သူတို့သည် ထိုပညတ်၏ရည်ရွယ်ချက်တစ်ခုလုံးကို သဘောမပေါက်ကြကြောင်း ယေရှုက အခွင့်အာဏာရှိရှိဖော်ပြခဲ့၏။ မေရှိယသည် “ဥပုသ်နေ့ကိုအစိုးရသည်” ဖြစ်ရာ ဥပုသ်နေ့တွင် လူတို့ကို ကုသပေးပိုင်ခွင့်ရှိ၏ဟု ကိုယ်တော်ရှင်းပြသည်။ (မဿဲ ၁၂:၈) ထိုအချက်ကိုအလေးအနက်ပေါ်လွင်စေရန် ကိုယ်တော်သည် ဥပုသ်နေ့၌ အံ့ဖွယ်နည်းဖြင့် အထင်အရှားကုသပေးခဲ့သည်။ (လုကာ ၆:၇-၁၀) ထိုသို့ကုသပေးခဲ့ခြင်းသည် မိမိ၏အနှစ်တစ်ထောင်စိုးစံချိန်အတွင်း ကမ္ဘာချီ ကိုယ်တော်ပြုလုပ်မည့် အနာရောဂါပျောက်ကင်းခြင်းအမှုကို တင်ကူးဖော်ပြခြင်းဖြစ်သည်။ ထိုအနှစ်တစ်ထောင်ကာလကိုယ်နှိုက်သည် အကြီးမြင့်ဆုံးဥပုသ်ဖြစ်လိမ့်မည်၊ ထိုအချိန်အခါတွင် သစ္စာရှိလူသားအားလုံးသည် ရာစုနှစ်ချီ၍ အပြစ်နှင့် သေခြင်း၏ဝန်ထုပ်ဝန်ပိုးအောက် ခဲခဲယဉ်းယဉ်းကြိုးစားခဲ့ရခြင်းမှ လုံးလုံးအနားရပေလိမ့်မည်။
၁၃။ ခရစ်တော်၏မြေကြီးဓမ္မအမှုဆောင်ခြင်းမှ အဘယ်ပညတ်ပေါ်ထွက်လာသနည်း၊ ယင်းသည် ၎င်းမတိုင်မီရှိခဲ့ရာနှင့် မည်သို့ခြားနားသနည်း။
၁၃ ယေရှုသည်လည်း မြေကြီးပေါ် မိမိ၏ဓမ္မအမှုဆောင်ချိန်ပြီးဆုံးသည့်အခါ “ခရစ်တော်၏တရား” ဖြစ်သော တရားသစ်ပေါ်ထွက်စေခြင်းအားဖြင့် တရားမျှတမှုသည် ဘာဖြစ်ကြောင်းကို ရှင်းလင်းစေခဲ့၏။ (ဂလာတိ ၆:၂) ဤပညတ်သစ်သည် ယင်း၏ရှေ့တွင်နေရာယူခဲ့သည့် မောရှေပညတ်နှင့်မတူ၊ ရေးသားထားသော ပညတ်ချက်များအပေါ် အခြေပြုသည်မဟုတ်ဘဲ မူများအပေါ် များစွာမူတည်သည်။ သို့သော် ၎င်းတွင် တိုက်ရိုက်ပညတ်အချို့တော့ရှိသည်။ ယင်းတို့အထဲမှတစ်ခုကို ယေရှုက “ပညတ်သစ်” ဟုခေါ်ဆိုခဲ့၏။ ယေရှုက မိမိသည် သူတို့ကိုချစ်သကဲ့သို့ အချင်းချင်းချစ်ကြရန် ကိုယ်တော်၏နောက်လိုက်များကို သွန်သင်ခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) မှန်ပါသည်၊ ကိုယ်ကျိုးစွန့်မေတ္တာသည် “ခရစ်တော်၏တရား” အတိုင်း အသက်ရှင် နေထိုင်ကြသူအားလုံး၏ ကြန်အင်လက္ခဏာတစ်ရပ်ဖြစ်ရန်ဖြစ်သည်။
တရားမျှတမှု၏ သက်ရှိစံနမူနာ
၁၄၊ ၁၅။ မိမိအခွင့်အာဏာသည် အကန့်အသတ်မျှဖြစ်သည်ကို ယေရှုအသိအမှတ်ပြုကြောင်း မည်သို့ဖော်ပြခဲ့သနည်း၊ ယင်းက အဘယ်ကြောင့် အားယူစရာဖြစ်သနည်း။
၁၄ ယေရှုသည် မေတ္တာအကြောင်း သွန်သင်ပေးရုံမကပြုခဲ့သည်။ “ခရစ်တော်၏တရား” အတိုင်း ကိုယ်တော်အသက်ရှင်နေထိုင်ခဲ့သည်။ ကိုယ်တော့်ဘဝတွင် ယင်းသည် ရုပ်လုံးပေါ်ခဲ့၏။ ယေရှု၏စံနမူနာမှ တရားမျှတမှုကို နားလည်စေသည့် နည်းလမ်းသုံးရပ်ကို သုံးသပ်ကြည့်ပါ။
၁၅ ပထမအနေနှင့် ယေရှုသည် အဘယ်မတရားမှုကိုမျှမပြုမိရန် ဂရုပြုရှောင်ရှားခဲ့သည်။ မတရားမှုများစွာသည် မစုံလင်သူလူသားများက စိတ်ကြီးဝင်၍ မိမိရထားသည့် အခွင့်အာဏာထက် ကျော်လွန်၍ပြုမူခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း သင်သတိပြုမိပေမည်။ ယေရှု ထိုသို့မပြုခဲ့ချေ။ တစ်ချိန်တွင် ယေရှုထံ လူတစ်ဦးချဉ်းကပ်၍ “အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အားပေးဝေပါမည်အကြောင်း အမိန့်ရှိတော်မူပါ” ဟုပြောဆိုသည်။ ယေရှု မည်သို့တုံ့ပြန်သနည်း။ “အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အားအပ်ပေးသနည်းဟု မေးတော်မူ၏။” (လုကာ ၁၂:၁၃၊ ၁၄) ယင်းသည် မထူးခြားပေလော။ ယေရှု၏ဉာဏ်စွမ်း၊ ကိုယ်တော်၏ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ကိုယ်တော်အား ဘုရားပေးထားသောအခွင့်အာဏာအဆင့်ပင်လျှင် မြေကြီးပေါ်ရှိ မည်သူထက်မဆို သာလွန်သည်; သို့တိုင် ထိုသို့သော အမွေခွဲဝေပေးရန်မျိုး အခွင့်အာဏာကို ကိုယ်တော်မရထားသောကြောင့် ယင်းကိစ္စ၌ ကိုယ်တော်မဝင်စွက်လိုပါ။ ဤသို့ဖြင့် ယေရှုသည် မိမိ၏လူသားဘဝမတိုင်မီ ထောင်စုနှစ်ချီကာလအတွင်း၌ပင် အမြဲကျိုးနွံခဲ့၏။ (ယုဒ ၉) တရားမျှတစွာဆုံးဖြတ်စီရင်ခြင်းနှင့်ပတ်သက်၍ နှိမ့်ချစွာ ယေဟောဝါအားယုံကြည်စိတ်ချသည့်အချက်က ယေရှုသည် အလွန်ချီးကျူးဖွယ်နှင့် နှစ်လို့ဖွယ်ဖြစ်ကြောင်း ဖော်ပြသည်။
၁၆၊ ၁၇။ (က) ဘုရားသခင့်နိုင်ငံတော်သတင်း ကြေညာရာတွင် တရားမျှတမှုကို ယေရှု မည်သို့တင်ပြခဲ့သနည်း။ (ခ) ယေရှု၏တရားမျှတသောစိတ်သည် ကရုဏာပါကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၁၆ ဒုတိယအနေနှင့် ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာရာတွင် တရားမျှတမှုကို တင်ပြခဲ့၏။ ကိုယ်တော်သည် မျက်နှာလုံးဝမလိုက်ခဲ့ချေ။ ထိုသို့ပြုမည့်အစား ဆင်းရဲချမ်းသာမရွေး လူအပေါင်းတို့ထံရောက်ရှိရန် စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သည်။ ဖာရိရှဲတို့မူကား ဆင်းရဲသော သာမန်လူတို့ကို အထင်သေး၍ အမ်-ဟာအရက်စ်၊ သို့မဟုတ် “မြေကြီးသားများ” ဟူသည့်အသုံးအနှုန်းဖြင့်ခေါ်ဆိုပြီး ပစ်ပယ်ထားကြသည်။ ထိုသို့ မတရားသဖြင့်ပြုမူဆက်ဆံခြင်းကို ယေရှုသည် ရဲရဲရင့်ရင့်ဆန့်ကျင်ခဲ့၏။ သတင်းကောင်းကို လူတို့အား ကိုယ်တော်သွန်သင်ပေးသည့်အချိန်၌သာမက သူတို့နှင့်အတူ စားသောက်သောအခါ၊ သူတို့ကိုကျွေးမွေးသောအခါ၊ ရောဂါ *—၁ တိမောသေ ၂:၄။
ကုသပေးသောအခါ သို့မဟုတ် ရှင်ပြန်ထမြောက်စေသည့်အခါ “လူအပေါင်းတို့” ထံရောက်စေလိုတော်မူသော ဘုရားသခင့်တရားမျှတမှုကို ကိုယ်တော်ထောက်ခံခဲ့သည်။၁၇ တတိယအနေနှင့် ယေရှု၏တရားမျှတသောသဘောသည် အလွန့်အလွန်ကရုဏာစိတ်ရှိ၏။ ကိုယ်တော်သည် အပြစ်သားများကိုကူညီရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ (မဿဲ ၉:၁၁-၁၃) မိမိကိုယ်ကိုမကာကွယ်နိုင်သူတို့ကို ကူညီပေးရန် အသင့်ရှိခဲ့၏။ ဥပမာ၊ တစ်ပါးအမျိုးသားအားလုံးကို အယုံအကြည်ကင်းမဲ့ဖို့ အားပေးအားမြှောက်ပြုခဲ့ကြသည့် ဘာသာရေးခေါင်းဆောင်များနည်းတူ ယေရှုမပြုမူခဲ့ချေ။ ကိုယ်တော်သည် ဂျူးလူမျိုးတို့ကိုကူညီရန် အဓိကကြွလာခြင်းဖြစ်သော်လည်း တစ်ပါးအမျိုးသားအချို့ကို ကရုဏာပါပါကူညီ၍ သွန်သင်ပေးခဲ့သည်။ ကိုယ်တော်သည် ရောမတပ်မှူးတစ်ဦးအတွက် အံ့ဖွယ်အမှုတစ်ခုပြုလုပ်ပေးရန် သဘောတူညီခဲ့ပြီး ဤသို့မိန့်တော်မူ၏– “ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။”—မဿဲ ၈:၅-၁၃။
၁၈၊ ၁၉။ (က) ယေရှုသည် အမျိုးသမီးတို့ကို မည်သို့ဂုဏ်တင်ခဲ့သနည်း။ (ခ) ရဲရင့်ခြင်းနှင့် တရားမျှတမှုသည် ဆက်နွှယ်မှုရှိကြောင်း ယေရှု၏နမူနာက မည်သို့နားလည်စေသနည်း။
၁၈ အလားတူပင်၊ အမျိုးသမီးများနှင့်ပတ်သက်သည့် အနှံ့အပြားယူဆချက်ကို ယေရှု မထောက်ခံခဲ့ချေ။ ယင်းအစား ကိုယ်တော်သည် ရဲရင့်စွာဖြင့် တရားမျှတရာကို ပြုခဲ့၏။ ရှမာရိအမျိုးသမီးများကို တစ်ပါးအမျိုးသားများတမျှ မသန့်ရှင်းသူများဟု ယူမှတ်ခဲ့ကြ၏။ သို့တိုင် ယေရှုသည် ရှုခါရေတွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးကို မတွန့်မဆုတ်ဟောပြောခဲ့သည်။ အမှန်မှာ မိမိသည် ကတိထားရာမေရှိယဖြစ်ကြောင်း ဤအမျိုးသမီးအား ပထမဦးဆုံး ယေရှုအတိအလင်းဖော်ပြခဲ့၏။ (ယောဟန် ၄:၆၊ ၂၅၊ ၂၆) ဖာရိရှဲတို့က အမျိုးသမီးများကို ဘုရားသခင့်ပညတ် သွန်သင်မပေးသင့်ဟုဆိုကြသည်၊ သို့သော် ယေရှုသည် အချိန်နှင့် ခွန်အားအကုန်ခံ၍ အမျိုးသမီးများကို သွန်သင်ပေးခဲ့၏။ (လုကာ ၁၀:၃၈-၄၂) ထုံးတမ်းစဉ်လာအရ စိတ်ချလောက်သော သက်သေထွက်ဆိုရန် အမျိုးသမီးများကို အားမထားနိုင်ဟု ဆိုသော်လည်း ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် အမျိုးသမီးအတော်များများကို မိမိအား ဦးဆုံးတွေ့မြင်ခွင့်ပေးခြင်းဖြင့် သူတို့ကို ဂုဏ်တင်ခဲ့သည်။ ဤအရေးပါဆုံးသောအဖြစ်အပျက်အကြောင်းကို အမျိုးသားများဖြစ်သည့်တပည့်များထံ သွားရောက်ကြားပြောကြရန်ပင် သူတို့အား ကိုယ်တော်မိန့်တော်မူခဲ့သည်။—မဿဲ ၂၈:၁-၁၀။
ဗျာဒိတ် ၅:၄) ခြင်္သေ့သည် ရဲရင့်သောတရားမျှတမှုကို ပုံဆောင်ကြောင်း သတိရပါ။ သို့သော် မဝေးတော့သည့်အနာဂတ်တွင် ယေရှုသည် တရားမျှတမှုကို ထိုထက်မက တည်ရှိစေလိမ့်မည်။ ‘မြေကြီးပေါ်မှာ တရားမျှတမှုကို’ ကိုယ်တော် အပြည့်အဝတည်ရှိစေပေမည်။—ဟေရှာယ ၄၂:၄။
၁၉ မှန်ပါသည်၊ တရားမျှတမှုဟူသည် အဘယ်အရာဖြစ်ကြောင်း လူမျိုးအပေါင်းတို့ကို ယေရှုနားလည်စေခဲ့သည်။ တစ်ခါတစ်ရံ အသက်အန္တရာယ်ကြားမှပင် ထိုသို့ကိုယ်တော်ပြုခဲ့သည်။ စစ်မှန်သောတရားမျှတမှုကို ထောက်ခံရန် ရဲစွမ်းသတ္တိရှိဖို့လိုကြောင်း ယေရှုနမူနာပြခဲ့သည်။ ထို့ကြောင့် ကိုယ်တော့်အား “ယုဒအမျိုးခြင်္သေ့” ဟုခေါ်ဆိုခြင်းသည် ဆီလျော်ပေ၏။ (မေရှိယဘုရင် ‘မြေကြီးပေါ်တွင် တရားမျှတမှု တည်ရှိစေ’
၂၀၊ ၂၁။ ကျွန်ုပ်တို့အချိန်၌ပင် မေရှိယဘုရင်သည် ကမ္ဘာတစ်ဝန်းတွင်လည်းကောင်း၊ ခရစ်ယာန်အသင်းတော်တွင်လည်းကောင်း တရားမျှတမှု မည်သို့ပြုစုပျိုးထောင်ခဲ့သနည်း။
၂၀ ယေရှုသည် ၁၉၁၄ ခုနှစ်၌ မေရှိယဘုရင်ဖြစ်လာကတည်းက မြေကြီးပေါ်တွင် တရားမျှတမှုကို ပြုစုပျိုးထောင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ မဿဲ ၂၄:၁၄ ပါ ပရောဖက်ပြုချက်ကို ကိုယ်တော်တာဝန်ယူ ပြည့်စုံစေခြင်းအားဖြင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယေရှု၏နောက်လိုက်များသည် တိုင်းနိုင်ငံအားလုံးရှိ လူအပေါင်းကို ယေဟောဝါနိုင်ငံတော်၏အမှန်တရား သွန်သင်ပေးနေကြသည်။ သူတို့သည် ယေရှုကဲ့သို့ပင် မျက်နှာမလိုက်ဘဲ တရားမျှတစွာ ဟောပြောခဲ့ကြပြီး တရားမျှတမှုအရှင်ဘုရားသခင်၊ ယေဟောဝါအား လူကြီးလူငယ် ဆင်းရဲချမ်းသာမရွေး၊ အမျိုးသား၊ အမျိုးသမီး လူတိုင်းသိလာကြစေရန် ကူညီပေးနေကြသည်။
၂၁ ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းဖြစ်သော ကိုယ်တော်သည် အသင်းတော်တွင်လည်း တရားမျှတမှုတည်ရှိစေ၏။ ပရောဖက်ပြုထားသကဲ့သို့ပင် ကိုယ်တော်သည် အသင်းတော်တွင် ဦးစီးဦးဆောင်ကြမည့် သစ္စာရှိခရစ်ယာန်အကြီးအကဲများ၊ “လူတို့တွင်ဆုလာဘ်များ” ကိုခန့်အပ်ထားသည်။ (ဧဖက် ၄:၈-၁၂၊ ကဘ) ဘုရားသခင်၏အဖိုးတန်သောသိုးတော်စုကို ထိန်းကြောင်းရာတွင် ဤသူတို့သည် ယေရှုခရစ်၏စံနမူနာတော်အတိုင်း တရားမျှတမှု တည်ရှိစေကြသည်။ အဆင့်ရာထူး၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် စည်းစိမ်ဥစ္စာ မည်မျှပင်ရှိပါလေစေ ယေရှုသည် ကိုယ်တော်၏သိုးများကို တရားသဖြင့် ဆက်ဆံစေလိုတော်မူကြောင်း သူတို့အမြဲ စိတ်စွဲမှတ်ထားကြ၏။
၂၂။ ယနေ့ ကမ္ဘာပေါ်တွင် ပျံ့နှံ့လျက်ရှိသော မတရားမှုကို ယေဟောဝါ မည်သို့ယူမှတ်တော်မူသနည်း၊ ယင်းနှင့်ပတ်သက်၍ အဘယ်အရာပြုလုပ်ရန် သားတော်ကို ကိုယ်တော်ခန့်အပ်ထားသနည်း။
၂၂ သို့သော် မဝေးတော့သည့်အနာဂတ်တွင် ယေရှုသည် ကမ္ဘာပေါ် တစ်ခါမျှမတည်ရှိဖူးသော တရားမျှတမှု တည်ရှိစေမည်။ ဤဖောက်လွဲဖောက်ပြန်သောလောကကြီးတွင် ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၉:၁၁-၁၅။
မတရားမှု ပျံ့နှံ့နေသည်။ အထူးသဖြင့် စစ်လက်နက်များထုတ်လုပ်ခြင်းနှင့် အပျော်အပါးလိုက်စားသူတို့က တစ်ကိုယ်ကောင်းဆန်ဆန် ငွေကြေးနှင့် အချိန်ကို အလျှံပယ်အသုံးပြုခြင်းတို့ကို စဉ်းစားကြည့်လိုက်လျှင် ငတ်၍သေကြရသော ကလေးတိုင်းသည် ခွင့်မလွှတ်နိုင်သည့် မတရားမှု၏သားကောင်ဖြစ်ရရှာသည်။ နှစ်စဉ် မသေသင့်ဘဲ သန်းနှင့်ချီ၍ သေဆုံးနေကြရခြင်းမှာ မတရားမှုပုံစံများစွာထဲမှ တစ်ခုမျှဖြစ်သည်၊ ယင်းတို့အားလုံးသည် ယေဟောဝါ၏ ထွက်သင့်ထွက်ထိုက်သော အမျက်ဒေါသကို နှိုးဆွပေးသည်။ မတရားမှုဟူသ၍ ထာဝစဉ်အဆုံးတိုင်စေရန် ဤဆိုးညစ်သောစနစ်ကြီးတစ်ခုလုံးကို တရားသဖြင့်စစ်တိုက်ဖို့ မိမိ၏သားတော်ကို ကိုယ်တော်ခန့်အပ်ထားတော်မူပြီ။—၂၃။ ယေရှုသည် အာမဂေဒုန်ပြီးနောက် ထာဝရကာလတစ်လျှောက်လုံး တရားမျှတမှုကို မည်သို့ပြုစုပျိုးထောင်မည်နည်း။
၂၃ သို့သော် ယေဟောဝါသည် တရားမျှတသောကြောင့် ဆိုးယုတ်မှုကို ဖျက်ဆီးပစ်ရုံထက်မက ပြုလုပ်ရန်လိုပေသည်။ ကိုယ်တော်သည် မိမိ၏သားတော်ကို “ငြိမ်သက်ခြင်းမင်း၊” [သမ္မာ] အဖြစ် စိုးစံရန် ခန့်အပ်ထားတော်မူပြီ။ အာမဂေဒုန်စစ်ပြီးနောက် ယေရှု၏အုပ်ချုပ်မှုအောက်တွင် ကမ္ဘာတစ်ဝန်း ငြိမ်သက်ခြင်းတည်ရှိမည်ဖြစ်ပြီး ကိုယ်တော်သည် “ဖြောင့်မတ်စွာစီရင်၍” စိုးစံတော်မူမည်။ (ဟေရှာယ ၉:၆၊ ၇) ထိုအခါ ယေရှုသည် ကမ္ဘာ့ဆင်းရဲဒုက္ခတို့ကိုဖြစ်ပေါ်စေသည့် မတရားမှုမှန်သမျှကို ပပျောက်စေပေလိမ့်မည်။ ကိုယ်တော်သည် ထာဝရကာလတစ်လျှောက် ယေဟောဝါ၏ပြည့်ဝစုံလင်သောတရားမျှတမှုကို သစ္စာရှိစွာ ထောက်ခံပါလိမ့်မည်။ သို့ဖြစ်၍ ယခုကတည်းက ယေဟောဝါ၏တရားမျှတမှုကို ကျွန်ုပ်တို့ကြိုးစားတုပရန် အလွန်အရေးကြီးသည်။ ယင်းကို မည်သို့ပြုနိုင်ကြောင်း ကြည့်ကြစို့။
^ အပိုဒ်၊ 1 ယေရှုသည် ဖြစ်သင့်ဖြစ်ထိုက်သောအမျက်ဒေါသပြရာတွင် ဆိုးညစ်မှုအားလုံးကို “အမျက်ပြင်းထန်” စွာထွက်သော ယေဟောဝါနှင့်တူသည်။ (နာဟုံ ၁:၂) ဥပမာ၊ ယေဟောဝါ၏အိမ်တော်ကို “ဓားပြတွင်း” ဖြစ်စေခဲ့ကြပြီဟု မိမိ၏ခေါင်းမာသောလူမျိုးအား ကိုယ်တော်မိန့်တော်မူပြီးနောက် ‘ဤအရပ်၌ ငါသည် ဒေါသအမျက်မီးကိုသွန်းလောင်းမည်’ ဟု မိန့်တော်မူခဲ့၏။—ယေရမိ ၇:၁၁၊ ၂၀။
^ အပိုဒ်၊ 3 မစ်ရှ်နာအရ နှစ်အနည်းငယ်အကြာတွင် ဗိမာန်တော်၌ အဆမတန်ဈေးကြီးကြီးဖြင့် ချိုးငှက်များရောင်းချခြင်းကို ကန့်ကွက်ခဲ့ကြ၏။ ထိုအခါ ဈေးနှုန်းကို ၉၉ ရာခိုင်နှုန်းခန့် ချက်ချင်းပင် လျှော့ချပေးခဲ့သည်! အမြတ်အစွန်းများသော ဤစီးပွားမှ အများအားဖြင့် မည်သူတို့အကျိုးအမြတ်ရရှိခဲ့ကြသနည်း။ ဗိမာန်တော်ဈေးကွက်များကို ယဇ်ပုရောဟိတ်မင်းကြီးအန္နတ်၏ မိသားစုပိုင်ဆိုင်ခဲ့ပြီး ယင်းကြောင့် ယဇ်ပုရောဟိတ်၏မိသားစုသည် အကြီးအကျယ်ကြွယ်ဝချမ်းသာနေ၏ဟု သမိုင်းပညာရှင်အချို့က အဆိုပြုသည်။—ယောဟန် ၁၈:၁၃။
^ အပိုဒ်၊ 16 ဖာရိရှဲတို့က ပညတ်တရားကိုမတတ်မြောက်သည့် နိမ့်ကျသူတို့သည် “ကျိန်ခြင်းကိုခံရ” ၏ဟုဆိုသည်။ (ယောဟန် ၇:၄၉) ထိုသို့သောသူတို့ကို သွန်သင်ပေးခြင်း၊ သူတို့နှင့်စီးပွားတွဲလုပ်ခြင်း၊ အတူစားသောက်ခြင်း၊ ဆုတောင်းခြင်းတို့ကိုမပြုသင့်ဟု ဖာရိရှဲတို့ကဆိုကြသည်။ ထိုသို့သောလူစားမျိုးနှင့် မိမိသမီးကိုလက်ထပ်ပေးခြင်းသည် သားရဲတွင်းထဲ သူ့ကိုချပစ်ခြင်းထက် သာ၍ဆိုးမည်ဟုဆိုသည်။ ထိုသို့သောနိမ့်ကျသူတို့အတွက် ရှင်ပြန်ထမြောက်ခွင့်မရှိဟု သူတို့ယူဆကြ၏။