အခန်း ၁၄
“ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ”
အာရုံစိုက်ရာ။ ဗိမာန်တော်အကြောင်း စိတ်အာရုံ—ယေဇကျေလခေတ်အတွက် လက်တွေ့ကျ သင်ခန်းစာများနဲ့ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် အဓိပ္ပာယ်
၁၊ ၂။ (က) ရှေ့အခန်းမှာ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံနဲ့ပတ်သက်ပြီး ဘာသိရှိခဲ့ရသလဲ။ (ခ) ဒီအခန်းမှာ ဘယ်မေးခွန်းနှစ်ခု သုံးသပ်ကြမလဲ။
စိတ်အာရုံမှာ ယေဇကျေလ မြင်ခဲ့တာဟာ ရာစုနှစ်များစွာအကြာမှာ တမန်တော်ပေါလု ဆွေးနွေးခဲ့တဲ့ ပုံဆောင်ဗိမာန်တော်ကြီး မဟုတ်ပါဘူး။ ဒီအကြောင်းကို ရှေ့အခန်းမှာ လေ့လာခဲ့ကြတယ်။ စိတ်အာရုံရဲ့ ရည်ရွယ်ချက်က စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ဘုရားစံနှုန်းတွေရဲ့ အရေးကြီးမှုအကြောင်း ဘုရားလူမျိုးကို သွန်သင်ပေးဖို့ဆိုတာကိုလည်း သိရှိခဲ့ကြတယ်။ ဒီစံနှုန်းတွေကို လိုက်နာမှသာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ပြန်ရနိုင်မယ်။ “ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ” ဆိုတဲ့ အဓိကအချက်ကို အခန်းငယ်တစ်ခုတည်းမှာတင် ယေဟောဝါ ဘာကြောင့် နှစ်ကြိမ် အလေးပေး မိန့်ဆိုခဲ့သလဲဆိုတာ တွေ့ရပါမယ်။—ယေဇကျေလ ၄၃:၁၂ ကိုဖတ်ပါ။
၂ အခု နောက်ထပ်မေးခွန်းနှစ်ခု သုံးသပ်ကြမယ်။ ပထမ၊ ဗိမာန်တော်အကြောင်း စိတ်အာရုံကနေ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ပတ်သက်ပြီး ဘယ်သင်ခန်းစာတွေကို ယေဇကျေလခေတ်က ဂျူးတွေ သင်ယူခဲ့ကြသလဲ။ ဒီနောက်ဆုံးကာလမှာ ဘာအဓိပ္ပာယ်ရှိသလဲဆိုတဲ့ ဒုတိယမေးခွန်းကို ပထမမေးခွန်းရဲ့ အဖြေက နားလည်စေပါမယ်။
စိတ်အာရုံက ရှေးအချိန်မှာ ဘာသင်ခန်းစာတွေ ပေးခဲ့သလဲ
၃။ စိတ်အာရုံကို မြင့်မားလှတဲ့တောင်ပေါ်မှာ မြင်တွေ့ရခြင်းက အစ္စရေးလူမျိုးကို ဘယ်လိုနည်းနဲ့ ရှက်စိတ် ဝင်စေခဲ့မလဲ။
၃ ပထမမေးခွန်းရဲ့ အဖြေ ရဖို့ ဗိမာန်တော်အကြောင်း စိတ်အာရုံရဲ့ ထူးခြားတဲ့ အသွင်အပြင် အနည်းငယ်ကို အာရုံစိုက်ကြရအောင်။ မြင့်မားလှတဲ့ တောင်။ ယေဇကျေလစိတ်အာရုံ နောက်ခံကို ပြန်လည်တည်ထောင်ခြင်းအကြောင်း ဟေရှာယပရောဖက်ပြုချက်နဲ့ ဆက်စပ်တွေးမိနိုင်တယ်။ (ဟေရှာ. ၂:၂) ယေဟောဝါရဲ့ အိမ်တော်ကို မြင့်မားလှတဲ့ တောင်ပေါ်မှာ မြင်တွေ့ရခြင်းက ဘာသင်ပေးသလဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဟာ ဘယ်အရာထက်မဆို ဂုဏ်တင်ချီးမြှောက်ခံသင့်ကြောင်း သင်ပေးတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဆိုတာ “တခြားဘုရားတွေထက် အဆမတန် မြင့်မြတ်” တဲ့အရှင်ဆီက အစီအစဉ် ဖြစ်တာမို့ ချီးမြှောက်ခံရတာ သဘာဝကျပါတယ်။ (ဆာ. ၉၇:၉) ဒါပေမဲ့ လူတွေဘက်က တာဝန်မကျေခဲ့ကြဘူး။ ရာစုနှစ်တွေတစ်လျှောက် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို အကြိမ်ကြိမ် ရှုတ်ချကြတယ်၊ စွန့်ပစ်ကြတယ်၊ ညစ်ညူးစေကြတယ်။ ဘုန်းအသရေရှိပြီး ထင်ရှားတဲ့ နေရာမှာ ဘုရားရဲ့ အိမ်တော်မြတ် ထိုက်သင့်စွာ ဂုဏ်တင်ချီးမြှောက်ခံရတာ မြင်တွေ့ရခြင်းက စိတ်ရိုးဖြောင့်သူတွေကို ရှက်စိတ် ဝင်စေမှာ သေချာပါတယ်။
၄၊ ၅။ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေကနေ ဘုရားလူမျိုး ဘာသင်ခန်းစာ ယူနိုင်ခဲ့ကြမလဲ။
၄ မြင့်မားတဲ့ တံခါးများ။ စိတ်အာရုံ အစပိုင်းမှာ တံခါးတွေကို ကောင်းကင်တမန် တိုင်းနေတာ ယေဇကျေလ ကြည့်နေခဲ့တယ်။ တံခါးတွေဟာ ပေ ၁၀၀ လောက် မြင့်တယ်။ (ယေဇ. ၄၀:၁၄) အဝင်လမ်းမှာ အစောင့်ခန်းတွေ ရှိတယ်။ ဒါတွေအားလုံးက ဗိမာန်တော်ပုံစံကို လေ့လာသူတွေအတွက် ဘာအဓိပ္ပာယ် ရှိနိုင်သလဲ။ “ဗိမာန်တော် အဝင်လမ်း . . . ကို အသေအချာ အာရုံစိုက်ပါ”လို့ ယေဇကျေလကို ယေဟောဝါ မိန့်မှာတယ်။ ဘာကြောင့်လဲ။ အစ္စရေးတွေက ဘုရားရဲ့ ဝတ်ပြုရာအိမ်တော်မြတ်ထဲ “အရေဖျား မဖြတ်ထားတဲ့၊ စိတ်နှလုံး စင်ကြယ်အောင် မလုပ်ထားတဲ့” သူတွေကို ခေါ်လာကြလို့ပဲ။ ရလဒ်က ဘာလဲ။ “သူတို့က ဗိမာန်တော်ကို ညစ်ညူးစေကြပြီ” လို့ ယေဟောဝါ မိန့်ဆိုခဲ့တယ်။—ယေဇ. ၄၄:၅၊ ၇။
၅ “အရေဖျား မဖြတ်ထားတဲ့” သူတွေဟာ အာဗြဟံခေတ်မှာ ပေးခဲ့တဲ့ ရှင်းလင်းတဲ့ ဘုရားမိန့်မှာချက်ကို လိုက်နာဖို့ ပျက်ကွက်ကြတယ်။ (က. ၁၇:၉၊ ၁၀။ ဝတ်. ၁၂:၁-၃) ဒါပေမဲ့ “စိတ်နှလုံး စင်ကြယ်အောင် မလုပ်ထားတဲ့” သူတွေက ပိုတောင်ဆိုးသေးတယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်နဲ့ လမ်းပြမှုကို ခေါင်းမာမာနဲ့ ပုန်ကန်ကြတယ်၊ ဥပေက္ခာပြုကြတယ်။ ယေဟောဝါရဲ့ ဝတ်ပြုရာအိမ်တော်မြတ်ထဲ ဒီလိုလူတွေကို ဝင်ခွင့်မပြုသင့်ဘူး။ အရေခြုံဟန်ဆောင်တာကို ယေဟောဝါ မုန်းတယ်။ ဘုရားလူမျိုးကတော့ ဘုရားအိမ်တော်မှာ အရေခြုံမှုတွေ တိုးများခွင့်ပြုခဲ့တယ်။ စိတ်အာရုံပါ ဗိမာန်တော်တံခါးတွေ၊ အစောင့်ခန်းတွေကနေ ရှင်းရှင်းလင်းလင်း သိရတဲ့အချက်ကတော့ နောက်ထပ် ဒီလိုအကျင့်ဆိုးတွေ မရှိစေရဘူး ဆိုတာပဲ။ ဘုရားအိမ်တော်ကို ဝင်ခွင့်ရဖို့ မြင့်မားတဲ့ စံနှုန်းတွေကို စွဲကိုင်ထားရမယ်။ ဒါမှ မိမိလူမျိုးရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်။
၆၊ ၇။ (က) ယေဟောဝါက မိမိလူမျိုးကို သတင်းပေးဖို့ ဗိမာန်တော်တံတိုင်းကို ဘယ်လိုသဘောနဲ့ သုံးခဲ့သလဲ။ (ခ) ယေဟောဝါရဲ့ လူမျိုးက ဘုရားအိမ်တော်ကို ဘယ်လို သဘောထားခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၆ ပတ်လည်တံတိုင်း။ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ ထူးခြားတဲ့ နောက်အသွင်အပြင်ကတော့ ဗိမာန်တော်နေရာတစ်ခုလုံးကို ခတ်ထားတဲ့ တံတိုင်းပဲ။ တံတိုင်းတစ်ဖက်စီဟာ ကျူရိုးအပြန် ၅၀၀ ဒါမှမဟုတ် ပေပေါင်း ၅,၁၀၀၊ တစ်မိုင်နီးပါး ရှိတယ်လို့ ယေဇကျေလ ယေဇ. ၄၂:၁၅-၂၀) ဒါပေမဲ့ ဗိမာန်တော် အဆောက်အအုံတွေနဲ့ ရင်ပြင်တွေဟာ စတုရန်းပုံ ဖြစ်ပြီး တစ်ဖက်ကို အတောင် ၅၀၀ ဒါမှမဟုတ် ပေ ၈၅၀ ပဲ ရှိတယ်။ ဒါကြောင့် ဗိမာန်တော်နဲ့ အပြင်တံတိုင်းကြားမှာ မြေကွက်လပ်ကြီး ရှိနေတယ်။ * ဘာအတွက်လဲ။
ပြောခဲ့တယ်။ (၇ “အခု သူတို့က ရုပ်တုကိုးကွယ်တာတွေ၊ ဘုရင်အဖြစ် ကိုးကွယ်တဲ့ ရုပ်တုတွေကို ငါ့ဆီကနေ ဖယ်ရှားကြပါစေ။ ဒါဆိုရင်တော့ သူတို့နဲ့အတူ ငါ ထာဝစဉ် စံမြန်းမယ်” လို့ ယေဟောဝါ မိန့်ဆိုတယ်။ (ယေဇ. ၄၃:၉) “ဘုရင်အဖြစ် ကိုးကွယ်တဲ့ ရုပ်တုတွေ” ဆိုတာကလည်း ရုပ်တုကိုးကွယ်ခြင်းကိုပဲ ရည်ညွှန်းပုံရတယ်။ ဒါကြောင့် “ညစ်ညမ်းတဲ့အရာအားလုံး ဖယ်ရှားကြ။ အနားတောင် မကပ်စေနဲ့” ဆိုတဲ့သဘောနဲ့ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ တံတိုင်းကျယ်ကြီးကို ယေဟောဝါ အသုံးပြုခဲ့တာပါ။ ဝတ်ပြုရေးကို စင်ကြယ်နေစေမယ်ဆိုရင် ယေဟောဝါက သူတို့အလယ်မှာ စံမြန်းခြင်းအားဖြင့် ကောင်းချီးပေးမယ်။
၈၊ ၉။ တာဝန်ရှိအမျိုးသားတွေအတွက် ယေဟောဝါရဲ့ ပြင်းထန်တဲ့ သတိပေးချက်ကနေ ဘာသင်ယူနိုင်ကြမလဲ။
၈ တာဝန်ရှိ အမျိုးသားတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်။ အစ္စရေးလူမျိုးအလယ်မှာ တာဝန်ကြီးတွေ ထမ်းဆောင်ရတဲ့ အမျိုးသားတွေကို ယေဟောဝါ မေတ္တာပါစွာ ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်။ အစ္စရေးတွေ ရုပ်တုကိုးကွယ်ကြတဲ့အခါ ဘုရားဆီကနေ လမ်းလွဲနေတဲ့ လေဝိတွေကို ပြင်းပြင်းထန်ထန် ဆုံးမခဲ့တယ်။ “အစ္စရေးအမျိုး . . . လမ်းလွဲခဲ့ပေမဲ့ . . . သန့်ရှင်းရာဌာနတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့” ဇာဒုတ်ရဲ့ သားတွေကိုတော့ ချီးမွမ်းခဲ့တယ်။ အသီးသီးရဲ့ လုပ်ရပ်နဲ့အညီ မျှမျှတတ၊ ကြင်ကြင်နာနာ ကိုင်တွယ်ခဲ့တယ်။ (ယေဇ. ၄၄:၁၀၊ ၁၂-၁၆) အလားတူပဲ အစ္စရေးအကြီးအမှူးတွေလည်း ပြင်းပြင်းထန်ထန် ပဲ့ပြင်ခံရတယ်။—ယေဇ. ၄၅:၉။
၉ အခွင့်အာဏာရှိတဲ့၊ ကြီးကြပ်မှူးတာဝန် ရထားတဲ့ အမျိုးသားတွေဟာ တာဝန်ထမ်းဆောင်ပုံနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ပေးရမယ်ဆိုတာ ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ သူတို့လည်း သတိပေးမှု၊ ပဲ့ပြင်မှု၊ ဆုံးမမှု လိုအပ်ကြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို ဦးဆောင်ထောက်ခံကြရမယ်။
၁၀၊ ၁၁။ ယေဇကျေလ စိတ်အာရုံပါ သင်ခန်းစာတွေကို ပြည်တော်ပြန်တချို့ နားလည်သဘောပေါက်ခဲ့ကြောင်း ဘယ်အထောက်အထားတွေက ဖော်ပြသလဲ။
၁၀ ယေဇကျေလ စိတ်အာရုံပါ သင်ခန်းစာတွေကို ပြည်တော်ပြန်တွေ လိုက်နာခဲ့ကြသလား။ ထူးခြားတဲ့ ဒီစိတ်အာရုံနဲ့ပတ်သက်ပြီး အဲဒီအချိန်က သစ္စာရှိအမျိုးသား/သမီးတွေ ဘယ်လိုတွေးခဲ့ကြမလဲ၊ ကျွန်တော်တို့ အတိအကျ မသိနိုင်ဘူး။ ပြည်တော်ပြန်တွေ ဘာလုပ်ခဲ့ကြောင်း၊ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘယ်လို ရှုမြင်လာကြကြောင်းကိုတော့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေဇကျေလစိတ်အာရုံပါ အခြေခံမူတွေကို သူတို့ လိုက်နာခဲ့ကြသလား။ ဗာဗုလုန် ပြည်နှင်ခံဘဝ မတိုင်ခင်က ပုန်ကန်တတ်တဲ့ ဘိုးဘေးတွေနဲ့ စာရင်တော့ အတိုင်းအတာတစ်ခုအထိ လိုက်နာခဲ့ကြပါတယ်။
၁၁ ပရောဖက် ဟဂ္ဂဲ၊ ဇာခရိ၊ ကျမ်းကူးဆရာ ပုရောဟိတ် ဧဇရ၊ ဘုရင်ခံ နေဟမိ စတဲ့ သစ္စာရှိအမျိုးသားတွေက အစ္စရေးတွေကို ဗိမာန်တော်အကြောင်း ယေဇကျေလစိတ်အာရုံပါ အခြေခံမူတွေ သင်ပေးဖို့ ကြိုးစားခဲ့ကြတယ်။ (ဧဇ. ၅:၁၊ ၂) ရုပ်ပစ္စည်းတွေ၊ ကိုယ်ကျိုးရှာ လိုက်စားမှုတွေထက် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ဦးစားပေးဖို့၊ ချီးမြှောက်ဖို့ သင်ပေးကြတယ်။ (ဟဂ္ဂဲ ၁:၃၊ ၄) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ စံနှုန်းတွေကို လေးမြတ်ဖို့ တိုက်တွန်းခဲ့ကြတယ်။ ဥပမာ၊ အစ္စရေးတွေကို ဝတ်ပြုရေးပိုင်း အားနည်းသွားစေတဲ့ တိုင်းတစ်ပါးမိန်းမတွေနဲ့ လမ်းခွဲကြဖို့ ဧဇရနဲ့ နေဟမိတို့ ပြင်းပြင်းထန်ထန် သတိပေးကြတယ်။ (ဧဇရ ၁၀:၁၀၊ ၁၁ ကိုဖတ်ပါ။ နေ. ၁၃:၂၃-၂၇၊ ၃၀) ရုပ်တုကိုးကွယ်ခြင်းကော။ သမိုင်းတစ်လျှောက် မကြာခဏ ကျော့မိစေတဲ့ အဲဒီအပြစ်ကို ပြည်နှင်ခံရပြီးတဲ့နောက်မှာတော့ ရွံမုန်းတတ်လာကြပုံရတယ်။ ပုရောဟိတ်တွေ၊ အကြီးအမှူးတွေ၊ မင်းသားတွေကော။ ယေဇကျေလ စိတ်အာရုံမှာ ဖော်ပြတဲ့အတိုင်း သူတို့လည်း ယေဟောဝါဆီက သတိပေးမှု၊ ပဲ့ပြင်မှု ရခဲ့ကြတယ်။ (နေ. ၁၃:၂၂၊ ၂၈) လူများစွာက သတိပေးချက်တွေကို နှိမ့်ချစွာ ခံယူခဲ့ကြတယ်။—ဧဇ. ၁၀:၇-၉၊ ၁၂-၁၄။ နေ. ၉:၁-၃၊ ၃၈။
၁၂။ ပြည်တော်ပြန်တွေကို ယေဟောဝါ ဘယ်နည်းတွေနဲ့ ကောင်းချီးပေးခဲ့သလဲ။
၁၂ ယေဟောဝါလည်း မိမိလူမျိုးကို ကောင်းချီးပေးခဲ့တယ်။ အချိန်အတော်ကြာ ဆုံးရှုံးခဲ့တဲ့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိခဲ့ကြတယ်။ ပုံဆောင် ကျန်းမာရေးနဲ့ ဘုရားရေးရာ အစီအစဉ်တွေ ပြန်ရခဲ့ကြတယ်။ (ဧဇ. ၆:၁၉-၂၂။ နေ. ၈:၉-၁၂။ ၁၂:၂၇-၃၀၊ ၄၃) ဘာကြောင့်လဲ။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လိုက်နာလာကြလို့ပဲ။ စိတ်အာရုံပါ ဗိမာန်တော်ကနေ ရတဲ့ သင်ခန်းစာတွေက လက်ခံတုံ့ပြန်တတ်သူတွေကို စိတ်ထိမိစေခဲ့တယ်။ အချုပ်အားဖြင့် ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံက ပြည်နှင်ခံတွေအပေါ် အရေးကြီးနည်းနှစ်နည်းနဲ့ အကျိုးသက်ရောက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ (၁) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုရဲ့ စံနှုန်းတွေအကြောင်း လက်တွေ့ကျ သင်ခန်းစာတွေ၊ ဒီစံနှုန်းတွေကို ထောက်ခံကျင့်သုံးနိုင်ပုံတို့ကို သင်ပေးတယ်။ (၂) အာမခံချက် ပေးတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်မယ့်အကြောင်း၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ စွဲမြဲနေသရွေ့ ယေဟောဝါ ဘယ်လိုကောင်းချီးပေးမယ့်အကြောင်း ကြိုပြောတယ်။ ဒါပေမဲ့ ဒီစိတ်အာရုံဟာ အခုအချိန်မှာကော ပြည့်စုံနေသလားဆိုတာ ကျွန်တော်တို့ သိချင်ကြပါတယ်။
ယေဇကျေလ စိတ်အာရုံက ဒီနေ့ခေတ် ကျွန်တော်တို့ကို သင်ပေးတဲ့အရာ
၁၃၊ ၁၄။ (က) ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံ ကျွန်တော်တို့အချိန်မှာ ပြည့်စုံနေကြောင်း ဘယ်လိုသိရသလဲ။ (ခ) စိတ်အာရုံက ဒီနေ့အချိန်မှာ ကျွန်တော်တို့အပေါ် ဘယ်နည်းနှစ်နည်းနဲ့ အကျိုးသက်ရောက်သလဲ။ (“မတူညီတဲ့ ဗိမာန်တော်များ၊ မတူညီတဲ့ သင်ခန်းစာများ” လေးထောင့်ကွက် ၁၃က ကိုလည်း ကြည့်ပါ။)
၁၃ ဗိမာန်တော်အကြောင်း ယေဇကျေလ စိတ်အာရုံဟာ ဒီနေ့ခေတ် ကျွန်တော်တို့နဲ့ကော သက်ဆိုင်ပါသလား။ သက်ဆိုင်ပါတယ်။ “မြင့်မားလှတဲ့တောင်” ပေါ်က ဘုရားရဲ့ အိမ်တော်မြတ်အကြောင်း ယေဇကျေလ စိတ်အာရုံနဲ့ “ယေဟောဝါရဲ့ အိမ်တော် တည်တဲ့တောင်” ဟာ “တောင်တန်းတကာရဲ့ ထိပ်မှာ အခိုင်အမာ တည်” မယ်ဆိုတဲ့ ဟေရှာယ ပရောဖက်ပြုချက်တို့ရဲ့ တူညီချက်ကို စဉ်းစားကြည့်ပါ။ “အဆုံးပိုင်းကာလ၊” “နောက်ဆုံးကာလ” အတွင်း ပရောဖက်ပြုချက် ပြည့်စုံမယ်ဆိုပြီး ဟေရှာယ အတိအကျ ပြောခဲ့တယ်။ (ယေဇ. ၄၀:၂။ ဟေရှာ. ၂:၂-၄။ မိက္ခာ ၄:၁-၄ ကိုလည်း ကြည့်ပါ။) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုဟာ မြင့်မားလှတဲ့တောင်ပေါ် တည်ထားသလို ချီးမြှောက်ခံရ၊ ပြန်လည်တည်ထောင်ခံရတဲ့ ၁၉၁၉ ခုနှစ်ကစပြီး နောက်ဆုံးကာလအတွင်းမှာ ပရောဖက်ပြုချက် ပြည့်စုံနေပါတယ်။ *
၁၄ ယေဇကျေလ စိတ်အာရုံက ဒီနေ့ခေတ် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ တကယ်သက်ဆိုင်ပါတယ်။ ယေဇကျေလ စိတ်အာရုံက ရှေးခေတ် ပြည်နှင်ခံဂျူးတွေအပေါ် အကျိုးသက်ရောက်ခဲ့သလို ဒီနေ့ခေတ် ကျွန်တော်တို့အပေါ်လည်း နည်းနှစ်နည်းနဲ့ အကျိုးသက်ရောက်နေပါတယ်။ (၁) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံကျင့်သုံးနိုင်ပုံအကြောင်း လက်တွေ့ကျ သင်ခန်းစာတွေ ပေးတယ်။ (၂) စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းအကြောင်း၊ ယေဟောဝါရဲ့ ကောင်းချီးတွေ ပြန်ခံစားရမယ့်အကြောင်း အာမခံချက်တွေ ပေးတယ်။
ဒီနေ့ခေတ် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် စံနှုန်းများ
၁၅။ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ကနေ သင်ခန်းစာတွေ ယူတဲ့အခါ ဘယ်အချက်ကို မှတ်ထားသင့်သလဲ။
၁၅ ယေဇကျေလ စိတ်အာရုံရဲ့ သတ်သတ်မှတ်မှတ် အသွင်အပြင်တချို့ကို အခု သုံးသပ်ကြရအောင်။ စိတ်အာရုံပါ ခမ်းနားလှတဲ့ ဗိမာန်တော်ကို ယေဇကျေလနဲ့အတူ ကျွန်တော်တို့လည်း လိုက်ကြည့်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ပုံဆောင်ဗိမာန်တော်ကြီးကို မြင်တွေ့ရတာ မဟုတ်ဘဲ ဒီနေ့ခေတ် ဝတ်ပြုရေးနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေ ယူနေတာသာ ဖြစ်ကြောင်းကိုတော့ မှတ်ထားပါ။ သင်ခန်းစာတချို့က ဘာတွေလဲ။
၁၆။ ယေဇကျေလ စိတ်အာရုံပါ အတိုင်းအတာအားလုံးကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။)
၁၆ အတိုင်းအတာများ။ ဗိမာန်တော်၊ တံတိုင်း၊ တံခါး၊ အစောင့်ခန်း၊ ရင်ပြင်နဲ့ ပူဇော်ရာပလ္လင်တို့ကို ကြေးနီအဆင်းအရောင်ရှိတဲ့ ကောင်းကင်တမန် အသေးစိတ် တိုင်းနေတာကို ယေဇကျေလ ကြည့်နေတယ်။ အချက်အလက်တွေ အသေးစိတ်ကျလွန်းလို့ စာဖတ်သူတွေ စိတ်ရှုပ်သွားနိုင်တယ်။ (ယေဇ. ၄၀:၁–၄၂:၂၀။ ၄၃:၁၃၊ ၁၄) ဒါပေမဲ့ ဒီကနေ သင်ယူနိုင်တဲ့ အရေးကြီးအချက်တွေကို စဉ်းစားကြည့်ပါ။ ယေဟောဝါက မိမိစံနှုန်းတွေရဲ့ အရေးကြီးမှုအကြောင်း အလေးအနက် ဖော်ပြတယ်။ စံနှုန်းတွေကို ချမှတ်သူဟာ သာမန်လူသားတွေ မဟုတ်ဘဲ ယေဟောဝါကိုယ်တော်တိုင်ပဲ။ ဘုရားကို ဘယ်လိုပုံစံနဲ့ပဲ ကိုးကွယ်ပါစေ အရေးမကြီးပါဘူးလို့ ပြောတဲ့သူတွေ အမှားကြီးမှားတာပဲ။ ဗိမာန်တော်ကို အသေးစိတ် တိုင်းတာခြင်းအားဖြင့် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ခြင်းဟာ အကြွင်းမဲ့ သေချာကြောင်း ယေဟောဝါ အာမခံနေတာ ဖြစ်တယ်။ အတိုင်းအတာတွေ တိကျသလို ဘုရားကတိတော်လည်း အတိအကျ ပြည်စုံမယ်။ နောက်ဆုံးကာလမှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်မယ်ဆိုတာ သေချာကြောင်း ယေဇကျေလ အတည်ပြုပေးလိုက်တာပါပဲ။
၁၇။ ဗိမာန်တော် ပတ်လည်တံတိုင်းက ဘာကို အမှတ်ရစေသလဲ။
၁၇ ပတ်လည်တံတိုင်း။ ဆွေးနွေးခဲ့တဲ့အတိုင်း စိတ်အာရုံပါ ဗိမာန်တော်နေရာတစ်ခုလုံးကို တံတိုင်းခတ်ထားတာ ယေဇကျေလ တွေ့ခဲ့တယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘာသာရေးဆိုင်ရာ မသန့်ရှင်းမှုမှန်သမျှနဲ့ ကင်းရှင်းစေဖို့၊ ဘုရားအိမ်တော်ကို ဘယ်တော့မှ မညစ်ညူးစေဖို့ ပြင်းထန်တဲ့ သတိပေးချက်ပါပဲ။ (ယေဇကျေလ ၄၃:၇-၉ ကိုဖတ်ပါ။) ဒီနေ့လည်း အလားတူ သတိပေးချက်မျိုး ကျွန်တော်တို့ လိုအပ်တယ်။ ရာစုနှစ်ချီ ကြာရှည်တဲ့ မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ ဘုရားလူမျိုး လွတ်မြောက်လာပြီးနောက် ၁၉၁၉ ခုနှစ်မှာ သစ္စာနဲ့ သတိပညာရှိကျွန်ကို ခရစ်တော် ခန့်အပ်ခဲ့တယ်။ အထူးသဖြင့် အဲဒီအချိန်ကစပြီး ဘုရားလူမျိုးက အယူဝါဒမှားတွေ၊ ရုပ်တုကိုးကွယ်မှု၊ တိတ္ထိအယူဝါဒတို့နဲ့ ရောယှက်နေတဲ့ အကျင့်ဓလေ့တွေကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုကို မသန့်ရှင်းမှုမှန်သမျှနဲ့ ကင်းရှင်းနေစေဖို့ ကျွန်တော်တို့ ဂရုစိုက်ကြတယ်။ ဒါ့အပြင် ဝတ်ပြုရာခန်းမတွေမှာ စီးပွားရေးကိစ္စတွေ မလုပ်ကြဘူး။ အဲဒီလောကရေးရာတွေကို ဝတ်ပြုကိုးကွယ်မှုနဲ့ ကင်းရှင်းစေကြတယ်။—မာ. ၁၁:၁၅၊ ၁၆။
၁၈၊ ၁၉။ (က) စိတ်အာရုံပါ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေကနေ ဘာသင်ယူနိုင်သလဲ။ (ခ) ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို လျှော့ချဖို့ ကြိုးစားသူတွေကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ။ ဥပမာပေးပါ။
၁၈ မြင့်မားတဲ့တံခါးများ။ ယေဇကျေလ မြင်ခဲ့တဲ့ တံခါးအမြင့်ကြီးတွေအကြောင်း စဉ်းစားတဲ့အခါ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။ ယေဟောဝါမှာ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ ရှိကြောင်း စိတ်အာရုံပါ ဗိမာန်တော်ရဲ့ ဒီအပိုင်းက ပြည်နှင်ခံဂျူးတွေကို သင်ပေးမှာ သေချာပါတယ်။ ရှေးအချိန်က ဒီလိုသင်ပေးခဲ့တယ်ဆိုရင် ဒီနေ့အချိန်မှာကော။ ယေဟောဝါရဲ့ ပုံဆောင်ဗိမာန်တော်ကြီးမှာ ကျွန်တော်တို့ ဝတ်ပြုကိုးကွယ်နေကြတယ်။ အရေခြုံမှုကင်းတဲ့၊ ဖြောင့်မတ်တဲ့ အမူအကျင့်တွေက အခုအချိန်မှာ ပိုလို့တောင် အရေးကြီးလာတယ် မဟုတ်လား။ (ရော. ၁၂:၉။ ၁ ပေ. ၁:၁၄၊ ၁၅) နောက်ဆုံးကာလအတွင်းမှာ ယေဟောဝါက မိမိလူမျိုးကို ကိုယ်ကျင့်တရားစံနှုန်းတွေ အနီးကပ် လိုက်နာဖို့ လမ်းညွှန်ပေးနေတယ်။ * ဥပမာ၊ နောင်တမယူတဲ့ အမှားကျူးလွန်သူတွေကို အသင်းတော်ထဲကနေ ဖယ်ရှားတယ်။ (၁ ကော. ၅:၁၁-၁၃) ဘုရားမျက်နှာသာ မရသူတစ်ယောက်ကိုမှ ယေဟောဝါရဲ့ ဝတ်ပြုရေးမှာ ပါဝင်ခွင့်မပြုသင့်ကြောင်း တံခါးတွေရဲ့ အဝင်လမ်းရှိ အစောင့်ခန်းတွေက သတိပေးတယ်။ ဥပမာ၊ နှစ်ဘဝစံတဲ့သူတစ်ယောက် ဝတ်ပြုရာခန်းမထဲ ဝင်လာနိုင်ပေမဲ့ ဘုရား တောင်းဆိုရာတွေ မလုပ်ဆောင်သရွေ့ ယေဟောဝါရဲ့ မျက်နှာသာ မရနိုင်ဘူး။ (ယာ. ၄:၈) ကိုယ်ကျင့်တရားစံနှုန်း ဆုတ်ယုတ်ကျဆင်းနေတဲ့ ဒီနေ့အချိန်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက်တော့ ထူးကဲတဲ့ အကာအကွယ်ပါပဲ။
၁၉ အဆုံးမတိုင်ခင်မှာ ဒီလောက ဆိုးညစ်လာမယ့်အကြောင်း ကျမ်းစာမှာ ကြိုပြောထားတယ်။ “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေဟာ ဆိုးသည်ထက် ဆိုးလာပြီး သူတစ်ပါးကို လှည့်စားတဲ့အပြင် ကိုယ်တိုင်လည်း လှည့်စားခံနေရတယ်” လို့ ဖတ်ရတယ်။ (၂ တိ. ၃:၁၃) ယေဟောဝါရဲ့ မြင့်မားတဲ့ စံနှုန်းတွေဟာ တင်းကျပ်လွန်းတယ်၊ ခေတ် နောက်ကျသွားပြီ၊ မှားနေတယ်စတဲ့ အတွေးတွေနဲ့ ဒီနေ့ခေတ် လူအများစု လှည့်စားခံနေကြရတယ်။ သင်ကော လှည့်စားခံမလား။ ဥပမာ၊ လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်ပြီး ဘုရားစံနှုန်းတွေ မှားနေတယ်လို့ တစ်ယောက်ယောက် ပြောလာရင် သဘောတူမလား။ ဒါမှမဟုတ် ဒီလိုပြုကျင့်သူတွေဟာ “ရာဂမီး တောက်လောင်” သူတွေ ဆိုပြီး ကျမ်းစာကတစ်ဆင့် ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကို သဘောတူမလား။ အကျင့်ယိုယွင်းမှုတွေကို သဘောမကျဖို့ ဘုရား သတိပေးထားတယ်။ (ရော. ၁:၂၄-၂၇၊ ၃၂) ဒီလိုအခြေအနေတွေနဲ့ ကြုံလာရတဲ့အခါ ယေဇကျေလ စိတ်အာရုံပါ ဗိမာန်တော်ရဲ့ မြင့်မားတဲ့ တံခါးတွေကို မြင်ယောင်ချင်ကြပါတယ်။ ဆိုးညစ်တဲ့ လောကရဲ့ ဖိအားတွေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါကတော့ မိမိရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို မလျှော့ချပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံဖခင်နဲ့ သဘောတူပြီး အမှန်တရားဘက် ရပ်တည်ကြသလား။
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပါဝင်အားဖြည့်တဲ့အခါ ဘုရားကို “ချီးမွမ်း” ခြင်း ပူဇော်သက္ကာ ဆက်သနေတာ ဖြစ်
၂၀။ “လူအုပ်ကြီး” ဟာ ယေဇကျေလ စိတ်အာရုံပါ ဘယ်အားတက်ဖွယ် သတိပေးချက်တွေ ရရှိနေကြသလဲ။
၂၀ ရင်ပြင်တွေ။ ဗိမာန်တော်ရဲ့ ကျယ်ဝန်းတဲ့ အပြင်ရင်ပြင်ကို မြင်တဲ့အခါ ဒီနေရာမှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့သူ ဘယ်နှစ်ယောက်တောင် စုဝေးလို့ရမလဲဆိုပြီး ယေဇကျေလ တွေးမိနိုင်တယ်။ ဒီနေ့အချိန်မှာ ခရစ်ယာန်တွေဟာ ပိုသန့်ရှင်းမြင့်မြတ်တဲ့နေရာမှာ ဝတ်ပြုကိုးကွယ်နေကြတယ်။ ယေဟောဝါရဲ့ ပုံဆောင်ဗိမာန်တော် အပြင်ရင်ပြင်မှာ ဝတ်ပြုကိုးကွယ်သူ “လူအုပ်ကြီး” ဟာ ယေဇကျေလ စိတ်အာရုံပါ အားတက်ဖွယ် သတိပေးချက်တွေ လက်ခံရရှိနေကြတယ်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄၊ ၁၅) ဝတ်ပြုကိုးကွယ်သူတွေ ယူဆောင်လာတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို အတူဝေမျှ စားသောက်နိုင်တဲ့ စားသောက်ခန်းတွေ ရင်ပြင်ပတ်လည်မှာ ရှိနေတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၄၀:၁၇) ယေဟောဝါဘုရားနဲ့အတူ သူတို့ စားသောက်နိုင်ကြတဲ့ သဘောပါပဲ။ ဒါဟာ သင့်မြတ်ငြိမ်းချမ်းတဲ့ ဆက်ဆံရေး သင်္ကေတ ဖြစ်တယ်။ မောရှေပညတ်အောက်က ဂျူးတွေလိုတော့ ပူဇော်သက္ကာတွေ ကျွန်တော်တို့ မဆက်သကြဘူး။ ဒါပေမဲ့ အစည်းအဝေးတွေမှာ မှတ်ချက်ပေးခြင်း၊ အမှုဆောင်လုပ်ငန်းမှာ ကိုယ့်ယုံကြည်ခြင်းကို တင်ပြခြင်းအားဖြင့် စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ အားဖြည့်ပါဝင်တဲ့အခါ “ချီးမွမ်း” ခြင်း ပူဇော်သက္ကာ ဆက်သနေတာပါ။ (ဟီ. ၁၃:၁၅) ယေဟောဝါကလည်း ကျမ်းစာအမှန်တရားတွေအားဖြင့် ကျွန်တော်တို့ကို အားဖြည့်ပေးနေတယ်။ “တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်တာဟာ တခြားနေရာမှာ နေရတဲ့ ရက်ပေါင်းတစ်ထောင်ထက် သာလွန်ပါတယ်” လို့ သီဆိုခဲ့တဲ့ ကောရသားတွေလို ကျွန်တော်တို့ ခံစားရတာ မဆန်းပါဘူး။—ဆာ. ၈၄:၁၀။
၂၁။ ယေဇကျေလ စိတ်အာရုံမှာပါတဲ့ ပုရောဟိတ်တွေဆီကနေ ဘိသိက်ခံခရစ်ယာန်တွေ ဘာသင်ယူနိုင်သလဲ။
၂၁ ပုရောဟိတ်များ။ အပြင်ရင်ပြင်ကို ဝင်ဖို့ ပုရောဟိတ် မဟုတ်သူတွေ အသုံးပြုတဲ့ တံခါးတွေနဲ့ အတွင်းရင်ပြင်ကို ဝင်ဖို့ ပုရောဟိတ်တွေ၊ လေဝိတွေ အသုံးပြုတဲ့ တံခါးတွေ အတူတူပဲဆိုတာ ယေဇကျေလ မြင်ခဲ့တယ်။ ပုရောဟိတ်အတန်းအစား အမျိုးသားတွေလည်း စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ထိရောက်တဲ့ သတိပေးချက်ပါပဲ။ ဒီနေ့အချိန်မှာကော။ မျက်မှောက်ခေတ် ဘုရားကျေးကျွန်တွေအလယ်မှာ ပုရောဟိတ်မျိုးရိုးဆိုပြီး မရှိတော့ဘူး။ ဒါပေမဲ့ “ခင်ဗျားတို့ကတော့ ‘ . . . ရွေးချယ်ခံရတဲ့ လူမျိုး၊ ပုရောဟိတ်’ . . . ဖြစ်တယ်” ဆိုပြီး ဘိသိက်ခံခရစ်ယာန်တွေကို ပြောခဲ့တယ်။ (၁ ပေ. ၂:၉) ရှေးအစ္စရေးပုရောဟိတ်တွေဟာ သီးခြားရင်ပြင်မှာ ဝတ်ပြုကိုးကွယ်ကြတယ်။ ဒီနေ့ခေတ် ဘိသိက်ခံခရစ်ယာန်တွေကတော့ ယုံကြည်သူချင်းတွေနဲ့ သီးခြားခွဲမနေကြပါဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ မွေးစားသားသမီးတွေအနေနဲ့ ဘုရားနဲ့ အထူးဆက်ဆံရေး ရှိကြတယ်။ (ဂလ. ၄:၄-၆) တစ်ချိန်တည်းမှာ ဘိသိက်ခံတွေက သူတို့အတွက် အထောက်အကူဖြစ်စေတဲ့ သတိပေးချက်တွေကို ယေဇကျေလ စိတ်အာရုံကနေ ရှာတွေ့နိုင်တယ်။ ဥပမာ၊ ပုရောဟိတ်တွေလည်း သွန်သင်ချက်တွေ၊ စည်းမျဉ်းတွေ လိုက်နာခဲ့ရမှန်း သူတို့ သတိပြုကြတယ်။ “သိုးထိန်းတစ်ယောက်တည်း” ရဲ့ လက်အောက်က “သိုးတစ်အုပ်တည်း” ဖြစ်ကြောင်းကို ခရစ်ယာန်အားလုံး ကောင်းကောင်း အမှတ်ရကြပါတယ်။—ယောဟန် ၁၀:၁၆ ကိုဖတ်ပါ။
၂၂၊ ၂၃။ (က) ယေဇကျေလ စိတ်အာရုံမှာ ပါတဲ့ အကြီးအမှူးတွေဆီကနေ ခရစ်ယာန်အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။ (ခ) အနာဂတ်မှာ ဘာဖြစ်လာနိုင်သလဲ။
၂၂ အကြီးအမှူး။ အကြီးအမှူးဆိုတာ ယေဇကျေလ စိတ်အာရုံထဲမှာ အတော်လေး အရေးပါတယ်။ ပုရောဟိတ်မျိုးရိုးက မဟုတ်ဘူး။ ဗိမာန်တော်မှာ ပုရောဟိတ်တွေရဲ့ ဦးဆောင်မှုကို လက်အောက်ခံရတယ်။ ဒါပေမဲ့ အစ္စရေးတွေကို ကြီးကြပ်ပေးတယ်။ ပူဇော်သက္ကာ ဆက်သရာမှာ ကူညီပေးတယ်။ (ယေဇ. ၄၄:၂၊ ၃။ ၄၅:၁၆၊ ၁၇။ ၄၆:၂) အသင်းတော်မှာ အတိုင်းအတာတစ်ခုအထိ တာဝန် ရထားကြတဲ့ ဒီနေ့ခေတ် ခရစ်ယာန်အမျိုးသားတွေအတွက် ပုံသက်သေပါပဲ။ နယ်လှည့်ကြီးကြပ်မှူးတွေအပါအဝင် ခရစ်ယာန်အကြီးအကဲတွေဟာ သစ္စာရှိကျွန်ကို လက်အောက်ခံနေကြရမယ်။ (ဟီ. ၁၃:၁၇) ခရစ်ယာန်အစည်းအဝေးတွေနဲ့ အမှုဆောင်မှာ ချီးမွမ်းခြင်းပူဇော်သက္ကာ ဆက်သနေတဲ့ ဘုရားလူမျိုးကို ကူညီပေးဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ (ဧ. ၄:၁၁၊ ၁၂) အခွင့်အာဏာ တလွဲသုံးခဲ့တဲ့ အစ္စရေးအကြီးအမှူးတွေကို ယေဟောဝါ ဆုံးမခဲ့ပုံအကြောင်းကိုလည်း သတိရကြတယ်။ (ယေဇ. ၄၅:၉) သတိပေးမှု၊ ပဲ့ပြင်မှုတွေ မလိုအပ်ဘူးလို့ အကြီးအကဲတွေ မယူဆကြဘူး။ ပိုထိရောက်တဲ့ သိုးထိန်းတွေ၊ ကြီးကြပ်မှူးတွေ ဖြစ်နိုင်ဖို့ ယေဟောဝါ လေ့ကျင့်မွမ်းမံပေးသမျှကို တန်ဖိုးထားကြတယ်။—၁ ပေတရု ၅:၁-၃ ကိုဖတ်ပါ။
ဆာ. ၄၅:၁၆) ဒီအမျိုးသားတွေဟာ ကမ္ဘာသစ်မှာ ဘယ်လိုနည်းနဲ့ ကောင်းချီးတစ်ရပ် ဖြစ်လာကြဦးမလဲဆိုတာ စဉ်းစားကြည့်တဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတယ် မဟုတ်လား။ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ တခြားပရောဖက်ပြုချက်တွေလိုပဲ ယေဇကျေလ စိတ်အာရုံကို ယေဟောဝါ သတ်မှတ်ထားချိန် ရောက်တဲ့အခါ ပိုနားလည်လာနိုင်တယ်။ လက်ရှိအချိန်မှာ စိတ်ကူးလို့ပဲ ရနိုင်တဲ့ ပရောဖက်ပြုချက် အသွင်အပြင်တချို့ဟာ အနာဂတ်ကျမှ စိတ်လှုပ်ရှားဖွယ် ပြည့်စုံလာပါမယ်။ အချိန်တန်ရင် သိရမှာပါ။
၂၃ လာမယ့် ကမ္ဘာ့ပရဒိသုမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ မေတ္တာပါတဲ့ ကြီးကြပ်မှူးတွေ ယေဟောဝါ ပြင်ဆင်ပေးဦးမယ်။ တကယ်တော့ ဒီနေ့ခေတ် အကြီးအကဲတွေဟာ ပရဒိသုမှာ ကူညီပေးတတ်တဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ သိုးထိန်းတွေ ဖြစ်လာဖို့ လေ့ကျင့်မှု ခံယူနေကြတာပါ။ (စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအပေါ် ယေဟောဝါရဲ့ ကောင်းချီးများ
၂၄၊ ၂၅။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ သစ္စာရှိရှိ ပါဝင်နေသရွေ့ ယေဟောဝါ ပေးမယ့် ကောင်းချီးတွေအကြောင်း ယေဇကျေလ စိတ်အာရုံက ဘယ်လို ပုံဖော်ထားသလဲ။
၂၄ ယေဇကျေလ စိတ်အာရုံပါ အရေးကြီးဖြစ်ရပ်တစ်ခုကို သုံးသပ်ကြရအောင်။ စိတ်အာရုံပါ ဗိမာန်တော်ကို ယေဟောဝါ ကြွလာတယ်။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် စံနှုန်းတွေကို မိမိလူမျိုး သစ္စာရှိရှိ လိုက်နာသရွေ့ အဲဒီမှာ စံမြန်းမယ်ဆိုပြီး ကတိပြုထားတယ်။ (ယေဇ. ၄၃:၄-၉) မိမိလူမျိုးနဲ့ သူတို့ရဲ့ ပြည်မှာ ယေဟောဝါ စံမြန်းခြင်းကြောင့် ဘာအကျိုးရှိမလဲ။
၂၅ စိတ်အားတက်ဖွယ် ပရောဖက်ပြုချက်နှစ်ခုအားဖြင့် ဘုရားကောင်းချီးတွေအကြောင်း စိတ်အာရုံက ဖော်ပြတယ်။ (၁) ဗိမာန်တော်သန့်ရှင်းရာဌာနကနေ မြစ်တစ်စင်း စီးဆင်းလာပြီး ပြည်အတွက် အသက်နဲ့ သီးပွင့်ဖြစ်ထွန်းမှုတွေ ဆောင်ကြဉ်းပေးတယ်။ (၂) ပြည်မှာ စနစ်တကျ၊ တိတိကျကျ မြေကွက်တွေ ခွဲဝေပြီး ဗိမာန်တော်နဲ့ ဗိမာန်တော်မြေကို ပြည်ရဲ့ အလယ်ဗဟိုမှာ နေရာချထားတယ်။ ဒီအကြောင်းအရာတွေကို ဒီနေ့ ဘယ်လို နားလည်ရမလဲ။ ပိုသန့်ရှင်းမြင့်မြတ်တဲ့ ဝတ်ပြုကိုးကွယ်မှု အစီအစဉ် ဖြစ်တဲ့ ပုံဆောင်ဗိမာန်တော်ကြီးကို ယေဟောဝါ ဝင်ရောက်သန့်စင်ပေးပြီး နှစ်သက်လက်ခံကြောင်း ဖော်ပြပြီး ဖြစ်တဲ့ ဒီအချိန်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ (မာလ. ၃:၁-၄) ဒီပရောဖက်ပြုချက်နှစ်ခုအကြောင်းကို ဒီစာအုပ် အခန်း ၁၉ ကနေ ၂၁ မှာ ဆွေးနွေးသွားပါမယ်။
^ အပိုဒ်၊ 6 ယေဟောဝါက သန့်ရှင်းရာအိမ်တော်ကို မိမိလူမျိုး ပြုမူခဲ့ပုံနဲ့ပတ်သက်ပြီး ဒီလိုမိန့်ဆိုခဲ့တယ်– “သူတို့ရဲ့ တံခါးခုံကို ငါ့တံခါးခုံဘေးမှာ၊ သူတို့ရဲ့ တံခါးတိုင်ကို ငါ့တံခါးတိုင်ဘေးမှာ ထားကြတယ်။ သူတို့နဲ့ ငါ့ကြားမှာ နံရံတစ်ခုပဲ ခြားတယ်။ သူတို့က အဲဒီလို ရွံမုန်းဖွယ်ရာတွေ လုပ်ပြီး သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ညစ်ညူးစေခဲ့တယ်။ ဒါကြောင့် သူတို့ကို ငါအမျက်ထွက်ပြီး အစတုံး ဖျက်ဆီးခဲ့တယ်။” (ယေဇ. ၄၃:၈) ရှေးဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်နဲ့ မြို့သူမြို့သားတွေရဲ့ အိမ်ရာကြားမှာ နံရံတစ်ခုပဲ ခြားတယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကနေ အစ္စရေးတွေ လမ်းလွဲသွားတာနဲ့အမျှ ယေဟောဝါရဲ့ အိမ်တော်ထဲ မသန့်ရှင်းမှုတွေ၊ ရုပ်တုတွေ သွင်းလာကြတယ်။ သည်းမခံနိုင်စရာ အခြေအနေပါပဲ။
^ အပိုဒ်၊ 13 နောက်ဆုံးကာလအတွင်း ပြည့်စုံတဲ့ ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ တခြားပရောဖက်ပြုချက်တွေနဲ့ ဗိမာန်တော်အကြောင်း ယေဇကျေလစိတ်အာရုံဟာ ဆက်စပ်နေတယ်။ ဥပမာ၊ ယေဇကျေလ ၄၃:၁-၉ နဲ့ မာလခိ ၃:၁-၅။ ယေဇကျေလ ၄၇:၁-၁၂ နဲ့ ယောလ ၃:၁၈ တို့မှာပါတဲ့ ဆင်တူချက်တွေကို သတိပြုကြည့်ပါ။
^ အပိုဒ်၊ 18 ယေရှု နှစ်ခြင်းခံပြီး ပုရောဟိတ်မင်းအနေနဲ့ စတင်အမှုဆောင်ချိန် အေဒီ ၂၉ မှာ ပုံဆောင်ဗိမာန်တော် စတင် တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့ တမန်တော်တွေ သေဆုံးပြီးတဲ့နောက် မြေကြီးပေါ်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ရာစုနှစ်ချီ လျစ်လျူရှုခံခဲ့ရတယ်။ ၁၉၁၉ ခုနှစ်ကစပြီး စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်မှု ချီးမြှောက်ခံခဲ့ရတယ်။