ကောင်းကင်သစ်နှင့် မြေကြီးသစ်
အခန်း ၄၂
ကောင်းကင်သစ်နှင့် မြေကြီးသစ်
၁။ ကောင်းကင်တမန်က ယောဟန်ကို အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလ အစပိုင်းသို့ ပြန်ပို့သောအခါ ယောဟန် ဘာကိုဖော်ပြသနည်း။
ကာင်းကင်တမန်က ယောဟန်ကို အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလ အစပိုင်းသို့ ပြန်ပို့သောအခါ ဘုန်းတောက်သောဤရူပါရုံ ဆက်လက်ပေါ်လာ၏။ ယောဟန် ဘာအကြောင်းကို ဖော်ပြသနည်း။ “ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမှာ ယခင်ကောင်းကင်နှင့် ယခင်မြေကြီးတို့သည် ကွယ်ပျောက်သွားပြီး ပင်လယ်လည်း မရှိတော့ပေ။” (ဗျာဒိတ် ၂၁:၁) စွဲမက်ဖွယ်မြင်ကွင်းစုံတစ်ရပ် ပေါ်လာသည်တကား။
၂။ (က) ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆိုင်ရာ ဟေရှာယပရောဖက်ပြုချက်သည် ဘီစီ ၅၃၇ ခုနှစ်၌ ပြည်တော်ပြန်ဂျူးများအပေါ် မည်သို့ပြည့်စုံခဲ့သနည်း။ (ခ) ဟေရှာယ၏ ပရောဖက်ပြုချက် နောက်ထပ်ပြည့်စုံဦးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း၊ ယင်းကတိတော် မည်သို့ပြည့်စုံလာသနည်း။
၂ ယောဟန်လက်ထက်မတိုင်မီ ရာစုနှစ်များစွာတွင် ဟေရှာယအား ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။” (ဟေရှာယ ၆၅:၁၇; ၆၆:၂၂) ဤပရောဖက်ပြုချက်သည် သစ္စာရှိဂျူးများ ဗာဗုလုန်နိုင်ငံ၌ အနှစ် ၇၀ ပြည်နှင်ဒဏ်ခံရသည့်နောက် ဘီစီ ၅၃၇ ခုနှစ်တွင် ယေရုရှလင်မြို့သို့ ပြန်သွားကြသောအခါ ပထမအကြိမ် ပြည့်စုံလာသည်။ ထိုသို့ပြန်လည်ထူထောင်စဉ် သူတို့သည် အသစ်သောအစိုးရစနစ်ဖြစ်သည့် “ကောင်းကင်သစ်” အောက်ရှိ သုတ်သင်ပြီးသော လူ့ဘောင်ဖြစ်သည့် “မြေကြီးသစ်” အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ သို့ရာတွင် တမန်တော်ပေတရုက “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟုဆိုပြီး ထိုပရောဖက်ပြုချက် နောက်ထပ်ပြည့်စုံလာမည်ကို တင်ပြ၏။ (၂ ပေတရု ၃:၁၃) ယခု ယောဟန်က ဤကတိတော်သည် သခင့်နေ့တော်အတွင်း ပြည့်စုံလာသည်ဟုဆို၏။ စာတန်နှင့် သူ၏နတ်ဆိုးများ ဩဇာအောက်ရှိ စာတန့်အုပ်ချုပ်ရေးအစီအစဉ်စနစ်ဖြစ်သည့် “ယခင်ကောင်းကင်နှင့် ယခင်မြေကြီးတို့သည်” ကွယ်ပျောက်သွားမည်။ ဆိုးယုတ်သည့်ပုန်ကန်သူ လူသားများတည်းဟူသော လှိုင်းထန်သည့် “ပင်လယ်” သည် တည်ရှိတော့မည်မဟုတ်။ ၎င်းအစား၊ “ကောင်းကင်သစ်နှင့် မြေကြီးသစ်”—ဘုရားသခင့်နိုင်ငံတော် အစိုးရသစ်အောက်ရှိ မြေကြီးဆိုင်ရာလူ့ဘောင်သစ်—ဖြစ်ပေါ်လာမည်။—ဗျာဒိတ် ၂၀:၁၁ နှိုင်းယှဉ်။
၃။ (က) အဘယ်အကြောင်းကို ယောဟန်ဖော်ပြသနည်း၊ ယေရုရှလင်မြို့သစ်ကား အဘယ်နည်း။ (ခ) ယေရုရှလင်မြို့သစ်သည် “ကောင်းကင်ဘုံမှ” မည်သို့ “ဆင်းသက်” လာသနည်း။
၃ ယောဟန် ဤသို့ဆက်၍ဆို၏– “သန့်ရှင်းသောမြို့တော် တည်းဟူသော ယေရုရှလင်မြို့သစ်သည် ခင်ပွန်းအတွက် တန်ဆာဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။” (ဗျာဒိတ် ၂၁:၂) ယေရုရှလင်မြို့သစ်ကား ခရစ်တော်၏ သတို့သမီးဖြစ်၍၊ သေသည်တိုင် သစ္စာစောင့်ကြပြီး ဘုန်းပွင့်သောယေရှုနှင့်အတူ ဘုရင်နှင့်ယဇ်ပုရောဟိတ်များအဖြစ် အမှုထမ်းရန် ထမြောက်ခြင်းခံရသည့် ဘိသိက်ခံခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသည်။ (ဗျာဒိတ် ၃:၁၂; ၂၀:၆) မြေကြီးဆိုင်ရာ ယေရုရှလင်မြို့သည် ရှေးဣသရေလနိုင်ငံတွင် အစိုးရရုံးစိုက်ရာမြို့ဖြစ်သကဲ့သို့ ကျက်သရေရှိသော ယေရုရှလင်မြို့သစ်နှင့် သူ၏သတို့သားသည် အစီအစဉ်စနစ်သစ်၏ အစိုးရအဖြစ် ဖွဲ့စည်းထား၏။ ဤကား ကောင်းကင်သစ်ပင်တည်း။ စာသားအတိုင်း ‘သတို့သမီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်’ မဟုတ်၊ မြေကြီးကို အာရုံလှည့်လာခြင်း ဟူသောအဓိပ္ပာယ်ဖြင့် ဆင်းသက်လာခြင်းဖြစ်၏။ သိုးသငယ်၏ သတို့သမီးသည် ဖြောင့်မတ်သည့်အစိုးရဖြင့် လူသားခပ်သိမ်းပေါ် အုပ်ချုပ်သည့်ကိစ္စ၌ သစ္စာစောင့်သိသော ကူဖော်လောင်ဖက်အဖြစ် ပါဝင်ရန်ဖြစ်၏။ မြေကြီးသစ်အဖို့ တကယ့်ကောင်းချီးပါတကား။
၄။ ထွန်းသစ်စဣသရေလနိုင်ငံအား ပေးတော်မူသော ကတိတော်နှင့်ဆင်တူသည့် အဘယ်ကတိတော်ကို ဘုရားသခင် ပေးတော်မူသနည်း။
ဗျာဒိတ် ၂၁:၃) ယေဟောဝါသည် ထွန်းသစ်စဣသရေလနိုင်ငံနှင့် ပညတ်ပဋိညာဉ်ဖွဲ့စဉ် ဤသို့ကတိပြုတော်မူခဲ့သည်– “ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကိုတည်မည်။ သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” (ဝတ်ပြုရာ ၂၆:၁၁၊ ၁၂) ယခု ယေဟောဝါသည် သစ္စာရှိလူသားများအား အလားတူကတိတော်တစ်ခု ပေးတော်မူ၏။ သူတို့သည် အနှစ်တစ်ထောင် တရားစီရင်ရာနေ့အတွင်း ကိုယ်တော့်အဖို့ အလွန်ထူးမြတ်သော လူမျိုးတော်ဖြစ်ကြလိမ့်မည်။
၄ ယောဟန် ဤသို့ဆက်၍ဆို၏– “ထိုအခါ ပလ္လင်တော်မှ ကြီးစွာသောစကားသံကို ငါကြားရ၏။ ထိုအသံက ‘ကြည့်လော့။ ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်’ ဟုဆို၏။” (၅။ (က) ဘုရားသခင်သည် အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလအတွင်း လူသားများနှင့်အတူ မည်သို့ကျိန်းဝပ်တော်မူမည်နည်း။ (ခ) အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလပြီးနောက် လူသားများဘောင်တွင် ဘုရားသခင် မည်သို့ကျိန်းဝပ်တော်မူမည်နည်း။
၅ အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလအတွင်း ယေဟောဝါသည် လူသားတို့အလယ်၌ ယာယီ “ကျိန်းဝပ်” တော်မူမည်။ မင်းသားဖြစ်သော သားတော်ယေရှုခရစ်က ကိုယ်တော်အား ကိုယ်စားပြုတော်မူမည်။ သို့ရာတွင် နိုင်ငံတော်ကို ခမည်းတော်အား ယေရှုပြန်အပ်တော်မူသည့် အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလအဆုံး၌ ဘုရင့်ကိုယ်စားလှယ်တော် သို့မဟုတ် ကြားဖျန်တစ်ဦး လိုအပ်တော့မည်မဟုတ်။ ယေဟောဝါသည် ဝိညာဉ်ရေးအရ တိုက်ရိုက်နည်းဖြင့် မိမိ၏ “လူမျိုးတော်” နှင့်အတူ အစဉ်အမြဲရှိတော်မူမည်။ (ယောဟန် ၄:၂၃၊ ၂၄ နှိုင်းယှဉ်။) ပြန်လည်ထူထောင်လာသော လူသားများအဖို့ မြင့်မြတ်လှသော အခွင့်ထူးပါတကား။
၆၊ ၇။ (က) ကြီးမြတ်သော အဘယ်ကတိတော်များကို ယောဟန်ဖော်ပြသနည်း၊ ထိုကောင်းချီးများကို မည်သူများ ခံစားရကြမည်နည်း။ (ခ) ဝိညာဏသာမက ပကတိလည်းဖြစ်သော ပရဒိသုတစ်ခုအကြောင်းကို ဟေရှာယ မည်သို့ဖော်ပြသနည်း။
၆ ယောဟန်က ဤသို့ဆက်၍ဆို၏– “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ရှေးဟောင်းနှောင်းဖြစ်များသည် လွန်သွားလေပြီ။” (ဗျာဒိတ် ၂၁:၄) ရှေးကမှုတ်သွင်းခံ ကတိတော်များကို ကျွန်ုပ်တို့ သတိရပြန်၏။ သေခြင်းနှင့် ငိုကြွေးမြည်တမ်းခြင်းမရှိ၊ ပူဆွေးသောကကို ဝမ်းမြောက်ခြင်းဖြင့် အစားထိုးမည့်ကာလကို ဟေရှာယလည်း မျှော်မှန်းခဲ့သည်။ (ဟေရှာယ ၂၅:၈; ၃၅:၁၀; ၅၁:၁၁; ၆၅:၁၉) ယခု ယောဟန်က ဤကတိတော်တို့သည် အနှစ်တစ်ထောင် တရားစီရင်ရာနေ့အတွင်း အံ့မခန်းဖွယ်နည်းဖြင့် ပြည့်စုံလာမည်မှန်ကြောင်း ထောက်ခံ၏။ ရှေးဦးစွာ လူအုပ်ကြီးသည် ထိုကောင်းချီးများကို ခံစားရကြမည်။ “ပလ္လင်တော်အလယ်မှ သိုးသငယ်သည်” သူတို့ကို ဆက်လက်ထိန်းကျောင်း၍ “အသက်ရေစမ်းပေါက်များဆီသို့ ပို့ဆောင်တော်မူမည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်ရည်ရှိသမျှကို အကုန်အစင် သုတ်တော်မူမည်။” (ဗျာဒိတ် ၇:၉၊ ၁၇) သို့သော် ထမြောက်လာပြီး ယေဟောဝါ၏ ပြင်ဆင်စီမံချက်များကို ယုံကြည်သူအားလုံးတို့သည် အဆုံး၌ လူအုပ်ကြီးနှင့်အတူ ထိုနေရာတွင်ရှိကြပြီး ဝိညာဏသာမက ပကတိလည်းဖြစ်သော ပရဒိသု၌ မွေ့လျော်ရကြမည်။
၇ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်” ဟုဟေရှာယဆို၏။ မှန်ပေသည်၊ “[ထိုအခါ] ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) ဤမျှမက ထိုအချိန်တွင် “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) သို့ဖြစ်၍ သူတို့သည် မြေကြီးပေါ်မှ နုတ်ပယ်ခြင်း ခံရကြမည်မဟုတ်။
၈။ ကြီးမြတ်သော ထိုကတိတော်များကို ယုံကြည်နိုင်ခြင်းနှင့်ပတ်သက်၍ ယေဟောဝါကိုယ်တော်တိုင် မည်သို့မိန့်ဆိုသနည်း။
၈ ဤကတိတော်များကို တွေးတောဆင်ခြင်သောအခါ ကျွန်ုပ်တို့ရင်ထဲ၌ ကျက်သရေရှိလှသော မျှော်လင့်ခြင်းရောင်ခြည်ဦးများ ပြည့်လျှံသွားသည်တကား။ ကောင်းကင်ဘုံရှင်၏ မေတ္တာပြည့်ဝသော အစိုးရအောက်မှ ယုံကြည်သူလူသားများအဖို့ အံ့မခန်းဖွယ်ရာများ အသင့်ပြင်ဆင်၍ သိုထားလျက်ရှိ၏။ ဤကတိတော်တို့သည် ကောင်းလွန်း၍ မဖြစ်နိုင်သောအရာများလော။ ပတ်မုကျွန်း၌ ပြည်နှင်ဒဏ်ခံနေရသော အဖိုးအိုတစ်ယောက်၏ အိပ်မက်မျှသာလော။ ယေဟောဝါကိုယ်တော်တိုင် ဖြေကြားတော်မူ၏– “ပလ္လင်တော်ပေါ်မှာ စံတော်မူသောအရှင်က ‘ကြည့်လော့။ ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏’ ဟုမိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က ‘ရေးထားလော့။ အကြောင်းမှာ ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏’ ဟုမိန့်တော်မူပြန်၏။ ထို့နောက် ကိုယ်တော်က ငါ့အား ‘အမှုပြီးပြီ။ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့်အဆုံးဖြစ်၏’ ဟုမိန့်တော်မူ၏။”—ဗျာဒိတ် ၂၁:၅၊ ၆က။
၉။ ထိုအနာဂတ်ကောင်းချီးများကို ဧကန်ပြည့်စုံလာမည့်အရာများအဖြစ် အဘယ်ကြောင့် ယူမှတ်နိုင်သနည်း။
ဗျာဒိတ် ၁:၈) ဧကန်အမှန် ဖြစ်တော်မူ၏။ “ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင် မရှိ” ဟု ကိုယ်တော်တိုင် မြွက်ကြားတော်မူ၏။ (ဟေရှာယ ၄၄:၆) ကိုယ်တော်သည် ထိုသို့သောပုဂ္ဂိုလ်အနေနှင့် ပရောဖက်ပြုချက်ကိုမှုတ်သွင်း၍ ၎င်းတို့ကိုအသေးစိတ် ပြည့်စုံစေရန် တတ်နိုင်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်က “ကြည့်လော့။ ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” ဟုကတိပြုတော်မူ၏။ ကျွန်ုပ်တို့သည် ဤအံ့ဖွယ်ရာများ တကယ်ဖြစ်ပျက်ပါ့မလားဟူ၍ စောဒကတက်မည့်အစား ‘ထိုကောင်းချီးများကို အမွေခံနိုင်ရန် ကျွန်ုပ်ကိုယ်တိုင် ဘာပြုရမည်နည်း’ ဟု တွေးတောဖို့ ကောင်းပါသည်။
၉ ယေဟောဝါကိုယ်တော်တိုင်က သစ္စာရှိလူသားများအတွက် ထိုအနာဂတ်ကောင်းချီးများ ရပိုင်သောအာမခံချက် သို့မဟုတ် ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းကို လက်မှတ်ရေးထိုးတော်မူသည့်အလားဖြစ်၏။ ဤသို့အာမခံသူကို မည်သူစောဒက တက်ရဲသနည်း။ စဉ်းစားကြည့်ပါ၊ ယေဟောဝါ ပေးတော်မူသော ထိုကတိတော်များသည် ကျိန်းသေလှရကား ပြည့်စုံပြီးသကဲ့သို့သဘောထား၍ ကိုယ်တော်က “အမှုပြီးပြီ” ဟုမိန့်တော်မူ၏။ ယေဟောဝါသည် “အာလဖနှင့် ဩမေဃ၊ . . . ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ၌ အစဉ်ရှိတော်မူသောသူ၊ အနန္တတန်ခိုးရှင်” ဖြစ်သည်မဟုတ်လော။ (ရေငတ်သူများအတွက် “ရေ”
၁၀။ အဘယ် “ရေ” ကို ယေဟောဝါကမ်းတော်မူသနည်း၊ ၎င်းသည် ဘာကိုတင်စားသနည်း။
၁၀ “ငါသည် ရေငတ်သူမှန်သမျှအား အသက်စမ်းရေတွင်းမှရေကို အခမဲ့ပေးမည်” ဟုမြွက်ကြားသူမှာ ယေဟောဝါ ကိုယ်တော်တိုင်တည်း။ (ဗျာဒိတ် ၂၁:၆ခ) လူတစ်ဦးသည် မိမိ၏ဝိညာဉ်ရေး လိုအပ်ချက်ကိုသိရှိပြီး ယေဟောဝါ ပေးသနားတော်မူသော “ရေ” ကို စိတ်လိုကိုယ်လျောက် လက်ခံပါမှ အငတ်ပြေနိုင်မည်။ (ဟေရှာယ ၅၅:၁၁; မဿဲ ၅:၃) အဘယ် “ရေ” နည်း။ ရှမာရိနယ်ရှိ ရေတွင်းတစ်တွင်းနားမှ အမျိုးသမီးတစ်ဦးအား ယေရှုသက်သေခံစဉ် ထိုမေးခွန်းကို ကိုယ်တော်တိုင် ဖြေကြားတော်မူ၏။ ကိုယ်တော်က– “ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။” ထို “အသက်စမ်းရေ” သည် လူသားများအား စုံလင်ခြင်းအဖြစ်သို့ ပြန်ရောက်စေရန် ပြင်ဆင်စီမံတော်မူရာအဖြစ် ခရစ်တော်မှတစ်ဆင့် ဘုရားသခင်ထံမှ သက်ရောက်၏။ ကျွန်ုပ်တို့သည် ထိုရှမာရိအမျိုးသမီးကဲ့သို့ ၎င်းစမ်းရေတွင်းမှရေကို အားပါးတရ သောက်သုံးလိုသောစိတ်ဇော ရှိသင့်သည်တကား။ ထိုအမျိုးသမီးကဲ့သို့ လောကီရေးရာများကိုစွန့်၍ အခြားသူတို့အား သတင်းကောင်းပြောကြားရန်လည်း အဆင်သင့်ရှိထိုက်သည်တကား။—ယောဟန် ၄:၁၄၊ ၁၅၊ ၂၈၊ ၂၉။
အောင်နိုင်သူများ
၁၁။ အဘယ်ကတိတော်ကို ယေဟောဝါ ပေးတော်မူသနည်း၊ ထိုစကားသည် မည်သူများနှင့် ဦးစွာသက်ဆိုင်သနည်း။
၁၁ ယေဟောဝါ ဆက်လက်မိန့်ကြားသည့်အတိုင်း လူကိုလန်းဆန်းစေသည့် ထို “ရေ” ကိုသောက်သုံးသောသူတို့သည် အောင်နိုင်သူဖြစ်ဖို့လည်းလို၏– “အောင်နိုင်သောသူမှန်သမျှ ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။” (ဗျာဒိတ် ၂၁:၇) ဤကတိတော်သည် အသင်းတော်ခုနစ်ပါးထံ ပါးလိုက်သော သတင်းစကားများပါ ကတိတော်များနှင့် အလားတူ၏။ ထို့ကြောင့် ယင်းစကားများသည် ဘိသိက်ခံတပည့်တော်များနှင့် ဦးဆုံးသက်ဆိုင်ရပေမည်။ (ဗျာဒိတ် ၂:၇၊ ၁၁၊ ၁၇၊ ၂၆-၂၈; ၃:၅၊ ၁၂၊ ၂၁) သမိုင်းတစ်လျှောက် ခရစ်တော်၏ ဝိညာဏညီတော်တို့သည် ယေရုရှလင်မြို့သစ်၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရသောအခွင့်အရေးကို စိတ်ထက်သန်စွာ စောင့်မျှော်လာခဲ့ကြပြီ။ သူတို့သည် ယေရှုကဲ့သို့ အောင်နိုင်လျှင် သူတို့၏မျှော်လင့်ချက် အကောင်အထည် ပေါ်လာလိမ့်မည်။—ယောဟန် ၁၆:၃၃။
၁၂။ ဗျာဒိတ် ၂၁:၇ ပါ ယေဟောဝါ၏ ကတိတော်သည် လူအုပ်ကြီးအပေါ် မည်သို့ပြည့်စုံလာမည်နည်း။
၁၂ လူမျိုးတကာထဲမှထွက်လာသော လူအုပ်ကြီးသည်လည်း ထိုကတိတော်ကို မျှော်လင့်ကြ၏။ သူတို့လည်း ဆင်းရဲဒုက္ခကြီးထဲမှ ထွက်လာသည့်အချိန်အထိ ဘုရားသခင်ကို သစ္စာစောင့်သိစွာဝတ်ပြုလျက် အောင်နိုင်ရမည်။ သို့မှသာ ‘ကမ္ဘာတည်သည့်ကာလမှစ၍ မိမိတို့အဖို့ ပြင်ဆင်တော်မူသောနိုင်ငံ၊’ ဖြစ်သည့် မိမိတို့၏မြေကြီးဆိုင်ရာ အမွေအနှစ်ကို ရကြလိမ့်မည်။ (မဿဲ ၂၅:၃၄) အနှစ်တစ်ထောင်အကုန်တွင် စမ်းသပ်မှုကိုကျော်လွှားအောင်မြင်သော ဤသူတို့နှင့် မြေကြီးဆိုင်ရာ သခင့်သိုးများသည် “သန့်ရှင်းသူများ” ဟုသမုတ်ခံရကြ၏။ (ဗျာဒိတ် ၂၀:၉) သူတို့သည် မိမိတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ စကြဝဠာအဖွဲ့အစည်းဝင် သားသမီးများအဖြစ် ကိုယ်တော်နှင့် မြင့်မြတ်သောဆက်ဆံရေး၌ မွေ့လျော်ရကြလိမ့်မည်။—ဟေရှာယ ၆၆:၂၂; ယောဟန် ၂၀:၃၁; ရောမ ၈:၂၁။
၁၃၊ ၁၄။ ကြီးမြတ်လှသော ဘုရားသခင့်ကောင်းချီးများကို အမွေခံနိုင်ရန် အဘယ်အကျင့်များကို ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်ဖြင့် ရှောင်ရှားရမည်နည်း၊ အဘယ်ကြောင့်နည်း။
၁၃ ဤမျှတောက်ပသော အနာဂတ်ရှိသည်ဖြစ်၍ ယခု ယေဟောဝါသက်သေများသည် စာတန့်လောက၏ ညစ်ညမ်းသောအရာများဖြင့် မိမိတို့ကိုယ်ကို မစွန်းထင်းစေဘဲ သန့်ရှင်းစွာနေထိုင်ရန် မည်မျှအရေးကြီးသည်တကား။ ကျွန်ုပ်တို့သည် သန်စွမ်း၍ စွဲမြဲတည်ကြည်ရမည်။ စာတန်၏ဆွဲဆောင်မှုကြောင့် ယေဟောဝါကိုယ်တော်တိုင်ဖော်ပြသော အောက်ပါအပေါင်းအသင်းထဲသို့ မရောက်ရှိလေအောင် သန္နိဋ္ဌာန်ချထားရမည်– “သို့သော် သူရဲဘောနည်းသူများ၊ ယုံကြည်ခြင်းကင်းမဲ့သူများ၊ မိမိတို့၏ အညစ်အကြေးဖြင့် ဗျာဒိတ် ၂၁:၈) မှန်ပေသည်၊ အမွေတော်ခံရမည့်ပုဂ္ဂိုလ်များသည် ဤအစီအစဉ်စနစ်ဟောင်းကို ညစ်ညမ်းစေသော အကျင့်အကြံများကို ရှောင်ရမည်။ ဖိအားနှင့် သွေးဆောင်မှုမှန်သမျှကို ရင်ဆိုင်ရစဉ် သစ္စာတည်ကြည်ခြင်းဖြင့် အောင်နိုင်ရမည်။—ရောမ ၈:၃၅-၃၉။
ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ မတရားမေထုန်မှီဝဲသူများ၊ နတ်ဝိဇ္ဇာအတတ်လိုက်စားသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူရှိသမျှတို့သည် မီးနှင့်ကန့် လောင်ကျွမ်းသောအိုင်ထဲ၌ မိမိတို့ဝေပုံကို ခံယူရရှိကြလိမ့်မည်။ ဤကား ဒုတိယသေခြင်းကို ဆိုလိုသတည်း။” (၁၄ ခရစ်ယာန်ဘောင်သည် ခရစ်တော်၏သတို့သမီးဟု အမည်ခံသော်လည်း အထက်၌ ယောဟန်ဖော်ပြသော ရွံရှာဖွယ်အကျင့်များဖြင့် ထင်ရှားပေါ်လွင်၏။ ထို့ကြောင့် ၎င်းသည် မဟာဗာဗုလုန်၏ ကျန်အစိတ်အပိုင်းများနှင့်အတူ ထာဝရပျက်စီးခြင်းသို့ ဆင်းသက်ရ၏။ (ဗျာဒိတ် ၁၈:၈၊ ၂၁) ထို့နည်းတူ ဘိသိက်ခံ သို့မဟုတ် လူအုပ်ကြီးထဲမှမည်သူမဆို ဆိုးညစ်သော ထိုအမှုများကို ပြုကျင့်လျှင်ဖြစ်စေ၊ အားပေးလျှင်ဖြစ်စေ ထာဝရဖျက်ဆီးခြင်းနှင့် တွေ့ကြုံရလိမ့်မည်။ ထိုအမှုများကို ဆက်လက်ပြုကျင့်လျှင် ကတိတော်များကို အမွေခံရကြမည်မဟုတ်။ မြေကြီးသစ်၌ မည်သူမဆို ထိုအကျင့်အကြံများကို ယူဆောင်လာလျှင် အလျင်အမြန်ဖျက်ဆီးခံရပြီး ထမြောက်ရန်မျှော်လင့်ချက်မရှိသော ဒုတိယသေခြင်းသို့ လားရလိမ့်မည်။—ဟေရှာယ ၆၅:၂၀။
၁၅။ မည်သူများသည် ထင်ပေါ်သောအောင်နိုင်သူများ ဖြစ်ကြသနည်း၊ ဗျာဒိတ်ကျမ်းသည် အဘယ်ရူပါရုံနှင့်အတူ ခမ်းနားသိုက်မြိုက်စွာ ဇာတ်ပေါင်းလိုက်သနည်း။
၁၅ သိုးသငယ် ယေရှုခရစ်နှင့် ကိုယ်တော်၏ သတို့သမီးတည်းဟူသော ၁၄၄,၀၀၀၊ ယေရုရှလင်မြို့သစ်သည် ထင်ပေါ်သော အောင်နိုင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ယေရုရှလင်မြို့သစ်ဆိုင်ရာ ထူးကဲလှသည့် နောက်ဆုံးသောမြင်ကွင်းတစ်ရပ်ဖြင့် ဗျာဒိတ်ကျမ်းကို ခမ်းနားသိုက်မြိုက်စွာ ဇာတ်ပေါင်းလိုက်သည်မှာ လျောက်ပတ်လှသည်တကား။ နောက်ဆုံးတစ်ခုဖြစ်သော ရူပါရုံကို ယခု ယောဟန်ဖော်ပြလေပြီ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၃၀၂ ပါ ရုပ်ပုံ]
မြေကြီးဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းသစ်တွင် အားရပျော်ရွှင်ဖွယ်လုပ်ငန်း၌ လူအပေါင်း ပျော်မွေ့နေကြလိမ့်မည်