ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
အခန်း ၂၈
ကြမ်းကြုတ်သောသားရဲနှစ်ကောင်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း
ရူပါရုံ ၈ ဗျာဒိတ် ၁၃:၁-၁၈
အကြောင်းအရာ– ခေါင်းခုနစ်လုံးနှင့်သားရဲ၊ ချိုနှစ်ချောင်းနှင့်သားရဲ၊ သားရဲ၏ရုပ်တု
ပြည့်စုံချိန်– နိမ်ရောဒခေတ်မှ ဆင်းရဲဒုက္ခကြီးအထိ
၁၊ ၂။ (က) နဂါးနှင့်ပတ်သက်၍ ယောဟန်ဘာပြောသနည်း။ (ခ) နဂါးအသုံးပြုသော ရူပအဖွဲ့အစည်းတစ်ခုအကြောင်းကို ယောဟန်က ပုံခိုင်းစကားဖြင့် မည်သို့ဖော်ပြသနည်း။
နဂါးကြီးသည် မြေကြီးပေါ်သို့ ပစ်ချခံရပြီ။ ကျွန်ုပ်တို့၏ ဗျာဒိတ်ကျမ်းလေ့လာချက်အရ မူလမြွေဖြစ်စေ၊ သူ့နတ်ဆိုး နောက်လိုက်များဖြစ်စေ၊ ကောင်းကင်သို့ ပြန်တက်ခွင့်ရမည် မဟုတ်တော့။ သို့ရာတွင် ‘လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသော မာရ်နတ် စာတန်ဟူ၍ ခေါ်ဝေါ်ခံရသူ’ ၏ဇာတ်လမ်းသည် မဆုံးသေးပါ။ ‘မိန်းမနှင့် မိန်းမ၏အမျိုးအနွယ်’ ကိုတိုက်ခိုက်ရာ၌ စာတန်အသုံးပြုသော ကိရိယာများအကြောင်းကို မှတ်တမ်းက ရှေ့ဆက်၍ အသေးစိတ် ခွဲခြားဖော်ပြ၏။ (ဗျာဒိတ် ၁၂:၉၊ ၁၇) ထိုမြွေနဂါးအကြောင်း ယောဟန်ဤသို့ဆို၏– “ထို့နောက်၊ နဂါးသည် ပင်လယ်သဲသောင်ပြင်ပေါ်မှာ ရပ်လျက်နေ၏။” (ဗျာဒိတ် ၁၃:၁က) ထို့ကြောင့် နဂါး၏ နည်းဗျူဟာကို စိစစ်ကြည့်ကြစို့။
၂ သန့်ရှင်းသော ကောင်းကင်ဘုံသည် စာတန်နှင့် သူ၏နတ်ဆိုးများကြောင့် ထိခိုက်နစ်နာမှု မရှိတော့။ ထိုနာမ်ဝိညာဉ်ဆိုးများသည် ကောင်းကင်မှပစ်ချခံရပြီး မြေကြီးဝန်းကျင်တွင် ခြေချုပ်မိလေပြီ။ ယင်းကြောင့် ဤခေတ်တွင် နတ်ဝိဇ္ဇာအတတ်လိုက်စားမှု တစ်ဟုန်ထိုး တိုးများလာခြင်းဖြစ်သည်။ ယနေ့တိုင် စဉ်းလဲသည့်မြွေသည် ဖောက်ပြန်သော နာမ်ဝိညာဉ်သား အဖွဲ့အစည်းတစ်ခု တည်ထောင်ထားသည်။ သို့သော် သူသည် လူသားများအား လမ်းလွဲစေဖို့ ရူပအဖွဲ့အစည်းတစ်ခုကိုလည်း အသုံးပြုသလော။ ယောဟန် ဤသို့ဆို၏– “ထိုအခါ၊ ဦးချိုဆယ်ချောင်းနှင့် ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ငါမြင်ရ၏။ ၎င်း၏ ဦးချိုများပေါ်တွင် သရဖူဆယ်ခု ဗျာဒိတ် ၁၃:၁ခ၊ ၂။
ဆောင်းထားပြီး ဦးခေါင်းများပေါ်တွင် ဘုရားတရား စော်ကားသောအမည်များ ပါရှိ၏။ ငါမြင်ရသော သားရဲသည် ကျားသစ်နှင့်တူ၏။ ၎င်း၏ခြေတို့သည် ဝက်ဝံခြေများနှင့်တူ၏။ ၎င်း၏နှုတ်သည် ခြင်္သေ့နှုတ်နှင့်တူ၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအာဏာတို့ကို သားရဲအား ပေးအပ်၏။”—၃။ (က) ရူပါရုံများ၌ အဘယ်ကြမ်းကြုတ်သော သားရဲများကို ပရောဖက်ဒံယေလ မြင်ရသနည်း။ (ခ) ဒံယေလ ၇ ပါ ဧရာမသားရဲများက ဘာကိုတင်စားသနည်း။
၃ ထူးဆန်းသော ဤသားရဲကား အဘယ်နည်း။ ကျမ်းစာကပင် အဖြေပေး၏။ ဘီစီ ၅၃၉ ခုနှစ်၌ ဗာဗုလုန်မကျဆုံးမီ ဂျူးပရောဖက် ဒံယေလသည် ကြမ်းကြုတ်သော သားရဲများဆိုင်ရာ ရူပါရုံများကို မြင်ခဲ့ရသည်။ သူသည် ဒံယေလ ၇:၂-၈ ၌ ပင်လယ်ထဲမှတက်လာသော သားရဲလေးကောင်အကြောင်းကို ဖော်ပြ၏။ ပထမသားရဲသည် ခြင်္သေ့၊ ဒုတိယသားရဲသည် ဝက်ဝံ၊ တတိယသားရဲသည် ကျားသစ်နှင့်တူ၏။ စတုတ္ထသားရဲသည် “ကြီးစွာသောခွန်အားနှင့် ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်” ဖြစ်ပြီး “ချိုဆယ်ချောင်းလည်းရှိ၏။” အေဒီ ၉၆ ခုနှစ်ခန့်၌ ယောဟန်မြင်သောသားရဲနှင့် ဆင်တူလှ၏။ ထိုသားရဲလည်း ခြင်္သေ့၊ ဝက်ဝံ၊ ကျားသစ်တို့၏ လက္ခဏာရပ်များအပြင် ဦးချိုဆယ်ချောင်းလည်းရှိသည်။ ဒံယေလမြင်ရသော ဧရာမသားရဲများကား အဘယ်နည်း။ သူဤသို့ဖြေကြား၏– “ဤသားရဲကြီးလေးကောင်သည် မြေကြီးတွင် ပေါ်လတ္တံ့သော ဘုရင်လေးပါးဖြစ်၏။” (ဒံယေလ ၇:၁၇၊ သမ္မာ) မှန်ပေသည်၊ ထိုသားရဲတို့သည် “ဘုရင်” များ၊ သို့မဟုတ် မြေကြီးပေါ်မှ အင်အားကြီးနိုင်ငံများဖြစ်သည်။
၄။ (က) ဒံယေလ ၈ ၌ သိုးထီးနှင့် ဆိတ်ထီးတို့သည် ဘာကိုအသီးသီး သရုပ်ဖော်ကြသနည်း။ (ခ) ဆိတ်ထီး၏ချိုကြီးကျိုး၍ ၎င်းနေရာ၌ ချိုလေးချောင်းပေါ်လာခြင်းက ဘာကိုဆိုလိုသနည်း။
၄ နောက်ရူပါရုံတစ်ခု၌ ဦးချိုနှစ်ချောင်းရှိသော သိုးထီးတစ်ကောင်ကို ဒံယေလမြင်ရ၏။ ၎င်းသိုးထီးကို ဦးချိုကြီးတစ်ချောင်းရှိသော ဆိတ်ထီးတစ်ကောင်က ဝှေ့သတ်လိုက်သည်။ ၎င်း၏အဓိပ္ပာယ်ကို ဒံယေလအား ကောင်းကင်တမန်ဂါဗြေလက ဤသို့ရှင်းပြ၏– “သိုးထီးသည် မေဒိဘုရင်၊ ပေရသိဘုရင်ဖြစ်၏။ ဆိတ်ထီးသည် ဂရိဘုရင်ဖြစ်၏။” ဂါဗြေလက ဆိတ်ထီး၏ချိုကြီး ကျိုး၍ ၎င်းနေရာ၌ ချိုလေးချောင်းက ဆက်ခံမည်ဟု ဆက်၍ပရောဖက်ပြု၏။ အနှစ် ၂၀၀ ကျော် လွန်လေသော် ဆိုသည့်အတိုင်း ဖြစ်ခဲ့သည်။ မဟာအလက်ဇန္ဒား သေဆုံးသောအခါ သူ၏နိုင်ငံသည် လေးနိုင်ငံအဖြစ်ကွဲ၍ သူ့ဗိုလ်ချုပ်ကြီးလေးဦးက အုပ်ချုပ်ကြလေသည်။—ဒံယေလ ၈:၃-၈၊ ၂၀-၂၅၊ သမ္မာ။ *
၅။ (က) သားရဲအတွက်အသုံးပြုသော ဂရိစကားလုံးက အဘယ်အရာများကို အဓိပ္ပာယ်ဆောင်သနည်း။ (ခ) ဗျာဒိတ် ၁၃:၁၊ ၂ ပါသားရဲသည် ခေါင်းခုနစ်လုံးနှင့်တကွ ဘာကိုကိုယ်စားပြုသနည်း။
၅ ထို့ကြောင့် မှုတ်သွင်းခံကျမ်းစာ၏ ကလောင်ရှင်က မြေကြီးပေါ်ရှိ အင်အားကြီးနိုင်ငံများကို သားရဲများအဖြစ် ရှုမှတ်တော်မူကြောင်း ထင်ရှားသည်။ မည်သို့သောသားရဲနည်း။ ဋီကာဆရာတစ်ဦးက ဗျာဒိတ် ၁၃:၁၊ ၂ ပါ သားရဲကို “တိရစ္ဆာန်” ဟုခေါ်ပြီး ဤသို့ဆက်၍ဆို၏– “θηρίον [the-riʹon, သယ်ရီးအွန်၊ “သားရဲ” အတွက် ဂရိစကားလုံး] တွင်ပါဝင်သော အဓိပ္ပာယ်သက်ရောက်ချက်များ အားလုံးကို ကျွန်ုပ်တို့ လက်သင့်ခံသည်။ ၎င်းတို့မှာ ရက်စက်သော၊ အဖျက်သန်သော၊ ကြောက်မက်ဖွယ်သော၊ အငမ်းမရ လုယက်ကိုက်စားသော ဧရာမသတ္တဝါ စသည်တို့ဖြစ်သည်။” * လူသားများအပေါ် စာတန်ကြီးစိုးရာ၌ အသုံးပြုသော သွေးစွန်းသည့် နိုင်ငံရေးစနစ်ကို ထိထိမိမိ သရုပ်ဖော်လိုက်ခြင်းပါတကား။ ဤသားရဲ၏ ဦးခေါင်းခုနစ်လုံးက အီဂျစ်၊ အဆီးရီးယား၊ ဘေဘီလုန်၊ မီဒို-ပါးရှား၊ ဂရိ၊ ရောမတည်းဟူသော ယောဟန်လက်ထက်အထိဖြစ်သည့် ကျမ်းစာသမိုင်းဖော်ပြသော ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံခြောက်ခုနှင့် နောက်၌ပေါ်လာမည်ဟု ပရောဖက်ပြုထားသော သတ္တမ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ကို ကိုယ်စားပြုသည်။—ဗျာဒိတ် ၁၇:၉၊ ၁၀ နှိုင်းယှဉ်။
၆။ (က) သားရဲ၏ခေါင်းခုနစ်လုံးသည် အဘယ်အမှု၌ ခေါင်းဆောင်သနည်း။ (ခ) ဂျူးစနစ်ကို အပြစ်ပေးစီရင်ရာ၌ ရောမနိုင်ငံကို ယေဟောဝါမည်သို့အသုံးပြုတော်မူသနည်း၊ ယေရုရှလင်မြို့မှ ခရစ်ယာန်များ မည်သို့ဖြစ်ကြသနည်း။
၆ ယောဟန်မြင်ရသော သားရဲသည် ခန္ဓာတစ်ခု၊ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းတို့ဖြင့် ဖွဲ့စည်းထားသကဲ့သို့ သမိုင်းတွင် ထိုကမ္ဘာ့အင်အားကြီးနိုင်ငံ ခုနစ်ခုအပြင် အခြားအင်အားကြီးနိုင်ငံများလည်း ရှိသည်မှာ မှန်ပေ၏။ သို့သော် ခေါင်းခုနစ်လုံးသည် ဘုရားမဿဲ ၂၄:၁၅၊ ၁၆; ဂလာတိ ၆:၁၆။
သခင့် လူမျိုးတော်ကို ဖိစီးနှိပ်စက်ရာ၌ အလှည့်ကျဦးဆောင်ခဲ့သော အဓိကအင်အားကြီးနိုင်ငံများကို ကိုယ်စားပြု၏။ စာတန်သည် ရောမနိုင်ငံ တန်ခိုးအရှိန်တက်ဆဲ အေဒီ ၃၃ ခုနှစ်တွင် သားရဲ၏ထိုခေါင်းကိုသုံး၍ ဘုရားသခင့်သားတော်ကို သတ်ခဲ့သည်။ ထိုအချိန်တွင် သစ္စာမဲ့ဂျူးစနစ်ကို ဘုရားသခင် စွန့်ပစ်ပြီး အေဒီ ၇၀ ပြည့်နှစ်၌ ရောမနိုင်ငံအား ဂျူးနိုင်ငံကို စီရင်ဖျက်ဆီးခွင့် ပေးတော်မူသည်။ ဝမ်းသာစရာမှာ ဘုရားသခင့် ဣသရေလလူမျိုးစစ်၊ ဘိသိက်ခံခရစ်ယာန် အသင်းတော်သည် ကြိုတင်သတိပေးခံရသဖြင့် ယေရုရှလင်မြို့နှင့် ယုဒနယ်မှ ခရစ်ယာန်တို့သည် လုံခြုံရာ ယော်ဒန်မြစ်တစ်ဖက်သို့ ထွက်ပြေးနှင့်ပြီ။—၇။ (က) စနစ်ဆုံးခန်းချိန်ဆိုက်ရောက်ပြီး သခင့်နေ့တော်စတင်သောအခါ ဘာဖြစ်ရန်ရှိသနည်း။ (ခ) ဗျာဒိတ် ၁၃:၁၊ ၂ ပါသားရဲ၏ သတ္တမခေါင်းသည် အဘယ်အရာဖြစ်ကြောင်း ထင်ရှားလာသနည်း။
၇ သို့သော် အေဒီ ပထမရာစုအဆုံးပိုင်းသို့ ရောက်သောအခါ ဤကနဦးအသင်းတော်ထဲမှ လူအမြောက်အမြားသည် သမ္မာတရားမှ တိမ်းလွဲသွားကြပြီး ခရစ်ယာန်ဂျုံပင်တည်းဟူသော “နိုင်ငံတော်သား” အများထုသည် ပေါင်းပင်တည်းဟူသော “နတ်ဆိုးသား” များ၏ ဖုံးလွှမ်းခြင်းကို ခံရကြ၏။ သို့သော် အစီအစဉ်စနစ်ဆုံးခန်း ရောက်လာသောအခါ ဘိသိက်ခံခရစ်ယာန်များသည် အဖွဲ့အစည်းတစ်ရပ်အဖြစ် တစ်ဖန်ပေါ်ထွက်လာသည်။ သခင့်နေ့တော်အတွင်း၌ ဖြောင့်မတ်သူတို့သည် “နေကဲ့သို့ထွန်းလင်းကြ” မည်ဖြစ်သည်။ သို့ဖြစ်၍ ခရစ်ယာန်အသင်းတော်သည် ဖွဲ့စည်းတည်ထောင်ကာ လှုပ်ရှားဆောင်ရွက်လာ၏။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ထိုအချိန်တွင် ရောမအင်ပါယာ မရှိတော့။ ဧရာမဗြိတိသျှအင်ပါယာသည် အင်အားကြီးသော အမေရိကန်ပြည်ထောင်စုနှင့်အတူ ကမ္ဘာ့ဇာတ်စင်၏ အလယ်ဗဟိုကို နေရာယူလိုက်ပြီဖြစ်၏။ ထို ပူးတွဲကမ္ဘာ့ အင်အားကြီးနိုင်ငံပင် သားရဲ၏ သတ္တမဦးခေါင်းဖြစ်သည်။
၈။ အင်္ဂလို-အမေရိကန် ပူးတွဲကမ္ဘာ့အင်အားကြီးနိုင်ငံကို သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်သည်မှာ တရားလွန်သည်ဟု အဘယ်ကြောင့်မဆိုသင့်သနည်း။
၈ အုပ်ချုပ်နေသော အင်အားကြီးနိုင်ငံများကို သားရဲအဖြစ် တင်စားသည်မှာ တရားမလွန်ပေလော။ ဒုတိယကမ္ဘာစစ်အတွင်း သက်သေခံများကို ဆန့်ကျင်သောသူအချို့က ထိုသို့ပင်ဆိုကြ၏။ ၎င်းအချိန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းမှ တရားခွင်များ၌ ယေဟောဝါသက်သေများ၏ အဖွဲ့အစည်းဆိုင်ရာ အနေအထားနှင့် တစ်ဦးချင်းဆိုင်ရာ အနေအထားကို စောဒကတက်ခဲ့ကြသည်။ သို့သော် စဉ်းစားကြည့်ပါ။ တိုင်းနိုင်ငံများကိုယ်နှိုက်က သားရဲ သို့မဟုတ် သားရိုင်းသတ္တဝါများကို မိမိတို့၏အမျိုးသား အထိမ်းအမှတ်များအဖြစ် မခံယူကြပေလော။ ဥပမာ၊ ဗြိတိသျှခြင်္သေ့၊ အမေရိကန်လင်းယုန်နှင့် တရုတ်နဂါး ဟူ၍ရှိကြသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာ၏ ကလောင်ရှင် ဘုရားသခင်ကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများကို သားရဲများဖြင့်ပုံခိုင်းလျှင် တစ်စုံတစ်ဦးက အဘယ်ကြောင့် ကန့်ကွက်ရမည်နည်း။
၉။ (က) စာတန်က သားရဲအား မဟာအာဏာအပ်နှင်းသည်ဟု ကျမ်းစာဆိုသည်ကို အဘယ်ကြောင့် မကန့်ကွက်သင့်သနည်း။ (ခ) ကျမ်းစာ၌ စာတန်ကို မည်သို့ဖော်ပြ၍ အစိုးရများအပေါ် သူ မည်သို့သြဇာလွှမ်းသနည်း။
၉ ထို့ပြင်၊ သားရဲအား ကြီးစွာသောအာဏာ အပ်နှင်းသူမှာ စာတန်ဖြစ်သည်ဟူသော ကျမ်းစာအဆိုကို အဘယ်ကြောင့် ကန့်ကွက်ရမည်နည်း။ ထိုစကားသည် ဘုရားသခင့်ထံမှလာ၏။ ကိုယ်တော့်ရှေ့မှောက်၌ ‘လူအမျိုးမျိုးတို့သည် ရေပုံးထဲက ရေစက်တစ်စက်၊ မြူမှုန့်တစ်မှုန့်မျှသာဖြစ်သည်။’ ထိုလူမျိုးများအနေနှင့် မိမိတို့ကို ဘုရားသခင့် ပရောဖက်ပြုချက် နှုတ်ကပါဌ်တော်က ထိုသို့ပုံဖော်ရေးသားရကောင်းလားဆိုပြီး စိတ်ဆိုးကြမည့်အစား ဘုရားသခင့် မျက်နှာသာတော်ကိုရရန် ခယဖို့ကောင်းပါသည်။ (ဟေရှာယ ၄၀:၁၅၊ ၁၇; ဆာလံ ၂:၁၀-၁၂) စာတန်ဆိုသည်မှာ သေလွန်သူတို့၏ ဝိညာဉ်များကို မီးငရဲ၌ညှဉ်းဆဲရန် တာဝန်ချခံရသော ဒဏ္ဍာရီပုံပြင်ထဲက ပုဂ္ဂိုလ်တစ်ဦးမဟုတ်။ ထိုသို့သောနေရာမျိုးလည်း မရှိပါ။ ကျမ်းစာက စာတန်ကို “အလင်းနှင့်ဆိုင်သော ကောင်းကင်တမန်” အဖြစ်ဖော်ပြ၏။ သူသည် အထွေထွေနိုင်ငံရေးရာများတွင် အားကြီးသောသြဇာလွှမ်းမိုးသည့် ကလိမ်ချုံဝိဇ္ဇာဖြစ်သည်။—၂ ကောရိန္သု ၁၁:၃၊ ၁၄၊ ၁၅; ဧဖက် ၆:၁၁-၁၈။
၁၀။ (က) ချိုဆယ်ချောင်း၌ သရဖူတစ်ခုစီရှိခြင်းက ဘာကိုဆိုလိုသနည်း။ (ခ) ချိုဆယ်ချောင်းနှင့် သရဖူဆယ်လုံးတို့က ဘာကိုအသီးသီး ပုံခိုင်းသနည်း။
၁၀ သားရဲ၏ ဦးခေါင်းခုနစ်လုံးပေါ်တွင် ဦးချိုဆယ်ချောင်းရှိ၏။ ဦးခေါင်းလေးလုံး၌ ဦးချိုတစ်ချောင်းစီ၊ အခြားဦးခေါင်းသုံးလုံး၌ ဦးချိုနှစ်ချောင်းစီ ရှိဟန်တူသည်။ ထို့ပြင် ချိုများ၌ သရဖူဆယ်လုံးရှိသည်။ ဒံယေလကျမ်းစောင်၌ ကြောက်မက်ဖွယ် သားရဲများအကြောင်းကို ဖော်ပြထားရာ၊ ၎င်းတို့၏ ဦးချိုအရေအတွက်ကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ရန်ဖြစ်သည်။ ဥပမာ၊ သိုးထီး၏ချိုနှစ်ချောင်းသည် မီးဒီးယားနှင့် ပါးရှားတည်းဟူသော တွဲဖက်နှစ်ဦးပါဝင်သည့် ကမ္ဘာ့အင်ပါယာကို ကိုယ်စားပြုပြီး ဆိတ်ထီး၏ ချိုလေးချောင်းတို့သည် မဟာအလက်ဇန္ဒား၏ ဂရိအင်ပါယာမှ ပေါ်ပေါက်လာသော တစ်ချိန်တည်းတည်ရှိသည့် အင်ပါယာလေးခုကို တင်စားသည်။ (ဒံယေလ ၈:၃၊ ၈၊ ၂၀-၂၂) သို့ရာတွင် ယောဟန်မြင်ရသောသားရဲ၏ ဦးချိုဆယ်ချောင်း အရေအတွက်မှာမူ ပုံခိုင်းချက်ဖြစ်ဟန်တူသည်။ (ဒံယေလ ၇:၂၄; ဗျာဒိတ် ၁၇:၁၂ နှိုင်းယှဉ်။) ၎င်းတို့သည် စာတန်၏ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုလုံးအဖြစ် ဖွဲ့စည်းထားသော အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည့်စုံမှုကိုပုံတင်၏။ ထိုချိုရှိသမျှတို့သည် အကြမ်းဖက်တတ်၍ ရန်လိုသောသဘော ရှိကြသည်ချည်းပင်။ သို့သော် ဦးခေါင်းခုနစ်လုံးကိုကြည့်ခြင်းဖြင့် ဦးစီးခေါင်းဆောင်မှုကို တစ်ချိန်လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုတည်းကသာ ပိုင်ဆိုင်ကြောင်း သိသာ၏။ ထို့နည်းတူ သရဖူဆယ်လုံးက အချုပ်အခြာအာဏာပိုင် နိုင်ငံများအားလုံးသည် ၎င်းအချိန်ရှိ ကြီးစိုးသောနိုင်ငံ သို့မဟုတ် ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့်အတူ တစ်ပြိုင်တည်း အုပ်စိုးကြမည်ကိုပြသည်။
၁၁။ သားရဲ၏ “ဦးခေါင်းများပေါ်တွင် ဘုရားတရား စော်ကားသောအမည်များ” ပါရှိခြင်းက ဘာကိုပြသနည်း။
၁၁ သားရဲ၏ “ဦးခေါင်းများပေါ်တွင် ဘုရားတရား စော်ကားသောအမည်များ” ရှိ၍ ယေဟောဝါ ဘုရားသခင်နှင့် ခရစ်တော်ယေရှုကို စိုးစဉ်းမျှ မခန့်ညားသောသဘောဖြင့် ကြွားလုံးထုတ်တတ်၏။ နိုင်ငံရေး အကျိုးအမြတ်အတွက် ဘုရားသခင်နှင့် ခရစ်တော်၏နာမကို ဟန်ပြသုံး၏။ မိစ္ဆာဘာသာနှင့် ညာတာပါတေးလက်တွဲပြီး ဘုန်းကြီးဓမ္မဆရာအုပ်စုကို မိမိ၏နိုင်ငံရေး စီမံဆောင်ရွက်ချက်များမှာပင် ပါဝင်စေသည်။ ဥပမာ၊ အင်္ဂလန်နိုင်ငံမှ မှူးမတ်ကြီးများလွှတ်တော်တွင် ဂိုဏ်းအုပ်ဘုန်းကြီးများ ပါဝင်ကြသည်။ ကက်သလစ် ဂိုဏ်းချုပ်များသည် ပြင်သစ်နှင့် အီတလီနိုင်ငံများ၌ ထင်ပေါ်သော နိုင်ငံရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်၏။ မကြာသေးမီကလည်း လက်တင်အမေရိကနိုင်ငံများ၌ ဘုန်းကြီးများသည် နိုင်ငံရေးရာထူးများကို ယူကြ၏။ အစိုးရများသည် မိမိတို့၏ငွေစက္ကူများပေါ်တွင် “ဘုရားသခင်ကို ငါတို့ကိုးစား၏” ဟူသော ဘာသာရေးဆောင်ပုဒ်များကို ရိုက်နှိပ်ကြပြီး ဒ င်္ဂါးများပေါ်မှာလည်း မိမိတို့၏မင်းစိုးရာဇာများကို ဘုရားသခင် နှစ်သက်လက်ခံသည် ဟူသောအဆိုများ ရေးသားကြသည်။ ဥပမာ၊ ထိုမင်းစိုးရာဇာများကို “ဘုရားသခင့် ကရုဏာတော်ဖြင့်” ခန့်အပ်သည်ဟူ၍ ဆိုကြသည်။ အမှန်မှာ၊ ယင်းတို့အားလုံးသည် ဘုရားသခင်ကို စော်ကားခြင်းဖြစ်၏။ အကြောင်းမှာ၊ ညစ်ညူးသော အမျိုးသားရေးဆိုင်ရာ နိုင်ငံရေးပြိုင်ကွင်းထဲသို့ ဘုရားသခင်ကိုဆွဲသွင်းရန် အားထုတ်ခြင်းဖြစ်၍တည်း။
၁၂။ (က) သားရဲသည် “ပင်လယ်” ထဲကတက်လာသည် ဟူသည့်အချက်က ဘာကိုအဓိပ္ပာယ်ဆောင်၍ အဘယ်အချိန်တွင် ထွက်ပေါ်လာသနည်း။ (ခ) နဂါးက ပုံဆောင်သားရဲအား မိမိ၏ ကြီးမားသော အာဏာအပ်နှင်းသည် ဟူသည့်အချက်က ဘာကိုပြသနည်း။
၁၂ သားရဲသည် “ပင်လယ်” ထဲက တက်လာ၏။ ပင်လယ်သည် လူ့အစိုးရများ ထွက်ပေါ်လာရာ ရုန်းရင်းဆန်ခတ်ပြုသောလူထုကို အထိမ်းအမှတ်ပြုသည်မှာ လျောက်ပတ်လှ၏။ (ဟေရှာယ ၁၇:၁၂၊ ၁၃) ၎င်းသားရဲသည် ရှေးအချိန်၊ နိမ်ရောဒလက်ထက် (ဘီစီ ၂၁ ရာစုခန့်) တွင် ဝရုန်းသုန်းကားနိုင်သည့် လူသားထုတည်းဟူသော ပင်လယ်ထဲမှ တက်လာသည်။ ရေလွှမ်းမိုးခြင်းပြီးနောက် ယေဟောဝါကို အန်တုသောစနစ် အဦးဆုံးပေါ် ပေါက်လာသောအချိန်ပင်ဖြစ်၏။ (ကမ္ဘာဦး ၁၀:၈-၁၂; ၁၁:၁-၉) သို့သော် သခင့်နေ့တော်အတွင်းရောက်မှ ၎င်း၏နောက်ဆုံးသောဦးခေါင်း အပြည့်အဝပေါ်လာသည်။ “မိမိ၏တန်ခိုး၊ ပလ္လင်နှင့် ကြီးစွာသောအာဏာတို့ကို သားရဲအား ပေး” သူမှာ နဂါးပင်ဖြစ်ကြောင်းကိုလည်း သတိပြုပါ။ (လုကာ ၄:၆ နှိုင်းယှဉ်။) သားရဲသည် လူသားထုဘောင်မှ စာတန်ဖန်တီးသော နိုင်ငံရေးလက်ရာဖြစ်၏။ စာတန်သည် တကယ်ပင် “ဤလောကမင်း” ဖြစ်၏။—ယောဟန် ၁၂:၃၁၊ သမ။
သေလောက်သောဒဏ်ချက်
၁၃။ (က) သခင့်နေ့တော် အဦးပိုင်း၌ သားရဲသည် အဘယ်ဘေးနှင့် တွေ့ခဲ့ရသနည်း။ (ခ) ဦးခေါင်းတစ်လုံး သေလောက်သောဒဏ်ချက်ရသောအခါ သားရဲတစ်ကောင်လုံး ခံရသည်မှာ အဘယ်သို့နည်း။
၁၃ သားရဲသည် သခင့်နေ့တော် စောစောပိုင်း၌ ဘေးတွေ့ခဲ့သည်။ ယောဟန်ဤသို့သတင်းပို့၏– “၎င်း၏ ဦးခေါင်းတစ်လုံးသည် အသေသတ်ခြင်း ခံရသကဲ့သို့ ဖြစ်သည်ကို ငါမြင်ရ၏။ သို့သော် သေလောက်သော ထိုဒဏ်ချက်သည် ပျောက်ကင်းလေ၏။ မြေကြီးသား ရှိသမျှသည် အံ့သြကြည်ညိုလျက် သားရဲနောက်သို့ လိုက်ကြကုန်၏။” (ဗျာဒိတ် ၁၃:၃) ဤအခန်းငယ်က သားရဲ၏ဦးခေါင်းတစ်လုံး သေလောက်သောဒဏ်ချက် ရသည်ဟုဆိုသော်လည်း အခန်းငယ် ၁၂ က သားရဲတစ်ကောင်လုံး ခံရသည့်အလား တင်ပြထားသည်။ အဘယ်ကြောင့်နည်း။ စဉ်းစားသာကြည့်။ သားရဲ၏ဦးခေါင်းများသည် တစ်ပြိုင်နက် စိုးမိုးကြသည်မဟုတ်။ ဦးခေါင်းတစ်လုံးစီသည် လူသားများအပေါ်၊ အထူးသဖြင့် ဘုရားသခင့် လူမျိုးတော်အပေါ် အလှည့်ကျ ကြီးစိုးခဲ့သည်။ (ဗျာဒိတ် ၁၇:၁၀) သို့ဖြစ်၍ သခင့်နေ့တော် အစပြုသောအခါ သတ္တမမြောက်ဖြစ်သော ခေါင်းတစ်လုံးသာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ကြီးစိုးလှုပ်ရှားနေသည်။ ယင်းဦးခေါင်း သေလောက်သော ဒဏ်ချက်ခံရသောအခါ သားရဲတစ်ကောင်လုံး အလူးအလဲ ဆင်းရဲခံရလေသည်။
၁၄။ အဘယ်အချိန်တွင် သေလောက်သောဒဏ်ချက် ထိခဲ့သနည်း၊ စာတန်၏သားရဲအပေါ် အကျိုးသက်ရောက်ပုံကို စစ်အရာရှိတစ်ဦးက မည်သို့ဖော်ပြသနည်း။
၁၄ သေလောက်သော ဒဏ်ချက်ကား အဘယ်နည်း။ နောက်ပိုင်း၌ ၎င်းကို ဓားဒဏ်ချက်ဟုခေါ်သည်။ ဓားသည် စစ်မက်၏ အထိမ်းအမှတ်ဖြစ်သည်။ သခင့်နေ့တော် အဦးပိုင်း၌ရသော ထိုဓားဒဏ်ချက်သည် ပထမကမ္ဘာစစ်နှင့်ပတ်သက်မည် သေချာသည်။ ယင်းစစ်ကြောင့် စာတန့်နိုင်ငံရေးသားရဲသည် အကြီးအကျယ်ထိခိုက်ပြီး အားအင်ကုန်ခန်းခဲ့သည်။ (ဗျာဒိတ် ၆:၄၊ ၈; ၁၃:၁၄) ထိုစစ်အတွင်း စစ်အရာရှိတစ်ဦးဖြစ်ခဲ့သူ စာရေးဆရာ မောရစ်စ် ဂျင်နဗွိုက်စ်က ဤသို့ဆို၏– “လူ့သမိုင်းတစ်လျှောက်လုံးတွင် ၁၉၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်လောက် အရေးပါသောရက်စွဲ များများမရှိကြောင်း လူတိုင်းသဘောတူသိမှတ်၏။ ရှေးဦးစွာ ဥရောပ၊ နောက်၌ လူသားထုတစ်ရပ်လုံးဆိုရမလောက် ကြောက်ဖွယ်လိလိ အဖြစ်သနစ်အတွင်းသို့ ကျဆင်းခဲ့ရသည်။ ထုံးတမ်းဓလေ့များ၊ သဘောတူညီချက်များ၊ သီလဆိုင်ရာဥပဒေများ၊ အုတ်မြစ်ရှိရှိသမျှ သိမ့်သိမ့်တုန်ခဲ့သည်။ တစ်နေ့ပြီးတစ်နေ့၊ အရာရာတိုင်းသည် သံသယဝင်စရာ ဖြစ်လာသည်။ ၎င်းကား၊ လူ့ပင်ကိုစိတ်ဖြင့် ကြို၍မရိပ်မိနိုင်၊ မြော်ဆ၍လည်းမရနိုင်သော အဖြစ်သနစ်တည်း။ ပက်စက်၍ ဗရမ်းဗတာဖြစ်ပြီး ကြမ်းကြုတ်လှသဖြင့် ကျွန်ုပ်တို့သည် ၎င်း၏စွတ်ကြောင်းထဲတွင် ယနေ့တိုင် မျောပါနေဆဲပင်။”—ပြင်သစ် အကယ်ဒမီ အသင်းဝင်၊ မောရစ်စ် ဂျင်နဗွိုက်စ်။ ၁၉၆၈ ခုနှစ်ထုတ် ကြီးပွားရေး အလားအလာ စာအုပ်၌ ကိုးကားထားသည်။
၁၅။ သားရဲ၏ သတ္တမဦးခေါင်းသည် သေလောက်သောဒဏ်ချက်ကို မည်သို့ရခဲ့သနည်း။
၁၅ ထိုစစ်ပွဲသည် သားရဲကြီးစိုးသော သတ္တမဦးခေါင်းအဖို့ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ အခြားဥရောပနိုင်ငံများနှင့်တကွ ဗြိတိန်သည် ရင်ကျိုးမတတ် နိုင်ငံ့သားပျိုများ အတုံးအရုံး စတေးလိုက်ရသည်။ ၁၉၁၆ ခုနှစ်၊ ဆမ်းမြစ်တိုက်ပွဲ တစ်ခုတည်းတွင် ပြင်သစ်ဘက်မှ ၁၉၄,၀၀၀ ခန့်၊ ဂျာမန်ဘက်မှ ၄၄၀,၀၀၀ နှင့်တကွ၊ ဗြိတိန်ဘက်မှ ၄၂၀,၀၀၀—စုစုပေါင်း ၁,၀၀၀,၀၀၀ ကျော် ကျဆုံးခဲ့သည်။ ဗြိတိန်သည် အခြားဥရောပနိုင်ငံများနှင့်အတူ၊ စီးပွားရေးဘက်၌လည်း ချွတ်ခြုံကျခဲ့သည်။ မဟာဗြိတိသျှ အင်ပါယာသည် ဒဏ်ချက်အောက်၌ လူးလိမ့်ပြီး နာလန်အပြည့် မထူနိုင်သေးချေ။ ၂၈ နိုင်ငံဦးစီး၍ ပါဝင်တိုက်ခိုက်ခဲ့သော ထိုစစ်ကြီးကြောင့် တစ်ကမ္ဘာလုံး သေလောက်သော ဒဏ်ချက်ထိသည့်အလား အလူးအလဲ ခံလိုက်ရသည်။ ပထမကမ္ဘာစစ်ဖြစ်ပွား၍ ၆၅ နှစ်သာလွန်လေသော ၁၉၇၉ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့၌ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ထုတ် သည်အီကော်နောမစ် အပတ်စဉ်မဂ္ဂဇင်းက “၁၉၁၄ ခုနှစ်၌ ကမ္ဘာကြီးသည် ဆက်စပ်ပေါင်းစည်းမှု ပျောက်ဆုံးသွားပြီး ထိုအချိန်မှ ယနေ့တိုင် ၎င်းကိုပြန်မရနိုင်သေးပါ” ဟူ၍ ဝေဖန်ရေးသားလိုက်သည်။
၁၆။ ပထမကမ္ဘာစစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုက ပူးတွဲကမ္ဘာ့အင်အားကြီးနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း မည်သို့ပြခဲ့သနည်း။
၁၆ တစ်ချိန်တည်းတွင် ထိုအခါက မဟာစစ်ပွဲကြီးဟုခေါ်သော ၎င်းစစ်ကြီးသည် အမေရိကန်ပြည်ထောင်စုအား အင်္ဂလို-အမေရိကန်
ကမ္ဘာ့အင်အားကြီးနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပီပြင်ထင်ရှားစွာ ပေါ်ထွက်လာစေရန် လမ်းဖွင့်ပေးလိုက်သည်။ စစ်ကြီးဖြစ်စနှစ်များ၌ အမေရိကန်ပြည်ထောင်စုသည် လူထုဆန္ဒကြောင့် စစ်ကိုရှောင်ခဲ့သည်။ သို့သော် သမိုင်းပညာရှင် အက်စမဲ ဝင်းဖီးလ်-စထရက်ဖော့ ရေးသားတင်ပြသည့်အတိုင်း “အရေးတကာ့အရေးဖြစ်သော ဤသမယ၌ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မိမိတို့၏ ပဓာနကျသော စည်းလုံးညီညွတ်မှုကိုလည်းကောင်း၊ မိမိတို့နှစ်ဦးနှင့်ဆိုင်သော ဂေါပကအဖွဲ့ဝင် တာဝန်ကိုလည်းကောင်း ထောက်ထား၍ မိမိတို့၏ သဘောကွဲလွဲချက်များကို မြှုပ်နှံထားကြမည်လောဟူသောမေးခွန်းသည် အဓိကဖြစ်လာ၏။” နောက်ပိုင်းအဖြစ်အပျက်များအရ သူတို့ထိုသို့ပင် ပြုကြကြောင်း သိရသည်။ ၁၉၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဓနအင်အား၊ လူအင်အားဖြင့် ယိမ်းယိုင်နေသည့် မဟာမိတ်များအား စစ်ကူပေးလေတော့သည်။ သို့နှင့်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြင့် ဖွဲ့စည်းထားသော သတ္တမဦးခေါင်းသည် နောက်ဆုံးအောင်ပွဲခံသူ ဖြစ်လာသည်။၁၇။ စစ်ပြီးသည့်နောက် စာတန်၏မြေကြီးဆိုင်ရာစနစ် ဘာဖြစ်ခဲ့သနည်း။
၁၇ စစ်ပြီးကမ္ဘာသည် ယခင်နှင့် အခြားကြီးခြားနား၏။ စာတန်၏ မြေကြီးဆိုင်ရာစနစ်သည် သေလောက်သောဒဏ်ချက်ကြောင့် အလူးအလဲခံလိုက်ရသော်လည်း နာလန်ထူကာ ယခင်ထက်မက အင်အားတောင့်တင်းလာပြီး ၎င်း၏နာလန်ထနိုင်စွမ်းကြောင့် လူတို့၏ အံ့သြကြည်ညိုမှုကို ခံရလေသည်။
၁၈။ လူသားအများထုသည် “အံ့သြကြည်ညိုလျက် သားရဲနောက်သို့လိုက်ကြ” သည်ဟု မည်သို့ဆိုနိုင်သနည်း။
၁၈ သမိုင်းပညာရှင် ချားလ်အယ်လ်၊မီး ဂျူနီယာက ဤသို့ဆို၏– “[ပထမကမ္ဘာစစ်ကြောင့်] အစီအစဉ်ဟောင်း ပြိုကွဲခြင်းသည် ကိုယ့်မင်းကိုယ့်ချင်းအုပ်စိုးမှု ပြန့်ပွားခြင်း၊ အသစ်အသစ်သော တိုင်းနိုင်ငံနှင့် လူတန်းစားလွတ်မြောက်ခြင်း၊ အသစ်သောလွတ်ငြိမ်းခြင်းနှင့် လွတ်လပ်ရေးရခြင်းတို့အတွက် နိဒါန်းဖြစ်၏။” စစ်ပြီးခေတ်ဖြစ်ထွန်းမှုကို ဦးဆောင်သူမှာ သားရဲ၏ အနာပျောက်ပြီးသော သတ္တမခေါင်းဖြစ်၍ အမေရိကန်ပြည်ထောင်စုက ထင်ပေါ်သောကဏ္ဍမှ ဆောင်ရွက်လာသည်။ ပူးတွဲကမ္ဘာ့အင်အားကြီးနိုင်ငံက ဦးစီးဦးဆောင်ကာ နိုင်ငံပေါင်းချုပ်အသင်းအတွက်ကော ကုလသမဂ္ဂအဖွဲ့အတွက်ပါ ရှေ့နေလုပ်ခဲ့သည်။ ၂၀၀၅ ခုနှစ်သို့ရောက်သောအခါ အမေရိကန်အင်အားကြီးနိုင်ငံသည် အခွင့်အလမ်းသာသော တိုင်းနိုင်ငံများကိုဦးဆောင်ပြီး ပို၍မြင့်မားသော လူနေမှုအဆင့်အတန်းကို ဖန်တီးရေး၊ ရောဂါတိုက်ဖျက်ရေးနှင့် နည်းပညာထွန်းကားရေးကိစ္စများ၌ လုပ်ဆောင်ခဲ့သည်။ လူ ၁၂ ဦးကို လပေါ်သို့ပင် တင်ပို့ခဲ့သည်။ ထို့ကြောင့် လူသားအများထုက “အံ့သြကြည်ညိုလျက် သားရဲနောက်သို့လိုက်ကြ” သည်မှာ မဆန်းပါ။
၁၉။ (က) လူသားများသည် သားရဲကို အံ့သြကြည်ညိုရုံမက မည်သို့ပြုခဲ့ကြပြီနည်း။ (ခ) မည်သူသည် ကမ္ဘာ့နိုင်ငံအားလုံးအပေါ် အာဏာလွှမ်းမိုးသည်မှာ ငြင်းဖွယ်မရှိကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ဂ) စာတန်သည် သားရဲအား မည်သို့အာဏာအပ်နှင်းသနည်း။ ယင်းကြောင့် လူသားအများထုအပေါ် အဘယ်အကျိုးအပြစ် သက်ရောက်သနည်း။
၁၉ ယောဟန် ရှေ့ဆက်တင်ပြသည့်အတိုင်း လူသားတို့သည် သားရဲကို အံ့သြကြည်ညိုရုံသာ ကြည်ညိုကြသည်မဟုတ်– “နဂါးသည် သားရဲအား အာဏာပေးသောကြောင့် လူတို့သည် နဂါးကို ကိုးကွယ်ကြ၏။ ‘မည်သူသည် ဤသားရဲနှင့် တူသနည်း။ မည်သူသည် သားရဲနှင့် စစ်ပြိုင်နိုင်သနည်း’ ဟူသောစကားဖြင့် သားရဲကိုလည်း ကိုးကွယ်ကြ၏။” (ဗျာဒိတ် ၁၃:၄) ယေရှု ကမ္ဘာပေါ်ရှိစဉ် စာတန်က မြေကြီးပေါ်ရှိ နိုင်ငံများအားလုံးကို အစိုးရသောအာဏာ မိမိ၌ရှိသည်ဟု ဆိုခဲ့သည်။ ယေရှုလည်း ဤအချက်ကိုမငြင်းပါ။ ကိုယ်တော်တိုင် စာတန်ကို လောကမင်းဟုပင်ခေါ်ပြီး ထိုခေတ်ကနိုင်ငံရေးတွင်လည်း မပါဝင်ဘဲ နေတော်မူခဲ့သည်။ နောက်ပိုင်း၌ ခရစ်ယာန်စစ်များနှင့်ပတ်သက်၍ ယောဟန်ဤသို့ရေး၏– “ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ တစ်လောကလုံးသည် မာရ်နတ်၏လက်၌ ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။” (၁ ယောဟန် ၅:၁၉; လုကာ ၄:၅-၈; ယောဟန် ၆:၁၅; ၁၄:၃၀) စာတန်သည် သားရဲအား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းသည်။ လူမျိုးရေးကိုအခြေပြု၍ အပ်နှင်းပေးခြင်းဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ဘုရားတရား မေတ္တာနှောင်ကြိုးဖြင့် သွေးစည်းညီညွတ်မည့်အစား၊ အမျိုးမာန်၊ အနွယ်မာန်၊ နိုင်ငံမာန်တို့ကြောင့် စိတ်ဝမ်းကွဲနေကြ၏။ အမှန်မှာ လူအများထုသည် မိမိတို့နေထိုင်ရာ တိုင်းပြည်ကိုလိုက်၍ ၎င်းတို့အပေါ် အာဏာလွှမ်းမိုးသော သားရဲ၏အစိတ်အပိုင်းကို ကိုးကွယ်ကြသည်။ ဤနည်းဖြင့် သားရဲတစ်ကောင်လုံးသည် လူတို့၏ အံ့သြကြည်ညိုခြင်းနှင့် ကိုးကွယ်မှုကို ရယူသည်။
၂၀။ (က) လူတို့သည် အဘယ်အဓိပ္ပာယ်အရ သားရဲကို ကိုးကွယ်ကြသနည်း။ (ခ) ယေဟောဝါဘုရားသခင်ကို ကိုးကွယ်သော ခရစ်ယာန်များသည် သားရဲဝတ်ပြုရေးတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း။ မည်သူ့ပုံသက်သေကို သူတို့လိုက်ကြသနည်း။
၂၀ အဘယ်အဓိပ္ပာယ်ဖြင့် ကိုးကွယ်ကြသနည်း။ ဘုရားသခင်ကိုချစ်သည်ထက် တိုင်းပြည်ကို ချစ်ခြင်းအားဖြင့်ဖြစ်၏။ လူအများထုသည် မိမိတို့မွေးရပ်နေပြည်ကို ချစ်ကြသည်။ ခရစ်ယာန်စစ်များလည်း နိုင်ငံသားကောင်းပီပီ မိမိတို့နေထိုင်ရာတိုင်းပြည်၏ မင်းစိုးရာဇာများနှင့် တိုင်းပြည်အထိမ်းအမှတ်များကို လေးစားကြပြီး ဥပဒေနာခံလျက် မိမိတို့ရပ်ရွာနှင့် အိမ်နီးချင်းအကျိုးကို သယ်ပိုးကြပါသည်။ (ရောမ ၁၃:၁-၇; ၁ ပေတရု ၂:၁၃-၁၇) သို့သော် မျက်စိစုံမှိတ်လျက် အခြားတိုင်းပြည်အားလုံးကို ဆန့်ကျင်ပြီး တိုင်းပြည်တစ်ခုခုကို သစ္စာမခံနိုင်ကြပါ။ “မှားမှားမှန်မှန်၊ တို့အမိနိုင်ငံ” ဟူသောခံယူချက်မှာ ခရစ်ယာန်ဝါဒမဟုတ်။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်သော ခရစ်ယာန်များအနေနှင့် သားရဲ၏အစိတ်အပိုင်းတစ်ခုခုကို အမျိုးမာန်တက်ကြွစွာ ကိုးကွယ်ခြင်းမပြုနိုင်။ သို့ပြုခြင်းသည် သားရဲအား အာဏာအပ်နှင်းသော နဂါးကို ကိုးကွယ်ရာ ရောက်သောကြောင့်တည်း။ သူတို့အနေနှင့် ‘မည်သူသည် သားရဲနှင့်တူသနည်း’ ဟု သားရဲကို အံ့သြကြည်ညိုသောသဘောဖြင့် မမေးနိုင်ကြပါ။ သို့ပြုမည့်အစား၊ “မည်သူသည် ဘုရားသခင်နှင့်တူသနည်း” ဟူသောအဓိပ္ပာယ်ရှိသည့် အမည်ရှင် မိက္ခေလ၏ ပုံသက်သေကိုလိုက်၍ ယေဟောဝါ၏ စကြဝဠာအချုပ်အခြာအာဏာတော်ကို ထောက်ခံကြသည်။ မိက္ခေလ ခရစ်တော်ယေရှုသည် စာတန်ကို ကောင်းကင်မှ အောင်မြင်စွာ တိုက်ထုတ်ခဲ့သကဲ့သို့ ဘုရားသခင့်သတ်မှတ်ချိန်တွင် သားရဲကိုတိုက်ခိုက်၍ အောင်ပွဲခံတော်မူမည်။—ဗျာဒိတ် ၁၂:၇-၉; ၁၉:၁၁၊ ၁၉-၂၁။
သန့်ရှင်းသူတို့ကို စစ်တိုက်ခြင်း
၂၁။ သားရဲအား စာတန်ကြိုးကိုင်စေစားပုံကို ယောဟန်မည်သို့ဖော်ပြသနည်း။
၂၁ စဉ်းလဲသောစာတန်သည် သားရဲကို မိမိဆန္ဒရှိသလို ကြိုးကိုင်စေစားရန် စီမံကိန်းချထားသည်။ ဤအချက်ကို ယောဟန် ဤသို့ရှင်းပြ၏– “ထိုသားရဲအား ကြီးကျယ်သောစကားနှင့် ဘုရားတရားစော်ကားသော စကားများကိုပြောသည့် နှုတ်ကိုလည်းကောင်း၊ လေးဆယ့်နှစ်လတိုင်တိုင် လုပ်ပိုင်သော အခွင့်အာဏာကိုလည်းကောင်း ပေးအပ်၏။ သားရဲသည် နှုတ်ကိုဖွင့်ကာ ဘုရားသခင်ကို စော်ကားသော စကားများဖြင့် နာမတော်နှင့် ကျိန်းဝပ်ရာအရပ်ကို သာမက ကောင်းကင်သားတို့ကိုပါ စော်ကားလေ၏။ သားရဲအား သန့်ရှင်းသူတို့ကို တိုက်ခိုက်၍ အောင်နိုင်သော အခွင့်ကိုလည်းကောင်း၊ မျိုးနွယ်စု၊ လူပုဂ္ဂိုလ်၊ ဘာသာစကားနှင့် လူမျိုး ရှိသမျှတို့အပေါ် စိုးမိုးပိုင်သော အာဏာကိုလည်းကောင်း ပေးအပ်၏။ မြေကြီးသားအပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြလိမ့်မည်။ လောကတည်သည့် ကာလမှစ၍ ဤသူတို့ထဲမှ တစ်ယောက်မျှ အသတ်ခံရသော သိုးသငယ်၏ အသက်စာလိပ်တွင် အမည်စာရင်း မဝင်ချေ။”—ဗျာဒိတ် ၁၃:၅-၈။
၂၂။ (က) ၄၂ လက အဘယ်ကာလပိုင်းကို ရည်ညွှန်းသနည်း။ (ခ) ၄၂ လအတွင်း၌ ဘိသိက်ခံခရစ်ယာန်များသည် မည်သို့ ‘စစ်ရှုံး’ ခဲ့ကြသနည်း။
၂၂ ဖော်ပြပါ ၄၂ လမှာ သုံးနှစ်ခွဲကာလနှင့် တူပုံရသည်။ ထိုကာလအတွင်း သန့်ရှင်းသူတို့သည် ဒံယေလ ပရောဖက်ပြုချက်ပါ သားရဲတစ်ကောင်မှပေါက်သော ဦးချိုတစ်ချောင်း၏ နှောင့်ယှက်တိုက်ခိုက်မှုကိုခံရ၏။ (ဒံယေလ ၇:၂၃-၂၅; ဗျာဒိတ် ၁၁:၁-၄ လည်းရှု။) သို့ဖြင့်၊ ၁၉၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ၁၉၁၈ ခုနှစ်အထိ၊ တိုက်ပွဲဝင်တိုင်းနိုင်ငံများသည် သားရဲများပမာ အချင်းချင်း ကိုက်ဖြတ်နေကြစဉ် ယင်းတို့၏ နိုင်ငံသားများသည် သားရဲကို ကိုးကွယ်ရန်၊ မျိုးချစ်စိတ်တည်းဟူသော ဘာသာရေး၌ ပါဝင်ကြရန်မက၊ မိမိတို့တိုင်းပြည်အတွက် အသက်စတေးရန်ပင် အတင်းအကျပ် ပြုခံရကြသည်။ ယင်းအတင်းအကျပ် ပြုမှုကြောင့် ဘိသိက်ခံအမြောက်အမြား အကြီးအကျယ် ဆင်းရဲခံခဲ့ရကြသည်။ ဘိသိက်ခံတို့က ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှုခရစ်ကို ပို၍နာခံရမည်ဟု ယူမှတ်ကြ၏။ (တမန်တော် ၅:၂၉) ၁၉၁၈ ခုနှစ်၊ ဇွန်လ၌ သူတို့ ‘စစ်ရှုံး’ သောအခါ သူတို့၏စုံစမ်းခြင်းလည်း အထွတ်အထိပ်သို့ ရောက်လေသည်။ အမေရိကန်ပြည်ထောင်စုတွင် ကင်းမျှော်စင်အသင်း၏ ထင်ပေါ်သော အမှုဆောင်အရာရှိများနှင့် အခြားသောကိုယ်စားလှယ်များသည် မတရားသဖြင့် ထောင်ချခံရကြပြီး သူတို့ညီအစ်ကိုများ၏ စနစ်တကျ ဟောပြောခြင်းလုပ်ငန်းလည်း အကြီးအကျယ် တားမြစ်ခံခဲ့ရသည်။ သားရဲသည် “မျိုးနွယ်စု၊ လူပုဂ္ဂိုလ်၊ ဘာသာစကားနှင့် လူမျိုး ရှိသမျှတို့အပေါ်” အခွင့်အာဏာရှိသဖြင့် ကမ္ဘာတစ်ဝန်း ဘုရားသခင့် လုပ်ငန်းတော်ကို ဟန့်တားပိတ်ပင်၏။
၂၃။ (က) “သိုးသငယ်၏အသက်စာလိပ်” ကား အဘယ်အရာဖြစ်၍ ၁၉၁၈ ခုနှစ်မှစ၍ အဘယ်အရာ အဆုံးတိုင်စပြုသနည်း။ (ခ) စာတန်၏ရူပအဖွဲ့အစည်းသည် “သန့်ရှင်းသူများ” အပေါ် အောင်ပွဲခံပုံရသော်လည်း အဘယ်ကြောင့် အချည်းနှီးဖြစ်သနည်း။
၂၃ စာတန်နှင့် သူ့အဖွဲ့အစည်း အောင်ပွဲခံသလို ဖြစ်ခဲ့သည်။ သို့သော် သူတို့အဖို့ ရေရှည်အကျိုးမရှိ။ စာတန့်ရူပအဖွဲ့အစည်းထဲမှ လူတစ်ယောက်မျှ “သိုးသငယ်၏ အသက်စာလိပ်တွင်” အမည်စာရင်း မဝင်သောကြောင့်တည်း။ ပုံဆောင်သဘောအရ ၎င်းစာလိပ်၌ ယေရှုနှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် အုပ်စိုးမည့်သူများ၏အမည် ပါရှိ၏။ ပထမအသုတ်မှာ အေဒီ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့၌ ရေးမှတ်သော အမည်များဖြစ်သည်။ ၎င်းနောက်ပိုင်းတွင် အမည်စာရင်း ရှည်လာသည်။ နိုင်ငံတော်အမွေခံ ၁၄၄,၀၀၀ မှအကြွင်းအကျန်များကို တံဆိပ်ခတ်ခြင်းအမှုသည် ၁၉၁၈ ခုနှစ်မှစ၍ အဆုံးတိုင်စပြု၏။ မကြာမီ သူတို့အားလုံး၏ အမည်များကို သိုးသငယ်၏စာလိပ်ထဲတွင် ဖျက်မရအောင် ရေးမှတ်ပြီးဖြစ်လိမ့်မည်။ သားရဲကိုကိုးကွယ်သော ဆန့်ကျင်သူများမှာမူ တစ်ယောက်မျှ ထိုစာလိပ်ထဲတွင် အမည်စာရင်း ဝင်မည်မဟုတ်။ ထို့ကြောင့် “သန့်ရှင်းသူများ” အပေါ် သူတို့အောင်ပွဲခံပုံရသော်လည်း အချည်းနှီးဖြစ်၏။ တဒင်္ဂသာမျှဖြစ်သည်။
၂၄။ ဝေခွဲပိုင်းခြားဉာဏ်ရှိသူများအား ဘာကိုနားထောင်ကြရန် ယောဟန်တိုက်တွန်းသနည်း၊ အဆိုပါစကားများသည် ဘုရားသခင့်လူမျိုးတော်အဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂၄ ယခု ယောဟန်က ဝေခွဲပိုင်းခြားဉာဏ်ရှိသူများအား အထူးဂရုပြုနားထောင်ကြရန် “နားရှိသောသူသည် ကြားပါစေ” ဟု ဆော်သြလိုက်သည်။ ထို့နောက် ဤသို့ဆိုပြန်သည်– “သုံ့ပန်းဖြစ်မည့်သူသည် သုံ့ပန်းအဖြစ် အဖမ်းခံရမည်။ ဓားဖြင့် သတ်မည့်သူသည် ဓားဖြင့်အသတ်ခံရမည်။ ဤတွင် သန့်ရှင်းသူတို့သည် ခံနိုင်ရည်နှင့် ယုံကြည်ခြင်းရှိရမည်ဟု ဆိုလို၏။” (ဗျာဒိတ် ) ယေရမိသည် ဘီစီ ၆၀၇ ခုနှစ် မတိုင်မီ အလားတူစကားများဖြင့် သစ္စာမဲ့ယေရုရှလင်မြို့အဖို့ ယေဟောဝါ၏ စီရင်ချက်သည် နောက်ပြန်လှည့်မည် မဟုတ်ကြောင်း ရေးသားတင်ပြလိုက်သည်။ ( ၁၃:၉၊ ၁၀ယေရမိ ၁၅:၂; ယေရမိ ၄၃:၁၁; ဇာခရိ ၁၁:၉ လည်းရှု။) ကြီးစွာသောစုံစမ်းခြင်းခံရစဉ် ယေရှုက “ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုမိန့်ဆိုသောအခါ မိမိနောက်လိုက်များအနေနှင့် အညံ့မခံ အလျှော့မပေးနိုင်ကြောင်း ရှင်းလင်းစွာတင်ပြတော်မူ၏။ (မဿဲ ၂၆:၅၂) ထို့နည်းတူ၊ ယခု သခင့်နေ့တော်အတွင်း ဘုရားသခင့် လူမျိုးတော်လည်း ကျမ်းစာမူများကို လက်မလွတ်တမ်း ကိုင်စွဲရမည်။ သားရဲကိုကိုးကွယ်၍ နောင်တမရသောသူများအဖို့ နောက်ဆုံးပြေးပေါက် ရှိမည်မဟုတ်။ ရှေ့လာမည့်နှိပ်စက်ညှဉ်းပန်းမှုနှင့် စုံစမ်းခြင်းတို့ကို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့အားလုံး မယိမ်းယိုင်သော ယုံကြည်ခြင်းနှင့်တကွ ခံနိုင်ရည်ရှိရမည်။—ဟေဗြဲ ၁၀:၃၆-၃၉; ၁၁:၆။
ဦးချိုနှစ်ချောင်းရှိသော သားရဲ
၂၅။ (က) ကမ္ဘာ့ဇာတ်ခုံပေါ်တက်လာသော အခြားပုံခိုင်းသားရဲအကြောင်းကို ယောဟန် မည်သို့ဖော်ပြသနည်း။ (ခ) သားရဲသစ်၏ ချိုနှစ်ချောင်းသည်လည်းကောင်း၊ ၎င်းသားရဲမြေကြီးထဲမှ တက်လာခြင်းသည်လည်းကောင်း ဘာကိုပြသနည်း။
၂၅ ယခု နောက်သားရဲတစ်ကောင် ကမ္ဘာ့ဇာတ်ခုံပေါ် တက်လာ၏။ ယောဟန် ဤသို့သတင်းပေး၏– “ထို့နောက် အခြားသားရဲတစ်ကောင်သည် မြေကြီးထဲက တက်လာသည်ကို ငါမြင်ရ၏။ ၎င်းသည် သိုးသငယ်ကဲ့သို့ ဦးချိုနှစ်ချောင်းရှိပြီး နဂါးကဲ့သို့ စကားပြော၏။ ၎င်းသည် ပထမသားရဲ၏ အခွင့်အာဏာရှိသမျှကို ထိုသားရဲရှေ့၌ သုံးစွဲ၏။ သေလောက်သောဒဏ်ချက် ပျောက်ကင်းခဲ့သည့် ပထမသားရဲကို မြေကြီးနှင့် မြေကြီးသားတို့အား ကိုးကွယ်စေ၏။ ကြီးစွာသော နိမိတ်လက္ခဏာများကို ပြခြင်းဖြင့် လူသားတို့မျက်မှောက်၌ ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကျစေ၏။” (ဗျာဒိတ် ၁၃:၁၁-၁၃) ဤသားရဲ၌ ဦးချိုနှစ်ချောင်းရှိသဖြင့် အင်အားကြီးနိုင်ငံနှစ်ခု တွဲဖက်ပါဝင်သည်ကိုပြ၏။ ၎င်းသည် ပင်လယ်ထဲကမဟုတ်၊ မြေကြီးထဲက ထွက်လာသည်ဟုဆိုသည်။ သို့ဖြစ်၍ တည်ထောင်ပြီးသားဖြစ်သော စာတန်၏ မြေကြီးစနစ်ထဲမှ ထွက်လာခြင်းဖြစ်သည်။ ၎င်းသည် သခင့်နေ့တော်အတွင်း ထင်ပေါ်သောကဏ္ဍမှ ပါဝင်လှုပ်ရှားသော ရှိနှင့်ပြီးသား ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ရပေမည်။
၂၆။ (က) ဦးချိုနှစ်ချောင်းနှင့်သားရဲသည် အဘယ်အရာဖြစ်၍ မူလသားရဲနှင့် မည်သို့ဆက်စပ်သနည်း။ (ခ) ချိုနှစ်ချောင်းနှင့်သားရဲ၏ ချိုများသည် အဘယ်အဓိပ္ပာယ်အရ သိုးသငယ်ချိုများနှင့်တူ၍ သားရဲစကားပြောသောအခါ အဘယ်နည်းဖြင့် “နဂါးကဲ့သို့” ဖြစ်သနည်း။ (ဂ) မျိုးချစ်စိတ်ရှိသူများသည် အမှန်အားဖြင့် ဘာကိုကိုးကွယ်ကြသနည်း။ မျိုးချစ်ဝါဒကို အဘယ်အရာနှင့် နှိုင်းယှဉ်ထားသနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၂၆ ၎င်းသည် အဘယ်အရာဖြစ်နိုင်သနည်း။ အင်္ဂလို-အမေရိကန်ကမ္ဘာ့ အင်အားကြီးနိုင်ငံပင်တည်း။ ၎င်းသည် ပထမသားရဲ၏ သတ္တမဦးခေါင်းပင်ဖြစ်သော်လည်း ထူးခြားသောကဏ္ဍမှ ပါဝင်၏။ ရူပါရုံ၌ ၎င်းကိုသီးခြားသားရဲအဖြစ် ခွဲထုတ်ထားသဖြင့် ကမ္ဘာ့ဇာတ်စင်ပေါ် ၎င်း၏သီးခြားလှုပ်ရှားမှုကို ပို၍ရှင်းလင်းစွာမြင်နိုင်သည်။ ပုံခိုင်းချက်ဖြစ်သော ဤဦးချိုနှစ်ချောင်းရှိသော သားရဲသည် သီးခြားလွတ်လပ်စွာ ယှဉ်တွဲတည်ရှိပြီး ပူးပေါင်းဆောင်ရွက်ကြသည့် အင်အားကြီးနိုင်ငံနှစ်ခုဖြင့် ဖွဲ့စည်းထား၏။ “သိုးသငယ်ကဲ့သို့” သော ၎င်း၏ချိုနှစ်ချောင်းက မိမိသည် နူးညံ့သိမ်မွေ့၍ ရန်လိုသောသဘောမပါ၊ မိမိ၌ ဉာဏ်အမြော်အမြင်ရှိသော အစိုးရမျိုးရှိသဖြင့် ကမ္ဘာသားများ အားထားရာဖြစ်သည်ဟူသော မျက်နှာပန်းရှိကြောင်းကိုပြသည်။ သို့သော် ၎င်းသည် “နဂါးကဲ့သို့” စကားပြော၏။ ဆိုလိုသည်မှာ မိမိအုပ်ချုပ်ပုံကို အခြားသူများ လက်မခံသောအခါ အတင်းအကျပ်ပြု၍ ခြိမ်းခြောက်ရုံမျှမက ပြောင်ပြောင်တင်းတင်းပင် အကြမ်းဖက်တတ်သည်။ ဘုရားသခင့် သိုးသငယ်၏ အုပ်ချုပ်မှုကိုနာခံရန် လူတို့ကို အားပေးမည့်အစား နဂါးကြီး စာတန်၏အကျိုးကို သယ်ပိုးခိုင်း၏။ မျိုးချစ်စိတ်ကြောင့် ကွဲပြားမှုနှင့် မုန်းတီးမှုများဖြစ်ပွားစေခြင်းဖြင့် ပထမသားရဲကို ကိုးကွယ်စေ၏။၂၇။ (က) သားရဲက ကောင်းကင်မှမီးကျစေခြင်းသည် ၎င်း၌ အဘယ်သဘောထားရှိကြောင်းကို ပြသနည်း။ (ခ) ချိုနှစ်ချောင်းနှင့်သားရဲ၏ ခေတ်သစ်ပုံတူကို လူအမြောက်အမြားက မည်သို့ရှုမှတ်ကြသနည်း။
၂၇ ဤဦးချိုနှစ်ချောင်းရှိသော သားရဲသည် ကြီးစွာသော နိမိတ်လက္ခဏာများကိုပြ၍ ကောင်းကင်မှပင် မီးကျစေသည်။ (မဿဲ ၇:၂၁-၂၃ နှိုင်းယှဉ်။) ဤနိမိတ်လက္ခဏာက ဗာလ၏ပရောဖက်များနှင့် ဆိုင်ပြိုင်သော ဘုရားသခင့် ရှေးပရောဖက် ဧလိယကို သတိရစေသည်။ သူသည် ယေဟောဝါ၏ နာမတော်ဖြင့် ကောင်းကင်မှ အောင်မြင်စွာ မီးကျစေသောအခါ မိမိသည် ပရောဖက်စစ်မှန်ကြောင်း၊ ဗာလ၏ပရောဖက်များသည် အတုဖြစ်ကြောင်း သက်သေထူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၁-၄၀) ဦးချိုနှစ်ချောင်းရှိသော သားရဲလည်း ဗာလပရောဖက်များနည်းတူ မိမိသည် ပရောဖက်စစ်မှန်ကြောင်း ခိုင်လုံသောအထောက်အထား ရှိသည်ဟုထင်၏။ (ဗျာဒိတ် ၁၃:၁၄၊ ၁၅; ၁၉:၂၀) စဉ်းစားသာကြည့်။ ၎င်းက မိမိသည် ကမ္ဘာစစ်နှစ်ခုအတွင်း ဆိုးဝါးသော အင်အားစုများကို နှိမ်နင်းခဲ့ပြီဟုဆို၏။ ဘုရားမဲ့ ကွန်မြူနစ်ဝါဒကိုလည်း အနိုင်ယူခဲ့၏။ လူအမြောက်အမြားက ဦးချိုနှစ်ချောင်းနှင့် သားရဲ၏ ခေတ်သစ်ပုံတူကို လွတ်လပ်ရေးကာကွယ်သူ၊ စီးပွားဥစ္စာသိုက်ဟု ရှုမှတ်ကြ၏။
သားရဲ၏ရုပ်တု
၂၈။ ချိုနှစ်ချောင်းနှင့်သားရဲသည် သိုးသငယ်ချိုနှင့်တူသော မိမိ၏ချိုများဟန်ပြသလောက် ဖြူစင်ရိုးသားမှုမရှိကြောင်း ယောဟန်မည်သို့တင်ပြသနည်း။
၂၈ ဤဦးချိုနှစ်ချောင်းရှိသော သားရဲသည် သိုးသငယ်ကဲ့သို့သော သူ့ဦးချိုများ ဟန်ပြသလောက် ဖြူစင်ရိုးသား၏လော။ ယောဟန် ရှေ့ဆက်ဤသို့ဆို၏– “၎င်းသည် သားရဲ၏မျက်မှောက်၌ ပြပိုင်ခွင့်ရသော နိမိတ်လက္ခဏာများဖြင့် မြေကြီးသားတို့ကို လမ်းလွဲစေ၏။ တစ်ချိန်တည်းတွင် ဓားဒဏ်ချက်ရသော်လည်း မသေဘဲရှင်ကျန်သော သားရဲ၏ရုပ်တုကို မြေကြီးသားတို့အား ထုလုပ်ခိုင်း၏။ ၎င်းသည် သားရဲ၏ရုပ်တုအား အသက်သွင်းပေးခွင့်ရသဖြင့် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရုံမက မိမိအား မည်သည့်နည်းဖြင့်မျှ မကိုးကွယ်သောသူ ရှိသမျှတို့ကို သေစေနိုင်၏။”—ဗျာဒိတ် ၁၃:၁၄၊ ၁၅။
၂၉။ (က) သားရဲ၏ရုပ်တုကို အဘယ်ရည်ရွယ်ချက်ဖြင့် အဘယ်အချိန်၌ ထုလုပ်ခဲ့သနည်း။ (ခ) သားရဲ၏ရုပ်တုသည် အဘယ်ကြောင့် သက်မဲ့ရုပ်တု မဟုတ်သနည်း။
၂၉ “သားရဲ၏ရုပ်တု” ကား အဘယ်နည်း။ အဘယ်ရည်ရွယ်ချက်ဖြင့် ၎င်းကိုထုလုပ်ခဲ့သနည်း။ လူတို့အား ဦးခေါင်းခုနစ်လုံးနှင့် သားရဲကို ကိုးကွယ်စေခြင်းဖြင့် သားရဲကို သက်ဆိုးရှည်စေရန်ဖြစ်သည်။ ယင်းရုပ်တုသည် ၎င်းသားရဲ၏ ရုပ်တုပင်ဖြစ်၏။ ပထမကမ္ဘာစစ်အပြီး ဦးခေါင်းခုနစ်လုံးရှိသော သားရဲသည် ဓားဒဏ်ချက်ဒံယေလ ၃:၁) ဦးချိုနှစ်ချောင်းနှင့်သားရဲက ၎င်းရုပ်တုထဲသို့ အသက်သွင်းပေးသောကြောင့် ၎င်းသည် အသက်ရှင်၍ ကမ္ဘာ့သမိုင်းတွင် တစ်ခန်းတစ်ကဏ္ဍ ပါဝင်လှုပ်ရှားနိုင်၏။
ပျောက်ကင်းသည့်နောက်၊ ယင်းရုပ်တုကို ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဒုရလွင်ပြင်တွင် နေဗုခဒ်နေဇာ စိုက်ထူသောရုပ်တုကဲ့သို့ သက်မဲ့မဟုတ်။ (၃၀၊ ၃၁။ (က) သမိုင်းအဖြစ်မှန်များက ၎င်းရုပ်တုသည် အဘယ်အရာဖြစ်ကြောင်းပြသနည်း။ (ခ) ၎င်းရုပ်တုကို မကိုးကွယ်သည့်အတွက် အသတ်ခံရသူများရှိသလော။ ရှင်းပြပါ။
၃၀ သမိုင်းဖြစ်ရပ်က ယင်းရုပ်တုမှာ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု အဆိုသွင်း၊ မြေတောင်မြှောက်၍ ထောက်မသော အဖွဲ့အစည်းဖြစ်ကြောင်း သိသာစေသည်။ အစ၌ ၎င်းသည် နိုင်ငံပေါင်းချုပ်အသင်းအဖြစ် ထင်ပေါ်ခဲ့၏။ နောက်သော် ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ ၌ နောက်အထိမ်းအမှတ်တစ်မျိုးအဖြစ် ပေါ်လာဦးမည်။ အသက်ရှင်၍ အသက်ရှူရှိုက်သော သီးခြားတည်ရှိသည့် နီမြန်းသောသားရဲပင်တည်း။ နိုင်ငံတကာဆိုင်ရာ ယင်းအဖွဲ့က မိမိတစ်ပါးတည်းသာ လူသားတို့အား ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ပေးနိုင်သည်ဟု ကြွားလုံးထုတ်ကာ “စကားပြော” ၏။ အမှန်သော်၊ ၎င်းသည် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မာန်မဲကြိမ်းမောင်း ပြစ်မှားစော်ကားရာ ဟစ်တိုင်ဖြစ်လာပြီ။ ယင်း၏အာဏာကို အောက်မကျို့သော တိုင်းနိုင်ငံ သို့မဟုတ် လူမျိုးအား ဝိုင်းပယ်ခြင်း၊ သို့မဟုတ် သေခန်းဖြတ်ခြင်းဖြင့် ခြိမ်းခြောက်ခဲ့၏။ နိုင်ငံပေါင်းချုပ်သည် ၎င်း၏သဘောတရားများအတိုင်း မကျင့်သုံးသောနိုင်ငံများကို ထုတ်ပယ်ခဲ့သည်။ ဆင်းရဲဒုက္ခကြီး စတင်သောအခါ သားရဲရုပ်တု၏ စစ်ဝါဒီဆန်သော “ဦးချိုများ” သည် ဖျက်ဆီးချေမှုန်းခြင်းကဏ္ဍမှ ပါဝင်လှုပ်ရှားကြလိမ့်မည်။—ဗျာဒိတ် ၇:၁၄; ၁၇:၈၊ ၁၆။
၃၁ ဒုတိယကမ္ဘာစစ်မှစ၍ ကုလသမဂ္ဂ အဖွဲ့အစည်းအဖြစ် ယခုထင်ရှားသော သားရဲ၏ရုပ်တုသည် စာသားအတိုင်း လူသတ်ခဲ့ပြီ။ ဥပမာ၊ ၁၉၅၀ ပြည့်နှစ်တွင် ကုလတပ်တစ်တပ်သည် မြောက်ကိုးရီးယားနှင့် တောင်ကိုးရီးယားစစ်၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ၎င်းကုလတပ်သည် တောင်ကိုးရီးယားလူမျိုးများနှင့်ပူးတွဲ၍ ခန့်မှန်းခြေအရ မြောက်ကိုးရီးယားနှင့် တရုတ်လူမျိုးပေါင်း ၁,၄၂၀,၀၀၀ ကို သတ်ဖြတ်ခဲ့သည်။ ထို့အတူ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အတွင်း ကုလတပ်များသည် ကွန်ဂိုနိုင်ငံ (ကင်ရှာဆာ) တွင် လှုပ်ရှားခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်း ဆဋ္ဌမမြောက်ပေါလ်နှင့် ဒုတိယမြောက် ဂျွန်ပေါလ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကလည်း ၎င်းရုပ်တုသည် လူသားများ၏ နောက်ဆုံးနှင့် အကောင်းဆုံးသော ငြိမ်းချမ်းရေးမျှော်လင့်ချက်ဖြစ်သည်ဟု ဆက်လက်အတည်ပြုကြ၏။ လူသားတို့က ၎င်းကိုအလုပ်အကျွေးမပြုလျှင် လူသားမျိုးနွယ်သည် ကိုယ့်ကိုယ်ကိုချေမှုန်းလိမ့်မည်ဟု အခိုင်အမာဆိုကြ၏။ သို့နှင့် သူတို့သည် ယင်းရုပ်တုအလိုသို့မလိုက်၊ သူ့ကိုမကိုးကွယ်သော လူသားအားလုံးကို ဥပစာစကားအရ သေစေကြ၏။—တရားဟောရာ ၅:၈၊ ၉။
သားရဲ၏အမှတ်တံဆိပ်
၃၂။ ဘုရားသခင့်မိန်းမ၏ အမျိုးအနွယ်အကြွင်းအကျန်များကို ဆင်းရဲဒုက္ခရောက်စေရန် မိမိ၏ရူပအဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးအပိုင်းများကို စာတန်ကြိုးကိုင်စေစားကြောင်း ယောဟန်မည်သို့ဖော်ပြသနည်း။
၃၂ ဘုရားသခင့်မိန်းမ၏ အမျိုးအနွယ်ဝင် အကြွင်းအကျန်များအား ဆင်းရဲဒုက္ခရောက်အောင် အစွမ်းကုန်ဖန်တီးရာ၌ မိမိ၏ရူပအဖွဲ့အစည်း၏ နိုင်ငံရေးအပိုင်းများကို စာတန်မည်သို့အသုံးပြုကြောင်း ယောဟန်ယခုသိမြင်ရပြီ။ (ကမ္ဘာဦး ၃:၁၅) “သားရဲ” အကြောင်းကို သူဖော်ပြပြန်သည်– “၎င်းသည် ကြီးမြတ်သူနှင့် သိမ်ငယ်သူ၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ ကျွန်နှင့် လွတ်လပ်သူမှစ၍ ရှိရှိသမျှလူတို့အား လက်ယာလက်တွင်ဖြစ်စေ၊ နဖူးပေါ်တွင်ဖြစ်စေ၊ အတင်းအကျပ် အမှတ်တံဆိပ် ရိုက်နှိပ်စေ၏။ သားရဲ၏အမည် သို့မဟုတ် ၎င်းအမည်၏ ကိန်းဂဏန်းတည်းဟူသော ထိုအမှတ်တံဆိပ် ရိုက်နှိပ်ထားသူမှတစ်ပါး မည်သူမျှ ရောင်းဝယ်ခွင့်မရ။ ဤတွင် ဉာဏ်ပညာရှိသူသည် သားရဲ၏ကိန်းဂဏန်းကို တွက်ချက်ပါစေ။ အကြောင်းမှာ၊ ၎င်းသည် လူ၏ကိန်းဂဏန်းဖြစ်၏။ ခြောက်ရာခြောက်ဆယ့်ခြောက် ဖြစ်သတည်း။”—ဗျာဒိတ် ၁၃:၁၆-၁၈။
၃၃။ (က) သားရဲ၏အမည်မှာ အဘယ်နည်း။ (ခ) ခြောက်ဂဏန်းသည် အဘယ်အရာနှင့် ဆက်စပ်သနည်း။ ရှင်းပြပါ။
၃၃ သားရဲ၌ အမည်တစ်ခုရှိပြီး ၎င်းသည် ၆၆၆ ဟူသော ကိန်းဂဏန်းဖြစ်သည်။ ခြောက်ဟူသောဂဏန်းသည် ယေဟောဝါ၏ ရန်သူများနှင့် ဆက်စပ်၏။ ရေဖိမ်အမျိုးသား ဖိလိတ္တိလူတစ်ယောက်သည် “အရပ်အမောင်းမြင့်၍ လက်ချောင်းခြေချောင်း ခြောက်ခုစီ” ရှိ၏။ (၁ ရာဇဝင်ချုပ် ၂၀:၆၊ သမ္မာ) နေဗုခဒ်နေဇာသည် မိမိ၏နိုင်ငံရေးအရာရှိများကို တစ်ခုတည်းသောဝတ်ပြုရေး၌ စည်းလုံးစေရန် အနံခြောက်တောင်၊ အမြင့်အတောင်ခြောက်ဆယ်ရှိသော ရွှေရုပ်တုကို စိုက်ထူခဲ့သည်။ ၎င်းဘုရင်သည် ဘုရားသခင့်အမှုထမ်းများ ရွှေရုပ်တုကိုမကိုးကွယ်ဘဲ ငြင်းဆန်သောအခါ သူတို့ကို မီးဖိုထဲသို့ ချပစ်လေသည်။ (ဒံယေလ ၃:၁-၂၃) ခြောက်ဂဏန်းသည် ဘုရားသခင့်အမြင်တွင် ပြည့်စုံခြင်းကိုတင်စားသော ခုနစ်ဂဏန်းကို စံမမီချေ။ ထို့ကြောင့် ခြောက်သုံးလုံးသည် အလွန့်အလွန် မစုံလင်ခြင်းကို တင်စား၏။
၃၄။ (က) သားရဲ၏ကိန်းဂဏန်းသည် “လူ၏ကိန်းဂဏန်းဖြစ်” သည် ဟူသောအချက်က ဘာကိုပြသနည်း။ (ခ) ၆၆၆ သည် အဘယ်ကြောင့် စာတန့်လောကီနိုင်ငံရေးစနစ်၏ လျောက်ပတ်သောအမည် ဖြစ်သနည်း။
၃၄ အမည်တစ်ခုက ပုဂ္ဂိုလ်တစ်ဦးကို ဖော်ပြ၏။ သို့ဖြစ်၍ ၎င်းဂဏန်းက ယင်းသားရဲ အဘယ်အရာဖြစ်ကြောင်း မည်သို့တင်ပြသနည်း။ ယောဟန်က ၎င်းသည် ဝိညာဉ်ပုဂ္ဂိုလ်၏ဂဏန်းမဟုတ်ဘဲ “လူ၏ကိန်းဂဏန်း” ဖြစ်သည်ဟုဆို၏။ ထို့ကြောင့် သားရဲသည် မြေကြီးနှင့်ဆိုင်၍ လူ့အစိုးရကိုပုံခိုင်းသည်ဟူသည့်အချက်ကို သာ၍ခိုင်လုံစေသည်။ ခြောက်သည် ခုနစ်ကိုစံမမီသကဲ့သို့ ခြောက်၏သုံးထပ်ကွမ်းဖြစ်သည့် ၆၆၆ သည် ဘုရားသခင့်စုံလင်ခြင်းစံကို လုံးဝစံမမီသော ဧရာမကမ္ဘာ့နိုင်ငံရေးစနစ်၏ လျောက်ပတ်သောအမည်ဖြစ်၏။ ကမ္ဘာ့နိုင်ငံရေးသားရဲသည် အမည်-ကိန်းဂဏန်း
၆၆၆ ဖြင့် ကြီးစိုး၏။ တစ်ချိန်တည်းတွင် မဟာနိုင်ငံရေး၊ မဟာဘာသာရေးနှင့် မဟာစီးပွားရေးတို့က ထိုသားရဲကို လူသားများအား ဖိစီးသူ၊ ဘုရားသခင့်လူမျိုးတော်အား နှိပ်စက်ညှဉ်းပန်းသူအဖြစ် လှုပ်ရှားစေသည်။၃၅။ နဖူး သို့မဟုတ် လက်ယာလက်တွင် သားရဲ၏အမည်ဖြင့် အမှတ်တံဆိပ်ခတ်ခံရခြင်းမှာ ဘာကိုဆိုလိုသနည်း။
၃၅ နဖူး သို့မဟုတ် လက်ယာလက်တွင် သားရဲ၏အမည်ဖြင့် အမှတ်တံဆိပ်ခတ်ခံရခြင်းမှာ အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယေဟောဝါက ဣသရေလလူတို့အား ပညတ်တရားပေးစဉ် “ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌သွင်းထား၍ လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရကြမည်” ဟု မိန့်ဆိုခဲ့၏။ (တရားဟောရာ ၁၁:၁၈) ဣသရေလလူတို့သည် ပညတ်တရားကို အစဉ်မျက်မှောက်ပြုခြင်းဖြင့် မိမိတို့၏အပြုအမူနှင့် အကြံအစည်များအပေါ် ၎င်း၏သြဇာလွှမ်းမိုးစေရမည်ဟု ဆိုလိုသည်။ ၁၄၄,၀၀၀ သောဘိသိက်ခံတို့၏နဖူး၌ ခမည်းတော်နှင့် ယေရှု၏နာမတော် ရေးသားထားသည်ဟုဆို၏။ ၎င်းက သူတို့ကို ယေဟောဝါနှင့် ယေရှုခရစ် ပိုင်ဆိုင်တော်မူကြောင်းပြ၏။ (ဗျာဒိတ် ၁၄:၁) စာတန်လည်း ၎င်းကိုအတုယူကာ သားရဲ၏နတ်ဆိုးအမှတ်တံဆိပ်ကိုသုံး၏။ လူသည် အရောင်းအဝယ်စသော နေ့စဉ်လုပ်ငန်းဆောင်တာများ၌ သားရဲ၏နည်းလမ်းအတိုင်းပြုရန်၊ ဥပမာ၊ ပွဲနေ့များကျင်းပရန် အတင်းအကျပ်ပြုခံရသည်။ လူတို့သည် သားရဲကိုဝတ်ပြု၍ ၎င်းအား မိမိတို့ဘဝကိုစိုးမိုးစေခြင်းဖြင့် ၎င်း၏အမှတ်တံဆိပ်ကို ခံယူရပါသည်။
၃၆။ သားရဲ၏အမှတ်တံဆိပ်ကို မခံဘဲနေသူများသည် ဘာပြဿနာများနှင့် ရင်ဆိုင်ခဲ့ကြပြီနည်း။
၃၆ သားရဲ၏အမှတ်တံဆိပ်ကို မခံဘဲနေသောသူတို့သည် တစ်ချိန်လုံး ပြဿနာနှင့်တွေ့ရ၏။ ဥပမာ၊ သူတို့သည် ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ တရားရုံးများ၌ အမှုဆိုင်ခဲ့ရသည်မှာ မနည်းပါ။ အကြမ်းဖက်သောလူအုပ်၏ တိုက်ခိုက်မှု၊ အခြားသောနှိပ်စက်ညှဉ်းပန်းမှုများကို ခံခဲ့ကြရသည်။ တစ်ပါတီအာဏာရှင်အစိုးရ ကြီးစိုးသောတိုင်းပြည်များ၌ ချွေးတပ်စခန်းများထဲသို့ ပစ်သွင်းခံရ၍ များစွာသေကျေခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ မိမိတို့၏ခရစ်ယာန်ကြားနေ ရပ်တည်မှုအတွက် ဒူးမထောက်သောကြောင့် နှစ်ရှည်ထောင်ဒဏ်ချခံရသော လူငယ်များမှာ မရေမတွက်နိုင်အောင်များလှပြီး အချို့ဆိုလျှင် နှိပ်စက်ကလူပြု၍ သတ်ဖြတ်ခြင်းပင်ခံရကြသည်။ အချို့နိုင်ငံဒေသများ၌ဆိုလျှင် တကယ်ပင် ရောင်းဝယ်ခွင့်မရကြ။ အချို့သူများဆိုလျှင် မြေယာအဆောက်အဦ ပိုင်ဆိုင်ခွင့်မရှိ။ အချို့မှာ မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်နှင်ခြင်းခံရကြသည်။ အဘယ်အတွက်နည်း။ မိမိတို့သြတ္တပ္ပစိတ်ကြောင့် နိုင်ငံရေးပါတီကတ်ပြား မဝယ်ဘဲနေသောကြောင့်တည်း။ *—ယောဟန် ၁၇:၁၆။
၃၇၊ ၃၈။ (က) ဤလောကသည် သားရဲ၏အမှတ်တံဆိပ်ကို မခံသူများအဖို့ အဘယ်ကြောင့် ကျပ်တည်းခဲယဉ်းသောနေရာ ဖြစ်သနည်း။ (ခ) မည်သူများသည် သစ္စာစောင့်လျက်ရှိကြပြီး ဘာပြုရန် သန္နိဋ္ဌာန်ချထားကြသနည်း။
မဿဲ ၁၀:၃၆-၃၈; ၁၇:၂၂) သူငါအများထု စည်းစိမ်ဥစ္စာကိုကိုးကွယ်ပြီး မရိုးသားမှုလည်း ပျံ့နှံ့လှသည့် ဤလောကကြီး၌ ခရစ်ယာန်စစ်များသည် ဖြောင့်မတ်သော လမ်းစဉ်လိုက်လျှောက်ရာတွင် မိမိတို့အား ယေဟောဝါ ထောက်မတော်မူမည်ဖြစ်ကြောင်း အကြွင်းမဲ့အားထားယုံကြည်ရန် လိုအပ်သောအခါမျိုးလည်း မနည်းပေ။ (ဆာလံ ၁၁:၇; ဟေဗြဲ ၁၃:၁၈) သီလပျက်မှု လွှမ်းခြုံနေသော ဤလောက၌ သန္နိဋ္ဌာန်အခိုင်အမာ ချမထားလျှင် သန့်ရှင်းစင်ကြယ်စွာ နေနိုင်မည်မဟုတ်။ ဖျားနာသော ခရစ်ယာန်များသည် သွေး၏မြင့်မြတ်မှုဆိုင်ရာ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ရန် ဆရာဝန်နှင့် သူနာပြုတို့၏ အတင်းအကျပ်ပြုခြင်းကို ခံရလေ့ရှိ၏။ မိမိတို့၏ယုံကြည်ခြင်းနှင့်ဆန့်ကျင်သော တရားရုံးအမိန့်ကိုပင် တွန်းလှန်ရကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ၁ ပေတရု ၄:၃၊ ၄) အလုပ်အကိုင် ရှားသည်ထက်ရှားပါးသော ဤခေတ်၌ ဘုရားသခင်အား သစ္စာဖောက်စေသော အလုပ်ကိုရှောင်ရန် ခရစ်ယာန်စစ်တစ်ဦးအဖို့ ခက်သည်ထက် ခက်လာသည်။—မိက္ခာ ၄:၃၊ ၅။
၃၇ ကမ္ဘာ့ဒေသအချို့၌ ဘာသာရေးသည် ရပ်ကွက်အသိုင်းအဝိုင်းဘဝ၌ နက်ရှိုင်းစွာအမြစ်စွဲနေသဖြင့် ကျမ်းစာသမ္မာတရားဘက် ရပ်တည်သူသည် မိသားစုနှင့် မိတ်ဆွေများ၏ ဝိုင်းပယ်ခြင်းကို ခံရကြ၏။ ယုံကြည်ခြင်းအတော်အတန်ရှိရုံနှင့် ကြံ့ကြံ့ခံနိုင်သည်မဟုတ်။ (၃၈ မှန်ပေသည်၊ ဤလောကသည် သားရဲ၏အမှတ်တံဆိပ်မခံသူတို့အဖို့ အသက်ရှင်နေထိုင်ရန် ခက်ခဲသောနေရာဖြစ်၏။ မိန်းမ၏အမျိုးအနွယ် အကြွင်းအကျန်များနှင့် ခြောက်သန်းမကသော လူအုပ်ကြီးတို့သည် ဘုရားသခင့်ပညတ်များကိုချိုးဖောက်ရန် အကျပ်ကိုင်ခံရသည့်ကြားမှ သစ္စာစောင့်နိုင်ကြသည်မှာ ယေဟောဝါ၏တန်ခိုးတော်နှင့် ကောင်းချီးကြောင့်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။ (ဗျာဒိတ် ၇:၉) ကျွန်ုပ်တို့အနေနှင့် သားရဲ၏အမှတ်တံဆိပ်ကိုမခံဘဲနေကာ ကမ္ဘာတစ်လွှား စည်းလုံးစွာဖြင့် ယေဟောဝါနှင့် ကိုယ်တော့်ဖြောင့်မတ်သော နည်းလမ်းတော်များကို အဆက်မပြတ် ထင်ပေါ်ကျော်စောစေကြပါစို့။—ဆာလံ ၃၄:၁-၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော ဒံယေလ ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာမျက်နှာ ၁၆၅-၇၉ ကိုကျေးဇူးပြု၍ရှု။
^ အပိုဒ်၊ 5 အာရ်၊စီ၊အိပ်ခ်ျ၊ လင်းစကီးပြုစုသော ရှင်ယောဟန်၏ ဗျာဒိတ်ကျမ်း အနက်ဖွင့်ချက် စာမျက်နှာ ၃၉၀-၁။
^ အပိုဒ်၊ 26 အမှန်မှာ မျိုးချစ်စိတ်သည် ဘာသာတရားတစ်ရပ်ဖြစ်ကြောင်း ဋီကာဆရာများ မှတ်တမ်းတင်ခဲ့ကြပြီ။ ထို့ကြောင့် မျိုးချစ်စိတ်ရှိသူတို့သည် မိမိတို့နေထိုင်ရာနိုင်ငံဖြင့် ကိုယ်စားပြုသော သားရဲ၏ထိုအစိတ်အပိုင်းကို တကယ်ပင် ကိုးကွယ်ကြသည်။ အမေရိကန်ပြည်ထောင်စုမှ မျိုးချစ်စိတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဘာသာတရား တစ်မျိုးအဖြစ်ကြည့်လျှင် မျိုးချစ်ဝါဒသည် ရှေးက အခြားဘာသာရေး စနစ်ကြီးများနှင့် များစွာတူ၏။ . . . ဘာသာရေးဆန်သော ခေတ်သစ်ဝံသာနုသည် မိမိ၏နိုင်ငံတည်းဟူသော ဘုရားကို မိမိအားထားမှီခိုကြောင်း ကောင်းစွာသိရှိ၏။ ထိုဘုရား၏ တန်ခိုးကြီးသောမစမှုကို မိမိလိုအပ်သည်ဟုယူဆ၏။ ထိုဘုရားထံမှ စုံလင်မှုနှင့် ပျော်ရွှင်မှုကိုရသည်ဟု သိမှတ်၏။ ထိုဘုရားအား လုံးဝ ဘာသာရေးဆန်စွာ နာခံ၏။ . . . နိုင်ငံတော်သည် ထာဝရဖြစ်သည်ဟု ယူမှတ်ပြီး သစ္စာရှိနိုင်ငံတော်သားများ၏ သေခြင်းသည် နိုင်ငံတော်၏ ဥဒါန်းမကျေသော ဘုန်းကိတ္တိကို သာ၍တိုးပွားစေသည်။”—ဂျေ ပေါလ် ဝီလီယံစ် ပြုစုသော အမေရိကန်လူမျိုး၏ ယုံကြည်ချက်နှင့် ကိုးကွယ်ပုံ ဟူသောစာအုပ်၊ စာမျက်နှာ ၃၅၉ ၌ကိုးကားထားသော ကားလ်တန် ဂျေ. အက်ဖ်. ဟေးစ်၏အဆို။
^ အပိုဒ်၊ 36 ဥပမာ၊ ကင်းမျှော်စင် ၁၉၉၆၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၂၅-၂၈; ၁၉၉၆၊ မတ် ၁၅၊ စာမျက်နှာ ၇; ၁၉၉၄၊ ဇန်နဝါရီ ၁၅၊ စာမျက်နှာ ၅; ၂၀၀၀၊ ဧပြီ ၁၊ စာမျက်နှာ ၂၆၊ ၂၇ တို့ကိုရှု။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၉၅ ပါ ရုပ်ပုံ]
၎င်းသည် သားရဲ၏ရုပ်တုအား အသက်သွင်းပေးခွင့်ရ