ထိုကနဦးမေတ္တာကို ပြန်ရှင်သန်စေပါ
အခန်း ၇
ထိုကနဦးမေတ္တာကို ပြန်ရှင်သန်စေပါ
ဧဖက်
၁။ ယေရှု၏ ပထမသတင်းတော်ကို အဘယ်အသင်းတော်ထံ ရေးပို့လိုက်သနည်း။ ဘာနှင့်ပတ်သက်၍ ကြီးကြပ်မှူးများကို သတိပေးတော်မူသနည်း။
ယရှု၏ ပထမသတင်းတော်ကို ဧဖက်မြို့ရှိ အသင်းတော်သို့ ရေးပို့လိုက်သည်။ ဧဖက်မြို့သည် ထိုသမယ၌ ပတ်မုကျွန်းအနီးရှိ အာရှမိုင်းနား၏ စည်ပင်ဖွံ့ဖြိုးသော ပင်လယ်ကမ်းခြေမြို့ တစ်မြို့ဖြစ်သည်။ ယောဟန်အား ဤသို့ မိန့်မှာတော်မူသည်– “ဧဖက်မြို့ရှိ အသင်းတော်၏ ကောင်းကင်တမန်ထံ ဤသို့ရေးလော့– လက်ယာလက်တွင် ကြယ်ခုနစ်လုံးကိုကိုင်လျက် ရွှေမီးခုံ ခုနစ်ခုံအလယ်၌ သွားလာသောသူက ဤအရာများကို မိန့်တော်မူ၏။” (ဗျာဒိတ် ၂:၁) ယေရှုသည် အခြားသတင်းတော် ခြောက်ခုမှာကဲ့သို့ မိမိ၏ အာဏာရှိသည့် ရာထူးဌာနန္တရကိုပြသော ကြန်အင်လက္ခဏာတစ်ရပ်ကို အလေးထား၍ ဆိုနေသည်။ အကြီးအကဲအားလုံးသည် မိမိ၏ကာကွယ်မှု ကွပ်ကဲမှုအောက်၌ရှိ၍ အသင်းတော်ရှိသမျှကို မိမိစစ်ဆေးလျက်ရှိကြောင်း ဧဖက်မြို့ရှိ ကြီးကြပ်မှူးများအား သတိရစေသည်။ ကျွန်ုပ်တို့ခေတ်အထိ ကိုယ်တော်သည် ဆက်လက်၍ မေတ္တာဖြင့်ဦးစီးကာ အကြီးအကဲများကို စောင့်ကြည့်နေပြီး အသင်းတော်နှင့် ပူးပေါင်းသူအားလုံးကို ကြင်နာစွာ ထိန်းကျောင်းလျက် နေတော်မူသည်။ အခါအားလျော်စွာ အသင်းတော်ဆိုင်ရာ အစီအစဉ်များကို ပြုပြင်ခြင်းဖြင့် အလင်းကို ပို၍ထွန်းပစေသည်။ မှန်ပေသည်။ ယေရှုသည် ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းချုပ်တည်း။—မဿဲ ၁၁:၂၈-၃၀; ၁ ပေတရု ၅:၂-၄။
၂။ (က) အဘယ်ကောင်းမှုများအတွက် ဧဖက်အသင်းတော်ကို ယေရှု ချီးမွမ်းသနည်း။ (ခ) တမန်တော်ပေါလု၏ အဘယ်သြဝါဒကို ဧဖက်အကြီးအကဲများ နာခံခဲ့ပုံရသနည်း။
၂ ထို့နောက် ယေရှုသည် သတင်းတော် ခုနစ်ခုအနက် နှစ်ခုမှလွဲ၍ ကျန်အားလုံးကို လှိုက်လှဲသော ချီးမွမ်းစကားနှင့် နိဒါန်းပျိုးခြင်းဖြင့် စံနမူနာ ချမှတ်ပေးသည်။ ဧဖက်လူတို့အတွက် ဤသို့သတင်း ပို့လိုက်သည်– “သင်ပြုသောအမှုများ၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို ငါသိ၏။ လူဆိုးများကို သည်းမခံနိုင်ကြောင်း၊ တမန်တော်ဖြစ်သည်ဟု ဆိုသော်လည်း စင်စစ် မဟုတ်သူတို့ကို စစ်ဆေး၍ လူလိမ်ဖြစ်သည်ကို တွေ့ရကြောင်းကို ငါသိ၏။ သင်သည် ခံနိုင်ရည်ကိုပြလျက် ငါ့နာမအတွက် ဆင်းရဲခံသော်လည်း စိတ်အားမလျော့။” (ဗျာဒိတ် ၂:၂၊ ၃) လွန်ခဲ့သောနှစ်များ၌ တမန်တော်ပေါလုက “ကြမ်းတမ်းသော ဝံပုလွေများ” ဖြစ်သည့် သိုးတော်စုကိုနှောင့်ယှက်သော အယူဖောက်ပြန်သူများနှင့် ပတ်သက်၍ ဧဖက်မြို့ရှိ အကြီးအကဲများအား သတိပေးပြီး မိမိ၏လုံ့လရှိသော ပုံနမူနာကိုလိုက်ကာ “နိုးကြားလျက်နေ” ရန် ဆော်သြခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၁၊ ကဘ) ယခု ယေရှုက သူတို့၏ကြိုးပမ်းမှု၊ ခံနိုင်ရည်ရှိမှုနှင့် စိတ်အားမလျော့မှုအတွက် ချီးမွမ်းနေပြီဖြစ်ရာ ပေါလု၏သြဝါဒကို သူတို့လိုက်နာခဲ့၍ ဖြစ်ရပေမည်။
၃။ (က) “တမန်တော်အတုများ” သည် ကျွန်ုပ်တို့ခေတ်၌ သစ္စာရှိသူတို့အား လှည့်ဖြားရန် မည်သို့အားထုတ်ခဲ့သနည်း။ (ခ) အယူဖောက်ပြန်သူများနှင့် ပတ်သက်၍ ပေတရု မည်သို့သတိပေးသနည်း။
၃ သခင့်နေ့တော်အတွင်း၌လည်း “တပည့်တော်များကို သွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်” သော “တမန်တော်အတုများ” ပေါ်ပေါက်ခဲ့သည်။ (၂ ကောရိန္သု ၁၁:၁၃၊ ကဘ; တမန်တော် ၂၀:၃၀; ဗျာဒိတ် ၁:၁၀) ကွဲပြားနေသော ဘာသာဂိုဏ်းဂဏများ အားလုံးကောင်းသည်ဟု သူတို့မြင်ကြသည်။ ဘုရားသခင်၌ အဖွဲ့အစည်းမရှိဟု ဆိုကြသည်။ ၁၉၁၄ ခုနှစ်၌ ယေရှု နိုင်ငံတော်အာဏာ ရသည်ဟူသော အချက်ကိုလည်း ငြင်းပယ်သည်။ သူတို့သည် ၂ ပေတရု ၃:၃၊ ၄ ပါ ဤပရောဖက်ပြုချက်ကို ပြည့်စုံစေသည်– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍ သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။”
၄။ (က) ကဲ့ရဲ့သူတို့၏မာနနှင့် ပုန်ကန်စိတ်သည် မည်သို့ထင်ရှားသနည်း။ (ခ) ယနေ့ခရစ်ယာန်များသည် လိမ်ညာသူ အတိုက်အခံသမားများကို မည်သို့အရေးယူခြင်းဖြင့် မိမိတို့သည် ဧဖက်လူတို့နှင့်တူကြောင်း ပြသနည်း။
၄ ဤကဲ့ရဲ့သူတို့သည် မိမိတို့၏ယုံကြည်ခြင်းကို လူအများရှေ့ ရောမ ၁၀:၁၀) ခရစ်ယာန်ဘောင် ဓမ္မဆရာများ၏ထောက်ခံမှု၊ သတင်းဂျာနယ်များနှင့် တီဗွီလွှင့်ရုံများ၏ အကူအညီဖြင့် မိမိတို့၏ အပေါင်းအသင်းဟောင်းများအကြောင်းကို လိမ်ညာ၍ သတင်းဖြန့်ကြသည်။ ဤလှည့်စားသူတို့၏ အပြောအဆို အကျင့်အကြံသည် မမှန်ကန်ကြောင်း သစ္စာရှိတို့က တစ်ခဏချင်း သိသွားကြသည်။ ယနေ့ ခရစ်ယာန်တို့သည် ဧဖက်လူတို့နည်းတူ “လူဆိုးများကို သည်းမခံနိုင်” သဖြင့် အသင်းတော်များမှ နှင်ထုတ်ကြလေသည်။ *
ကြွေးကြော်ရမည်ကို ရွံမုန်းကြသည်။ (၅။ (က) ဧဖက်လူတို့၌ အဘယ်အားနည်းချက်ရှိသည်ဟု ယေရှုဆိုသနည်း။ (ခ) အဘယ်စကားများကို ဧဖက်လူတို့ သတိရခဲ့ဖို့ ကောင်းသနည်း။
၅ သို့သော် ယခု ယေရှုသည် အသင်းတော် ခုနစ်ခုအနက် အခြားငါးခုကို ပြုသကဲ့သို့ ကြီးလေးသော ပြဿနာတစ်ရပ်ကို ထုတ်နုတ်တင်ပြလိုက်သည်။ ဧဖက်လူတို့အား ဤသို့မိန့်ဆိုသည်– “သို့ရာတွင် သင်သည် ကနဦးမေတ္တာကို စွန့်ခဲ့သည့်အတွက် သင့်အား အပြစ်တင်စရာရှိ၏။” (ဗျာဒိတ် ၂:၄) ဤကိစ္စ၌ သူတို့ပျက်ကွက်ခဲ့ဖို့ မသင့်ပါ။ အကြောင်းမှာ လွန်ခဲ့သော ၃၅ နှစ်၌ တမန်တော်ပေါလုသည် သူတို့ထံစာရေးပြီး “ငါတို့ကိုချစ်သော [ဘုရားသခင်၏] မဟာမေတ္တာတော်”အကြောင်း ပြောပြရုံမက “ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ . . . သည်နည်းတူ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့” ဟူ၍ တိုက်တွန်းနှင့်ခဲ့ပြီ။ (ဧဖက် ၂:၄; ၅:၁၊ ၂) ထိုမျှမက “ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့” ဟူသော ယေရှု၏စကားကို သူတို့နှလုံးပေါ်မှာ စွဲစွဲမြဲမြဲ အက္ခရာတင်ခဲ့ဖို့ ကောင်းပေသည်။ (မာကု ၁၂:၂၉-၃၁) ဧဖက်လူတို့သည် ထိုကနဦးမေတ္တာ ပျောက်ဆုံးခဲ့သည်။
၆။ (က) ကျွန်ုပ်တို့သည် အသင်းတော်၌ လူဟောင်းဖြစ်စေ၊ လူသစ်ဖြစ်စေ အဘယ်အန္တရာယ်နှင့် တိမ်းညွတ်စိတ်များကို သတိနှင့်ရှောင်ရမည်နည်း။ (ခ) ဘုရားသခင်ကိုချစ်သောစိတ်က ဘာပြုရန် ကျွန်ုပ်တို့ကို စေ့ဆော်သင့်သနည်း။
၆ ကျွန်ုပ်တို့သည် အသင်းတော်၌ လူဟောင်းဖြစ်စေ၊ လူသစ်ဖြစ်စေ ယေဟောဝါကိုချစ်သောစိတ် မပျောက်မပျက်ရန် ကာကွယ်ထိန်းသိမ်းရမည်။ ဤမေတ္တာ မည်သို့ ပျောက်ပျက်နိုင်သနည်း။ လောကီအလုပ်အပေါ် သံယောဇဉ်ကြီးခြင်း၊ ငွေများများရလိုခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းတို့သည် ဘဝတွင် ပဓာနဖြစ်လာနိုင်သည်။ သို့နှင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးစိတ် ပျောက်၍ ဇာတိစိတ် ဝင်လာနိုင်သည်။ (ရောမ ၈:၅-၈; ၁ တိမောသေ ၄:၈; ၆:၉၊ ၁၀) ယေဟောဝါကို ချစ်သောစိတ်ကြောင့် အဆိုပါ တိမ်းညွတ်စိတ်များကို ပြုပြင်၍ ‘ဘုရားသခင့် နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို အစဉ်ရှေးဦးထား’ ခြင်းဖြင့် ‘ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူး’ သင့်ပေသည်။—မဿဲ ၆:၁၉-၂၁၊ ၃၁-၃၃။
၇။ (က) အဘယ်စေ့ဆော်မှုကြောင့် ယေဟောဝါ၏ အမှုတော်ကို ထမ်းရွက်ခြင်း ဖြစ်သင့်သနည်း။ (ခ) မေတ္တာနှင့်ပတ်သက်၍ ယောဟန် ဘာပြောသနည်း။
၇ ကျွန်ုပ်တို့သည် အစဉ်သဖြင့် ယေဟောဝါကို နက်နက်ရှိုင်းရှိုင်း ချစ်သောကြောင့် အမှုတော်ကို ထမ်းရွက်နေခြင်း ဖြစ်ပါစေ။ ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့် ခရစ်တော် ပြုလုပ်ပေးခဲ့သမျှကို ကျေးဇူးတင်လေးမြတ်မှု ရှိကြပါစေ။ နောက်ပိုင်း၌ ယောဟန်ကိုယ်တိုင် ရေးသည့်အတိုင်း “ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ၁ ယောဟန် ၄:၁၀၊ ၁၆၊ ၂၁; ဟေဗြဲ ၄:၁၂; ၁ ပေတရု ၄:၈; ကောလောသဲ ၃:၁၀-၁၄; ဧဖက် ၄:၁၅ ကိုလည်းရှု။
ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” ယောဟန် ဤသို့ဆက်ပြောပြသည်– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။” ယေဟောဝါ၊ သခင်ယေရှုခရစ်နှင့် ဘုရားသခင်၏ ရှင်သန်သော နှုတ်ကပါဌ်တော်ကို ချစ်သော ကျွန်ုပ်တို့၏မေတ္တာသည် ဘယ်တော့မျှ မခန်းခြောက်ဘဲ ရှိနိုင်ပါစေ။ ဘုရားသခင့်အမှုတော်ကို အားတက်သရော ထမ်းရွက်ခြင်းဖြင့်သာမက “ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြ” သည်အတိုင်း ၎င်းကိုနာခံခြင်းဖြင့်လည်း ဤမေတ္တာကို ကျွန်ုပ်တို့ ထင်ရှားစေနိုင်သည်။—“ယခင်က အကျင့်များကို ပြုကျင့်လော့”
၈။ ဧဖက်လူတို့ မည်သို့ပြုသင့်သည်ဟု ယေရှု ဆိုသနည်း။
၈ ဧဖက်လူတို့သည် မဆုံးရှုံးလိုလျှင် ယခင်ရှိခဲ့သောမေတ္တာကို ပြန်ရှင်သန်စေရမည်။ “ထို့ကြောင့် အဘယ်အခြေအနေမှ သင် ကျဆင်းလာသည်ကို သတိရလျက် နောင်တရ၍ ယခင်က အကျင့်များကို ပြုကျင့်လော့။ သို့မပြုလျှင် သင့်ထံသို့ ငါလာမည်။ နောင်တမရလျှင် သင်၏မီးခုံကို နေရာမှ ငါဖယ်ရှားမည်။” (ဗျာဒိတ် ၂:၅) အထက်ပါ မိန့်မြွက်ချက်ကို ဧဖက်မြို့ခရစ်ယာန်များ မည်သို့လက်ခံကြသနည်း။ ကျွန်ုပ်တို့မသိပါ။ နောင်တရပြီး ယေဟောဝါအား ချစ်သောစိတ်ကို ပြန်လည်ရှင်သန်စေကြမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သို့မပြုလျှင် သူတို့၏ဆီမီးသည် ငြိမ်းသတ်ခံရပြီး မီးခုံလည်း အရွှေ့ခံရမည်ဖြစ်၏။ သမ္မာတရားထွန်းလင်းခွင့် ဆုံးရှုံးရချေအံ့။
၉။ (က) ဧဖက်လူတို့အတွက် အဘယ်အားရှိစရာစကား ယေရှုမိန့်ဆိုသနည်း။ (ခ) ယောဟန်လက်ထက်အလွန် အသင်းတော်များသည် ဧဖက်လူတို့အား ယေရှုပေးခဲ့သောသြဝါဒကို နာခံရန် မည်သို့ပျက်ကွက်ခဲ့သနည်း။
၉ သို့သော် ယေရှုသည် ဧဖက်လူတို့အတွက် အားတက်ဖွယ်ဖြစ်သော အောက်ပါစကားကို မိန့်ကြားတော်မူသည်– “သို့သော်၊ ငါမုန်းသော နိကောလဂိုဏ်း၏ အကျင့်များကို သင်လည်းမုန်းသောကြောင့် ချီးမွမ်းစရာရှိ၏။” (ဗျာဒိတ် ၂:၆) ယုတ်စွအဆုံး သူတို့သည် ဂိုဏ်းခွဲမှုကို သခင်ယေရှု မုန်းတီးသကဲ့သို့ မုန်းတီးကြပေသည်။ သို့သော် နှစ်များကုန်လွန်သည်နှင့်အမျှ အသင်းတော်များစွာတို့သည် ယေရှု၏ထိုစကားများကို နာခံရန် ပျက်ကွက်လာကြသည်။ ယေဟောဝါ၊ သမ္မာတရားနှင့် အချင်းချင်းအပေါ် မေတ္တာခေါင်းပါးလာသဖြင့် ဝိညာဏအမှောင်ထုထဲသို့ သက်ဆင်းခဲ့ကြလေသည်။ ဂိုဏ်းဂဏ ဒုနှင့်ဒေးကွဲပြားပြီး အချင်းချင်း ကတောက်ကဆတ်ဖြစ်ကြ၏။ ယေဟောဝါအပေါ် မေတ္တာမဲ့သော “ခရစ်ယာန်” ကျမ်းကူးသူတို့သည် သမ္မာကျမ်းစာ၏ ဂရိလက်ရေးစာမူများမှ ဘုရားသခင့် နာမတော်ကို နုတ်ပယ်ကြလေသည်။ မေတ္တာမရှိ၍လည်း ငရဲမီး၊ ငရဲကလေး၊ သုံးပါးပေါင်းတစ်ဆူစသော ဗာဗုလုန်နှင့် ဂရိအယူဝါဒများကို ခရစ်ယာန်အယူဝါဒအဖြစ် ပို့ချကြလေသည်။ ခရစ်ယာန်အမည်ခံ အများထုသည် ဘုရားသခင်နှင့် သမ္မာတရားကို ချစ်သောစိတ်မရှိသဖြင့် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို မဟောပြောတော့ချေ။ ဤကမ္ဘာပေါ် မိမိတို့ကိုယ်ပိုင် နိုင်ငံထူထောင်သော အတ္တသမား ဓမ္မဆရာများ၏ စိုးမိုးမှုအောက်သို့ ကျို့ဝင်ကြလေသည်။—၁ ကောရိန္သု ၄:၈ နှိုင်းယှဉ်။
၁၀။ ၁၉၁၈ ခုနှစ်၌ ခရစ်ယာန်ဘောင်၏ ဘာသာရေးအခြေအနေမှာ မည်သို့နည်း။
၁၀ တရားစီရင်ခြင်းသည် ၁၉၁၈ ခုနှစ်၌ ဘုရားသခင့်အိမ်တော်မှ အစပြုသောအခါ ခရစ်ယာန်ဘောင်၏ ဂိုဏ်းဂဏစွဲ ဓမ္မဆရာများသည် နှစ်ဖက်စလုံးမှ ဗရင်ဂျီနှင့် ပရိုတက်စတင့်အသင်းသားများအား အချင်းချင်းသတ်ဖြတ်ရန် စေ့ဆော်ကာ ပထမကမ္ဘာစစ်ကို ဗြောင်ထောက်ခံလျက်ရှိသည်။ (၁ ပေတရု ၄:၁၇) ခရစ်ယာန်ဘောင် ဘာသာများသည် နိကောလဂိုဏ်း၏ အကျင့်များကိုမုန်းသော ဧဖက်အသင်းတော်ကဲ့သို့မပြု၊ အချင်းချင်းကွဲလွဲ၍ ဘုရားသခင်ကိုဆန့်ကျင်သော အယူဝါဒများနှင့် ရစရာမရှိအောင် ပြည့်နှက်နေသည်။ ထို့ပြင် ယေရှုက မိမိတပည့်များ ဤလောက၏ အစိတ်အပိုင်းမဖြစ်သင့်ဟု ဆိုထားလျက်နှင့် သူတို့၏ဓမ္မဆရာများသည် လောကနှင့် ဆိုးတူကောင်းဖက် လုပ်ကြသည်။ (ယောဟန် ၁၅:၁၇-၁၉) သူတို့၏အသင်းများသည် ဘုရားသခင့် နိုင်ငံတော်တည်းဟူသော ကျမ်းစာ၏အဓိကအကြောင်းကို မသိသဖြင့် ကျမ်းစာသမ္မာတရားအလင်း ထွန်းပြောင်သော မီးခုံများမဖြစ်။ သူတို့၏ အသင်းသားများလည်း ယေဟောဝါ၏ ဝိညာဏဗိမာန်တော် အစိတ်အပိုင်းမဟုတ်ကြချေ။ သူတို့၏ခေါင်းဆောင် အမျိုးသား (နှင့်အမျိုးသမီး) များသည် ကြယ်များမဟုတ်ဘဲ “ဒုစရိုက်လူ” ၏ အသင်းဝင်ဖြစ်ကြောင်း ထင်ရှား၏။—၂ သက်သာလောနိတ် ၂:၃; မာလခိ ၃:၁-၃။
၁၁။ (က) ၁၉၁၈ ခုနှစ်၌ ကမ္ဘာ့ဇာတ်ခုံပေါ်မှ အဘယ်ခရစ်ယာန်အုပ်စုသည် ဧဖက်လူတို့အား ယေရှုမိန့်ဆိုသည့် စကားများကို ကျင့်သုံးကြသနည်း။ (ခ) ယောဟန်အတန်းအစားသည် ၁၉၁၉ ခုနှစ်မှစ၍ ဘာပြုသနည်း။
၁၁ သို့သော် ယောဟန်အတန်းအစားသည် ယေဟောဝါနှင့် သမ္မာတရားကို ချစ်သည့်မေတ္တာနှင့်အတူ ပထမကမ္ဘာစစ်ကြီး၏ ဝရုန်းသုန်းကားနိုင်သည့် ထိုသမယမှ ထွက်ပေါ်လာကြပြီး ထိုမေတ္တာ၏ စေ့ဆော်မှုကြောင့် ယေဟောဝါကို စိတ်အားထက်သန်စွာ ဝတ်ပြုကြလေသည်။ ၁၉၁၆ ခုနှစ်တွင် ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ် တီ၊ ရပ်စဲလ် ကွယ်လွန်သည့်နောက် သူ့အား မဿဲ ၂၅:၂၁၊ ၂၃) သူတို့သည် နိုင်ငံတော်အာဏာနှင့်တကွ အရူပနည်းဖြင့် ယေရှုရောက်ရှိကြောင်း မှတ်သားပြသည့် ကိုယ်တော်ပေးခဲ့သောနိမိတ် ပြည့်စုံကြောင်းကို ကမ္ဘာ့ဖြစ်ရပ်များနှင့် မိမိတို့၏ အတွေ့အကြုံများမှ သတိပြုမိကြသည်။ ၁၉၁၉ ခုနှစ်မှစ၍ ရှေ့သို့ချီကာ ယေရှု၏ မဟာပရောဖက်ပြုချက်မှ အောက်ပါနောက်ဆက်တွဲ ပြည့်စုံချက်တွင် ပါဝင်ကြလေသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” (မဿဲ ၆:၉၊ ၁၀; ၂၄:၃-၁၄) ယေဟောဝါကို ချစ်သောစိတ်သည် တစ်နည်းနည်းဖြင့် ချွတ်ယွင်းခဲ့သည်တိုင် ထိုအချိန်မှစ၍ မီးလျှံအလား ညီးညီးတောက်လာလေသည်။
ပုဂ္ဂိုလ်ရေးကိုးကွယ်လုခမန်းလုပ်ကာ ဂိုဏ်းခွဲရန် ကြံစည်သူများရှိကြရာ ယောဟန်အတန်းအစားက ထိုသူတို့ကို ခုခံခဲ့ကြပေသည်။ ဤခရစ်ယာန်အုပ်စုသည် နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ဆုံးမခြင်းခံခဲ့ရပြီဖြစ်၍ သခင်၏ “ကောင်းလေစွ” ဟူသော စီရင်ချက်ချခြင်း၊ သခင်နှင့်အတူ ဝမ်းမြောက်ရန် ဖိတ်ကြားခြင်း ခံရသည်မှာ သိသာလှသည်။ (၁၂။ (က) ၁၉၂၂ ခုနှစ်၊ သမိုင်းဝင်စည်းဝေးကြီးတွင် အဘယ်ဆော်သြသံ ထွက်ပေါ်ခဲ့သနည်း။ (ခ) ၁၉၃၁ ခုနှစ်၌ ခရစ်ယာန်စစ်များ အဘယ်အမည်ကို လက်ခံခဲ့ကြသနည်း။ အဘယ်အရာအတွက် နောင်တရကြသနည်း။
၁၂ ၁၉၂၂ ခုနှစ်၊ စက်တင်ဘာလ ၅-၁၃ အတွင်း၊ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုနယ်၊ စီဒါပွိုင့်မြို့၌ ၁၈,၀၀၀ မျှသော ထိုခရစ်ယာန်များ၏ သမိုင်းဝင်စည်းဝေးကြီးတွင် အောက်ပါဆော်သြသံ ထွက်ပေါ်ခဲ့သည်– “အသင် အမြင့်ဆုံးသော ဘုရားသခင်၏သားများ လယ်ကွင်းသို့ပြန်သွားကြ။ . . . ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း၊ ယေရှုခရစ်သည် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဖြစ်ကြောင်း တစ်လောကလုံးသိရမည်။ . . . ထို့ကြောင့် ဘုရင်နှင့် ဘုရင့်နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။” ယေဟောဝါ၏ နာမမြတ်ကို ပို၍ထင်ပေါ်ကျော်ကြားစေခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် ထိုခရစ်ယာန်တို့သည် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုနယ်၊ ကိုလံဘတ်စ်မြို့၌ကျင်းပသော စည်းဝေးပွဲကြီးတွင် စုဝေးပြီး ဟေရှာယ ပရောဖက်ပြုချက်၌ ဘုရားသခင်ဖော်ပြထားသော ယေဟောဝါသက်သေများ ဟူသောအမည်ကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြသည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) အဖွဲ့အစည်း၏ အဓိကဂျာနယ်ကို ၁၉၃၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ထုတ်မှစ၍ ကင်းမျှော်စင် ယေဟောဝါ၏ နိုင်ငံတော်ကို ကြေညာခြင်း ဟူ၍ အမည်ပြောင်းလိုက်သည်။ သို့ဖြင့် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့် ကိုယ်တော့်တော်ဝင်အစိုးရကို အဓိကဂုဏ်ပြု၏။ ယေဟောဝါသက်သေများသည် ယေဟောဝါအား ချစ်သောမေတ္တာကို ပြန်လည်ဆန်းသစ်စေခဲ့ပြီဖြစ်ရာ ယခင်က ယေဟောဝါ၏ နာမမြတ်နှင့် နိုင်ငံတော်ကို ဂုဏ်ပြုရန် ပျက်ကွက်ခဲ့သမျှအတွက် နောင်တရခဲ့ကြလေပြီ။—ဆာလံ ၁၀၆:၆၊ ၄၇၊ ၄၈။
“အောင်မြင်သူအား”
၁၃။ (က) ဧဖက်လူတို့သည် ‘အောင်မြင်’ လျှင် အဘယ်ကောင်းချီး ရကြမည်နည်း။ (ခ) ဧဖက်ခရစ်ယာန်များ မည်သို့ ‘အောင်မြင်’ နိုင်မည်နည်း။
၁၃ နောက်ဆုံးတွင် ယေရှုသည် အခြားသတင်းတော်များမှာကဲ့သို့ မိမိမှတစ်ဆင့် သစ္စာတည်ကြည်မှု၏ ဆုလာဘ်များအကြောင်း အသိပေးသည့် ဘုရားသခင့် ဝိညာဉ်တော်ကို သတိပြုရန် ဆော်သြလိုက်သည်။ ဧဖက်လူတို့အား ဤသို့မိန့်တော်မူသည်– “အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ။ အောင်မြင်သူအား ဘုရားသခင့် ပရဒိသုရှိ အသက်ပင်၏ အသီးကိုစားခွင့် ငါပေးမည်။” (ဗျာဒိတ် ၂:၇) ကြားတတ်သောနား ရှိသူတို့က အရေးကြီးလှသော ထိုသတင်းတော်သည် ယေရှုထံမှ အစမပြုဘဲ၊ အချုပ်အခြာ အာဏာပိုင်ရှင် ယေဟောဝါထံတော်မှ သန့်ရှင်းသောဝိညာဉ် သို့မဟုတ် တက်ကြွသော စွမ်းအားမှတစ်ဆင့် စီးဆင်းလာသည်ကိုသိ၍ ထက်သန်သောစိတ်ဖြင့် ဂရုတစိုက် နားထောင်ကြလိမ့်မည်။ သူတို့သည် မည်သို့ ‘အောင်မြင်’ ကြမည်နည်း။ ယေရှု၏ခြေတော်ရာကို ထက်ကြပ်မကွာ လိုက်ခြင်းဖြင့်ဖြစ်၏။ ယေရှုသည် သေသည့်တိုင် သစ္စာစောင့်သဖြင့် “အားယူကြလော့။ ငါသည် ဤလောကကို အောင်ပြီ” ဟု ဆိုနိုင်ခဲ့သည်။—ယောဟန် ၈:၂၈; ၁၆:၃၃၊ သမ္မာ။ ၁ ယောဟန် ၅:၄ ကိုလည်းရှု။
၁၄။ ယေရှုပြောသော “ဘုရားသခင့်ပရဒိသု” သည် ဘာကိုဆိုလိုခြင်း ဖြစ်ရမည်နည်း။
၁၄ ထိုဧဖက်လူတို့ကဲ့သို့သော ဘိသိက်ခံခရစ်ယာန်များသည် မြေကြီးပရဒိသုပေါ်နေထိုင်ရန် မျှော်လင့်ချက်မရှိရကား “ဘုရားသခင့် ပရဒိသုရှိ အသက်ပင်၏အသီး” ကို အဘယ်ကြောင့် စားခွင့်ရကြသနည်း။ မြေကြီးပေါ် ပြန်လည်ထူထောင်သော ပရဒိသုကို ပြောနေခြင်း မဖြစ်နိုင်။ အကြောင်းမှာ ဧဖက်အသင်းတော်သားများအပါအဝင် ဘိသိက်ခံ ၁၄၄,၀၀၀ သောခရစ်ယာန်တို့သည် သိုးသငယ် ခရစ်တော်ယေရှုနှင့်အတူ ဝိညာဉ်သားများအဖြစ် ကောင်းကင်ဇိအုန်တောင်ပေါ်မှာ အုပ်ချုပ်ရန် လူ့ဘောင်မှ ဝယ်ယူခြင်း ခံရ၍ဖြစ်သည်။ (ဧဖက် ၁:၅-၁၂; ဗျာဒိတ် ၁၄:၁၊ ၄) သို့ဖြစ်၍ ဤအောင်မြင်သူများ အမွေရသော ဥယျာဉ်နှင့်တူသည့် ကောင်းကင်ဘုံကို ဆိုနေခြင်းဖြစ်ရမည်။ မသေနိုင်သောအဖြစ်ကိုရသည့် ဤအောင်မြင်သူတို့သည် အဆိုပါ “ဘုရားသခင့် ပရဒိသု” ၌ ယေဟောဝါရှေ့မှောက် ထာဝစဉ် အသက်ရှင်ကြလိမ့်မည်။ အသက်ပင်၏အသီးကို သူတို့စားရခြင်းက ဤအချက်ကို ပုံဆောင်သည်။
၁၅။ အောင်မြင်ရန် ယေရှု တိုက်တွန်းသောစကားသည် ယနေ့ လူအုပ်ကြီးအတွက် အဘယ်ကြောင့် အလွန်အရေးပါသနည်း။
၁၅ သို့ဖြစ်လျှင် ဘိသိက်ခံ ၁၄၄,၀၀၀ တို့ကို သစ္စာရှိရှိထောက်ခံသော မြေကြီးပေါ်ရှိသူများကော မည်သို့နည်း။ ဤအပေါင်းပါ လူအုပ်ကြီးလည်း အောင်မြင်လျက်ရှိသည်။ သို့ရာတွင် သူတို့၏မျှော်လင့်ချက်မှာ မြေကြီးပရဒိသုသို့ ဝင်ရောက်ရန် ဖြစ်သည်။ ထိုတွင် သူတို့သည် “အသက်ရေမြစ်” မှမြစ်ရေကိုသောက်ပြီး မြစ်တစ်လျှောက် စိုက်ထားသော “အပင်များ၏အရွက်များ” ဖြင့် ကုသမှုရကြလိမ့်မည်။ (ဗျာဒိတ် ၇:၄၊ ၉၊ ၁၇; ၂၂:၁၊ ၂) သင်သည် ဤအုပ်စုအဝင်တစ်ဦးဖြစ်လျှင် ယေဟောဝါကို လှိုက်လှိုက်လှဲလှဲချစ်၍ ယုံကြည်ခြင်း အောင်ပန်းဆွတ်နိုင်ပါစေ။ သို့ဖြင့် ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရသည့် ပျော်ရွှင်မှုကို ရယူနိုင်မည်တည်း။—၁ ယောဟန် ၂:၁၃၊ ၁၄ နှိုင်းယှဉ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 တမန်တော်တု ပေါ်ပေါက်ခြင်းဆိုင်ရာ သမိုင်းအသေးစိတ်ကို ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ် စာမျက်နှာ ၁၂၀-၁၂၇ တွင်ရှု။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၃၆ ပါ လေးထောင့်ကွက်]
ယေဟောဝါနှင့် သားတော်ကို မေတ္တာစိတ်ဖြင့် ချီးမွမ်းခြင်း
၁၉၀၅ ခုနှစ်၌ ယေဟောဝါ၏လူမျိုးတော် ထုတ်ဝေသော သီချင်းစာအုပ်တွင် ယေရှုကို သီကျူးသော သီချင်းသည် ယေဟောဝါဘုရားသခင်ကို သီကျူးသောသီချင်း၏ အရေအတွက် နှစ်ဆဖြစ်သည်။ ၁၉၂၈ ခုနှစ်ထုတ် သီချင်းစာအုပ်တွင် ယေရှုကို ထောမနာပြုသော သီချင်းသည် ယေဟောဝါကို ထောမနာပြုသော သီချင်းနှင့် အရေအတွက်ချင်း တူသည်။ သို့သော် ၁၉၈၄ ခုနှစ်တွင် နောက်ဆုံးထုတ်ဝေသော သီချင်းစာအုပ်၌ ယေဟောဝါကို ယေရှုထက် လေးဆ ဂုဏ်ပြုရေးစပ်ထားသည်။ “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏” ဟူသော ယေရှု၏စကားနှင့်အညီ ဖြစ်သည်။ (ယောဟန် ၁၄:၂၈) ယေဟောဝါအား ချစ်သောမေတ္တာကို ရှေ့တန်းတင်ရမည်။ ယင်းနှင့်အတူ ယေရှုကို လှိုက်လှဲစွာချစ်၍ ကိုယ်တော်၏ အဖိုးအနဂ္ဃထိုက်သော ယဇ်ကိုသာမက ဘုရားသခင့် ယဇ်ပုရောဟိတ်မင်းကြီးနှင့် ဘုရင်တည်းဟူသော ကိုယ်တော်၏ ရာထူးဌာနန္တရကိုပါ လေးမြတ်ခြင်းလည်း ရှိရပေမည်။
[စာမျက်နှာ ၃၄ ပါ ဇယား]
ဩဝါဒပေးပုံနှင့်ဆိုင်သော ယေရှု၏ စံနမူနာ
(ဗျာဒိတ် ကျမ်း၏ အခန်းကြီး၊ အခန်းငယ်များကိုညွှန်းလျက်)
သတင်းပို့ရာ အသင်းတော် သြဝါဒပေးခွင့် အာဏာ နိဒါန်း ချီးမွမ်းစကား ရှင်းလင်းစွာ ထောက်ပြသော ပြဿနာ ပဲ့ပြင်မှု နှင့်/သို့မဟုတ် အားပေးမှု ရမည့် ကောင်းချီးများ
ဧဖက် ၂:၁ ၂:၂၊ ၃ ၂:၄ ၂:၅၊ ၆ ၂:၇
ပေရဂံ ၂:၁၂ ၂:၁၃ ၂:၁၄၊ ၁၅ ၂:၁၆ ၂:၁၇
သွာတိရ ၂:၁၈ ၂:၁၉ ၂:၂၀၊ ၂၁ ၂:၂၄၊ ၂၅ ၂:၂၆-၂၈
ဖိလဒေလဖိ ၃:၇ ၃:၈ — ၃:၈-၁၁ ၃:၁၂
လောဒိကိ ၃:၁၄ — ၃:၁၅-၁၇ ၃:၁၈-၂၀ ၃:၂၁