နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
အခန်း ၃၃
နာမည်ပျက် ပြည့်တန်ဆာကို တရားစီရင်ခြင်း
ရူပါရုံ ၁၁ ဗျာဒိတ် ၁၇:၁-၁၈
အကြောင်းအရာ– မဟာဗာဗုလုန်သည် နီးမြန်းသော သားရဲတစ်ကောင်ကို စီး၏။ အဆုံး၌ ၎င်းသားရဲ၏ တိုက်ခိုက်ချေမှုန်းခြင်း ခံရသည်
ပြည့်စုံချိန်– ၁၉၁၉ ခုနှစ်မှ ဆင်းရဲဒုက္ခကြီးအထိ
၁။ ကောင်းကင်တမန် ခုနစ်ပါးထဲမှတစ်ပါးက ယောဟန်အား ဘာကိုဖော်ပြသနည်း။
ဖလားခုနစ်လုံးပြည့်သည့် ယေဟောဝါ၏ ဖြောင့်မတ်သော အမျက်တော်ကို အကုန်အစင် သွန်းလောင်းရမည်ဖြစ်၏။ ဆဋ္ဌမကောင်းကင်တမန်က မိမိ၏ဖလားကို ရှေးဗာဗုလုန်မြို့တည်ရာအရပ်၌ သွန်းလောင်းသောအခါ ၎င်းသည် မဟာဗာဗုလုန်အား ကပ်တိုက်ခြင်းကို ပုံခိုင်းသည်မှာ လျောက်ပတ်လှ၏။ အခြင်းအရာများ နောက်ဆုံးစစ်ပွဲ အာမဂေဒုန်ဆီသို့ဦးတည်လျက် မြန်မြန်ဆန်ဆန် ဖြစ်ပွားသည်နှင့်အမျှ ဖြစ်၏။ (ဗျာဒိတ် ၁၆:၁၊ ၁၂၊ ၁၆) ဖြောင့်မတ်သော တရားစီရင်ချက်များကို ယေဟောဝါ အဘယ်ကြောင့်ဖော်ဆောင်၍ မည်သို့မည်ပုံ ဖော်ဆောင်တော်မူမည်ကို ရှင်းပြသူမှာ ထိုကောင်းကင်တမန်ပင် ဖြစ်ဟန်တူသည်။ ယောဟန်သည် ရှေ့ဆက်၍မြင်ရကြားရသော အရာများကြောင့် အံ့အားသင့်သွား၏– “ထို့နောက် ဖလားခုနစ်လုံးကိုင်သော ကောင်းကင်တမန် ခုနစ်ပါးအနက်မှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် ဤသို့ဆို၏– ‘လာလော့။ များစွာသော ရေပေါ်မှာထိုင်သော ပြည့်တန်ဆာကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။ မြေကြီးဘုရင်တို့သည် သူနှင့်မတရားမေထုန် ကျူးလွန်၍ မြေကြီးသားတို့သည်လည်း သူ၏မတရားမေထုန် စပျစ်ရည်ဖြင့် မူးယစ်ကြ၏။’”—ဗျာဒိတ် ၁၇:၁၊ ၂။
၂။ “ပြည့်တန်ဆာကြီး” သည် (က) ရှေးရောမနိုင်ငံ မဟုတ်ကြောင်း၊ (ခ) ဧရာမစီးပွားရေး မဟုတ်ကြောင်း၊ (ဂ) ဘာသာရေးအဖွဲ့သာဖြစ်ကြောင်း အဘယ်သာဓကရှိသနည်း။
၂ “ပြည့်တန်ဆာကြီး။” အဘယ်ကြောင့် ထိတ်လန့်ဖွယ်ကောင်းသော အမည်ဖြစ်သနည်း။ သူကား မည်သူနည်း။ အချို့က ဤပုံဆောင်ပြည့်တန်ဆာမှာ ရှေးရောမနိုင်ငံ ဖြစ်သည်ဟုဆိုကြ၏။ သို့သော် ရောမနိုင်ငံသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည့်တန်ဆာသည် မြေကြီးဘုရင်များနှင့် မတရားမေထုန် ကျူးလွန်သည်ဖြစ်ရာ ထိုဘုရင်များတွင် ရောမဘုရင်များလည်း ပါဝင်ကြမည်မှာ မုချ။ ထို့ပြင် သူဖျက်ဆီးခံရသည့်နောက်၌ “မြေကြီးဘုရင်များ” က သူသေဆုံးသည့်အတွက် ငိုကြွေးကြသည်ဟုဆိုသည်။ ထို့ကြောင့် သူသည် နိုင်ငံတစ်နိုင်ငံ မဖြစ်နိုင်။ (ဗျာဒိတ် ၁၈:၉၊ ၁၀) ထိုမျှမက လောကီကုန်သည်များလည်း သူ့အတွက်ငိုကြွေးသည်ဖြစ်၍ သူသည် ဧရာမစီးပွားရေးလုပ်ငန်းကို ပုံဆောင်ခြင်းလည်း မဖြစ်နိုင်။ (ဗျာဒိတ် ၁၈:၁၅၊ ၁၆) သို့တစေ၊ ‘လူမျိုးအပေါင်းတို့သည် သူ၏နတ်ဝိဇ္ဇာအတတ်ကြောင့် လမ်းလွဲကြ’ ကုန်၏ဟုဖတ်ရသည်။ (ဗျာဒိတ် ၁၈:၂၃) ဤအချက်က ပြည့်တန်ဆာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးအဖွဲ့ဖြစ်ရမည်ကို ထင်ရှားစေသည်။
၃။ (က) ပြည့်တန်ဆာကြီးသည် အဘယ်ကြောင့် ရိုမင်ကက်သလစ်ချာ့ခ်ျ သို့မဟုတ် ခရစ်ယာန်ဘောင်တစ်ခုလုံးကိုသာမက ပုံဆောင်ခြင်း ဖြစ်ရမည်နည်း။ (ခ) အရှေ့တိုင်း ဘာသာတရားအများစုနှင့် ခရစ်ယာန်ဘောင် ဂိုဏ်းဂဏများ၌ ဗာဗုလုန်ဆိုင်ရာ အဘယ်အယူဝါဒများကို တွေ့ရှိရသနည်း။ (ဂ) ခရစ်ယာန်ဘောင်၏ အယူဝါဒ၊ အခမ်းအနားနှင့် အကျင့်ဓလေ့များစွာတို့၏ ရင်းမြစ်နှင့်ပတ်သက်၍ ရိုမင်ကက်သလစ်ဂိုဏ်းချုပ် ဂျွန် ဟင်နရီ နယူးမင်းက မည်သို့ဝန်ခံသနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၃ အဘယ်ဘာသာရေးအဖွဲ့နည်း။ အချို့ပုဂ္ဂိုလ်များ အခိုင်အမာဆိုကြသည့်အတိုင်း ရိုမင်ကက်သလစ်ချာ့ခ်ျဖြစ်သလော။ သို့မဟုတ် ခရစ်ယာန်ဘောင်တစ်ရပ်လုံးလော။ မဟုတ်ပါ။ လူမျိုးအပေါင်းတို့ကို လမ်းလွဲစေနိုင်လျှင် ထို့ထက်မက ကြီးမားရပေမည်။ အမှန်မှာ ၎င်းသည် ကမ္ဘာ့မိစ္ဆာဘာသာရေး အင်ပါယာတစ်ခုလုံးပင်တည်း။ ကမ္ဘာတစ်ဝန်းရှိ ဘာသာတရားများ၌ ဗာဗုလုန်ဆိုင်ရာအယူဝါဒနှင့် အကျင့်ဓလေ့အမြောက်အမြား တွေ့ရသည်ကိုထောက်ခြင်းဖြင့် ၎င်းသည် ဗာဗုလုန်၏ လျှို့ဝှက်ဆန်းကျယ်မှုများ၌ မြစ်ဖျားခံခဲ့ကြောင်း သိသာ၏။ ဥပမာ၊ လူ့ဝိညာဉ်၌ မွေးရာပါ မသေနိုင်သည့်အဖြစ် ရှိသည်ဟူသောအယူ၊ ညှဉ်းဆဲရာငရဲအယူ၊ သုံးပါးပေါင်းတစ်ဆူအယူ စသည်တို့ကို အရှေ့တိုင်းဘာသာတရား အများစု၌လည်းကောင်း၊ ခရစ်ယာန်ဘောင် ဂိုဏ်းဂဏများတွင်လည်းကောင်း တွေ့ရှိနိုင်သည်။ လွန်ခဲ့သောအနှစ် ၄,၀၀၀ ကျော်အချိန်က ရှေးဗာဗုလုန်မြို့တွင် ပေါက်ဖွားခဲ့သော မိစ္ဆာဘာသာတရားသည် ဧရာမအကောင်ကြီးအသွင်သို့ ကြီးထွားခဲ့ရာ ၎င်းကို မဟာဗာဗုလုန်ဟု သမုတ် * သို့သော် သူ့အား အဘယ်ကြောင့် “ပြည့်တန်ဆာကြီး” ဟူသော စက်ဆုပ်ဖွယ် အသုံးအနှုန်းဖြင့် ခေါ်တွင်ရသနည်း။
သည်မှာ လျောက်ပတ်ပေ၏။၄။ (က) ရှေးဣသရေလနိုင်ငံသည် အဘယ်နည်းများဖြင့် မတရားမေထုန် ကျူးလွန်သနည်း။ (ခ) မဟာဗာဗုလုန်သည် အဘယ်သိသာထင်ရှားသောနည်းဖြင့် မတရားမေထုန် ကျူးလွန်ခဲ့ပြီနည်း။
၄ ဗာဗုလုန် (သို့မဟုတ် “ရှုပ်ထွေးခြင်း” ဟုအဓိပ္ပာယ်ရသော ဘေဘဲလ်) သည် နေဗုခဒ်နေဇာလက်ထက်တွင် တန်ခိုးအရှိန် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ၎င်းသည် ဘာသာရေးနှင့် နိုင်ငံရေးရောစပ်သော နိုင်ငံဖြစ်၍ ကျောင်းဗိမာန်နှင့် ဝတ်ကျောင်းပေါင်း တစ်ထောင်ကျော်ရှိသည်။ ၎င်း၏ဘုန်းကြီးများသည် တန်ခိုးအာဏာထက်မြက်လှ၏။ ဗာဗုလုန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်မှ ရပ်စဲခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ဘာသာရေးဆိုင်ရာ မဟာဗာဗုလုန်မှာမူ သက်ဆိုးရှည်၍ ရှေးပုံစံအတိုင်း နိုင်ငံရေးရာများအပေါ် ဩဇာလွှမ်းကာ ခြယ်လှယ်ရန်အားထုတ်၏။ သို့ရာတွင် နိုင်ငံရေး၌ ဘာသာရေး ဝင်စွက်သည်ကို ဘုရားသခင် သဘောတူတော်မူသလော။ ဟေဗြဲကျမ်းစာ၌ ဣသရေလနိုင်ငံသည် မိစ္ဆာဘာသာနှင့် အရောတဝင်လုပ်သောအခါ ယေဟောဝါအား ကိုးစားမည့်အစား တစ်ပါးအမျိုးသားများနှင့် မဟာမိတ်ဖွဲ့သောအခါ မိမိကိုယ်ကို ပြည့်တန်ဆာဖြစ်စေသည်ဟု ဆိုထားသည်။ (ယေရမိ ၃:၆၊ ၈၊ ၉; ယေဇကျေလ ၁၆:၂၈-၃၀) မဟာဗာဗုလုန်လည်း ဝိညာဏမတရားမေထုန် ကျူးလွန်၏။ သိသာထင်ရှားသည်မှာ အုပ်ချုပ်နေသော မြေကြီး ဘုရင်များအပေါ် ဩဇာတန်ခိုး လွှမ်းမိုးနိုင်ရေးအတွက် သင့်တော်သည်ဟု မိမိထင်သမျှအရာကို ပြုခဲ့ပြီဖြစ်၏။—၁ တိမောသေ ၄:၁။
၅။ (က) ဘုန်းကြီးဓမ္မဆရာတို့သည် မည်သို့သောထင်ပေါ် ကျော်ကြားမှုကို နှစ်သက်ကြသနည်း။ (ခ) လောကီရေးဘက် ထင်ပေါ်လိုသောရမ္မက်သည် အဘယ်ကြောင့် ယေရှုခရစ်၏စကားတော်နှင့် လားလားကြီး ဆန့်ကျင်သနည်း။
၅ ယနေ့ ဘာသာရေးခေါင်းဆောင်များသည် အစိုးရဌာနရာထူး ကြီးကြီးမားမားရယူရန် မကြာခဏပင် မဲဆွယ်စည်းရုံးမှုပြုပြီး အချို့နိုင်ငံဒေသများ၌ဆိုလျှင် အုပ်ချုပ်ရေးတွင် ပါဝင်ရုံမက ဝန်ကြီးရာထူးကိုပင် ရယူကြသည်။ ၁၉၈၈ ခုနှစ်တွင် ကျော်ကြားသော ပရိုတက်စတင့် ဓမ္မဆရာနှစ်ဦးသည် အမေရိကန်သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဟာဗာဗုလုန်ထဲမှ ခေါင်းဆောင်တို့သည် ထင်ပေါ်ကျော်ကြားချင်၏။ သူတို့သည် ထင်ပေါ်သော နိုင်ငံရေးသမားများနှင့် ရောနှောပူးတွဲကြသည်နှင့်အမျှ သူတို့၏ဓာတ်ပုံများကို သတင်းစာများ၌ မကြာခဏတွေ့နိုင်သည်။ ယေရှုမူကား၊ သူတို့နှင့်လုံးဝမတူ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကိုရှောင်ပြီး မိမိ၏တပည့်များနှင့်စပ်လျဉ်း၍လည်း ဤသို့မိန့်ဆိုခဲ့သည်– “အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ ထိုသူတို့သည်လည်း မသက်ဆိုင်ကြပါ။”—ယောဟန် ၆:၁၅; ၁၇:၁၆၊ ခမ; မဿဲ ၄:၈-၁၀; ယာကုပ် ၄:၄ လည်းရှု။
ယခုခေတ် ‘ပြည့်တန်ဆာလုပ်ငန်း’
၆၊ ၇။ (က) ဟစ်တလာ၏ နာဇီပါတီသည် ဂျာမနီနိုင်ငံ၌ မည်သို့အာဏာတက်လာသနည်း။ (ခ) ဗက်တီကင်က နာဇီဂျာမနီနှင့်ချုပ်ဆိုသော သဘောတူညီချက်သည် ဟစ်တလာ၏ ကမ္ဘာစိုးမိုးရန်အားထုတ်မှုကို မည်သို့ပံ့ပိုးခဲ့သနည်း။
၆ ပြည့်တန်ဆာကြီးသည် နိုင်ငံရေးတွင် ဝင်စွက်သည့်အတွက် လူသားများအပေါ် ပြောမကုန်နိုင်အောင် ဆင်းရဲကျရောက်စေခဲ့သည်။ ဥပမာ၊ ဂျာမနီနိုင်ငံ၌ ဟစ်တလာ တန်ခိုးအာဏာကြီးထွားလာပုံ၏ နောက်ကွယ်ဖြစ်ရပ်မှန်များကို သုံးသပ်ကြည့်ပါ။ အချို့သူများက ထိတ်လန့်ရွံရှာဖွယ်ကောင်းသော ထိုဖြစ်ရပ်မှန်များကို သမိုင်းစာအုပ်ထဲမှ ဖျက်ပစ်လိုကြသည်။ ၁၉၂၄ ခုနှစ်၊ မေလတွင် နာဇီပါတီသည် ဂျာမန်ရစ်ခ်စတာ့ဂ် (ဥပဒေပြုအဖွဲ့) ၌ ၃၂ နေရာ ရယူထားသည်။ ၁၉၂၈ ခုနှစ် မေလတွင် ၁၂ နေရာအဖြစ်သို့ ကျဆင်းသွားသည်။ သို့သော် ၁၉၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး စီးပွားရေးကပ်ကြီးဆိုက်ခဲ့ရာ နာဇီတို့သည် ယင်း၏ယက်ကြောင်းကိုစီးကာ သိသိသာသာ နာလန်ထူလာပြီး ၁၉၃၂ ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်သော ရွေးကောက်ပွဲ၌ ၆၀၈ နေရာအနက် နေရာပေါင်း ၂၃၀ ရယူခဲ့သည်။ များမကြာမီ၊ ပုပ်ရဟန်းမင်းချီးမြှင့်သော ဆာဘွဲ့ရ နိုင်ငံတော်အဓိပတိဟောင်း ဖရန့်စ်ဗွန်ပါပင်သည် နာဇီများအား ကူညီပေး၏။ သမိုင်းပညာရှင်များအဆိုအရ ဗွန်ပါပင်သည် သာသနာစောင့် ရောမအင်ပါယာသစ် တည်ထောင်ရန် စိတ်ကူးခဲ့သည်။ သူ၏တိုတောင်းသော နိုင်ငံတော်အဓိပတိ ရာထူးသက်တမ်းသည် အရေးနိမ့်ခဲ့သဖြင့် ယခု နာဇီများမှတစ်ဆင့် အာဏာပြန်ရဖို့ မျှော်လင့်၏။ ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလရောက်သော် သူသည် ဟစ်တလာအတွက် စက်မှုလုပ်ငန်းလောကမှ ဩဇာရှိသူများ၏ ထောက်ခံမှုကို ရယူခဲ့ပြီး ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ဟစ်တလာအား ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်စေရန် ဉာဏ်နီဉာဏ်နက်ဖြင့် ခြေပုန်းခုတ်ခဲ့သည်။ သူကိုယ်တိုင် ဒုတိယအဓိပတိဖြစ်လာပြီး ဟစ်တလာက သူ့အားဖြင့် ဂျာမနီနိုင်ငံမှ ကက်သလစ်အုပ်စုများ၏ ထောက်ခံမှုကို ရယူ၏။ ဟစ်တလာသည် အာဏာရသည့်နောက် နှစ်လအတွင်း ပါလီမန်ကို ဖျက်သိမ်း၍ အတိုက်အခံဘက်မှ ခေါင်းဆောင်များကို ထောင်နှင့်ချီ၍ ချွေးတပ်စခန်းများသို့ ပို့လိုက်ပြီး ဂျူးနှိပ်ကွပ်ရေးကင်ပိန်းကို ပြောင်ပြောင်တင်းတင်း အစပြုလိုက်သည်။
၇ နောက်ပိုင်း၌ ပုပ်ရဟန်းမင်း တစ်ဆယ့်နှစ်ယောက်မြောက် ပိုင်းယပ်စ်ဖြစ်လာသူ ဂိုဏ်းချုပ် ပေးစဲလီက ၁၉၃၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၌ ရောမမြို့တွင် ဗက်တီကင်နှင့် နာဇီဂျာမနီနိုင်ငံစပ်ကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးသောအခါ နာဇီဝါဒ တန်ခိုးအာဏာ ကြီးထွားလာသည်ကို ဗက်တီကင်က မြင်လိုကြောင်း ထင်ရှားခဲ့သည်။ ဗွန်ပါပင်သည် ဟစ်တလာကိုယ်စား စာချုပ်ပေါ် လက်မှတ်ရေးထိုး၍ ပေးစဲလီက ထိုတွင် ဗွန်ပါပင်အား ကြီးမြင့်သော ကက်သလစ်ချာ့ခ်ျဆိုင်ရာ အဆောင်အယောင် ပိုင်းယပ်စ်အဆင့်၏ ကြီးမြတ်သော လက်ဝါးကပ်တိုင်ကို ချီးမြှင့်လိုက်သည်။ * တစ်ဘော် ကိုးအစ်ဗ်စ်က ဦးထုပ်ရှည်ဆောင်း စာတန် ဟူသောစာအုပ်၌ ဤသို့ရေးသားဖော်ပြသည်– “ထိုသဘောတူညီချက်စာချုပ်သည် ဟစ်တလာအတွက် မဟာအောင်မြင်မှု တစ်ရပ်ဖြစ်၏။ ၎င်းသည် ပြင်ပလောကမှ သူရရှိသည့် အဦးဆုံးသော စိတ်ဓာတ်ရေးရာ အားပေးထောက်ခံမှု ဖြစ်သည့်ပြင် အမြင့်ဆုံးဌာနမှ သက်ရောက်လာရာလည်း ဖြစ်၏။” စာချုပ်အရ၊ ဗက်တီကင်သည် ဂျာမနီနိုင်ငံ ကက်သလစ်ဗဟိုပါတီကို အားပေးထောက်ခံရာမှ ရပ်စဲရသဖြင့် ဟစ်တလာ၏ တစ်ပါတီ “အာဏာရှင်အစိုးရ” ကို အတည်ပြုလိုက်သည်။ * ထို့ပြင် စာချုပ်ပါအပိုဒ် ၁၄ ကဤသို့ဆို၏– “ရိုက်ခ် (ဂျာမန်အစိုးရ) တင်မြှောက်သော အုပ်ချုပ်ရေးမှူးက အထွေထွေနိုင်ငံရေးရာ သုံးသပ်ချက်များနှင့်ပတ်သက်၍ ဘာသံသယမျှမရှိကြောင်း သေချာစွာ စစ်ဆေးပြီးနောက်မှသာ ဂိုဏ်းချုပ်များ၊ ဂိုဏ်းအုပ်များ စသည်တို့ကို ခန့်အပ်ခွင့်ပေးမည်ဖြစ်သည်။” “သန့်ရှင်းသောနှစ်” အဖြစ် ပုပ်ရဟန်းမင်း ပိုင်းယပ်စ်ကြေညာသော ၁၉၃၃ ခုနှစ်၏ နှစ်ကုန်ပိုင်းသို့ရောက်သောအခါ ဗက်တီကင်၏ ထောက်ခံအားပေးမှုသည် ဟစ်တလာ၏ ကမ္ဘာ့စိုးမိုးရေးလုံးပန်းမှု၏ အဓိကအကြောင်းရင်း ဖြစ်လာသည်။
၈၊ ၉။ (က) ဗက်တီကင်နှင့် ကက်သလစ်ချာ့ခ်ျအပြင် ၎င်း၏ဘုန်းကြီးအုပ်စုသည် နာဇီတို့၏ဓားမိုး အုပ်စိုးမှုကို မည်သို့တုံ့ပြန်သနည်း။ (ခ) ဒုတိယကမ္ဘာစစ်စတင်ချိန်၌ ဂျာမန်ကက်သလစ် ဂိုဏ်းအုပ်များက အဘယ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သနည်း။ (ဂ) ဘာသာရေးနှင့် နိုင်ငံရေးဆက်ဆံမှုများကြောင့် ဘာဖြစ်ပျက်ခဲ့သနည်း။
၈ လက်တစ်ဆုပ်စာမျှသော ဘုန်းကြီးများနှင့် သီလရှင်များသာ ဟစ်တလာ၏ ရက်စက်ယုတ်မာမှုကို ဆန့်ကျင်သဖြင့် ဒုက္ခခံရကြသော်လည်း ဗက်တီကင်သာမက ကက်သလစ်ချာ့ခ်ျနှင့် ၎င်း၏ဘုန်းကြီးအများထုက ကမ္ဘာ့ကွန်မြူနစ်ဝါဒ၏ တိုးပွားချဲ့ထွင်မှုကိုဟန့်တားသည့် မြေကတုတ်ကြီးဟု မိမိတို့ထင်မှတ်သော နာဇီ၏ဓားမိုးအုပ်စိုးမှုကို တက်တက်ကြွကြွဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ အားပေးထောက်ခံကြ၏။ ပုပ်ရဟန်းမင်း တစ်ဆယ့်နှစ်ယောက်မြောက် ပိုင်းယပ်စ်သည် ဗက်တီကင်နန်းတော်၌ ဇိမ်နှင့်စံမြန်းကာ ဟစ်တလာက ဂျူးများအား မီးလောင်တိုက်သွင်းသည်ကိုလည်းကောင်း၊ ယေဟောဝါသက်သေများနှင့် အခြားလူတို့ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းသည်ကိုလည်းကောင်း လက်ပိုက်၍ကြည့်နေခဲ့သည်။ ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါလ်က ၁၉၈၇ ခုနှစ် မေလ၌ ဂျာမနီနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် စိတ်ရင်းမှန်သောဘုန်းကြီးတစ်ပါးက နာဇီကိုဆန့်ကျင်ပြီး မားမားရပ်ခဲ့သည်ကို ဂုဏ်ပြုသည်မှာ ရယ်စရာကောင်းလှပါသည်။ ဟစ်တလာ၏ ထိတ်လန့်ဖွယ် အုပ်စိုးရာကာလအတွင်း အခြား ဂျာမန်ဘုန်းကြီးအထောင်အသောင်း ဘာလုပ်နေကြသနည်း။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ၌ ဂျာမန်ကက်သလစ် ဂိုဏ်းအုပ်များထုတ်ပြန်သော ဂိုဏ်းအုပ်အမှာစာက အထက်ပါအချက်ကို ရှင်းလင်းစေသည်။ ၎င်းစာ၌ အောက်ပါအပိုဒ်ပါရှိသည်– “အရေးကြီးသော ဤအချိန်ပိုင်း၌ ကက်သလစ်တပ်သားများအနေနှင့် ခေါင်းဆောင်ကြီး ဟစ်တလာအမိန့်ကို နာခံလျက် မိမိတို့တာဝန်ကို ထမ်းရွက်ကာ မိမိတို့တစ်ကိုယ်လုံးကိုစွန့်ဖို့ အသင့်ရှိရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ အသင်းတော်သားများအနေနှင့် ဤစစ်ပွဲအောင်မြင်ရန် ဘုရားသခင် မစတော်မူမည်အကြောင်း စိတ်ထက်သန်စွာ ဆုတောင်းကြပါရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါသည်။”
၉ ကက်သလစ်အသင်း၏ ဤသို့သောသံခင်းတမန်ခင်းက လွန်ခဲ့သောအနှစ် ၄,၀၀၀ ကျော်ကာလအတွင်း ဘာသာရေးက အာဏာနှင့် အခွင့်ထူးရရန် နိုင်ငံရေးအစိုးရအား မျက်နှာလိုမျက်နှာရလုပ်ခြင်း၌ မည်သို့သော ပြည့်တန်ဆာအမှုမျိုးကို ပြုလာခဲ့သည်ကို သာဓကပြ၏။ ဤသို့သော ဘာသာရေးနှင့် နိုင်ငံရေးဆက်ဆံမှုကြောင့် စစ်မက်၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဝေဒနာများ အကြီးအကျယ်ဖြစ်ခဲ့လေပြီ။ ပြည့်တန်ဆာကြီးကို ယေဟောဝါ တရားစီရင်တော့မည်ဖြစ်၍ လူသားများ မည်မျှဝမ်းမြောက်နိုင်မည်တကား။ စီရင်ချက်အတိုင်း မကြာမီဆောင်ရွက်တော်မူပါစေ။
များစွာသောရေပေါ်မှာ ထိုင်လျက်
၁၀။ ကာကွယ်ရေးအတွက် မဟာဗာဗုလုန်အားထားသော “များစွာသောရေ” ကား အဘယ်အရာဖြစ်၍ ၎င်းသည် ဘာဖြစ်နေပြီနည်း။
၁၀ ရှေးဗာဗုလုန်မြို့သည် များစွာသောရေဖြစ်သော ဥဖရတ်မြစ်နှင့် တူးမြောင်းအများအပြားပေါ်မှာ တည်ဆောက်ထားသည်။ ၎င်းတို့သည် တစ်ညချင်းတွင်း ခန်းခြောက်သွား၏။ ထိုအချိန်မတိုင်မချင်း ၎င်းတို့သည် ဗာဗုလုန်မြို့အဖို့ အကာအကွယ်ဖြစ်ရုံမက ဥစ္စာပါတိုးပွားစေယေရမိ ၅၀:၃၈; ၅၁:၉၊ ၁၂၊ ၁၃) မဟာဗာဗုလုန်လည်း အကာအကွယ်နှင့် ချမ်းသာကြီးပွားရေးအတွက် “များစွာသောရေ” ကိုအားထား၏။ ၎င်းပုံဆောင်ရေများကား “လူပုဂ္ဂိုလ်များ၊ လူအုပ်များ၊ လူမျိုးများနှင့် ဘာသာစကားများ” ပင်ဖြစ်၏။ မဟာဗာဗုလုန်၏ကြီးစိုးမှုကိုခံ၍ ၎င်းအား ပစ္စည်းဥစ္စာထောက်ပံ့သည့် ကုဋေပေါင်းများစွာသော လူသားများပင်တည်း။ သို့သော် ၎င်းရေများသည်လည်း ခန်းခြောက်နေပြီ။ အထောက်အပံ့များကို နုတ်သိမ်းနေပြီ။—ဗျာဒိတ် ၁၇:၁၅; ဆာလံ ၁၈:၄၊ ဟေရှာယ ၈:၇ နှိုင်းယှဉ်။
ခဲ့သည်။ (၁၁။ (က) ရှေးဗာဗုလုန်သည် ‘မြေကြီးသားတို့အားလုံးကို’ မည်သို့ ‘မူးယစ်စေ’ သနည်း။ (ခ) မဟာဗာဗုလုန်သည် ‘မြေကြီးသားတို့အားလုံးကို’ မည်သို့ ‘မူးယစ်စေ’ သနည်း။
၁၁ ထို့ပြင် ရှေးဗာဗုလုန်ကို “ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီးတစ်ပြင်လုံးကို မူးယစ်စေသော ရွှေဖလား” ဟူ၍လည်းခေါ်၏။ (ယေရမိ ၅၁:၇) ရှေးဗာဗုလုန်သည် အိမ်နီးချင်းနိုင်ငံများအပေါ် စစ်ရေးအရ အနိုင်ယူသောအခါ ၎င်းတို့အား ယေဟောဝါ၏ အမျက်တော်ကို အတင်းတိုက်၍ အရက်မူးသူများကဲ့သို့ ချည့်နဲ့စေ ခဲ့သည်။ ထိုကိစ္စ၌ ဗာဗုလုန်သည် ယေဟောဝါ၏ လက်သုံးကိရိယာဖြစ်ခဲ့၏။ မဟာဗာဗုလုန်လည်း ကမ္ဘာ့အင်ပါယာ ဖြစ်လာသည်အထိ အောင်ပွဲများခံခဲ့ပြီ။ သို့တစေ ဘုရားသခင့် လက်သုံးကိရိယာကား လုံးဝမဟုတ်။ ယင်းအစား၊ ၎င်းသည် မိမိနှင့် ဘာသာရေးမတရားမေထုန်ပြုသော “မြေကြီးဘုရင်တို့” ၏အစေကိုခံ၏။ မုသာအယူဝါဒများနှင့် ကျွန်ဇာတ်သွင်းသော အကျင့်ဓလေ့များဖြင့် ဒုနှင့်ဒေးချီ၍များပြားလှသော “မြေကြီးသားတို့” အား မူးယစ် အားပျော့စေပြီး အုပ်စိုးရှင်များရှေ့ ခယဝပ်တွားစေခြင်းဖြင့် ထိုဘုရင်များ၏လိုဘကို ဖြည့်ဆည်းခဲ့ပြီ။
၁၂။ (က) ဂျပန်နိုင်ငံမှ မဟာဗာဗုလုန်၏ အစိတ်အပိုင်းတစ်ခုသည် ဒုတိယကမ္ဘာစစ်အတွင်း သွေးချောင်းစီးမှုအတွက် မည်သို့တာဝန်မကင်း ဖြစ်ခဲ့သနည်း။ (ခ) ဂျပန်နိုင်ငံမှ မဟာဗာဗုလုန်ကိုထောက်မသော “ရေ” သည် မည်သို့ခန်းခြောက်လာပြီး အဘယ်ရလဒ် ဖြစ်ပေါ်လာသနည်း။
၁၂ ရှင်တိုဘာသာကိုးကွယ်သော ဂျပန်နိုင်ငံသည် ထင်ရှားသော သာဓကဖြစ်၏။ ၎င်းဝါဒသွတ်သွင်းခံရသော ဂျပန်စစ်သည်က ဧကရာဇ်မင်းတည်းဟူသော အကြီးမြင့်ဆုံးသော ရှင်တိုဘုရားအတွက် အသက်စွန့်ခြင်းသည် အမြတ်ဆုံးဂုဏ်ဒြပ်ဖြစ်သည်ဟု ယူမှတ်၏။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်သားပေါင်း ၁,၅၀၀,၀၀၀ စစ်ပွဲ၌ကျဆုံးခဲ့သည်။ လက်နက်ချခြင်းကို သိက္ခာကျသည်ဟု တစ်ယောက်မကျန်ဆိုရမလောက် ယူမှတ်ယူခဲ့ကြ၏။ သို့ရာတွင် ဂျပန်စစ်ရှုံးသည့်အတွက် ဧကရာဇ်မင်း ဟီရိုဟီတိုသည် ဘုရားအဖြစ် အမည်ခံခြင်းကို မစွန့်ချင်ဘဲ စွန့်လွှတ်ခဲ့ရသည်။ ယင်းကြောင့် မဟာဗာဗုလုန်၏ ရှင်တိုဘာသာဆိုင်ရာအပိုင်းကို ထောက်ခံသော ‘ရေများ’ သိသိသာသာ လျော့နည်းလာသည်။ သို့သော် ရှင်တိုဘာသာ၏ သဘောတူညီချက်ဖြင့် ပစိဖိတ်စစ်တလင်းတွင် သွေးချောင်းစီးပြီးသည့်နောက်မှ ရေများလျော့နည်းလာခြင်းဖြစ်၍ ရင်နာဖွယ်ပါတကား။ ရှင်တိုဘာသာ ဤသို့အားနည်းလာသည့်အတွက် တစ်ချိန်က အများအားဖြင့် ရှင်တိုနှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့သော ဂျပန်လူဦးရေ ၂၀၀,၀၀၀ နီးပါးသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အချုပ်အခြာအာဏာပိုင် အရှင်သခင် ယေဟောဝါထံ ဆက်ကပ်အပ်နှံ၍ နှစ်ခြင်းခံသော အမှုဆောင်များဖြစ်လာရန် လမ်းပွင့်ခဲ့၏။
ပြည့်တန်ဆာသည် သားရဲတစ်ကောင်ကိုစီး၏
၁၃။ ယောဟန်ကို ကောင်းကင်တမန်က ဝိညာဉ်တော်တန်ခိုးဖြင့် တောကန္တာရသို့ ဆောင်သွားသောအခါ အဘယ်အံ့ဖွယ်ရာကို သူတွေ့ရသနည်း။
၁၃ ပြည့်တန်ဆာကြီးနှင့် သူ၏ကြမ္မာအကြောင်းကို ပရောဖက်ပြုချက်က မည်သို့ထပ်လောင်းဖော်ပြသနည်း။ ယခုယောဟန်ဆိုသည့်အတိုင်း နောက်မြင်ကွင်းတစ်ခု ကွက်ကွက်ကွင်းကွင်း ပေါ်လာ၏– “ထို့နောက် သူ [ကောင်းကင်တမန်] သည် ဝိညာဉ်တော်တန်ခိုးဖြင့် ငါ့အား တောကန္တာရထဲသို့ ဆောင်သွား၏။ ငါသည် နီမြန်းသော သားရဲတစ်ကောင်ပေါ် ထိုင်နေသည့် မိန်းမတစ်ယောက်ကို မြင်ရ၏။ ထိုသားရဲသည် ဘုရားသခင်ကို စော်ကားသော အမည်များဖြင့် တစ်ကိုယ်လုံးပြည့်၍ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၏။”—ဗျာဒိတ် ၁၇:၃။
၁၄။ ယောဟန်အား တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည်မှာ အဘယ်ကြောင့်ဆီလျော်သနည်း။
၁၄ ယောဟန်ကို အဘယ်ကြောင့် တောကန္တာရထဲသို့ ဆောင်သွားရသနည်း။ ရှေးဗာဗုလုန်မြို့ ပျက်သုဉ်းရမည်ဟူသော စောစောပိုင်းကကြွေးကြော်ချက်ကို “ရေလွှမ်းမိုးသောတောနှင့်ဆိုင်သော ဗျာဒိတ်တော်” အဖြစ်ဖော်ပြ၏။ (ဟေရှာယ ၂၁:၁၊ ၉) ၎င်းကြွေးကြော်ချက်က ရှေးဗာဗုလုန်မြို့သည် ရေများဖြင့် ဝိုင်းရံကာကွယ်ထားသော်လည်း အသက်ကင်းမဲ့သော ဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ကို သတိပေး၏။ သို့ဖြစ်၍ ယောဟန်အား ရူပါရုံ၌ တောကန္တာရသို့ဆောင်သွား၍ မဟာဗာဗုလုန် ကြုံတွေ့ရမည့်ကြမ္မာကို ပြသသည်မှာ လျောက်ပတ်ပေသည်။ မဟာဗာဗုလုန်လည်း လူဆိတ်ညံ၍ ပြုန်းတီးသောအရပ် ဖြစ်ရလိမ့်မည်။ (ဗျာဒိတ် ၁၈:၁၉၊ ၂၂၊ ၂၃) သို့တစေ၊ ယောဟန်သည် မြင်ရသောအရာကြောင့် အံ့သြမိ၏။ ပြည့်တန်ဆာကြီးတစ်ဦးတည်းသာ ရှိသည်မဟုတ်။ သူသည် ဧရာမသားရဲတစ်ကောင်ကို စီးလျက်နေသည်တကား။
၁၅။ ဗျာဒိတ် ၁၃:၁ မှသားရဲနှင့် ဗျာဒိတ် ၁၇:၃ မှသားရဲတို့ မည်သို့ခြားနားကြသနည်း။
၁၅ ၎င်းသားရဲ၌ ဦးခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၏။ သို့ဖြစ်လျှင် ၎င်းသည် စောစောက ယောဟန်မြင်ရသော အလားတူ ဦးခေါင်းခုနစ်လုံး ဦးချိုဆယ်ချောင်းရှိသည့်သားရဲနှင့် အတူတူပင်ဖြစ်သလော။ (ဗျာဒိတ် ၁၃:၁) မဟုတ်ပါ။ ခြားနားချက်များရှိသည်။ ယခုသားရဲသည် နီမြန်းသောအရောင်ရှိပြီး ယခင်သားရဲကဲ့သို့ သရဖူများ ဆောင်းမထားပါ။ ၎င်း၏ဦးခေါင်းခုနစ်လုံးပေါ်၌သာ ဘုရားသခင်ကို စော်ကားသောအမည်များ ပါရှိသည်မဟုတ်။ “ဘုရားသခင်ကိုစော်ကားသော အမည်များဖြင့် တစ်ကိုယ်လုံးပြည့်” ၏။ သို့တစေ အသစ်သောဤသားရဲနှင့် စောစောကသားရဲ အဆက်အစပ်ရှိရပေမည်။ ၎င်းတို့၏တူညီချက်သည် သိသာလှသဖြင့် တိုက်ဆိုင်မှုမဖြစ်နိုင်။
၁၆။ နီမြန်းသောသားရဲကား အဘယ်အရာဖြစ်၍ ၎င်း၏ဦးတည်ချက်နှင့်ပတ်သက်၍ မည်သို့ဆိုကြသနည်း။
၁၆ သို့ဖြစ်လျှင် နီမြန်းသောဤသားရဲသစ်ကား အဘယ်နည်း။ သိုးသငယ်၏ ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်းရှိသည့် အင်္ဂလိပ်-အမေရိကန်သားရဲ၏ တိုက်တွန်းချက်ဖြင့် ထုလုပ်သော သားရဲ၏ရုပ်တု ဖြစ်ရပေမည်။ ၎င်းရုပ်တုကို ထုလုပ်ပြီးနောက်၌ ဦးချိုနှစ်ချောင်းနှင့်သားရဲသည် ၎င်းသားရဲ၏ရုပ်တုကို အသက်သွင်းခွင့်ရ၏။ (ဗျာဒိတ် ၁၃:၁၄၊ ၁၅) ရှင်သန်၍ အသက်ရှူသောရုပ်တုကို ယခု ယောဟန်မြင်ရလေပြီ။ ၎င်းသည် ၁၉၂၀ ပြည့်နှစ်တွင် ဦးချိုနှစ်ချောင်းနှင့်သားရဲ အသက်သွင်းလိုက်သော နိုင်ငံပေါင်းချုပ်အဖွဲ့အစည်းကို ပုံဆောင်၏။ အမေရိကန်သမ္မတ ဝီလ်စင်က နိုင်ငံပေါင်းချုပ်သည် “လူသားအားလုံးအပေါ် တရားသဖြင့်စီရင်၍ စစ်၏ခြိမ်းခြောက်မှုကို ထာဝစဉ်ဖယ်ရှားမည့် ခုံရုံးဖြစ်မည်” ဟု စိတ်ကူးခဲ့သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ကုလသမဂ္ဂအဖြစ် ပြန်ရှင်လာသောအခါ ၎င်း၏ပဋိညာဉ်စာတမ်းတင် ဦးတည်ချက်မှာ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်” ပင်ဖြစ်သည်။
၁၇။ (က) ပုံဆောင်ရာနီမြန်းသောသားရဲသည် အဘယ်နည်းဖြင့် တစ်ကိုယ်လုံး ဘုရားသခင်ကို စော်ကားသောအမည်များဖြင့် ပြည့်နေသနည်း။ (ခ) နီမြန်းသောသားရဲကို မည်သူစီးနေသနည်း။ (ဂ) ဗာဗုလုန်ဘာသာသည် အစကတည်းက နိုင်ငံပေါင်းချုပ်နှင့်လည်းကောင်း၊ ၎င်း၏နောက်ဆက်ခံနှင့်လည်းကောင်း မည်သို့အချိတ်အဆက် လုပ်ခဲ့သနည်း။
၁၇ ပုံဆောင်သောဤသားရဲသည် မည်သို့သောအားဖြင့် တစ်ကိုယ်လုံး ဘုရားသခင်ကိုစော်ကားသော အမည်များဖြင့် ပြည့်နေသနည်း။ မိမိ၏နိုင်ငံတော်အားဖြင့်သာ ဖြစ်မြောက်စေနိုင်မည်ဟု ဘုရားသခင်မိန့်ဆိုသောအမှုကို လူတို့က မိမိတို့ကိုယ်တိုင် ဖြစ်မြောက်စေမည်ဟုဆိုကာ ဘုရားသခင့်နိုင်ငံတော်အစား အဆိုပါအပြည်ပြည်ဆိုင်ရာရုပ်တုကို ထူထောင်ကြခြင်းအားဖြင့်ပင်တည်း။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၁၂:၁၈၊ ၂၁) သို့သော် ယောဟန်ရူပါရုံ၏ ထူးခြားချက်မှာ နီမြန်းသောသားရဲကို မဟာဗာဗုလုန်က စီးနေခြင်းပင်ဖြစ်၏။ ဤပရောဖက်ပြုချက် ဆိုသည့်အတိုင်းပင် ဗာဗုလုန်ဆိုင်ရာ ဘာသာတရား၊ အထူးသဖြင့် ခရစ်ယာန်ဘောင်ထဲမှ ဘာသာတရားသည် နိုင်ငံပေါင်းချုပ်နှင့်လည်းကောင်း၊ ယင်း၏နောက်ဆက်ခံနှင့်လည်းကောင်း အချိတ် အဆက်ရှိ၏။ ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်ကတည်းက အမေရိကန်နိုင်ငံရှိ ပြည်လုံးကျွတ် ခရစ်တော်၏ အသင်းတော်များကောင်စီဟူ၍ ယခုအများသိကြသော အသင်းအဖွဲ့က အောက်ပါအချက်အပါအဝင် ကြေညာချက်တစ်ရပ်ကို အတည်ပြုလက်ခံခဲ့သည်– “ဤသို့သောအသင်းကြီးသည် နိုင်ငံရေးအရ လက်တွေ့အကျိုးဖြစ်စေသော နည်းလမ်းတစ်ရပ်မျှသာ မဟုတ်၊ ဘုရားသခင့်နိုင်ငံတော် ကမ္ဘာပေါ်တွင် နိုင်ငံရေးအရ ပေါ်ထွန်းခြင်းဖြစ်၏။ . . . အသင်းတော်အနေဖြင့် ၎င်းအား စေတနာစိတ်ဖြင့် ဖြည့်ဆည်းပေးနိုင်၏။ ၎င်းစေတနာစိတ်မရှိလျှင် အဘယ်နိုင်ငံပေါင်းချုပ်ကမျှ မတည်မြဲနိုင်။ . . . နိုင်ငံပေါင်းချုပ်သည် ခရစ်ဝင်ကျမ်း၌ အမြစ်စွဲ၏။ ၎င်း၏ရည်မှန်းချက်မှာ ခရစ်ဝင်ကျမ်းကဲ့သို့ပင် ‘ကမ္ဘာပေါ်မှာငြိမ်သက်ခြင်း၊ လူသားများအပေါ် စေတနာတော် သက်ရောက်စေခြင်းပင်’ ဖြစ်သည်။”
၁၈။ ခရစ်ယာန်ဘောင်၏ ဘုန်းကြီးဓမ္မဆရာအုပ်စုသည် နိုင်ငံပေါင်းချုပ်ကို ထောက်ခံကြောင်း မည်သို့ပြသနည်း။
၁၈ ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်ထုတ် ဆန်ဖရန်စစ်စကို ဖြစ်စဉ်မှတ်တမ်း သတင်းစာ၏ ပထမစာမျက်နှာတွင် “ပုပ်ရဟန်းမင်းက ဝီလ်စင်အဆိုသွင်းသော နိုင်ငံပေါင်းချုပ်ကို အတည်ပြုလက်ခံကြရန် မေတ္တာရပ်ခံ” ဟူသော ခေါင်းစီးပါလာသည်။ ၁၉၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၌ အဓိကကျသော ဂိုဏ်းဂဏများမှ ဘုန်းကြီးဓမ္မဆရာပေါင်း ၁၄,၄၅၀ က အမေရိကန်လွှတ်တော်ထံ ပန်ကြားလွှာတစ်စောင်ကို လက်မှတ်ထိုးတင်သွင်းပြီး “နိုင်ငံပေါင်းချုပ် ပဋိညာဉ်ပါဝင်သော ပဲရစ်စာချုပ်ကို အတည်ပြုပါရန်” တိုက်တွန်းလိုက်သည်။ လွှတ်တော်က ၎င်းစာချုပ်ကိုအတည်ပြုရန် ပျက်ကွက်ခဲ့သော်လည်း ခရစ်ယာန်ဘောင်၏ ဘုန်းကြီးဓမ္မဆရာအုပ်စုက နိုင်ငံပေါင်းချုပ်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြ၏။ နိုင်ငံပေါင်းချုပ်ဖွင့်ပွဲကို မည်သို့ပြုလုပ်ခဲ့ကြသနည်း။ ၁၉၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့စွဲတပ်သော ဆွစ်ဇလန်မှလာသည့် သတင်းတစ်ရပ်က ဤသို့ဆို၏– “ယနေ့နံနက် ဆယ့်တစ်နာရီအချိန်တွင် ဂျီနီဗာမြို့ရှိ ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းရှိသမျှကို ထိုးခြင်းဖြင့် နိုင်ငံပေါင်းချုပ်၏ ပထမအကြိမ် စည်းဝေးပွဲကို ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။”
၁၉။ နီမြန်းသောသားရဲပေါ်လာသောအခါ ယောဟန်အတန်းအစားက အဘယ်လမ်းစဉ်ကို လိုက်သနည်း။
၁၉ လာလတ္တံ့သော မေရှိယနိုင်ငံတော်ကို အားတက်သရောလက်ခံသည့် ကမ္ဘာပေါ်မှ အုပ်စုတစ်စုဖြစ်သော ယောဟန်အတန်းအစားသည် ခရစ်ယာန်ဘောင်နှင့်အတူ နီမြန်းသောသားရဲကို ဦးချခဲ့သလော။ ဝေလာဝေး။ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့၌ အိုဟိုင်အိုပြည်နယ် စီဒါပွိုင့်မြို့တွင်ကျင်းပသော ယေဟောဝါ၏လူမျိုးတော် စည်းဝေးကြီး၌ “ဒုက္ခပင်လယ်ဝေနေရှာသော လူသားထုအတွက် မျှော်လင့်ချက်” ဟူသော လူထုဟောပြောချက်ကို ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် စန်ဒပ်စကီးမြို့ထုတ် စတား-ဂျာနယ် က ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်သည် လူပေါင်း ၇,၀၀၀ နီးပါးရှေ့ ဟောပြောရာ၌ “ဘုရားသခင့် ကိုယ်စားလှယ်များ အမည်ခံ ကက်သလစ်နှင့် ပရိုတက်စတင့် ဘုန်းကြီးဓမ္မဆရာအုပ်စုသည် ဘုရားသခင့် စီမံချက်ကိုစွန့်၍ နိုင်ငံပေါင်းချုပ်ကို ထောက်ခံလျက် ၎င်းကို မြေကြီးပေါ်မှာ ခရစ်တော်နိုင်ငံတော် နိုင်ငံရေးအရ ပေါ်ထွန်းခြင်းအဖြစ် ကြိုဆိုသည့်အတွက် နိုင်ငံပေါင်းချုပ်သည် သခင့်မျက်မာန်တော် မုချစူးရှခံရမည်ဟူ၍ အခိုင်အမာပြောကြား” ခဲ့ကြောင်း ရေးသားဖော်ပြလိုက်သည်။
၂၀။ နိုင်ငံပေါင်းချုပ်ကို “ဘုရားသခင့်နိုင်ငံတော် ကမ္ဘာပေါ်တွင် နိုင်ငံရေးအရ ပေါ်ထွန်းခြင်း” ဖြစ်သည်ဟူ၍ ဘုန်းကြီးဓမ္မဆရာများ ကြိုဆိုခြင်းသည် အဘယ်ကြောင့် ဘုရားသခင်ကို စော်ကားရာရောက်သနည်း။
၂၀ နိုင်ငံပေါင်းချုပ် မရှုမလှ အရေးနိမ့်ခဲ့သည်ကိုထောက်၍ လူတီထွင်သည့် ထိုသို့သောအသင်းအဖွဲ့များသည် မြေကြီးပေါ်မှ ဘုရားသခင့်နိုင်ငံတော်၏ အစိတ်အပိုင်းမဟုတ်ကြောင်း ဓမ္မဆရာများအနေနှင့် နားလည်ဖို့ကောင်းပေသည်။ ထိုသို့သောအသင်းအဖွဲ့များသည် ဘုရားသခင့်နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်ဟုဆိုခြင်းမှာ ဘုရားတရား စော်ကားခြင်းပါတကား။ နောက်ပိုင်း၌ အမဲကွက်ကြီးဖြစ်လာသော နိုင်ငံပေါင်းချုပ်နှင့် ဘုရားသခင်သည် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းရှိသည်ဟု လူတို့အားထင်ယောင်ထင်မှား ဖြစ်စေ၏။ အမှန်မှာ ဘုရားသခင်၏ “အမှုတော်သည် စုံလင်ပေ၏။” ယေဟောဝါသည် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ပြီး ကောင်းကင်ဘုံ၌ အလိုတော် ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံစေရာ၌ ခရစ်တော်အုပ်ချုပ်သော နိုင်ငံတော်ကို အသုံးပြုတော်မူမည်။ ကတောက်ကဆတ်ဖြစ်ကြသည့် နိုင်ငံရေးသမားများ အစုအဝေးကို သုံးတော်မူမည်မဟုတ်။ ထိုသူအများစုမှာ ဘုရားသခင်ကို ယုံကြည်ကြသည်မဟုတ်။—တရားဟောရာ ၃၂:၄; မဿဲ ၆:၁၀။
၂၁။ နိုင်ငံပေါင်းချုပ်၏ နောက်ဆက်ခံ ကုလသမဂ္ဂကို ပြည့်တန်ဆာကြီးက ထောက်ခံအားကျကြောင်း ဘာကပြသနည်း။
၂၁ နိုင်ငံပေါင်းချုပ်၏ နောက်ဆက်ခံ ကုလသမဂ္ဂကို မည်သို့ဆိုမည်နည်း။ ဤအဖွဲ့သည်လည်း အစကတည်းက ပြည့်တန်ဆာကြီး၏ စီးနင်းခြင်းခံရသည်။ ပြည့်တန်ဆာကြီးသည် ၎င်းနှင့်ပြောင်ပြောင်တင်းတင်း ဆက်ဆံလျက် ၎င်းကိုကြိုးကိုင်ရန် အားထုတ်ခဲ့သည်။ ဥပမာ၊ ၎င်း၏အနှစ် ၂၀ မြောက် နှစ်ပတ်လည်ဖြစ်သော ၁၉၆၅ ခုနှစ်၊ ဇွန်လ၌ ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကို ကိုယ်စားပြုသည်ဆိုသော ပရိုတက်စတင့်၊ ဂျူး၊ ဟိန္ဒူ၊ ဗုဒ္ဓနှင့် မွတ်စလင်ဘာသာဝင်များနှင့်တကွ ရိုမင်ကက်သလစ်နှင့် အရှေ့သြသဒေါက်ချာ့ခ်ျတို့၏ ကိုယ်စားလှယ်များသည် ဆန်ဖရန်စစ်စကိုမြို့၌ စည်းဝေးပြီး ကုလသမဂ္ဂကို ထောက်ခံကြောင်း၊ အထင်ကြီးအားကျကြောင်း အထိမ်းအမှတ်ပွဲ ကျင်းပကြသည်။ ပုပ်ရဟန်းမင်း ဆဋ္ဌမမြောက် ပေါလ်သည် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ၌ ကုလသမဂ္ဂသို့ သွားရောက်လည်ပတ်စဉ် ၎င်းကို “အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတကာ့ အကြီးမြတ်ဆုံး အဖွဲ့အစည်း” အဖြစ်ဖော်ပြကာ ဤသို့ဆို၏– “ကမ္ဘာသားတို့သည် ကုလသမဂ္ဂကို ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးမျှော်လင့်ချက်အဖြစ် အားထားကြ၏။” ကုလသမဂ္ဂသို့ သွားရောက်လည်ပတ်သော အခြားပုပ်ရဟန်းမင်းဖြစ်သည့် ဒုတိယမြောက် ဂျွန်ပေါလ်က ၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ယင်းအဖွဲ့အား မိန့်ခွန်းပြောကြားရာ၌ “ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် အကြီးမြင့်ဆုံး ဟစ်တိုင်အဖြစ် ဆက်လက်တည်ရှိသွားမည်ကို ကျွန်ုပ်မျှော်လင့်သည်” ဟုဆို၏။ ထူးခြားသည်မှာ ၎င်းပုပ်ရဟန်းမင်းသည် ယေရှုခရစ် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင့်နိုင်ငံတော် အကြောင်းကိုလည်းကောင်း အလေးပေးမပြောခြင်းဖြစ်၏။ နယူးယောက်တိုင်းမ်စ် သတင်းစာ၌ရေးသည့်အတိုင်း “ဂျွန်ပေါလ်သည်” ၁၉၈၇ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ပြည်သို့ သွားရောက်လည်ပတ်စဉ် “‘အသစ်သော ကမ္ဘာ့သွေးစည်းညီညွတ်မှု’ ဖြစ်ထွန်းရေးတွင် ကုလသမဂ္ဂ၏ အပြုသဘောဆောင်သည့် ကဏ္ဍရပ်နှင့်ပတ်သက်၍ ရှည်လျားထွေပြားစွာ မိန့်ခွန်းပြောကြားသွားသည်။”
လျှို့ဝှက်ဆန်းကြယ်သည့် အမည်တစ်ခု
၂၂။ (က) ပြည့်တန်ဆာကြီးသည် မည်သို့သောသားရဲကို ရွေးစီးမိသနည်း။ (ခ) ပုံဆောင်ပြည့်တန်ဆာ မဟာဗာဗုလုန်ကို ယောဟန် မည်သို့ဖော်ပြသနည်း။
၂၂ ပြည့်တန်ဆာကြီးသည် အန္တရာယ်ပြုတတ်သော သားရဲတစ်ကောင်ကို ရွေးစီးမိကြောင်း တမန်တော်ယောဟန် မကြာမီ သိရတော့မည်။ သို့သော် သူသည် မဟာဗာဗုလုန်ထံ ဦးဆုံး အာရုံရောက်သွားသည်။ ပြည့်တန်ဆာကြီးသည် ဆန်းဆန်းပြားပြား ဝတ်စားဆင်ယင်ထားသော်လည်း ရွံစရာကောင်းလိုက်လေခြင်း။ “ထိုမိန်းမသည် ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို ဝတ်ဆင်လျက်၊ ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများကို ဆင်ယင်ထား၏။ ရွံရှာဖွယ်အရာများနှင့် မိမိမတရားမေထုန်၏ ညစ်ညမ်းသည့် အရာများနှင့်ပြည့်သော ရွှေဖလားကို လက်ထဲ၌ကိုင်ထား၏။ သူ၏နဖူးပေါ်တွင် ‘ပြည့်တန်ဆာများနှင့် မြေကြီးပေါ်ရှိ ရွံရှာဖွယ်ရာများ၏ အမိ၊ မဟာဗာဗုလုန်’ ဟူ၍ လျှို့ဝှက်ဆန်းကြယ်သည့် အမည်ကို ရေးထိုးထား၏။ ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေး၊ ယေရှု၏ သက်သေခံတို့၏သွေးဖြင့် မူးယစ်နေသည်ကို ငါမြင်ရ၏။”—ဗျာဒိတ် ၁၇:၄-၆က။
၂၃။ မဟာဗာဗုလုန်၏ အမည်အပြည့်အစုံမှာ မည်သို့ဖြစ်၍ အဘယ်အဓိပ္ပာယ်ထူး ရှိသနည်း။
၂၃ ရှေးရောမလူတို့ထုံးစံအတိုင်း၊ ဤပြည့်တန်ဆာသည် မည်သူ * “ပြည့်တန်ဆာများနှင့် မြေကြီးပေါ်ရှိ ရွံရှာဖွယ်ရာများ၏ အမိ၊ မဟာဗာဗုလုန်” ဟူသော ရှည်လျားထွေပြားသည့် အမည်ပင်တည်း။ ယင်းနာမည်သည် လျှို့ဝှက်အဓိပ္ပာယ်ရှိသည့် ‘လျှို့ဝှက်ဆန်းကြယ်မှု’ တစ်ခုဖြစ်၏။ သို့သော် ဘုရားသခင့် အချိန်တန်သောအခါ ၎င်းလျှို့ဝှက်ဆန်းကြယ်မှု၏အဓိပ္ပာယ် ပေါ်လွင်လာပေမည်။ အမှန်ဆိုလျှင် ကောင်းကင်တမန်သည် ယောဟန်အား လုံလောက်သော အချက်အလက်များကိုပေးခဲ့သဖြင့် ယနေ့ယေဟောဝါ၏ အမှုတော်ထမ်းများ ထိုအမည်၏အဓိပ္ပာယ်ကို အပြည့်အဝ ဝေဖန်ပိုင်းခြား သိရှိနိုင်ကြ၏။ မဟာဗာဗုလုန်ကား မိစ္ဆာဘာသာအားလုံးပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ရှင်းလင်းစွာသိမြင်၏။ သူသည် ‘ပြည့်တန်ဆာများ၏ အမိ’ ဖြစ်၏။ ခရစ်ယာန်ဘောင်ထဲမှ မြောက်မြားလှသော ဂိုဏ်းဂဏများအပါအဝင် ကမ္ဘာပေါ်ရှိ မိစ္ဆာဘာသာ ရှိရှိသမျှတို့သည် သူ၏သမီးများနှင့်တူပြီး သူ့ကိုတု၍ ဝိညာဉ်ရေးပြည့်တန်ဆာအမှုကို ပြုကြသောကြောင့်ဖြစ်သည်။ မဟာဗာဗုလုန်သည် “မြေကြီးပေါ်ရှိ ရွံရှာဖွယ်ရာများ၏ အမိ” လည်းဖြစ်၏။ အကြောင်းမှာ သူသည် ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဝိဇ္ဇာအတတ်၊ ဗေဒင်အတတ်၊ နက္ခတ်ဗေဒင်အတတ်၊ လက္ခဏာဗေဒင်အတတ်၊ လူယဇ်ပူဇော်ခြင်း၊ ဘုရားကျောင်းပြည့်တန်ဆာအမှု၊ မိစ္ဆာဘုရားများကိုဂုဏ်ပြုရန် အရက်မူးခြင်းမှစ၍ အခြားသော ညစ်ညမ်း၍ အော့ကြောလန်ဖွယ် အကျင့်ဓလေ့များကို မွေးထုတ်၍ဖြစ်၏။
မည်ဝါဖြစ်ကြောင်း သူ၏နဖူးပေါ်မှအမည်က ပြနေသည်။၂၄။ မဟာဗာဗုလုန်သည် “ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များ” ကိုဝတ်ဆင်လျက် “ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများကို ဆင်ယင်လျက်” ရှိသည်ကိုတွေ့ရသည်မှာ အဘယ်ကြောင့်ဆီလျော်သနည်း။
၂၄ မဟာဗာဗုလုန်သည် တော်ဝင်အရောင်ဖြစ်သော “ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို” ဝတ်ဆင်ပြီး “ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများကို ဆင်ယင်လျက်” ရှိ၏။ ဆီလျော်လိုက်လေခြင်း။ ကမ္ဘာ့ဘာသာတရားများ တောင်ပုံရာပုံ စုဆောင်းရယူခဲ့သော ခမ်းနားသည့်အဆောက်အအုံများ၊ ရှားပါးသောရုပ်တုနှင့် ပန်းချီကားများ၊ တန်ဖိုးမဖြတ်နိုင်သော သူတော်စင် ရုပ်တုရုပ်ပုံများနှင့် အခြားသောဘာသာရေးဆိုင်ရာ အဆင်အယင်များအပြင်၊ မိုးထိဘနန်း များပြားလှသည့် အိမ်ရာခြံမြေပစ္စည်းဥစ္စာနှင့် ငွေသားများကိုသာ ခြုံ၍ကြည့်လိုက်ပါ။ မဟာဗာဗုလုန်သည် ဗက်တီကင်တွင်ဖြစ်စေ၊ အမေရိကန်ပြည်ကိုဗဟိုပြုသော တီဗွီဧဝံဂေလိအင်ပါယာတွင်ဖြစ်စေ၊ အရှေ့တိုင်းမှဆန်းကြယ်သော ဘုန်းကြီးကျောင်းများနှင့် ကျောင်းဗိမာန်များတွင်ဖြစ်စေ၊ စည်းစိမ်ဥစ္စာကို ဧရာမရတနာသိုက်ပမာ စုပုံခဲ့သလို တစ်ခါတစ်ရံ ဆုံးရှုံးသည့်ပစ္စည်းဥစ္စာလည်း မယုံနိုင်အောင် များပြားလှ၏။
၂၅။ (က) “ညစ်ညမ်းသည့် အရာများနှင့်ပြည့်သော ရွှေဖလား” ထဲမှအရာများက ဘာကိုပုံခိုင်းသနည်း။ (ခ) ပြည့်တန်ဆာသည် အဘယ်အဓိပ္ပာယ်အရ မူးယစ်သနည်း။
ဗျာဒိတ် ၁၄:၈; ၁၇:၄) ဖလား၏အပြင်ပန်းသည် အဖိုးထိုက်တန်ပုံရသော်လည်း ဖလားထဲမှအရာများမှာ ညစ်ညမ်း၍ ရွံရှာဖွယ်ဖြစ်၏။ (မဿဲ ၂၃:၂၅၊ ၂၆ နှိုင်းယှဉ်။) လူမျိုးများကို ဖြားယောင်း၍ မိမိဩဇာအောက်သို့ရောက်စေရန် ပြည့်တန်ဆာကြီးအသုံးပြုသော ညစ်ညမ်းသည့်အကျင့်ဓလေ့နှင့် မုသာစကား အလုံးစုံပါရှိသည်။ ပြည့်တန်ဆာကိုယ်တိုင် ဘုရားသခင့် အမှုတော်ထမ်းများ၏သွေးနှင့် မူးယစ်နေသည်ကို ယောဟန်တွေ့ရသဖြင့် ထို့ထက်ပို၍ အော့ကြောလန်စရာကောင်းသည်တကား။ အမှန်ဆိုလျှင် “သူ့အထဲ၌ ပရောဖက်တို့မှစ၍ သန့်ရှင်းသူတို့နှင့် မြေကြီးပေါ်မှာ အသတ်ခံရသောသူရှိသမျှတို့၏သွေးကို တွေ့ရ၏” ဟူ၍ နောက်ပိုင်း၌ ကျွန်ုပ်တို့ဖတ်ရသည်။ (ဗျာဒိတ် ၁၈:၂၄) ကြီးလေးလှသော သွေးပြစ်ပါတကား။
၂၅ သူ့လက်ထဲ၌ ဘာရှိသည်ကိုကြည့်ပါ။ ၎င်းကိုယောဟန် မြင်လိုက်သောအခါ ပင့်သက်ရှိုက်မိမည် သေချာသည်။ “ရွံရှာဖွယ်အရာများနှင့် မိမိမတရားမေထုန်၏ ညစ်ညမ်းသည့် အရာများနှင့်ပြည့်သော ရွှေဖလား” ပင်တည်း။ လူမျိုးအပေါင်းတို့ကို မူးယစ်စေသော “မိမိ၏မတရားမေထုန် အမျက်စပျစ်ရည်” ပါရှိသည့် ဖလားပင်တည်း။ (၂၆။ မဟာဗာဗုလုန်သည် သွေးစွန်းခြင်းအပြစ်ရှိကြောင်း အဘယ်သာဓကရှိသနည်း။
၂၆ ကမ္ဘာ့မိစ္ဆာဘာသာရေး အင်ပါယာသည် ရာစုနှစ်များတစ်လျှောက် သွေးကို သမုဒ္ဒရာရေတမျှ သွန်းခဲ့လေပြီ။ ဥပမာ၊ အလယ်ခေတ်က ဂျပန်နိုင်ငံတွင် ကျိုတိုမြို့ရှိ ကျောင်းဗိမာန်များကို ခံတပ်များအဖြစ်သို့ ပြုပြင်ပြောင်းလဲပြီး စစ်ဘုန်းကြီးများက “ဗုဒ္ဓ၏ သန့်ရှင်းသောနာမကို” ပတ္ထနာပြုကာ လမ်းများ သွေးချင်းချင်းနီသည့်တိုင် အချင်းချင်းစစ်ထိုးကြ၏။ ၂၀ ရာစုတွင် ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် မိမိတို့တိုင်းပြည်၏ စစ်တပ်များနှင့်အတူ စစ်ချီကြပြီး တပ်သားများ အချင်းချင်းသတ်ဖြတ်ကြရာ အနည်းဆုံး အသက်သန်းပေါင်းတစ်ရာ သေကျေပျက်စီးခဲ့ရသည်။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ၌ အမေရိကန်သမ္မတဟောင်း နစ်ဆင်က “၂၀ ရာစုနှစ်သည် သမိုင်းတွင် သွေးအစွန်းကွက်ဆုံး ရာစုနှစ်ဖြစ်သည်။ ဤရာစုနှစ်၏စစ်များ၌ သတ်ဖြတ်ခံရသော လူအရေအတွက်သည် ဤရာစုနှစ်မတိုင်မီက တိုက်ခိုက်သည့်စစ်များ၌ သေဆုံးခဲ့သူတို့ထက် များ၏” ဟုပြောကြားခဲ့သည်။ ကမ္ဘာ့ဘာသာတရားများသည် ဤသွေးသွန်းပွဲများတွင် ပါဝင်သောကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြပြီ။ “အပြစ်မရှိသောသူ၏ အသက်ကိုသတ်သောလက်” ကို ယေဟောဝါ ရွံရှာတော်မူ၏။ (သုတ္တံ ၆:၁၆၊ ၁၇) “သန့်ရှင်း၍ စစ်မှန်သော အချုပ်အခြာအာဏာပိုင် အရှင်သခင်၊ ကျွန်ုပ်မျိုးတို့၏ သွေးအတွက် မြေကြီးပေါ်တွင် နေထိုင်သောသူတို့အား တရားမစီရင်၊ လက်စားမချေဘဲ အဘယ်အချိန်အထိ ရှောင်၍နေတော်မူမည်နည်း” ဟူသောအော်ဟစ်သံ ယဇ်ပလ္လင်မှထွက်လာသည်ကို စောစောပိုင်း၌ ယောဟန်ကြားခဲ့ရပြီ။ (ဗျာဒိတ် ၆:၁၀) ၎င်းမေးခွန်းကို ဖြေချိန်တန်သောအခါ ပြည့်တန်ဆာများနှင့် မြေကြီးပေါ်က ရွံရှာဖွယ်ရာများ၏ အမိ၊ မဟာဗာဗုလုန်သည် လုံးဝ ပြေး၍လွတ်မည်မဟုတ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်၏ အယူဝါဒ၊ အခမ်းအနားနှင့် အကျင့်ဓလေ့များစွာတို့သည် ခရစ်ယာန်မဟုတ်သူများထံမှ မြစ်ဖျားခံဆင်းသက်လာကြောင်း ၁၉ ရာစုခေတ်က ရိုမင်ကက်သလစ်ဂိုဏ်းချုပ် ဂျွန် ဟင်နရီ နယူးမင်းက ခရစ်ယာန်အယူဝါဒ ဖြစ်ထွန်းလာပုံစာတမ်း ၌ ရေးသားထားသည်– “ကျောင်းဗိမာန်များကို အသုံးပြုခြင်း၊ ၎င်းတို့ကို သန့်ရှင်းသူတစ်ပါးပါးထံ ရည်စူး၍အပ်နှံခြင်း၊ အခါထူးနေ့ထူးများ၌ သစ်ခက်များဖြင့် တန်ဆာဆင်ခြင်း၊ နံ့သာပေါင်း၊ ဆီမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခြင်း၊ အဖျားအနာ ပျောက်ကင်းသောအခါ သစ္စာအဓိဋ္ဌာန်ပြု၍ ပူဇော်ပသခြင်း၊ ရေစင်၊ ရာဇဝတ်သားများခိုလှုံရာ၊ အခါကြီးရက်ကြီးနှင့် ရာသီပွဲများ၊ ပြက္ခဒိန်အသုံးပြုခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လယ်ယာများကို ကောင်းချီးပေးခြင်း၊ ဘုန်းကြီး၏အခမ်းအနားဝတ်ရုံများ၊ ရဟန်းခံဆံချခြင်း၊ မင်္ဂလာလက်စွပ်၊ အရှေ့အရပ်သို့ မျက်နှာပြုခြင်း၊ နောက်ပိုင်း၌ ရုပ်တုဆင်းတုများအသုံးပြုလာခြင်း၊ ဘုန်းကြီးတရားစာရွတ်ဆိုခြင်း၊ ကစ်ရီးအေး အေးလေးအီးစွန် [“သခင်မြတ်၊ ကရုဏာသက်တော်မူပါ” ဟူသောဓမ္မသီချင်း]၊ ဤအရာအားလုံး တိတ္ထိပင်ရင်းမှဆင်းသက်၍ ချာ့ခ်ျက ၎င်းတို့ကိုလက်ခံခြင်းဖြင့် သန့်ရှင်းစေသည်။”
“အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရား” က ထိုသို့သောရုပ်တုကိုးကွယ်မှုကို သန့်ရှင်းစေမည့်အစား “ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ဟု ခရစ်ယာန်များအား ဆိုဆုံးမတော်မူ၏။—၂ ကောရိန္သု ၆:၁၄-၁၈။
^ အပိုဒ်၊ 7 ဝီလျံ အယ်လ်၊ ရှစ်ရာပြုစုသော တတိယရိုက်ခ်၏ အတက်အကျ ဟူသောသမိုင်းစာအုပ်က ဗွန်ပါပင်သည် “ဟစ်တလာ အာဏာရလာခြင်းအတွက် ဂျာမနီတစ်နိုင်ငံလုံးတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်” ဟုဆို၏။ ၁၉၃၃ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်အဓိပတိဟောင်း ဗွန်ရှလိုင်းခါးက ဗွန်ပါပင်နှင့်ပတ်သက်၍ ဤသို့ဆို၏။ “သူသည် ထိပ်သီးသစ္စာဖောက်ဖြစ်၍ သူနှင့်ယှဉ်လိုက်လျှင် ယုဒရှကာရုတ်သည် သူတော်စင်ဖြစ်လာလိမ့်မည်။”
^ အပိုဒ်၊ 7 ပုပ်ရဟန်းမင်း တစ်ဆယ့်တစ်ယောက်မြောက် ပိုင်းယပ်စ်က ၁၉၂၉ ခုနှစ် မေလ ၁၄ ရက်နေ့၌ မွန်ဒရက်ဂုံကောလိပ်တွင် မိန့်ခွန်းပြောကြားစဉ် မိမိသည် ဝိညာဉ်များ၏ကောင်းစားရေးအတွက် လိုအပ်လျှင် မာရ်နတ်နှင့်ပင် စေ့စပ်ညှိနှိုင်းမည်ဟုဆို၏။
^ အပိုဒ်၊ 23 ဆွက်တီ ကိုးကားသော စာရိတ္တပျက် ယဇ်ပုရောဟိတ်မတစ်ယောက်အား ရောမစာရေးဆရာ စင်နီကာပြောသည့် အောက်ပါစကားနှင့် နှိုင်းယှဉ်ကြည့်ပါ– “အချင်းမိန်းကလေး၊ . . . သင်ဟာ ဇိမ်နန်းမှာရပ်ပြီး . . . နဖူးပေါ်မှာ နာမည်ကိုဆွဲလို့ထား၊ အသရေမဲ့တဲ့အလုပ်အတွက် အသပြာကိုလက်ခံတယ်။”—Controv. i, 2.
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃၇ ပါ လေးထောင့်ကွက်]
ချာချီလ်က ‘ပြည့်တန်ဆာအလုပ်’ ကို ဖော်ထုတ်ခြင်း
“ဩစတြီးယားနိုင်ငံ၏ နိုင်ငံရေးရာများတွင် ထင်ပေါ်သောပုဂ္ဂိုလ်များကို ချည့်နဲ့စေ” ရန်၊ “သို့မဟုတ်၊ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်” ရန် ဖရန့်စ်ဗွန်ပါပင်အား ဟစ်တလာက ဗီယင်နာမြို့ဆိုင်ရာ ဂျာမန်ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ဆင်လုလုမုန်တိုင်း စာအုပ်၌ ဝင်စတန် ချာချီလ်က ရေးသားဖော်ပြသည်။ ဗီယင်နာမြို့ရှိ အမေရိကန်နိုင်ငံဝန်ကြီးက ဗွန်ပါပင်အကြောင်းကို အောက်ပါအတိုင်း ပြောဆိုသည်ဟု ချာချီလ်က ကိုးကားလိုက်သည်– “ပါပင်က သူဟာ သူ့ရဲ့ကက်သလစ် နာမည်ကောင်းကိုသုံးပြီး ဂိုဏ်းချုပ်အင်နစ်ဇာတို့လို ဩစတြီးယားနိုင်ငံသားများအပေါ် ဩဇာလွှမ်းဖို့ ကြံရွယ်တယ်ဆိုပြီး အရှက်လုံးဝမရှိ ပြောင်ပြောင်တင်းတင်း ကျွန်တော့်ကို ပြောတော့တာပဲ။”
ဩစတြီးယားက လက်နက်ချပြီး ဟစ်တလာ၏ မုန်တိုင်းတပ်ဖွဲ့များ ဗီယင်နာမြို့ထဲသို့ ချီတက်ဝင်ရောက်ပြီးနောက် ကက်သလစ်ဂိုဏ်းချုပ် အင်နစ်ဇာက ဩစတြီးယားနိုင်ငံရှိ ဘုရားရှိခိုးကျောင်းမှန်သမျှတွင် စကြာတံဆိပ်အလံကိုလွှင့်ထူပြီး ခေါင်းလောင်းထိုး၍ အဒေါ့လ်ဖ်ဟစ်တလာ၏မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် သူ့အတွက် ဆုမွန်ကောင်းတောင်းကြရန် အမိန့်ပေးခဲ့သည်။
[စာမျက်နှာ ၂၃၈ ပါ ရုပ်ပုံ]
ရိုက်ခ်အတွက် ‘စစ်ပတ္ထနာ’
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ပထမအသုတ်ထုတ် နယူးယောက်တိုင်းမ် ၌ အထက်ပါခေါင်းစီးဖြင့် အောက်ပါဆောင်းပါးကို တွေ့ရသည်–
“ဖူလ်ဒါမြို့ရှိ ကက်သလစ်ဂိုဏ်းအုပ်များ ကောင်းချီးနှင့်အောင်ပွဲအတွက် ဆုတောင်းကြခြင်း . . . ဖူလ်ဒါမြို့တွင် ကျင်းပသော ဂျာမန်ကက်သလစ်ဂိုဏ်းအုပ်များ ကွန်ဖရင့်က ဘုရားဝတ်ပြုမှု အခမ်းအနားမှန်သမျှ၏ အစနှင့်အဆုံး၌ အထူး ‘စစ်ပတ္ထနာ’ တစ်ရပ်ကို ဖတ်ကြားရန် အကြံပေး၏။ ၎င်းပတ္ထနာက ဂျာမန်တပ်များအား အောင်ပွဲကောင်းချီးပေးရန်၊ တပ်သားများ၏အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ဘုရားသခင်အား အသနားခံထား၏။ ဂိုဏ်းအုပ်များက တစ်လလျှင် အနည်းဆုံးတစ်ကြိမ် အထူးတနင်္ဂနွေ တရားဟောပြောချက်တစ်ခု၌ ဂျာမနီ၏ ‘ကြည်းရေလေ’ တပ်သားများကို သတိရအောက်မေ့ရန် ကက်သလစ်ဘုန်းကြီးများအား ထပ်လောင်းညွှန်ကြားလိုက်သည်။” နောက်ပိုင်းထုတ်သတင်းစာများ၌ ၎င်းဆောင်းပါးကို ရုပ်သိမ်းလိုက်သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကား နာဇီဂျာမနီ၏ မဟာမိတ်နိုင်ငံဖြစ်သော ဂျပန်က ပုလဲဆိပ်ကမ်းရှိ အမေရိကန်သင်္ဘောတပ်စုကို တိုက်ခိုက်သောနေ့ဖြစ်သည်။
[စာမျက်နှာ ၂၄၄ ပါ လေးထောင့်ကွက်]
“ဘုရားသခင်ကို စော်ကားသောအမည်များ”
ပထမကမ္ဘာစစ်ပြီးနောက် ဦးချိုနှစ်ချောင်းနှင့်သားရဲက နိုင်ငံပေါင်းချုပ်ကို တည်ထောင်ရန် အဆိုသွင်းသောအခါ ၎င်း၏ဘာသာရေး တိတ်တိတ်ပုန်း ရည်းစားများစွာတို့က ဘာသာရေးသဘောတူ ထောက်ခံချက်ကိုပေးရန် ချက်ချင်းကြံစည်အားထုတ်ကြ၏။ သို့နှင့် ၎င်းငြိမ်းချမ်းရေးအဖွဲ့သစ်သည် “ဘုရားသခင်ကို စော်ကားသောအမည်များဖြင့်ပြည့်” လာသည်။
“ခရစ်ယာန်သာသနာတော်သည် စေတနာစိတ်တည်းဟူသော ပြင်းထန်သည့်စွမ်းအားကို နိုင်ငံပေါင်းချုပ်၏နောက်ခံအဖြစ် ဖြည့်ဆည်းပေးနိုင်သဖြင့် ၎င်းစာချုပ်ကို စာရွက်အသွင်မှ ဘုရားသခင့်နိုင်ငံတော် လက်သုံးတော်အသွင်သို့ ကူးပြောင်းစေသည်။”—ခရစ်ယာန်ရာစု၊ အမေရိကန်ပြည်ထောင်စု၊ ၁၉၁၉ ခုနှစ် ဇွန်လ ၁၉ ရက်၊ စာမျက်နှာ ၁၅။
“နိုင်ငံပေါင်းချုပ်ဟူသော အတွေးအခေါ်သည် စေတနာပြည့်ဝသော လောကီစနစ်တစ်ရပ်အဖြစ် ဘုရားသခင့်နိုင်ငံတော် အတွေးအခေါ်၏ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတိုးချဲ့မှုဖြစ်သည်။ . . . ‘နိုင်ငံတော် တည်ထောင်ပါစေသော’ ဟူ၍ ရှိရှိသမျှသော ခရစ်ယာန်များ ဆုတောင်းကြစဉ် တောင်းလျှောက်သောအရာပင်တည်း။” —ခရစ်ယာန်ရာစု၊ အမေရိကန်ပြည်ထောင်စု၊ ၁၉၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်၊ စာမျက်နှာ ၇။
“နိုင်ငံပေါင်းချုပ်ကို ခိုင်ခံ့စေသောအရာမှာ ခရစ်တော်၏ အသွေးတော် ပင်တည်း။”—အမေရိကန်ပြည်ထောင်စု၊ ပရိုတက်စတင့်တရားဟောဆရာ ဒေါက်တာ ဖရန့်ခရိမ်း။
“[ကွန်ဂရီဂေးရှင်းနယ်ချာ့ခ်ျများ၏] [အမျိုးသား] ကောင်စီက [နိုင်ငံပေါင်းချုပ်] ပဋိညာဉ်ကို တစ်လက်တည်းသော နိုင်ငံရေးလက်သုံးကိရိယာအဖြစ် ထောက်ခံသည်။ ၎င်းကိရိယာကို ယေရှုခရစ်၏ဝိညာဉ်တော်က တိုင်းနိုင်ငံရေးရာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု တော်မူနိုင်ဖွယ်ရှိသည်။”—အမေရိကန်ပြည်ထောင်စု၊ ကွန်ဂရီဂေးရှင်းနယ်လစ်စ်နှင့် အက်ဗန်းစ်၊ ၁၉၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ စာမျက်နှာ ၆၄၂။
“ကွန်ဖရင့်က မက်သဒစ်စ် အသင်းသားအပေါင်းတို့အား [နိုင်ငံပေါင်းချုပ်၏] အမွန်မြတ်ဆုံးစံနှုန်းများကို ခမည်းတော်ဘုရားသခင်နှင့် ကမ္ဘာပေါ်ရှိ ဘုရားသခင့်သားသမီးများ၏ အတွေးအခေါ်အဖြစ် တစ်ခဲနက် ထောက်ခံအားပေးကြရန် မေတ္တာရပ်ခံလိုက်ပါသည်။” —ဗြိတိန်နိုင်ငံ၊ ဝက်စလီယန် မက်သဒစ်စ်ချာ့ခ်ျ။
“၎င်းသဘောတူညီချက်၏ ရည်မှန်းချက်များ၊ ဖြစ်မြောက်စေနိုင်သောအရာများနှင့် သန္နိဋ္ဌာန်များကို ကျွန်ုပ်တို့ သုံးသပ်လိုက်သောအခါ ၎င်း၌ ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတည်းဟူသော ယေရှုခရစ်သွန်သင်ချက်များ၏ အနှစ်သာရပါရှိသည်ကို တွေ့ရပါသည်။ . . . ထို့ထက် လုံးဝမညံ့ပါ။”—၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ ဂျီနီဗာမြို့၊ နိုင်ငံပေါင်းချုပ် ဖွင့်ပွဲအခမ်းအနားတွင် ကင်တာဘယ်ရီဂိုဏ်းချုပ်ရဟန်း ဟောကြားသော ဟောပြောချက်။
“ကျွန်ုပ်တို့နိုင်ငံရှိ နိုင်ငံပေါင်းချုပ်အသင်းသည် လူသားများအကျိုးကို သယ်ပိုးသော အခြားသာသနာပြု အဖွဲ့များနည်းတူ သန့်ရှင်းသော အခွင့်အရေးရှိသည်။ အကြောင်းမှာ၊ ၎င်းသည် မျက်မှောက်အချိန်တွင် လူမျိုးတကာအလယ်မှ ငြိမ်သက်ခြင်းမင်းဖြစ်သော ခရစ်တော်အုပ်ချုပ်မှု၏ အထိရောက်ဆုံး ကိုယ်စားလှယ်အဖွဲ့ ဖြစ်၍တည်း။”—ဗြိတိန်နိုင်ငံ၊ ကွန်ဂရီဂေးရှင်းနယ်လစ်စ် တရားဟောဆရာ ဒေါက်တာ ဂါရ်ဗီ။
[စာမျက်နှာ ၂၃၆ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကမ္ဘာတစ်ဝန်း ယုံကြည်လက်ခံထားသော အယူမှားများသည် ဗာဗုလုန်မှမြစ်ဖျားခံ
ဗာဗုလုန်
သုံးပါးပေါင်းတစ်ဆူဘုရားများ
မသေနိုင်သော ဝိညာဉ်စိုးလ်
နတ်ဝိဇ္ဇာအတတ်—“လူသေများ” နှင့်စကားပြောခြင်း
ဝတ်ပြုမှုတွင် ရုပ်တု များကို အသုံးပြုခြင်း
နတ်ဆိုးများ ကျေအေးစေရန် ဂါထာများရွတ်ခြင်း
တန်ခိုးအာဏာရှိသော ဘုန်းကြီး အုပ်ချုပ်မှု
[စာမျက်နှာ ၂၃၉ ပါ ရုပ်ပုံ]
ရှေးဗာဗုလုန်မြို့ကို များစွာသောရေပေါ်တွင် တည်ဆောက်ထား
[စာမျက်နှာ ၂၃၉ ပါ ရုပ်ပုံ]
ယနေ့ ပြည့်တန်ဆာကြီးသည်လည်း “များစွာသောရေ” ပေါ်တွင် ထိုင်လျက်နေ
[စာမျက်နှာ ၂၄၁ ပါ ရုပ်ပုံ]
မဟာဗာဗုလုန်သည် အန္တရာယ်ကြီးမားသော သားရဲပေါ်တွင် ထိုင်လျက်နေ
[စာမျက်နှာ ၂၄၂ ပါ ရုပ်ပုံ]
ဘာသာရေးဆိုင်ရာ ပြည့်တန်ဆာသည် မြေကြီးရှင်ဘုရင်များနှင့် မတရားမေထုန်ပြု
[စာမျက်နှာ ၂၄၅ ပါ ရုပ်ပုံ]
ထိုမိန်းမသည် ‘သန့်ရှင်းသူတို့၏ သွေးဖြင့် မူးယစ်နေ’