“မဟာဗာဗုလုန် ကျဆုံးပြီ”
အခန်း ၃၀
“မဟာဗာဗုလုန် ကျဆုံးပြီ”
၁။ ဒုတိယကောင်းကင်တမန် ဘာကိုကြေညာ၍ မဟာဗာဗုလုန်ကား မည်သူနည်း။
ဤကား ဘုရားသခင် တရားစီရင်တော်မူရာ အချိန်နာရီတည်း။ သို့ဖြစ်၍ အောက်ပါ ဘုရားသခင့် သတင်းတော်ကို နားစွင့်လော့– “ထို့နောက် အခြားသော ဒုတိယ ကောင်းကင်တမန်တစ်ပါးက နောက်မှလိုက်၍ ‘သူ ကျဆုံးပြီ။ လူမျိုးအပေါင်းတို့အား မိမိ၏ မတရားသော မေထုန်နှင့်ဆိုင်သော အမျက်ဒေါသ စပျစ်ရည်ကိုတိုက်သော မဟာဗာဗုလုန်သည် ကျဆုံးလေပြီ’ ဟု ဆို၏။” (ဗျာဒိတ် ၁၄:၈) ဤတွင် ဗျာဒိတ်ကျမ်းက မဟာဗာဗုလုန်အကြောင်းကို ပထမအကြိမ် အထူးဂရုပြု၍ဆို၏။ သို့သော် နောက်ဆုံးအကြိမ်မဟုတ်။ နောက်ပိုင်း အခန်းကြီး ၁၇ ၌ သူ့ကို ကာမဂုဏ်လွန်ကြူးသော ပြည့်တန်ဆာအဖြစ် တင်ပြပါလိမ့်မည်။ မဟာဗာဗုလုန်ကား မည်သူနည်း။ သူသည် ကမ္ဘာလုံးဆိုင်ရာ အင်ပါယာတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးနှင့်ဆိုင်ကြောင်း၊ ဘုရားသခင့်မိန်းမ၏ အမျိုးအနွယ်ကို တိုက်ခိုက်ရာ၌ စာတန်အသုံးပြုသော စနစ်အတုအယောင်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရလိမ့်မည်။ (ဗျာဒိတ် ၁၂:၁၇) မဟာဗာဗုလုန်ကား ကမ္ဘာတစ်ခုလုံးဆိုင်ရာ မိစ္ဆာဘာသာအင်ပါယာတည်း။ ရှေးဗာဗုလုန်၏ ဘာသာတရားအယူဝါဒနှင့် အကျင့်ဓလေ့များကိုထိန်းသိမ်း၍ ၎င်း၏စိတ်ဓာတ်မျိုးရှိသည့် ဘာသာတရားအားလုံး သိမ်းကျုံးပါဝင်သည်။
၂။ (က) ဗာဗုလုန်ဆိုင်ရာ ဘာသာတရားသည် ကမ္ဘာအနှံ့အပြားသို့ မည်သို့ပြန့်ပွားသွားသနည်း။ (ခ) မဟာဗာဗုလုန်၏ အထင်ပေါ်ဆုံးအပိုင်းမှာ အဘယ်နည်း၊ အဘယ်အခါ၌ အားကြီးသောအဖွဲ့အစည်းတစ်ရပ်အဖြစ် ထွက်ပေါ်လာသနည်း။
၂ လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ကျော်က ဗာဗုလုန်ရဲတိုက် တည်ဆောက်မည့်သူများ၏ ဘာသာစကားကို ယေဟောဝါ ရှုပ်ထွေးစေတော်မူသည့်နေရာကား ထိုဗာဗုလုန်မြို့ပင်တည်း။ ဘာသာစကားမတူသော အုပ်စုများသည် မြေကြီးစွန်းများဆီသို့ ပျံ့နှံ့သွားကြသည်နှင့်အမျှ မိမိတို့၏ ဖောက်ပြန်သောအယူနှင့် အကျင့်ဓလေ့များကိုပါ သယ်ဆောင်သွားကြ၏။ ၎င်းတို့သည် ယနေ့တိုင် ဘာသာတရားကမ္ဘာဦး ၁၁:၁-၉) မဟာဗာဗုလုန်ကား စာတန့်အဖွဲ့အစည်း၏ ဘာသာရေးအပိုင်းဖြစ်သည်။ (ယောဟန် ၈:၄၃-၄၇ နှိုင်းယှဉ်။) ၎င်း၏အထင်ပေါ်ဆုံး အစိတ်အပိုင်းမှာ ခရစ်ယာန်ဘောင်ဖြစ်၍ ၎င်းသည် ခရစ်တော်ခေတ်နောက်ပိုင်း လေးရာစုအချိန်တွင် အင်အားကြီးမားသော တရားမဲ့အဖွဲ့အစည်းအဖြစ် ပေါ်ထွက်လာသည်။ ၎င်း၏အယူဝါဒ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးများသည် ကျမ်းစာကို အခြေခံသည်မဟုတ်။ အများအားဖြင့် ဗာဗုလုန်ဆိုင်ရာ ဘာသာတရားမှ ပေါက်ဖွားလာသည်။—၂ သက်သာလောနိတ် ၂:၃-၁၂။
အများထု၏အယူနှင့် အကျင့်ဓလေ့များ၏ အခြေခံဖြစ်သည်။ (၃။ မဟာဗာဗုလုန်ကျပြီဟု အဘယ်သို့ဆိုနိုင်သနည်း။
၃ ‘ဘာသာတရားသည် ကမ္ဘာပေါ်တွင် ကြီးမားသောသြဇာ လွှမ်းမိုးနေဆဲဖြစ်ရကား မဟာဗာဗုလုန် ကျဆုံးပြီဟု အဘယ်ကြောင့် ကောင်းကင်တမန်က ကြေညာသနည်း’ ဟူ၍ မေးပေမည်။ စဉ်းစားသာကြည့်။ ရှေးဗာဗုလုန်မြို့ကျရှုံးရာ ဘီစီ ၅၃၉ ခုနှစ်နောက်၌ ဘာဖြစ်ခဲ့သနည်း။ ဣသရေလလူတို့ လွတ်မြောက်ပြီး နေရင်းပြည်သို့ပြန်၍ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခဲ့ကြ၏။ ထို့ကြောင့်၊ ၁၉၁၉ ခုနှစ်၌ ဝိညာဏဣသရေလလူမျိုးသည် ရွှန်းလဲ့တောက်ပသော ဝိညာဉ်ရေးကြီးပွားခြင်းအဖြစ်သို့ ပြန်လည်ရောက်ရှိပြီး ယနေ့တိုင် ဆက်လက်ကြီးပွားနေသည့်အဖြစ်က ထိုနှစ်၌ မဟာဗာဗုလုန် ကျဆုံးခဲ့ကြောင်း သက်သေထူလျက်ရှိ၏။ ၎င်းသည် ဘုရားသခင့်လူမျိုးတော်ကို ချုပ်ချယ်နိုင်စွမ်းမရှိတော့။ ထို့ပြင် ၎င်း၏အတွင်းရေးလည်း အတိဒုက္ခဆိုက်နေပြီ။ ၁၉၁၉ ခုနှစ်မှစ၍ ၎င်း၏ဖောက်ပြန်ပျက်ပြားမှု၊ မရိုးသားမှု၊ အကျင့်သီလပျက်ပြားမှုတို့သည် လူသိရှင်ကြား ဖော်ထုတ်ရှုတ်ချခြင်း ခံရလေပြီ။ ဥရောပတိုက် ဒေသအများစု၌ လူအနည်းငယ်သာ ချာ့ခ်ျတက်ကြပြီး ဆိုရှယ်လစ်နိုင်ငံအချို့၌ ဘာသာရေးကို “လူ့ဘိန်း” အဖြစ် ယူမှတ်ကြ၏။ မဟာဗာဗုလုန်သည် ဘုရားသခင့်သမ္မာတရား နှုတ်ကပါဌ်တော်မြတ်နိုးသူ အားလုံးရှေ့၌ အသရေပျက်ပြီဖြစ်၍ ယေဟောဝါ၏ ဖြောင့်မတ်သော စီရင်ကွပ်မျက်မှုကိုခံဖို့ မိမိအလှည့်ကို စောင့်နေသည်နှင့် မခြားတော့ချေ။
ဗာဗုလုန်၏ အရှက်တကွဲ ကျဆုံးခြင်း
၄-၆။ မဟာဗာဗုလုန်သည် “တိုင်းနိုင်ငံရှိသမျှတို့အား မိမိ၏မတရားမေထုန် အမျက်စပျစ်ရည်ကိုတိုက်” သည်မှာ မည်သို့နည်း။
၄ မဟာဗာဗုလုန်၏ အရှက်တကွဲ ကျဆုံးစဉ်က အခြေအနေကို ယေရမိ ၂၅:၁၅၊ ၁၆) ယေဟောဝါသည် ဘီစီ ဆဋ္ဌမနှင့် သတ္တမရာစုတွင် ရှေးဗာဗုလုန်ကိုသုံး၍ ပုံခိုင်းချက်ဖြစ်သော ဆင်းရဲဒုက္ခ ခွက်ဖလားကိုသွန်းကာ အယူဖောက်ပြန်သော ယုဒနိုင်ငံအပါအဝင် တိုင်းနိုင်ငံများစွာတို့အား တိုက်တော်မူသဖြင့် မိမိလူမျိုးတော်ကိုယ်နှိုက် သုံ့ပန်းအဖြစ် ဆောင်ကြဉ်းခံခဲ့ရသည်။ ထို့နောက် ဗာဗုလုန်ဘုရင်က မိမိကိုယ်ကိုချီးမြှောက်၍ “ကောင်းကင်ဘုံ၏အရှင်” ယေဟောဝါကို အန်တုသောကြောင့် ဗာဗုလုန်ကိုယ်တိုင် လျှောကျရသည့်အလှည့် ရောက်လာသည်။—ဒံယေလ ၅:၂၃။
အသေးစိတ် သုံးသပ်ကြည့်ကြစို့။ ကောင်းကင်တမန်က မဟာဗာဗုလုန်သည် “လူမျိုးအပေါင်းတို့အား မိမိ၏ မတရားသော မေထုန်နှင့်ဆိုင်သော အမျက်ဒေါသ စပျစ်ရည်ကိုတိုက်” သည်ဟုဆို၏။ ဘာကိုပြောလိုသနည်း။ ၎င်းသည် အောင်နိုင်ခြင်းနှင့်ဆိုင်၏။ ဥပမာ၊ ယေဟောဝါက ယေရမိအား “အမျက်တော် စပျစ်ရည်ဖလားကို ငါ့လက်မှခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သော လူမျိုးအပေါင်းတို့ကို သောက်စေလော့။ သူတို့အလယ်သို့ ငါစေလွှတ်သောဓားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (၅ မဟာဗာဗုလုန်လည်း အောင်ပွဲများခံခဲ့သည်။ သို့သော် များသောအားဖြင့် ပရိယာယ်ဖြင့်ဖြစ်၏။ သူသည် ပြည့်တန်ဆာ၏ မာယာများကိုသုံးပြီး ‘လူမျိုးအပေါင်းတို့အား စပျစ်ရည်ကိုတိုက်’ ၍ သူတို့နှင့် ဘာသာရေး မတရားမေထုန်ကိုပြု၏။ နိုင်ငံရေးမင်းစိုးရာဇာများအား မိမိနှင့်ချစ်ကြည်ရေးမိတ်ဖွဲ့ရန် မြှူဆွယ်ခဲ့သည်။ မိမိ၏ဘာသာရေး သွေးဆောင်မှုများဖြင့် နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဘက် ကြီးနိုင်ငယ်ညှဉ်းပြုရန် ဉာဏ်ဆင်ခဲ့သည်။ နိုင်ငံရေးနှင့် ကုန်သွယ်ရေးအကြောင်း သက်သက်ဖြင့် ဘာသာရေးနှိပ်စက်ညှဉ်းပန်းမှုများ၊ ဘာသာရေးစစ်ပွဲများနှင့် ခရူးဆိတ်စစ်ပွဲများအပြင် နိုင်ငံချင်းစစ်ပွဲများဖြစ်ပွားစေရန် တို့မီးရှို့မီးလုပ်ခဲ့သည်။ ၎င်းစစ်ပွဲများမှာ ဘုရားသခင့် အလိုတော်ဖြစ်သည်ဟု ဆိုခြင်းဖြင့်လည်း ၎င်းတို့ကို သန့်ရှင်းသောစစ်ပွဲများ ဖြစ်စေခဲ့သည်။
၆ ဘာသာရေးသည် နှစ်ဆယ်ရာစု၏စစ်နှင့် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်သည်မှာ လူသိရှင်ကြားပင်။ ဥပမာ၊ ရှင်တိုဘာသာဝင် ဂျပန်၊ ဟိန္ဒူဘာသာဝင် အိန္ဒိယ၊ ဗုဒ္ဓဘာသာဝင် ဗီယက်နမ်၊ “ခရစ်ယာန်” ဘာသာဝင် မြောက်အိုင်ယာလန်နှင့် လက်တင်အမေရိကနိုင်ငံများ စသည်တို့၌ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်းနှစ်ဖက်တွင် စစ်ဘက်ဆိုင်ရာ ဘုန်းကြီးဓမ္မဆရာများက လူငယ်များအား အချင်းချင်းသတ်ဖြတ်ရန် သွေးထိုးခဲ့သည်ကိုလည်း လျစ်လျူမရှုသင့်။ မဟာဗာဗုလုန်၏ စံတင်လောက်သော ကြာများပုံ သာဓကတစ်ရပ်မှာ ၁၉၃၆-၁၉၃၉ ခုနှစ် စပိန်ပြည်တွင်းစစ်၌ ပါဝင်ခြင်းပင်တည်း။ ထိုစစ်တွင် လူပေါင်း ၆၀၀,၀၀၀ သတ်ဖြတ်ခံလိုက်ရသည်။ ဤသွေးချောင်းစီးစစ်ပွဲကား ကက်သလစ်ဘုန်းကြီး
အဖွဲ့နှင့် ၎င်းတို့၏မဟာမိတ်များကို ထောက်ခံသောသူများ ဆွလိုက်သောစစ်ဖြစ်ပြီး အကြောင်းတစ်ခုမှာ ချာ့ခ်ျ၏ဥစ္စာဓနနှင့် ဌာနန္တရကို စပိန်နိုင်ငံ၏တရားဝင်အစိုးရက ထိပါးလာခြင်းကြောင့်ဖြစ်၏။၇။ မဟာဗာဗုလုန်၏ အဓိကပစ်မှတ်ကား မည်သူနည်း၊ ၎င်းသည် အဘယ်နည်းများကိုသုံးပြီး ၎င်းပစ်မှတ်ကို ပစ်ခတ်သနည်း။
၇ မဟာဗာဗုလုန်သည် စာတန့်အမျိုးအနွယ်၏ ဘာသာရေး အစိတ်အပိုင်းဖြစ်သဖြင့် အစဉ်သဖြင့် ယေဟောဝါ၏ “မိန်းမ၊” ‘အထက်ယေရုရှလင်’ ကို အဓိကပစ်မှတ်အဖြစ် ချိန်ရွယ်ခဲ့သည်။ ပထမရာစု၌ ဘိသိက်ခံခရစ်ယာန် အသင်းတော်သည် မိန်းမ၏ အမျိုးအနွယ်ဖြစ်ကြောင်း သိသာထင်ရှား၏။ (ကမ္ဘာဦး ၃:၁၅; ဂလာတိ ၃:၂၉; ၄:၂၆) မဟာဗာဗုလုန်က စင်ကြယ်သော ထိုခရစ်ယာန်အသင်းတော်အား ဘာသာရေး မတရားမေထုန်ပြုစေရန် သွေးဆောင်ခြင်းဖြင့် ၎င်းကိုအောင်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ တမန်တော်ပေါလုနှင့် ပေတရုတို့က လူအမြောက်အမြား အညံ့ခံအရှုံးပေး၍ အယူဖောက်ပြန်မှုကြီး ပေါ်လာမည်ဟု သတိပေးခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁-၃) အသင်းတော်ခုနစ်ခုထံ ရေးလိုက်သော ယေရှု၏ သတင်းစကားများကလည်း ယောဟန်၏ အသက်တာကုန်ဆုံးချိန်၌ မဟာဗာဗုလုန်သည် လူကိုဖောက်ပြန်စေရန် အားထုတ်ရာတွင် အတော်အတန် အောင်မြင်လျက်ရှိကြောင်း အရိပ်အမြွက်ပြခဲ့သည်။ (ဗျာဒိတ် ၂:၆၊ ၁၄၊ ၁၅၊ ၂၀-၂၃) သို့တစေ၊ ၎င်းအား အဘယ်အတိုင်းအတာအထိ ခွင့်ပြုမည်ကို ယေရှုပြသနှင့်ပြီ။
ဂျုံပင်နှင့် ပေါင်းပင်များ
၈၊ ၉။ (က) ယေရှု၏ဂျုံပင်နှင့် ပေါင်းပင် ဥပမာက ဘာကိုပြသနည်း။ (ခ) “လူတို့အိပ်ပျော်သောအခါ” ဘာဖြစ်သနည်း။
၈ ယေရှုက ဂျုံပင်နှင့် ပေါင်းပင်ဥပမာတွင် လယ်၌ မျိုးကောင်းကိုကြဲသော သူတစ်ဦးအကြောင်း မိန့်မြွက်တော်မူ၏။ “လူတို့အိပ်ပျော်သောအခါ” ရန်သူတစ်ဦးက လာ၍ ပေါင်းမျိုးစေ့ကို ကြဲသွား၏။ သို့နှင့် ဂျုံပင်သည် ပေါင်းပင်၏ဖုံးအုပ်ခြင်းကို ခံရလေသည်။ ယေရှုက မိမိမိန့်မြွက်သော ပုံဥပမာ၏အနက်ကို ဤသို့ရှင်းပြတော်မူ၏– “ကောင်းသောမျိုးစေ့ကို ကြဲသောသူသည် လူသားဖြစ်၏။ လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ [“ပေါင်းပင်များ၊” ကဘ] ကား နတ်ဆိုးသားများဖြစ်၏။ တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။” ထို့နောက် ကိုယ်တော်က ဂျုံပင်နှင့်ပေါင်းပင် နှစ်ပါးစလုံးကို “ကမ္ဘာကုန်သောကာလ” [“စနစ်ဆုံးခန်း၊” ကဘ] အထိ ပေါက်ခွင့်ပေးမည်၊ “စနစ်ဆုံးခန်း” ရောက်သောအခါ ကောင်းကင်တမန်များက ပုံခိုင်းချက်ဖြစ်သော ပေါင်းပင်များကို “ရွေးနုတ်” မည်ဟုမိန့်တော်မူ၏။—မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃။
တမန်တော် ၂၀:၃၁) များမကြာမီ ပေါင်းပင်သည် ဂျုံပင်ထက်များလာပြီး ၎င်းကိုလွှမ်းအုပ်လေသည်။ မိန်းမ၏အမျိုးအနွယ်သည် မဟာဗာဗုလုန်၏ ကျယ်ဝန်းထူထပ်သော အဝတ်များဖြင့် လုံးဝလွှမ်းအုပ်ခံရဟန်ရှိ၏။
၉ ယေရှု၊ တမန်တော်ပေါလုနှင့် ပေတရုတို့ သတိပေးသည့်အတိုင်းဖြစ်ခဲ့၏။ တမန်တော်များ သေခြင်း၌ အိပ်ပျော်ကြသည့်နောက်၌ဖြစ်စေ၊ ခရစ်ယာန်ကြီးကြပ်မှူးများ ဘုရားသခင့်သိုးများကို ကာကွယ်စောင့်ရှောက်ခြင်းအမှု၌ ငိုက်မျဉ်းသောအခါဖြစ်စေ၊ “လူတို့အိပ်ပျော်သောအခါ” ဗာဗုလုန်ဆိုင်ရာ အယူဖောက်ပြန်မှုသည် အသင်းတော်အတွင်းမှာပင် ပေါက်ပွားလာတော့သည်။ (၁၀။ ၁၈၇၀ ပြည့်လွန်နှစ်များ၌ ဘာဖြစ်ခဲ့၍ မဟာဗာဗုလုန်က မည်သို့တုံ့ပြန်သနည်း။
၁၀ ဘိသိက်ခံ ခရစ်ယာန်များသည် ၁၈၇၀ ပြည့်လွန်နှစ်များတိုင်လေသော် မိမိတို့ကိုယ်ကို မဟာဗာဗုလုန်၏ ပြည့်တန်ဆာလမ်းစဉ်များနှင့် ပြတ်စဲကင်းရှင်းအောင် သန္နိဋ္ဌာန်ချ၍ အားထုတ်ကြလေသည်။ တိတ္ထိဘာသာမှ ခရစ်ယာန်ဘောင် ယူဆောင်လာသော မိစ္ဆာအယူများကို စွန့်ပစ်ကြပြီး တစ်ပါးအမျိုးသားများကာလ ၁၉၁၄ ခုနှစ်၌ကုန်ဆုံးမည်ကို ကျမ်းစာသုံးလျက် ရဲရဲဝံ့ဝံ့ ဟောပြောကြလေသည်။ ဝတ်ပြုရေးအစစ်အမှန် ပြန်လည်ထူထောင်ရန် ဘိသိက်ခံခရစ်ယာန်များ ထိုသို့လှုံ့ဆော်သည်ကို မဟာဗာဗုလုန်၏ အဓိကလက်ကိုင်တုတ် ခရစ်ယာန်ဘောင် ဘုန်းကြီးဓမ္မဆရာအုပ်စုက အတိုက်အခံပြုကြ၏။ သူတို့သည် ပထမကမ္ဘာစစ်အတွင်း စစ်ရူးထချိန်ကို အခွင့်ကောင်းယူလျက် ထိုသစ္စာရှိ ခရစ်ယာန်အုပ်စုကလေးကို ချေမှုန်းရန် အားထုတ်လေ၏။ ၁၉၁၈ ခုနှစ်၌ ဤအုပ်စုကလေး၏လုပ်ငန်း လုံးဝနှိပ်ကွပ်ခံရမတတ် ဖြစ်လာသောအခါ မဟာဗာဗုလုန်သည် အောင်မြင်သွားပုံရ၏။ သူတို့အပေါ် အောင်ပွဲခံလိုက်သလိုဖြစ်ခဲ့သည်။
၁၁။ ရှေးဗာဗုလုန်ကျဆုံးခြင်းကြောင့် ဘာဖြစ်ခဲ့သနည်း။
၁၁ အထက်က ကျွန်ုပ်တို့ဆိုခဲ့သည့်အတိုင်း၊ ဘဝင်မြင့်သော ဗာဗုလုန်မြို့သည် ဘီစီ ၅၃၉ ခုနှစ်၌ မရှုမလှ အာဏာလျှောဆင်းခဲ့သည်။ ထိုအခါ “ဗာဗုလုန်မြို့ကျပြီ၊ ကျပြီ” ဟူသော ကြွေးကြော်သံကို ကြားရ၏။ ကမ္ဘာ့အင်ပါယာ၏ရာထူးသည် မဟာကုရုဦးစီးသော မီဒို-ပါးရှားတပ်များလက်သို့ ကျရောက်သွား၏။ ၎င်းနောက်၌ ဗာဗုလုန်မြို့သည် ဆက်လက်တည်ရှိသော်လည်း ၎င်း၏အာဏာလျှောဆင်းခြင်းမှာ တကယ်ဖြစ်သောကြောင့် ဂျူးသုံ့ပန်းများ လွတ်မြောက်သွားကြ၏။ သူတို့သည် ယေရုရှလင်မြို့သို့ပြန်သွားပြီး ဝတ်ပြုရေးအစစ်အမှန်ကို ပြန်လည်ထူထောင်ကြလေသည်။—ဟေရှာယ ၂၁:၉; ၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃; ယေရမိ ၅၁:၇၊ ၈။
၁၂။ (က) ကျွန်ုပ်တို့ခေတ်တွင် မဟာဗာဗုလုန်ကျပြီဟု မည်သို့ဆိုနိုင်သနည်း။ (ခ) ခရစ်ယာန်ဘောင်ကို ယေဟောဝါ အပြီးအပြတ်ငြင်းပယ်လိုက်ပြီဖြစ်ကြောင်း ဘာကသက်သေထူသနည်း။
၁၂ ကျွန်ုပ်တို့ခေတ်တွင်လည်း မဟာဗာဗုလုန်ကျဆုံးပြီ ဟူသော ကြွေးကြော်သံကို ကြားရ၏။ ဗာဗုလုန်ဆန်သော ခရစ်ယာန်ဘောင်၏ ၁၉၁၈ ခုနှစ် တဒင်္ဂအောင်ပွဲသည် ၁၉၁၉ ခုနှစ်၌ ဘိသိက်ခံအကြွင်းအကျန် ယောဟန်အတန်းအစား ဝိညာဉ်ရေးအရ ထမြောက်လာသောအခါ ပြောင်းပြန်ဖြစ်သွားသည်။ မဟာဗာဗုလုန်သည် ဘုရားသခင့်လူမျိုးတော်ကို သုံ့ပန်းအဖြစ် ချုပ်နှောင်ထားခြင်းကိစ္စတွင် ကျရှုံးခဲ့၏။ ခရစ်တော်၏ ဘိသိက်ခံညီတော်များသည် ကျိုင်းအုပ်ပမာ တွင်းနက်ကြီးထဲမှ ပျံထွက်လာပြီး လှုပ်ရှားဆောင်ရွက်ရန် အသင့်ဖြစ်လာသည်။ (ဗျာဒိတ် ၉:၁-၃; ၁၁:၁၁၊ ၁၂) သူတို့ကား ခေတ်သစ် “သစ္စာနှင့် သတိပညာရှိကျွန်” ဖြစ်၍ မြေကြီးပေါ်မှ မိမိ၏ဥစ္စာရှိသမျှကို အုပ်ထိန်းရန် အရှင်၏ခန့်ထားတော်မူခြင်းကိုခံရ၏။ (မဿဲ ၂၄:၄၅-၄၇၊ ကဘ) သူတို့အား ဤသို့အသုံးပြုတော်မူသည်ကိုထောက်လျှင် ခရစ်ယာန်ဘောင်က မြေကြီးပေါ်၌ ယေဟောဝါအား မိမိကိုယ်စားပြုသည်ဟုဆိုသော်လည်း ကိုယ်တော်၏ ရှင်းရှင်းငြင်းပယ်ခြင်းကို ခံရပြီဖြစ်ကြောင်း သက်သေထင်ရှား၏။ ဝတ်ပြုရေးအစစ်အမှန် ပြန်လည်ထူထောင်လာပြီး မဟာဗာဗုလုန်၏ ရန်သူဟောင်းဖြစ်သော မိန်းမ၏အမျိုးအနွယ် ၁၄၄,၀၀၀ မှအကြွင်းအကျန်ကို တံဆိပ်အပြီးခတ်နိုင်ရန် လမ်းပွင့်ခဲ့လေသည်။ ဤအဖြစ်အားလုံးက စာတန်နှင့်ဆိုင်သော ထိုဘာသာရေးအဖွဲ့အစည်း မရှုမလှရှုံးနိမ့်ပြီဖြစ်ကြောင်း ထင်ရှားစေသည်။
သန့်ရှင်းသူများ ခံနိုင်ရည်ရှိဖို့လိုခြင်း
၁၃။ (က) တတိယကောင်းကင်တမန်က ဘာကိုကြေညာသနည်း။ (ခ) သားရဲ၏အမှတ်တံဆိပ်ခံယူသူတို့ကို ယေဟောဝါ မည်သို့စီရင်တော်မူသနည်း။
၁၃ ယခု တတိယကောင်းကင်တမန် စကားပြောပြီ။ နားထောင်ပါ။ “အခြားသော တတိယကောင်းကင်တမန်က သူတို့နောက်မှလိုက်၍ ကြီးစွာသောစကားသံဖြင့် ဤသို့မြွက်ဆို၏– ‘တစ်စုံတစ်ဦးသည် သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်ပြီး မိမိ၏ နဖူး၌ဖြစ်စေ၊ လက်၌ဖြစ်စေ အမှတ်တံဆိပ်ကို လက်ခံလျှင် ထိုသူသည် ဘုရားသခင်၏ အမျက်တော်ဖလားထဲသို့ မရောစပ်ဘဲ သွန်းလောင်းသော ဘုရားသခင်၏ အမျက်တော် စပျစ်ရည်ကို သောက်ရလိမ့်မည်။’ ” (ဗျာဒိတ် ၁၄:၉၊ ၁၀က) သခင့်နေ့တော်အတွင်း သားရဲ၏ရုပ်တုကို မကိုးကွယ်သောသူတို့သည် ဆင်းရဲခံရရုံမက အသေသတ်ခြင်းပင် ခံရမည်ဟု ဗျာဒိတ် ၁၃:၁၆၊ ၁၇ ၌ ဆိုခဲ့ပြီ။ ယခုသော် ယေဟောဝါသည် “သားရဲ၏အမည် သို့မဟုတ် ၎င်းအမည်၏ ကိန်းဂဏန်းတည်းဟူ သော ထိုအမှတ်တံဆိပ် ရိုက်ထားသူ” တို့ကို တရားစီရင်ရန် စိတ်ပိုင်းဖြတ်တော်မူပြီဖြစ်ကြောင်း ယခု ကျွန်ုပ်တို့သိရ၏။ ယေဟောဝါသည် သူတို့အား မိမိ၏ ‘အမျက်တော်ဖလား’ ကို အတင်းတိုက်တော်မူမည်။ ယင်းကြောင့် သူတို့ ဘာဖြစ်ကြမည်နည်း။ ဘီစီ ၆၀၇ ခုနှစ်၌ မိမိ၏ “အမျက်တော်ဖလား” ကို ယေရုရှလင်အား ယေဟောဝါ အတင်းတိုက်တော်မူသောအခါ ၎င်းမြို့သည် ဗာဗုလုန်လူတို့လက်၌ “အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓားဖြင့်ဖျက်ဆီးခြင်းဘေး” ကိုခံရ၏။ (ဟေရှာယ ၅၁:၁၇၊ ၁၉) ထို့နည်းတူ၊ မြေကြီးပေါ်မှ အင်အားကြီးနိုင်ငံများနှင့် ၎င်းတို့၏ရုပ်တုဖြစ်သော ကုလသမဂ္ဂကို ကိုးကွယ်သူတို့သည် ယေဟောဝါ၏ အမျက်တော်ဖလားကို သောက်ရသောအခါ ဘေးတွေ့ကြလိမ့်မည်။ (ယေရမိ ၂၅:၁၇၊ ၃၂၊ ၃၃) သူတို့သည် လုံးဝချေမှုန်းခံရကြမည်။
၁၄။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်သူများအား မဖျက်ဆီးခင်တွင်ပင် သူတို့ ဘာကိုတွေ့ကြုံခံစားရမည်နည်း၊ ၎င်းကို ယောဟန်က မည်သို့ဖော်ပြသနည်း။
၁၄ သို့တစေ၊ ၎င်းမတိုင်မီမှာပင် သားရဲ၏အမှတ်တံဆိပ်ကို ခံသောသူတို့သည် ယေဟောဝါ၏ မျက်မာန်တော်ကြောင့် ညှဉ်းဆဲခြင်းခံရကြမည်။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်သူအကြောင်း ယောဟန်အား ကောင်းကင်တမန်က ဤသို့အသိပေး၏– “ထိုသူသည် သန့်ရှင်းသော ကောင်းကင်တမန်များ၏ ရှေ့တွင်လည်းကောင်း၊ သိုးသငယ်၏ ရှေ့တွင်လည်းကောင်း မီးနှင့်ကန့်တို့ဖြင့် ညှဉ်းဆဲခြင်း ခံရလိမ့်မည်။ သူတို့၏ ညှဉ်းဆဲခြင်းမီးခိုးသည် နိစ္စထာဝစဉ် အထက်သို့တက်၏။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်သူတို့နှင့် ၎င်း၏အမည်တံဆိပ်ကို လက်ခံသူ မည်သူမဆိုသည် နေ့ညမပြတ် သက်သာရာမရ။”—ဗျာဒိတ် ၁၄:၁၀ခ၊ ၁၁။
၁၅၊ ၁၆။ ဗျာဒိတ် ၁၄:၁၀ ပါ “မီးနှင့်ကန့်” ဟူသောစကား၏ ဆိုလိုရင်းမှာ အဘယ်နည်း။
၁၅ ဤနေရာ၌ “မီးနှင့်ကန့်” အကြောင်းဆိုသည့်အတွက် အချို့က မီးငရဲတည်ရှိကြောင်းကို သက်သေထူသည်ဟုဆို၏။ သို့သော်၊ အလားတူပရောဖက်ပြုချက်ကို အကျဉ်းချုပ်သုံးသပ်သောအခါ အထက်ပါစကား၏ဆိုလိုရင်းကို သိရှိနိုင်၏။ ဟေရှာယလက်ထက်၌ ယေဟောဝါက ဧဒုံနိုင်ငံသည် ဣသရေလလူတို့အပေါ် ရန်ငြိုးထားသောကြောင့် ဒဏ်သင့်မည်ဟု သတိပေးတော်မူ၏။ “ထိုပြည်၏မြစ်ရေသည် ထင်းရှူးစေး၊ မြေမှုန့်လည်း ကန့်၊ တစ်ပြည်လုံးလည်း မီးလောင်သောအစေးဖြစ်လိမ့်မည်။ နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ်တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍ ကာလအစဉ်အမြဲ အဘယ်သူမျှ မလျှောက်မသွားရ” ဟူ၍ မိန့်တော်မူ၏။—ဟေရှာယ ၃၄:၉၊ ၁၀။
၁၆ ဧဒုံသည် ဒဏ္ဍာရီဆန်သောမီးငရဲထဲသို့ ပစ်ချခံရပြီး အစဉ်လောင်ကျွမ်းခံရသလော။ မခံရပါ။ မီးနှင့်ကန့်တို့ဖြင့် တစ်စမကျန် လောင်ကျွမ်းခံရသည့်အလား ကမ္ဘာ့ဇာတ်ခုံပေါ်မှ လုံးဝပျောက်ကွယ်သွားခြင်းသာဖြစ်သည်။ သူခံရသောပြစ်ဒဏ်၏ရလဒ်ကား ထာဝရညှဉ်းဆဲခြင်းမဟုတ်၊ “လွတ်လပ် . . . လဟာ . . . မရှိ” ခြင်းသာဖြစ်သည်။ (ဟေရှာယ ၃၄:၁၁၊ ၁၂) ‘အစဉ်တက်သော’ မီးခိုးက ဤအချက်ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်၏။ အိမ်တစ်ဆောင် မီးလောင်ပြာကျသောအခါ မီးငြိမ်းသည့်နောက်၌ အချိန်အတန်ကြာ ပြာထဲကမီးခိုးတလူလူတက်၍ နေတတ်သဖြင့် အဖျက်မီးလောင်မှုကြီးဖြစ်ပွားခဲ့ကြောင်း ရှုမြင်သူတို့ရှေ့ သက်သေထူလျက်နေသည်။ ယနေ့တိုင် ဘုရားသခင့်လူမျိုးတော်သည် ဧဒုံ၏ပျက်စီးခြင်းအဖြစ်မှရသော သင်ခန်းစာကို မမေ့ပါ။ ဤနည်းအားဖြင့် ဧဒုံ၏မီးခိုးသည် ပုံခိုင်းချက်ဖြင့် တလူလူတက်နေဆဲပင်။
၁၇၊ ၁၈။ (က) သားရဲ၏အမှတ်တံဆိပ်ကို ခံယူသူများသည် နောက်ဆုံးဘာဖြစ်ကြမည်နည်း။ (ခ) သားရဲကို ဝတ်ပြုသူများသည် အဘယ်နည်းဖြင့် ညှဉ်းဆဲခံရကြသနည်း။ (ဂ) “သူတို့၏ညှဉ်းဆဲခြင်းမီးခိုးသည် နိစ္စထာဝစဉ် အထက်သို့တက်” သည်မှာ မည်သို့နည်း။
၁၇ သားရဲ၏အမှတ်တံဆိပ်ပါသော သူတို့လည်း မီးဖြင့်ဖျက်ဆီးခံရသည့်အလား ရှင်းရှင်းပျက်စီးကြလိမ့်မည်။ ပရောဖက်ပြုချက် ရှေ့ဆက်ဖော်ပြသည့်အတိုင်း၊ သူတို့၏အလောင်းများသည် သင်္ဂြိုဟ်ခြင်းမခံရဘဲ တိရစ္ဆာန်နှင့် ငှက်များ၏အစာ ဖြစ်ကြလိမ့်မည်။ (ဗျာဒိတ် ၁၉:၁၇၊ ၁၈) ထို့ကြောင့်၊ သူတို့ ပကတိညှဉ်းဆဲခံရခြင်းမဟုတ်ကြောင်း ထင်ရှား၏။ သူတို့သည် “မီးနှင့်ကန့်တို့ဖြင့်လည်း ညှဉ်းဆဲခံရ” သည်မှာ အဘယ်သို့နည်း။ သမ္မာတရားကြေညာခြင်းအလုပ်က သူတို့၏အပြစ်ကိုဖော်ထုတ်၍ သူတို့အား ဘုရားသခင့်တရားစီရင်မှုအကြောင်း သတိပေးခြင်းအားဖြင့် ညှဉ်းဆဲခြင်းဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် ဘုရားသခင့်လူမျိုးတော်ကို အပုပ်ချကြပြီး ဖြစ်နိုင်လျှင် ယေဟောဝါ၏သက်သေများကို နှိပ်စက်ညှဉ်းပန်းရုံမက သတ်ဖြတ်ရန်ပင် နိုင်ငံရေးသားရဲအား ကလိမ်ကကျစ် သွေးဆောင်ကြ၏။ အနှီဆန့်ကျင်သူတို့သည် နောက်ဆုံးအနေနှင့် မီးနှင့်ကန့်ဖြင့် ဖျက်ဆီးခံရသည့်ပမာ ဖျက်ဆီးခံရကြလိမ့်မည်။ ထိုအခါ၊ “သူတို့၏ညှဉ်းဆဲခြင်း မီးခိုးသည် နိစ္စထာဝစဉ် အထက်သို့တက်” လိမ့်မည်။ အဓိပ္ပာယ်မှာ၊ သူတို့အပေါ် ဘုရားသခင်ထိုသို့စီရင်ခြင်းသည် နောက်နောင်တွင် ယေဟောဝါပိုင်ထိုက်သော အချုပ်အခြာအာဏာတော်ကို တစ်ဦးတစ်ယောက်က တစ်ဖန်အန်တုပြန်လျှင် ထိုသူအဖို့ မှတ်ကျောက်ဖြစ်လိမ့်မည်ဖြစ်၏။ ၎င်းပြဿနာသည် ထာဝစဉ်အပြီးအငြိမ်း ဖြေရှင်းပြီးဖြစ်လိမ့်မည်။
၁၈ ယနေ့ မည်သူများ ထိုညှဉ်းဆဲခြင်းသတင်းကို ကြေညာကြသနည်း။ ပုံခိုင်းချက်ဖြစ်သော ကျိုင်းကောင်များသည် နဖူးပေါ်၌ ဘုရားသခင့်တံဆိပ်မပါသောလူတို့ကို ညှဉ်းဆဲနိုင်ခွင့်ရှိကြောင်း ဗျာဒိတ် ၉:၅) ကောင်းကင်တမန် ညွှန်ကြားမှုအောက်ရှိ ဤသူများပင် ညှဉ်းဆဲသူများဖြစ်ကြသည်မှာ ထင်ရှား၏။ ပုံခိုင်းချက်ဖြစ်သော ကျိုင်းကောင်များသည် ဇွဲကောင်းလှရကား၊ “သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်သူတို့နှင့် ၎င်း၏အမည်အမှတ်တံဆိပ်ကို ခံသူမည်သူမဆို နေ့ညမပြတ် သက်သာရာမရ။” ဤသူများဖျက်ဆီးခံရသည့်နောက်၊ အဆုံးတွင် ယေဟောဝါ၏အချုပ်အခြာအာဏာတော် သင်္ကာယနကင်းရှင်းခြင်း၏ မဟာသာဓကရပ်တည်းဟူသော “သူတို့၏ညှဉ်းဆဲခြင်းမီးခိုးသည်” နိစ္စထာဝစဉ် အထက်သို့တလူလူတက်လိမ့်မည်။ ထိုသင်္ကာယနကင်းရှင်းမှု မပြီးပြည့်မချင်း ယောဟန်အတန်းအစား ကြံ့ကြံ့ခံနိုင်ကြပါစေ။ ကောင်းကင်တမန်နိဂုံးချုပ်သည့်အတိုင်း “ဤတွင် ဘုရားသခင်၏ ပညတ်တော်များနှင့် ယေရှုခရစ်အပေါ် ယုံကြည်ခြင်းကို စောင့်ထိန်းသော သန့်ရှင်းသူတို့သည် ခံနိုင်ရည်ရှိရမည်ဟု ဆိုလို၏။”—ဗျာဒိတ် ၁၄:၁၂။
သတိရပါလေ။ (၁၉။ သန့်ရှင်းသူများ အဘယ်ကြောင့် ကြံ့ကြံ့ခံရန်လိုအပ်သနည်း၊ သူတို့ကို ဘာကခွန်အားပေးသည်ဟု ယောဟန်တင်ပြသနည်း။
၁၉ မှန်ပေသည်၊ “သန့်ရှင်းသူတို့ ခံနိုင်ရည်ရှိ” ခြင်းဆိုရာ၌ ယေရှုခရစ်ကိုအမှီပြု၍ ယေဟောဝါအားသာ သီးသန့်ဆည်းကပ်ဝတ်ပြုခြင်းကို ဆိုလို၏။ သူတို့ကြေညာသောသတင်းမှာ လူအများကြိုက်မဟုတ်။ ယင်းကြောင့် ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှုမက သွေးမြေကျမှုပင် ဖြစ်ရချေသည်။ သို့တစေ၊ သူတို့သည် ယောဟန်ရှေ့ဆက်တင်ပြသော အောက်ပါသတင်းကြောင့် အားတက်ကြ၏– “ထို့နောက် ကောင်းကင်ဘုံမှ အသံတစ်သံက ‘ရေးမှတ်လော့။ ဤအချိန်မှစ၍ သခင်၌ သေလွန်သောသူတို့သည် ပျော်ရွှင်ကြ၏။ ဝိညာဉ်တော်က မှန်ပေသည်၊ သူတို့ပြုခဲ့သော အမှုများသည် သူတို့နှင့်တစ်ပါတည်း လိုက်ပါသည်ဖြစ်၍ သူတို့၏ပင်ပန်းသော အလုပ်များမှ အနားယူကြပါစေဟု မိန့်ဆိုသည်’ ဟူ၍ပြောသည်ကို ငါကြားရ၏။”—ဗျာဒိတ် ၁၄:၁၃။
၂၀။ (က) ယောဟန်တင်ပြသော ကတိတော်သည် ယေရှု၏ရောက်ရှိခြင်းဆိုင်ရာ ပေါလု၏ပရောဖက်ပြုချက်နှင့် မည်သို့ညီညွတ်သနည်း။ (ခ) ကောင်းကင်မှ စာတန်တိုက်ထုတ်ခံရသည့်နောက်၌ သေလွန်သောဘိသိက်ခံတို့အား အဘယ်အခွင့်ထူးရမည်ဟု ကတိတော်ရှိသနည်း။
၂၀ ၎င်းကတိသည် ယေရှု၏ရောက်ရှိခြင်းဆိုင်ရာ ပေါလု၏အောက်ပါ ပရောဖက်ပြုချက်နှင့် ညီညွတ်၏– “ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ [သခင့်နေ့တော်တိုင်] အသက်ရှင်၍ ကျန်ကြွင်းသောငါတို့ [ဘိသိက်ခံများ] သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရ [မည်။]” (၁ သက်သာလောနိတ် ၄:၁၅-၁၇) ကောင်းကင်ဘုံမှ စာတန်တိုက်ထုတ်ခံရသည့်နောက် ခရစ်တော်၌သေလွန်သူတို့သည် အရင်ထမြောက်ကြ၏။ (ဗျာဒိတ် ၆:၉-၁၁ နှိုင်းယှဉ်။) ထို့နောက်၊ သခင့်နေ့တော်အတွင်း သေလွန်သော ဘိသိက်ခံတို့သည် အခွင့်ထူးရဖို့ ကတိတော်ကိုခံရကြ၏။ ကောင်းကင်ဝိညာဉ်အသက်တာသို့ သူတို့ထမြောက်ခြင်းမှာ “မျက်စိတစ်မှိတ်၊” လျှပ်တစ်ပြက်အတွင်းဖြစ်၏။ (၁ ကောရိန္သု ၁၅:၅၂) ထူးကဲအံ့ချီးဖွယ်ပါတကား။ သူတို့၏ဖြောင့်မတ်သောအမှုများသည် ကောင်းကင်ဘုံအထိ လိုက်ပါ၏။
မြေကြီးပေါ်မှ သီးနှံများကို ရိတ်သိမ်းခြင်း
၂၁။ “မြေကြီးပေါ်မှ သီးနှံများရိတ်သိမ်း” ခြင်းနှင့်ပတ်သက်၍ ယောဟန် ဘာပြောသနည်း။
၂၁ ယောဟန်ဆက်၍ဆိုသည့်အတိုင်း အခြားသူများလည်း ဤတရားစီရင်ရာနေ့အတွင်း အကျိုးခံစားရကြမည်– “ထို့နောက် ငါကြည့်လိုက်သော် တိမ်ဖြူတစ်ပွင့်ကို ငါမြင်ရ၏။ တိမ်ပေါ်၌ လူသားနှင့်တူသော ပုဂ္ဂိုလ်တစ်ပါး ထိုင်နေ၏။ သူ၏ဦးခေါင်းပေါ်တွင် ရွှေသရဖူကိုဆောင်းလျက် လက်ထဲ၌ ထက်သောတံစဉ်ကို ကိုင်ထား၏။ အခြားကောင်းကင်တမန်တစ်ပါး [စတုတ္ထမြောက်] က ကျိန်းဝပ်ရာဌာန ဗိမာန်တော်မှ ထွက်ပေါ်လာပြီး တိမ်ပေါ်တွင်ထိုင်သောသူအား ‘မြေကြီးပေါ်မှ သီးနှံများဝင်းမှည့်ပြီး ရိတ်သိမ်းချိန် တန်ပြီဖြစ်သဖြင့် တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ’ ဟု ကြီးစွာသောအသံဖြင့် ဟစ်ကြော်၏။ တိမ်ပေါ်တွင်ထိုင်သောသူကလည်း မိမိ၏တံစဉ်ကို မြေကြီးသို့ ဝှေ့ယမ်းသဖြင့် မြေကြီးပေါ်မှ သီးနှံများကို ရိတ်သိမ်းလေ၏။”—ဗျာဒိတ် ၁၄:၁၄-၁၆။
၂၂။ (က) ရွှေသရဖူဆောင်း၍ တိမ်ဖြူပေါ်တွင် ထိုင်သောသူမှာ မည်သူနည်း။ (ခ) အဘယ်အချိန်တွင် ရိတ်သိမ်းခြင်းအထွတ်သို့ရောက်၍ မည်သည့်နည်းဖြင့်နည်း။
၂၂ တိမ်ဖြူပေါ်တွင် ထိုင်သောသူသည် မည်သူမည်ဝါဖြစ်သည်မှာ သံသယမရှိ။ တိမ်ဖြူပေါ်တွင်ထိုင်၍ ရွှေသရဖူကိုဆောင်းသည့် လူသားနှင့်တူသော ဤပုဂ္ဂိုလ်သည် ရူပါရုံ၌ ဒံယေလမြင်ရသော မေရှိယဘုရင် ယေရှုဖြစ်သည်မှာ အထင်သား။ (ဒံယေလ ၇:၁၃၊ ၁၄; မာကု ၁၄:၆၁၊ ၆၂) သို့သော် ရိတ်သိမ်းခြင်းက ဘာကိုပရောဖက်ပြုသနည်း။ ယေရှုမြေကြီးပေါ်တွင်ရှိစဉ် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လူသားထုတည်းဟူသော ကမ္ဘာ့လယ်ကွင်း၌ ရိတ်သိမ်းခြင်းနှင့် ခိုင်းနှိုင်းတော်မူ၏။ (မဿဲ ၉:၃၇၊ ၃၈; ယောဟန် ၄:၃၅၊ ၃၆) သခင့်နေ့တော်၌ ယင်းရိတ်သိမ်းခြင်းသည် အထွတ်အထိပ်သို့ရောက်လေ၏။ ထိုအခါ၊ ယေရှုသည် ဘုရင့်သရဖူကိုရ၍ ခမည်းတော်ကိုယ်စား တရားစီရင်ချက်ကို အကောင်အထည်ဖော်တော်မူ၏။ သို့ဖြစ်၍ ၁၉၁၄ ခုနှစ်မှအစပြုသော ကိုယ်တော့်အုပ်စိုးချိန်သည် ရွှင်လန်းဖွယ် ကောက်သိမ်းချိန်လည်း ဖြစ်၏။—တရားဟောရာ ၁၆:၁၃-၁၅။
၂၃။ (က) စတင်ရိတ်သိမ်းရန်အမိန့်သည် မည်သူ့ထံမှလာသနည်း။ (ခ) ၁၉၁၉ ခုနှစ်မှ ယခုတိုင် ဘာကိုရိတ်သိမ်းလျက်ရှိသနည်း။
မဿဲ ၁၃:၃၉၊ ၄၃; ယောဟန် ၁၅:၁၊ ၅၊ ၁၆) ထို့နောက်၊ အခြားသိုးမှ လူအုပ်ကြီးကို စုသိမ်းတော်မူ၏။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) ၁၉၃၁ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်အတွင်း အခြားသိုး တော်တော်များများ စတင်ပေါ်ပေါက်လာကြောင်း သမိုင်းကပြ၏။ ၁၉၃၅ ခုနှစ်တွင် ဗျာဒိတ် ၇:၉-၁၇ ပါ လူအုပ်ကြီးသည် စင်စစ်မည်သူမည်ဝါဖြစ်ကြောင်း နားလည်စေရန် ယောဟန်အတန်းအစားအား ယေဟောဝါက အသိဉာဏ်ပွင့်စေတော်မူ၏။ ထိုအချိန်မှစ၍ ထိုလူအုပ် စုသိမ်းခြင်းကို အလေးအနက်ပြုလာသည်။ ၂၀၀၅ ခုနှစ်ရောက်သော်၊ ၎င်း၏အရေအတွက်သည် ခြောက်သန်းအမှတ်ကိုဖြတ်ကျော်ခဲ့ပြီး ယခုတိုင် တိုးများလျက်ရှိသည်။ လူသားနှင့်တူသောသူသည် ဤဆုံးခန်းကာလ၌ တကယ်ပင် အားရရွှင်လန်းစွာ တောင်ပုံရာပုံ ကောက်သိမ်းခဲ့ပေပြီ။—ထွက်မြောက်ရာ ၂၃:၁၆; ၃၄:၂၂ နှိုင်းယှဉ်။
၂၃ ယေရှုသည် ဘုရင်လည်းဖြစ်၊ တရားသူကြီးလည်းဖြစ်သော်လည်း ရိတ်သိမ်းခြင်းမပြုမီ မိမိ၏ဘုရားသခင် ယေဟောဝါ၏အမိန့်တော်ကို စောင့်ဆိုင်း၏။ ၎င်းအမိန့်တော်သည် ကောင်းကင်တမန်တစ်ပါးအားဖြင့် “ကျိန်းဝပ်ရာဌာန ဗိမာန်တော်” မှလာ၏။ ယေရှုချက်ချင်းနာခံတော်မူ၏။ အဦးဆုံး၊ ၁၉၁၉ ခုနှစ်မှစ၍ ကိုယ်တော်နှင့် ကိုယ်တော့်ကောင်းကင်တမန်တို့သည် ၁၄၄,၀၀၀ ကို အပြီးရိတ်သိမ်းကြ၏။ (မြေကြီးစပျစ်နွယ်ပင်ကို နင်းနယ်ခြင်း
၂၄။ ပဉ္စမကောင်းကင်တမန်လက်၌ အဘယ်အရာရှိသနည်း၊ ဆဋ္ဌမကောင်းကင်တမန်က ဘာဟစ်ပြောသနည်း။
၂၄ ကယ်တင်ခြင်းရိတ်သိမ်းမှု ပြီးစီးသည်နှင့် အခြားရိတ်သိမ်းခြင်းတစ်မျိုး လုပ်ဆောင်ရန် အချိန်တန်လေပြီ။ ယောဟန်ဤသို့သတင်းပို့၏– “အခြားကောင်းကင်တမန်တစ်ပါး [ပဉ္စမမြောက်] သည် ကောင်းကင်ဘုံရှိ ကျိန်းဝပ်ရာဌာန ဗိမာန်တော်မှ ထွက်ပေါ်လာ၏။ သူ၌လည်း ထက်သောတံစဉ်ရှိ၏။ နောက်ကောင်းကင်တမန်တစ်ပါး [ဆဋ္ဌမမြောက်] သည် ယဇ်ပလ္လင်မှထွက်ပေါ်လာ၏။ သူ၌ မီးကိုအစိုးရသော အာဏာရှိ၏။ သူက ထက်သောတံစဉ်ပါရှိသူအား ကြီးစွာသောအသံဖြင့် ဟစ်ခေါ်ကာ ‘မြေကြီးပေါ်မှ စပျစ်သီးများ ဝင်းမှည့်ပြီဖြစ်၍ သင်၏ထက်သောတံစဉ်ကိုလွှတ်ပြီး စပျစ်နွယ်ပင်၏ စပျစ်သီးပြွတ်များကို ရိတ်သိမ်းလော့’ ဟုဆို၏။” (ဗျာဒိတ် ၁၄:၁၇၊ ၁၈) ကောင်းကင်တမန်ဗိုလ်ခြေများသည် သခင့်နေ့တော်အတွင်း ကောင်းသူကို မကောင်းသူတို့ထဲမှခွဲထုတ်လျက် ရိတ်သိမ်းသောအလုပ် အများအပြားကို လုပ်ကိုင်ရန် တာဝန်အပ်နှင်းခြင်း ခံရကြ၏။
၂၅။ (က) ပဉ္စမကောင်းကင်တမန်သည် ကျိန်းဝပ်ရာဌာန ဗိမာန်တော်မှလာသည် ဟူသည့်အချက်က ဘာကိုပြသနည်း။ (ခ) စတင်ရိတ်သိမ်းရန်အမိန့်သည် “ယဇ်ပလ္လင်မှထွက်ပေါ်လာ” သော ကောင်းကင်တမန်ထံမှလာသည်မှာ အဘယ်ကြောင့် ဆီလျော်သနည်း။
၂၅ ပဉ္စမကောင်းကင်တမန်သည် ကျိန်းဝပ်ရာဌာန ဗိမာန်တော်ရှိ ယေဟောဝါ ရှေ့တော်မှောက်မှ လာသည်ဖြစ်၍ နောက်ဆုံးသော ရိတ်သိမ်းခြင်းသည်လည်း ယေဟောဝါ၏ အလိုတော်အတိုင်း ဖြစ်ပျက်၏။ ဤကောင်းကင်တမန်ကို “ယဇ်ပလ္လင်မှ ထွက်ပေါ်လာ” သော အခြားကောင်းကင်တမန်မှတစ်ဆင့် လုပ်ငန်းစတင်ရန် အမိန့်ပေး၏။ ဤအချက်သည် အလွန်ထူးခြား၏။ အကြောင်းမှာ ယဇ်ပလ္လင်အောက်မှ သစ္စာရှိအသက်ဝိညာဉ်များက “သန့်ရှင်း၍ စစ်မှန်သော အချုပ်အခြာအာဏာပိုင် အရှင်သခင်၊ ကျွန်တော်မျိုး၏ သွေးအတွက် မြေကြီးပေါ်တွင် နေထိုင်သောသူတို့အား တရားမစီရင်၊ လက်စားမချေဘဲ အဘယ်ကာလတိုင်အောင် ရှောင်၍နေတော်မူမည်နည်း” ဟု မေးလျှောက်ခဲ့ပြီဖြစ်၏။ (ဗျာဒိတ် ၆:၉၊ ၁၀) မြေကြီးပေါ်မှ စပျစ်နွယ်ပင်ကို ရိတ်သိမ်းသောအခါ လက်စားချေရန် ဟစ်ကြွေးလျှောက်ဆိုသူတို့လည်း ကျေနပ်သွားကြပါလိမ့်မည်။
၂၆။ “မြေကြီးပေါ်မှစပျစ်နွယ်ပင်” ကား အဘယ်နည်း။
၂၆ သို့သော်၊ “မြေကြီးပေါ်မှ စပျစ်နွယ်ပင်” ကား အဘယ်နည်း။ ဟေဗြဲကျမ်းစာ၌ ဂျူးလူမျိုးကို ယေဟောဝါ၏စပျစ်နွယ်ပင်အဖြစ် တင်စား၍ဆို၏။ (ဟေရှာယ ၅:၇; ယေရမိ ၂:၂၁) ထို့နည်းတူ၊ ယေရှုခရစ်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော်၌ အမှုထမ်းကြမည့်သူများကိုလည်းကောင်း စပျစ်နွယ်ပင်အဖြစ် တင်စား၏။ (ယောဟန် ၁၅:၁-၈) ဤဆက်တင်၌ စပျစ်နွယ်ပင်၏ထူးခြားချက်မှာ အသီးသီးခြင်းဖြစ်ပြီး ခရစ်ယာန်စပျစ်နွယ်ပင်စစ်လည်း ယေဟောဝါဂုဏ်တော်ထင်ရှားစေရန် အသီးလှိုင်လှိုင်သီး၏။ (မဿဲ ၂၁:၄၃) ထို့ကြောင့်၊ မြေကြီးပေါ်မှ စပျစ်နွယ်ပင်သည် ဤစပျစ်နွယ်ပင်စစ်မဟုတ်ဘဲ၊ စာတန်၏စပျစ်နွယ်ပင်တု၊ လူသားများပေါ်ကြီးစိုးသော စာတန့်ရူပအစိုးရစနစ်ဖြစ်ရပေမည်။ ၎င်းသည် ရာစုနှစ်များတစ်လျှောက် နတ်ဆိုးဆိုင်ရာအသီးတည်းဟူသော အမျိုးမျိုးသော “စပျစ်သီးပြွတ်များ” သီးလျက်ရှိခဲ့သည်။ အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာ ထင်ပေါ်စွာပါဝင်သော မဟာဗာဗုလုန်သည် အဆိပ်ရှိသည့် ဤစပျစ်နွယ်ပင်အပေါ် ကြီးမားသောသြဇာ လွှမ်းမိုးလာခဲ့သည်။—တရားဟောရာ ၃၂:၃၂-၃၅ နှိုင်းယှဉ်။
၂၇။ (က) တံစဉ်ကိုကိုင်သော ကောင်းကင်တမန်က မြေကြီးစပျစ်နွယ်ပင်ကို ရိတ်သိမ်းသောအခါ ဘာဖြစ်သနည်း။ (ခ) ဟေဗြဲကျမ်းစာမှ အဘယ်ပရောဖက်ပြုချက်များက ရိတ်သိမ်းခြင်း၏ကြီးကျယ်ပုံကို တင်ပြသနည်း။
၂၇ တရားစီရင်ချက်ကို အကောင်အထည်ဖော်ရမည်။ “ထိုကောင်းကင်တမန်ကလည်း မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ ဝှေ့ယမ်းကာ မြေကြီးပေါ်မှ စပျစ်နွယ်ပင်၏ အသီးများကို ရိတ်သိမ်း၍ ဘုရားသခင့် အမျက်တော်တည်းဟူသော ဧရာမ ဗျာဒိတ် ၁၄:၁၉၊ ၂၀) ဤစပျစ်နွယ်ပင်အပေါ် ယေဟောဝါ၏ အမျက်တော်စူးရှကြောင်း ရှေးကတည်းက ကြေညာခဲ့ပြီ။ (ဇေဖနိ ၃:၈) စပျစ်ကျင်းကို နင်းနယ်သောအခါ တိုင်းနိုင်ငံများအလိုက် သိမ်းကျုံး၍ ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဟေရှာယကျမ်းမှ ပရောဖက်ပြုချက်တစ်ခုက သံသယမရှိအောင် တင်ပြ၏။ (ဟေရှာယ ၆၃:၃-၆) ယောလ လည်း “တရားဆုံးဖြတ်ရာချိုင့်၊” “စပျစ်ကျင်း” ထဲ၌ ကြီးမားလှသော “လူအစုအရုံး” တို့သည် တိုင်းနိုင်ငံများနှင့်ချီပြီး နင်းနယ်ခံရမည်ဟု ပရောဖက်ပြုခဲ့သည်။ (ယောလ ၃:၁၂-၁၄၊ သမ္မာ) အံ့ဖွယ်လိလိ ရိတ်သိမ်းခြင်းပါတကား။ အလားတူရိတ်သိမ်းခြင်းမျိုး နောက်တစ်ဖန်ရှိမည်မဟုတ်။ ယောဟန်၏ရူပါရုံအရ၊ စပျစ်သီးများကိုသာ ရိတ်သိမ်းသည်မဟုတ်၊ ပုံဆောင်စပျစ်နွယ်ပင်တစ်ပင်လုံး အခုတ်ခံရပြီး စပျစ်ကျင်းထဲသို့ ပစ်ချ၍ နင်းနယ်ခံရ၏။ ထို့ကြောင့်၊ မြေကြီးပေါ်မှ စပျစ်နွယ်ပင်သည် ချေနင်းခံရ၍ ဘယ်တော့မျှ တစ်ဖန်ရှင်သန်တော့မည်မဟုတ်။
စပျစ်သီးနယ်ရာကျင်းထဲသို့ သွန်ချလေ၏။ မြို့ပြင်၌ စပျစ်သီးနယ်ရာကျင်းကို နင်းနယ်သဖြင့် စပျစ်ကျင်းထဲမှ ဖာလုံ တစ်ထောင့်ခြောက်ရာ ရှည်လျား၍ မြင်းဇက်ကြိုးအထိမြင့်သော သွေးချောင်းသည် စီးထွက်၍လာ၏။” (၂၈။ မြေကြီးစပျစ်နွယ်ပင် နင်းနယ်ခြင်းကို မည်သူများလုပ်ဆောင်သနည်း၊ စပျစ်ကျင်းကို “မြို့ပြင်၌နင်းနယ်” ခြင်းက ဘာကိုဆိုလိုသနည်း။
၂၈ ရူပါရုံဆိုင်ရာ ထိုနင်းနယ်မှုကို မြင်းများဖြင့်လုပ်ဆောင်၏။ အကြောင်းမှာ၊ စပျစ်နွယ်ပင်မှ ထွက်လာသောသွေးသည် “မြင်းဇက်ကြိုးအထိမြင့်” ၏။ “မြင်း” ဟူသောဝေါဟာရသည် သာမန်အားဖြင့် စစ်ဆင်မှုကိုရည်ညွှန်းသဖြင့် စစ်ကာလကို ပြောနေခြင်းဖြစ်မည်။ စာတန့်စနစ်ကို နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်သော ယေရှု၏နောက်တော်လိုက် ကောင်းကင်တပ်မဟာများသည် “အနန္တတန်ခိုးရှင် ဘုရားသခင့်အမျက်တော် စပျစ်ကျင်း” ကို နင်းနယ်သည်ဟုဆို၏။ (ဗျာဒိတ် ၁၉:၁၁-၁၆) မြေကြီးပေါ်မှစပျစ်နွယ်ပင်ကို နင်းနယ်သူများမှာ သူတို့ပင်ဖြစ်ကြောင်း အထင်းသားပင်။ စပျစ်ကျင်းကို “မြို့ပြင်” ဖြစ်သော ကောင်းကင်ဇိအုန်မြို့၏ အပြင်ဘက်တွင် “နင်းနယ်” ၏။ မြေကြီးပေါ်မှ စပျစ်နွယ်ပင်ကို မြေကြီးပေါ်မှာ နင်းနယ်သည်မှာ တကယ်ပင်ဆီလျော်၏။ “မြို့ပြင်၌နင်းနယ်” ခြင်းသည် ကောင်းကင်ဇိအုန်ကို မြေကြီးပေါ်၌ ကိုယ်စားပြုသော မိန်းမ၏အမျိုးအနွယ် အကြွင်းအကျန်များအား ထိခိုက်စေမည်မဟုတ် ဟူသောအဓိပ္ပာယ်လည်းရှိ၏။ သူတို့သည် လူအုပ်ကြီးနှင့်အတူ ယေဟောဝါ၏ မြေကြီးဆိုင်ရာ အဖွဲ့အစည်းအစီအစဉ်အတွင်း လုံခြုံစွာ ကွယ်ဝှက်ခြင်းခံရကြမည်။—ဟေရှာယ ၂၆:၂၀၊ ၂၁။
၂၉။ စပျစ်ကျင်းမှစီးထွက်လာသော သွေးချောင်းသည် မည်မျှနက်၍ မည်မျှရှည်လျားသနည်း၊ ဤအချက်များက ဘာကိုပြသနည်း။
၂၉ ပီပြင်သော ဤရူပါရုံသည် ဒံယေလ ၂:၃၄၊ ၄၄၊ ၄၅ ၌ဖော်ပြသော နိုင်ငံတော်ကျောက်က မြေကြီးပေါ်မှ နိုင်ငံများကိုချေမှုန်းခြင်းနှင့် အလားတူသည်။ အပြီးအပြတ် သုတ်သင်ခြင်းဖြစ်လိမ့်မည်။ စပျစ်ကျင်းထဲမှ ထွက်လာသော သွေးချောင်းသည် မြင်းဇက်ကြိုးအထိနက်ပြီး ဖာလုံပေါင်း ၁,၆၀၀ ရှည်လျား၏။ * လေး၏နှစ်ထပ်ကိန်းကို တစ်ဆယ်၏ နှစ်ထပ်ကိန်းဖြင့်မြှောက် (၄ x ၄ x ၁၀ x ၁၀) ၍ရသော ဤကိန်းကြီးက ဖျက်ဆီးခြင်းဘေး၏ သာဓကသည် မြေကြီးတစ်ပြင်လုံးတွင် ထင်ရှားမည်ကို အလေးအနက်တင်ပြ၏။ (ဟေရှာယ ၆၆:၁၅၊ ၁၆) ဖျက်ဆီးခြင်းသည် နှံ့စပ်ပြီးပြတ်၍ နောက်ကြောင်းပြန်နိုင်မည်မဟုတ်။ မြေကြီးပေါ်မှ စာတန့်စပျစ်နွယ်ပင်သည် ဘယ်သောအခါမျှ အမြစ်ပြန်တွယ်နိုင်မည်မဟုတ်။—ဆာလံ ၈၃:၁၇၊ ၁၈။
၃၀။ စာတန့်စပျစ်နွယ်ပင်သည် အဘယ်အသီးများကိုသီးသနည်း၊ ကျွန်ုပ်တို့ အဘယ်သန္နိဋ္ဌာန်ချသင့်သနည်း။
တရားဟောရာ ၂၉:၁၈၊ ကဘ; ၃၂:၅; ဟေရှာယ ၄၂:၅၊ ၈) ယေဟောဝါ၏ဂုဏ်တော်ကို ထင်ရှားစေသော ယေရှုဖြစ်ထွန်းစေတော်မူသည့် အသီးအနှံများကို ယောဟန်အတန်းအစားနှင့်အတူ တက်ကြွစွာ ပါဝင်ရိတ်သိမ်းရသည်မှာ အခွင့်ထူးပါတကား။ (လုကာ ၁၀:၂) ကျွန်ုပ်တို့အားလုံး ဤလောက၏ စပျစ်နွယ်ပင်ကြောင့် မညစ်ညူးရန်လည်းကောင်း၊ ဤသို့ပြုခြင်းဖြင့် ယေဟောဝါအပြစ်စီရင်သောအခါ မြေကြီးပေါ်မှ စပျစ်နွယ်ပင်နှင့်အတူ နင်းချေခြင်းမခံရရန်လည်းကောင်း သန္နိဋ္ဌာန်ချကြပါစို့။
၃၀ ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏ အဆုံးပိုင်းတွင် အသက်ရှင်နေကြသည်ဖြစ်၍ ၎င်းရိတ်သိမ်းခြင်းနှစ်ရပ်ဆိုင်ရာ ရူပါရုံသည် အလွန်အဓိပ္ပာယ်ရှိ၏။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရုံနှင့် စာတန့်စပျစ်နွယ်ပင်၏အသီးများကို တွေ့နိုင်၏။ ကိုယ်ဝန်ဖျက်ချမှုနှင့် အခြားသောလူသတ်မှုများ၊ လိင်တူဆက်ဆံမှု၊ ဖောက်ပြားမှုနှင့် အခြားသောသီလပျက်ပြားမှု၊ မရိုးသားမှုနှင့် ပင်ကိုကြင်နာခြင်းကင်းမဲ့မှု—ဤသို့သောအရာများအားလုံးကြောင့် ဤကမ္ဘာသည် ယေဟောဝါရှေ့တော်၌ ဆိုးညစ်လှ၏။ စာတန့်စပျစ်နွယ်ပင်သည် “အဆိပ်ပင်နှင့် ဒေါနပင်၏အသီး” ကိုသီး၏။ လူကိုပျက်စီးစေသော၊ ၎င်း၏ရုပ်တုကိုးကွယ်ခြင်းလမ်းစဉ်က လူသားတို့၏ကြီးမြတ်သောဖန်ဆင်းရှင်၏ အသရေတော်ကိုရှုတ်ချ၏။ ([အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 29 ဖာလုံ ၁,၆၀၀ သည် ကီလိုမီတာ ၃၀၀ သို့မဟုတ် မိုင် ၁၈၀ ရှိသည်။—ဗျာဒိတ် ၁၄:၂၀၊ ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၀၈ ပါ လေးထောင့်ကွက်]
‘၎င်း၏ မတရားမေထုန်စပျစ်ရည်’
မဟာဗာဗုလုန်၏ထင်ပေါ်သော အပိုင်းတစ်ပိုင်းမှာ ရိုမင်ကက်သလစ်ချာ့ခ်ျ ဖြစ်သည်။ ၎င်းချာ့ခ်ျကို ရောမမြို့ရှိ ပုပ်ရဟန်းမင်းက အုပ်စိုးပြီး ချာ့ခ်ျက ပုပ်ရဟန်းမင်းယောက်တိုင်း တမန်တော်ပေတရု၏ နောက်ဆက်ခံဖြစ်သည်ဟုဆို၏။ အောက်ပါကား ထိုအမည်ခံနောက်ဆက်ခံများနှင့်ဆိုင်သော ရေးသားဖြန့်ချိခဲ့သည့် အဖြစ်မှန်များဖြစ်သည်–
ဖော်မိုစပ်စ် (၈၉၁-၉၆)– “ဖော်မိုစပ်စ်သေ၍ ကိုးလကြာသော် သူ့အလောင်းသည် ပုပ်ရဟန်းမင်းများသင်္ဂြိုဟ်ရာ ဘုရားကျောင်းမြေအောက်ခန်းမှ ပြန်ဖော်ခံရပြီး [ပုပ်ရဟန်းမင်းသစ်] စတီဖင် နာယကပြုသော ‘အလောင်းဆိုင်ရာ’ ကောင်စီရှေ့ စွဲချက်တင်၍ စစ်ဆေးခံရသည်။ သေလွန်ခဲ့သူ ထိုပုပ်ရဟန်းမင်းသည် ပုပ်ရဟန်းမင်းရာထူးကို တရားလွန်မက်မောသည်ဟု စွပ်စွဲကာ သူပြုခဲ့သမျှကို တရားမဝင်ဟု ကြေညာကြသည်။ . . . သူ့အလောင်းမှ ရဟန်းမင်းဝတ်ရုံကိုချွတ်ပြီး လက်ယာလက်မှ လက်ချောင်းများကို ဖြတ်တောက်လိုက်သည်။”—ကက်သလစ်စွယ်စုံကျမ်းသစ်။
ဆဋ္ဌမမြောက်စတီဖင် (၈၉၆-၉၇)– “[ဖော်မိုစပ်စ်၏အလောင်းကို စစ်ကြောသည့်နောက်] လအနည်းငယ်အတွင်း တန်ပြန်အကြမ်းဖက်မှုကြောင့် စတီဖင်၏ပုပ်ရဟန်းမင်း အဆောင်အယောင်ကို ရုပ်သိမ်းပြီး သူ့ကို ထောင်ချကာ လည်မျိုညှစ်သတ်လိုက်သည်။”—ကက်သလစ်စွယ်ကျမ်းသစ်။
တတိယမြောက် ဆားဂျီးယပ်စ် (၉၀၄-၁၁)– “သူ့အထက်ကပုပ်ရဟန်းမင်းနှစ်ပါးသည် . . . ထောင်ထဲ၌ လည်မျိုညှစ်သတ်ခံရကြသည်။ . . . ရောမမြို့တွင် သီအိုဖီလက်တပ်စ်မိသားစုက သူ့အား အထောက်အမပေးခဲ့သည်။ ထိုအချိန်တွင် သူသည် ၎င်းအိမ်ထောင်မှ သမီးတစ်ယောက်ဖြစ်သူ မာရိုးဇီးယားအားဖြင့် သားတစ်ယောက်ရပြီးဖြစ်သည်ဟူ၏။ (ထိုသားသည် နောက်ပိုင်း၌ ပုပ်ရဟန်းမင်း ဆယ့်တစ်ဦးမြောက် ဂျွန်ဖြစ်လာသည်။)”—ကက်သလစ်စွယ်စုံကျမ်းသစ်။
သတ္တမမြောက် စတီဖင် (၉၂၈-၃၁)– “ပုပ်ရဟန်းမင်း ဒသမမြောက်ဂျွန်သည် ပုပ်ရဟန်းမင်း သက်တမ်းနောက်ဆုံးနှစ်၌ . . . ရောမမြို့ရှိ သခင်မ စင်းနထရစ်စ် မာရိုးဇီးယား၏အမျက်တော် စူးရှခံရသဖြင့် ထောင်ချလုပ်ကြံခံရသည်။ ထို့နောက် မာရိုးဇီးယားက ပုပ်ရဟန်းရာထူးကို ဆဋ္ဌမမြောက်လီယိုအား ချီးမြှင့်အပ်နှင်းလိုက်သည်။ လီယိုသည် ပုပ်ရဟန်းမင်းရာထူးရပြီးနောက် ၆ လခွဲအကြာတွင် သေဆုံးလေ၏။ သတ္တမမြောက် စတီဖင်က သူ့ကိုဆက်ခံ၏။ မာရိုးဇီးယား၏သြဇာဖြစ်ဟန်တူသည်။ . . . သူ ပုပ်ရဟန်းမင်းသက်တမ်း ၂ နှစ်တာအတွင်း မာရိုးဇီးယား၏ကြီးစိုးမှုအောက်၌ အာဏာမဲ့ဖြစ်ခဲ့သည်။”—ကက်သလစ်စွယ်စုံကျမ်းသစ်။
ဆယ့်တစ်ဦးမြောက် ဂျွန် (၉၃၁-၃၅)– “သတ္တမမြောက် စတီဖင်သေသောအခါ . . . သီအိုဖီလက်တပ်စ်အိမ်ထောင်ထဲမှ မာရိုးဇီးယားက အသက် ၂၀ ကျော်ရုံသာရှိသေးသော လူငယ်ဖြစ်သူ မိမိ၏သား ဂျွန်အတွက် ပုပ်ရဟန်းမင်းရာထူးကိုရယူ၏။ . . . ပုပ်ရဟန်းမင်းအနေနှင့် ဂျွန်သည် သူ့မိခင်၏ကြီးစိုးမှုကိုခံရ၏။—ကက်သလစ်စွယ်စုံကျမ်းသစ်။
ဆယ့်နှစ်ဦးမြောက် ဂျွန် (၉၅၅-၆၄)– “သူသည် ဆယ့်ရှစ်နှစ်ပြည့်ရုံသာရှိပြီး ခေတ်ပြိုင်သတင်းများက သူသည် ဝိညာဉ်ရေးရာများကို စိတ်မဝင်စား၊ ကြမ်းတမ်းရိုင်းစိုင်းသော အပျော်အပါးကို စွဲမက်၍ ကာမဂုဏ်ကို အထိန်းအကွပ်မရှိ လိုက်စားကြောင်း တညီတညွတ်တည်းဖော်ပြကြ၏။” —ပုပ်ရဟန်းမင်းများဆိုင်ရာ အောက်စဖော့အဘိဓာန်။
နဝမမြောက် ဘင်းနဒစ် (၁၀၃၂-၄၄; ၁၀၄၅; ၁၀၄၇-၄၈)– “သူသည် ပုပ်ရဟန်းမင်းအရာကို မိမိ၏ခေါင်းကိုင်အဘအား ရောင်းချပြီးနောက်မှ နှစ်ကြိမ်ပြန်ယူခဲ့၍ နာမည်ဆိုးဖြင့် ကျော်ခဲ့သည်။”—ကက်သလစ်စွယ်စုံကျမ်းသစ်။
သို့ဖြင့်၊ ဤသူတို့နှင့် အခြားပုပ်ရဟန်းမင်းများသည် သစ္စာရှိပေတရု၏ ပုံသက်သေကိုလိုက်လျှောက်မည့်အစား၊ ဆိုးညစ်သောသြဇာဖြစ်ကြသည်။ သွေးစွန်းခြင်းအပြစ်၊ ဝိညာဏနှင့် ကာယဆိုင်ရာ မတရားမေထုန်အပြင်၊ ယေဇဗေလ ဩဇာတို့ကို ဘေးမဲ့ပေးခြင်းဖြင့် မိမိတို့အုပ်ချုပ်သောချာ့ခ်ျကို ပုပ်ပျက်ယိုယွင်းစေကြသည်။ (ယာကုပ် ၄:၄) ၁၉၁၇ ခုနှစ်တွင် ကျမ်းစာကျောင်းသားများ၏ ပြီးဆုံးလေသောပဟေဠိစာအုပ်က ယင်းဖြစ်ရပ်မှန်များစွာတို့ကို ဘွင်းဘွင်း ရှင်းရှင်း အသေးစိတ်ဖော်ထုတ်ရေးသား၏။ ဤကား ထိုခေတ်က ကျမ်းစာကျောင်းသားများ “မြေကြီးကို ကပ်အမျိုးမျိုးဖြင့် ဒဏ်ခတ်” သော နည်းတစ်နည်းပင်ဖြစ်သည်။—ဗျာဒိတ် ၁၁:၆; ၁၄:၈; ၁၇:၁၊ ၂၊ ၅။
[စာမျက်နှာ ၂၀၆ ပါ ရုပ်ပုံ]
ကောင်းကင်တမန်၏ထောက်မမှုဖြင့် နန်းထိုင်ဘုရင်ခရစ်တော် တရားစီရင်
[စာမျက်နှာ ၂၀၇ ပါ ရုပ်ပုံ]
ဘီစီ ၅၃၉ ခုနှစ်တွင် ဗာဗုလုန်ကျရှုံးပြီးနောက် အကျဉ်းသားများလွတ်မြောက်လာ