သမ္မာကျမ်းစာ၏ ခေါင်းစဉ်ကြီး
အခန်း ၂
သမ္မာကျမ်းစာ၏ ခေါင်းစဉ်ကြီး
ကျမ်းစာကိုအနက်ဖွင့်ခြင်း ဗျာဒိတ်ကျမ်း၌ သော့ခတ်၍ဝှက်ထားသော နက်နဲရာများသည် ကျမ်းစာကို တကယ်သိလိုသော ကျမ်းစာကျောင်းသားများအဖို့ ကြာမြင့်စွာကတည်းက ပဟေဠိဖြစ်ခဲ့သည်။ ဘုရားသခင့်အချိန် ဆိုက်ရောက်သောအခါ ထိုနက်နဲရာများကို ဖော်ထုတ်ရပါလိမ့်မည်။ သို့သော်၊ အဘယ်သို့၊ အဘယ်အချိန်၊ အဘယ်သူအား ဖော်ထုတ်မည်နည်း။ ဘုရားသခင့်ဝိညာဉ်တော်ကသာ ချိန်းချက်သောအချိန်နီးလာသည့်အခါ အနက်ဖွင့်နိုင်သည်။ (ဗျာဒိတ် ၁:၃) မြင့်မြတ်သော ထိုလျှို့ဝှက်ချက်များကို ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ စိတ်အားထက်သန်သော ကျေးကျွန်များအား ဖွင့်ပြမည်ဖြစ်သည်။ သို့မှသာ သူတို့သည် ကိုယ်တော့်တရားစီရင်ချက်များကို ကြေညာဖို့ ခွန်အားရကြလိမ့်မည်။ (မဿဲ ၁၃:၁၀၊ ၁၁) ဤစာအုပ်ပါရှင်းလင်းချက်များ တစ်ပါဒမျှမမှားဟု မဆိုပါ။ ရှေးခေတ်က ယောသပ်ကဲ့သို့ “အိပ်မက်အနက်များသည် ဘုရားသခင်နှင့်ဆိုင်သည် မဟုတ်လော” ဟု ကျွန်ုပ်တို့ဆိုပါ၏။ (ကမ္ဘာဦး ၄၀:၈၊ သမ္မာ) သို့တစေ၊ ဤတွင်တင်ပြသည့် ဖွင့်ဆိုချက်များသည် ကျမ်းစာတစ်အုပ်လုံးနှင့် ညီညွတ်ကြောင်း၊ ကပ်ဘေးထူထပ်သော ကျွန်ုပ်တို့ခေတ်၏ ကမ္ဘာ့ဖြစ်ရပ်များ၌ ဘုရားသခင့်ပရောဖက်ပြုချက် မည်သို့ထူးခြားစွာ ပြည့်စုံလာသည်ကို ဖော်ပြကြောင်း ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။
၁။ ယေဟောဝါ၏ ကြီးမြတ်သောရည်ရွယ်ချက်ကား အဘယ်နည်း။
သမ္မာကျမ်းစာ၏စကားပုံတစ်ခုက “အမှု၏အဆုံးသည် အစထက် သာ၍ကောင်း၏” ဟုဆိုသည်။ (ဒေသနာ ၇:၈) ဖန်ဆင်းခံအရာအားလုံးရှေ့ မိမိနာမတော်ကို သန့်ရှင်းစေရန် တည်းဟူသော ယေဟောဝါ၏ မဟာရည်ရွယ်ချက် ကြီးကျယ်ခမ်းနားစွာ အထမြောက် အဆုံးသတ်ခြင်းအကြောင်းကို ဗျာဒိတ်ကျမ်း၌ ကျွန်ုပ်တို့ဖတ်ရသည်။ မိမိ၏ ရှေးပရောဖက်တစ်ပါးမှတစ်ဆင့် ထပ်ခါတလဲ ကြေညာခဲ့သည့်အတိုင်း “ငါသည် [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။”—ယေဇကျေလ ၂၅:၁၇; ၃၈:၂၃။
၂။ ဗျာဒိတ်ကျမ်းသည် ရှေ့ပိုင်းကျမ်းများနှင့်အတူ အဘယ်ကျေနပ်ဖွယ် အသိပညာရစေရန် ကျွန်ုပ်တို့ကို ထောက်ကူသနည်း။
၂ ဗျာဒိတ်ကျမ်းက အမှုတို့၏အောင်ပွဲခံနိဂုံးကို ရှင်းလင်းဖော်ပြသကဲ့သို့ ရှေ့ပိုင်းကျမ်းစောင်များကလည်း အမှုတို့၏အစကို ဖော်ပြသည်။ ထိုမှတ်တမ်းကို စိစစ်ခြင်းဖြင့် သက်ဆိုင်ရာအရေးကိစ္စများကို နားလည်မည့်အပြင် ဘုရားသခင့် ရည်ရွယ်ချက်များကိုလည်း ခြုံ၍မြင်နိုင်ပေလိမ့်မည်။ မည်မျှကျေနပ်စရာပါတကား။ ထို့ပြင် လူသားများအား စောင့်ကြိုနေသည့် အနာဂတ်ထူးကို ပိုင်ဆိုင်နိုင်ရန် အားထုတ်လုပ်ကိုင်ဖို့ ကျွန်ုပ်တို့အား လှုံ့ဆော်ဆာလံ ၁၄၅:၁၆၊ ၂၀) လူသားတစ်ရပ်လုံး ရင်ဆိုင်နေရသော အရေးကိစ္စကြီးကိုလည်းကောင်း၊ ယင်းအရေးကိစ္စကိုဖြေရှင်းမည်ဟု ရှင်းလင်းစွာတင်ပြထားသည့် ဘုရားသခင့် ရည်ရွယ်ချက်ကိုလည်းကောင်း နှလုံးသွင်းနိုင်ရန် ရည်သန်လျက် သမ္မာကျမ်းစာတစ်အုပ်လုံး၏ နောက်ခံအကြောင်းနှင့် ခေါင်းစဉ်အကြောင်းတို့ကို ယခုဆွေးနွေးလျှင် လျော်ကန်ပေမည်။
အပ်ပေသည်။ (၃။ ကမ္ဘာဦးကျမ်းပါ အဘယ်ပရောဖက်ပြုချက်က ဗျာဒိတ်ကျမ်းအပါအဝင် ကျမ်းစာတစ်အုပ်လုံးအတွက် ခေါင်းစဉ်တပ်ပေးသနည်း။
၃ သမ္မာကျမ်းစာ၏ ပထမကျမ်းဖြစ်သည့် ကမ္ဘာဦးကျမ်းက “အစအဦး” အကြောင်းကိုပြောပြီး မြေကြီးဆိုင်ရာ ဖန်ဆင်းခြင်း၏အထွတ်အထိပ်ဖြစ်သော လူအပါအဝင် ဘုရားသခင်၏ဖန်ဆင်းခြင်းအမှုများကို ဖော်ပြသည်။ ကမ္ဘာဦးကျမ်းသည် လွန်ခဲ့သောအနှစ် ၆,၀၀၀ ခန့်က ဧဒင်ဥယျာဉ်၌ ဘုရားသခင်ကိုယ်တော်တိုင် မိန့်ဆိုခဲ့သည့် ပထမ ပရောဖက်ပြုချက်ကိုပါ တင်ပြသည်။ ထိုသို့ မမိန့်ဆိုမီ မြွေတစ်ကောင်သည် ပထမမိန်းမကို လှည့်စားခြင်း၌ အသုံးပြုခံခဲ့ရသည်။ သူမက တစ်ဖန် ခင်ပွန်းသည် အာဒံအား သွေးဆောင်၍ “ကောင်းမကောင်းကို သိကျွမ်းရာအပင်” မှအသီးကို စားစေခြင်းဖြင့် မိမိနှင့်အတူ ယေဟောဝါ၏ပညတ်တော်ကို ချိုးဖောက်စေခဲ့သည်။ အပြစ်ရှိသောမောင်နှံအပေါ် ပြစ်မိန့်ချရာ၌ ဘုရားသခင်က မြွေအား “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” ဟု မိန့်တော်မူသည်။ (ကမ္ဘာဦး ၁:၁; ၂:၁၆; ၃:၁-၆၊ ၁၄၊ ၁၅) ဤပရောဖက်ပြုချက်က ဗျာဒိတ်ကျမ်းအပါအဝင် သမ္မာကျမ်းစာ တစ်အုပ်လုံးအတွက် ခေါင်းစဉ်တပ်ပေးလိုက်သည်။
၄။ (က) ဘုရားသခင် ပထမပရောဖက်ပြုချက်ကို မိန့်ကြားသည့်နောက်၌ ကျွန်ုပ်တို့၏ပထမမိဘ ဘာဖြစ်ခဲ့ကြသနည်း။ (ခ) ပထမပရောဖက်ပြုချက်နှင့်ပတ်သက်၍အဘယ်မေးခွန်းများ ပေါ်လာသနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် အဖြေများကိုသိရန်လိုသနည်း။
၄ ဘုရားသခင်သည် ထိုပရောဖက်ပြုချက်ကို မိန့်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့၏ ပထမမိဘနှစ်ပါးကို ဧဒင်မှနှင်ထုတ်လိုက်သည်။ သူတို့သည် ပရဒိသု၌ ထာဝရအသက်ရဖို့ မမျှော်လင့်နိုင်တော့။ အပြင်ဘက်ရှိ ပြုပြင်မထားသော မြေရိုင်းပေါ်တွင် သေသည်အထိ နေသွားရတော့မည်။ သေမိန့်ချခံရပြီးဖြစ်၍ အပြစ်ဖြင့်ဝန်ပိနေသော သားသမီးများကို မွေးကြရချေအံ့။ (ကမ္ဘာဦး ၃:၂၃–၄:၁; ရောမ ၅:၁၂) သို့သော် ဧဒင်၌မိန့်ဆိုခဲ့သော ပရောဖက်ပြုချက်သည် ဘာကိုဆိုလိုသနည်း။ မည်သူများ ပါဝင်ပတ်သက်သနည်း။ ဗျာဒိတ်ကျမ်းနှင့် မည်သို့ဆက်စပ်သနည်း။ ယနေ့ကျွန်ုပ်တို့အတွက် ဘာသတင်း ပါရှိသနည်း။ ဤပရောဖက်ပြုချက်ကို ယေဟောဝါ မိန့်ဆိုစေရန်ဖန်တီးသော ထိုအဖြစ်ဆိုး၏ဂယက်မှ ကိုယ်တိုင်လွတ်မြောက်နိုင်ရန် ထိုမေးခွန်းများ၏အဖြေကိုသိဖို့ အလွန့်အလွန် အရေးကြီးလှ၏။
အဓိကဇာတ်ကောင်များ
၅။ ဧဝကို မြွေလှည့်ဖြားသောအခါ ဘုရားသခင့် အချုပ်အခြာအာဏာတော်၊ နာမတော်နှင့်စပ်လျဉ်း၍ ဘာဖြစ်ပျက်လာသနည်း။ ထိုအငြင်းအခုံ မည်သို့ပြေလည်သွားမည်နည်း။
၅ ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်ကို မြွေအား မိန့်ဆိုခဲ့သည်။ မြွေက ဧဝအား မနာခံမှုကြောင့် သူမ သေရမည်မဟုတ်၊ လွတ်လပ်သူ၊ ဘုရားမတစ်ဆူပင် ဖြစ်လာမည်ဟု ဆိုလိုသည့်အနေနှင့် လိမ်ပြောခဲ့သည်။ ဤနည်းဖြင့် မြွေက ယေဟောဝါကို မုသာသမားဖြစ်စေပြီး လူသားတို့သည် ကိုယ်တော်၏အချုပ်အခြာအုပ်စိုးမှုကိုပယ်လျှင် မိမိတို့ဘဝ တိုးတက်ကောင်းမွန်လာနိုင်သည်ဟူ၍ စောင်းပါးရိတ်ခြည် ပြောခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကိုအန်တု၍ နာမမြတ်ကို စွန်းထင်းစေခဲ့သည်။ ဗျာဒိတ်ကျမ်းက ဖြောင့်မတ်သောတရားသူကြီး ယေဟောဝါသည် သားတော်ယေရှုခရစ်၏ နိုင်ငံတော်အုပ်ချုပ်မှုကိုသုံး၍ မိမိ၏အချုပ်အခြာအာဏာကို မည်သို့သင်္ကာယနကင်းစေပြီး မိမိနာမတော်ကို စွန်းထင်းစေသော ပြစ်တင်ကဲ့ရဲ့မှုရှိသမျှကို မည်သို့ဖယ်ရှင်းမည်ဖြစ်ကြောင်း ဖော်ပြသည်။—ဗျာဒိတ် ၁၂:၁၀; ၁၄:၇။
၆။ မြွေမှတစ်ဆင့် ဧဝနှင့်စကားပြောသူအကြောင်း ဗျာဒိတ်ကျမ်းက မည်သို့ထုတ်ဖော်သနည်း။
၆ “မြွေ” ဟူသော အသုံးအနှုန်းနှင့် စပ်လျဉ်း၍ဆိုရလျှင် ပကတိမြွေကိုသာဆိုလိုသလော။ ထိုသို့လုံးဝမဟုတ်။ ထိုမြွေမှတစ်ဆင့် စကားပြောသော အဆိုးဖြင့်နာမည်ကြီးသူ ဝိညာဉ်သတ္တဝါမှာ မည်သူမည်ဝါဖြစ်ကြောင်း သိစေရန် ဗျာဒိတ်ကျမ်းက ဖော်ထုတ်၏။ “ပရိယာယ်အားဖြင့် ဧဝကိုလှည့်စား” သူမှာ “နဂါးကြီး . . . လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စားသော မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းခံရသူ မူလမြွေ” ပင်ဖြစ်သည်။—ဗျာဒိတ် ၁၂:၉၊ ကဘ; ၂ ကောရိန္သု ၁၁:၃။
၇။ ကမ္ဘာဦး ၃:၁၅ ပါ မိန်းမသည် ဝိညာဉ်ဘုံကဖြစ်ကြောင်း ဘာကပြသနည်း။
၇ ကမ္ဘာဦး ၃:၁၅ က ဆက်လက်၍ “မိန်းမ” အကြောင်းကို ပြောသည်။ သူမသည် ဧဝလော။ ဧဝ ထိုသို့ထင်ချင်ထင်မည်။ (ကမ္ဘာဦး ၄:၁ နှိုင်းယှဉ်။) သို့သော် ဧဝသည် လွန်ခဲ့သောနှစ်ပေါင်း ၅,၀၀၀ ကျော်က သေဆုံးခဲ့ပြီဖြစ်၍ သူမနှင့် စာတန်စပ်ကြား အဓွန့်ရှည်သောရန်ငြိုး မရှိနိုင်။ ထို့ပြင် ယေဟောဝါ၏ စကားတော်ကိုနာသော မြွေသည် အရူပဝိညာဉ်ဖြစ်ရကား ထိုမိန်းမလည်း ဝိညာဉ်ဘုံက ဖြစ်ရလိမ့်မည်။ ဗျာဒိတ် ၁၂:၁၊ ၂ က ဤအချက်ကို အတည်ပြုလျက် ပုံဆောင်သော ဤမိန်းမမှာ ဝိညာဉ်သတ္တဝါများဖြင့် ဖွဲ့စည်းသော ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းဖြစ်ကြောင်းပြသည်။—ဟေရှာယ ၅၄:၁၊ ၅၊ ၁၃ ကိုလည်းရှု။
ရန်ဘက်ပြုသော အမျိုးအနွယ်နှစ်ခု
၈။ အမျိုးအနွယ်နှစ်ခုနှင့်ပတ်သက်သော မိန့်မြွက်ချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် အလေးအနက် စိတ်ဝင်စားသင့်သနည်း။
၈ ကမ္ဘာဦး ၃:၁၅ က မျိုးနွယ်နှစ်ခုအကြောင်း ဆက်လက်တင်ပြသည်။ ၎င်းတို့အကြောင်းကို ကျွန်ုပ်တို့ အလေးအနက် စိတ်ဝင်စားသင့်သည်။ အကြောင်းမှာ ဤကမ္ဘာ၏ အချုပ်အခြာအာဏာပိုင်ထိုက်မှုဆိုင်ရာ မဟာအရေးကိစ္စနှင့် ဆက်နွှယ်လျက်ရှိ၍ဖြစ်သည်။ ကြီးငယ်မဟူ ကျွန်ုပ်တို့အားလုံးနှင့် ပတ်သက်၏။ သင်သည် အဘယ်မျိုးနွယ်ကို နှစ်သက်သနည်း။
၉။ မြွေမျိုးနွယ်၌ မည်သူများ မုချပါဝင်သနည်း။
၉ ပထမ မြွေ၏မျိုးစေ့၊ သို့မဟုတ် မျိုးနွယ်ဖြစ်သည်။ ၎င်းသည် အဘယ်အရာနည်း။ စာတန်နှင့်အတူ ပုန်ကန်သဖြင့် အဆုံး၌ “သူနှင့်အတူ” ကမ္ဘာပေါ်သို့ “ပစ်ချခံ” ရသော အခြားဝိညာဉ်သတ္တဝါများ ပါဝင်မည်မုချ။ (ဗျာဒိတ် ၁၂:၉၊ ကဘ) စာတန် သို့မဟုတ် “ဗေလဇေဗုလ” သည် “နတ်ဆိုးမင်း” ဖြစ်ရကား သူ၏အရူပ အဖွဲ့အစည်းသည် နတ်ဆိုးများဖြင့် ဖွဲ့စည်းထားသည်မှာ သိသာ၏။—မာကု ၃:၂၂; ဧဖက် ၆:၁၂၊ ကဘ။
၁၀။ သမ္မာကျမ်းစာက စာတန့်မျိုးနွယ်၌ပါဝင်သော အခြားသူများကို မည်သို့ထုတ်ဖော်သနည်း။
၁၀ ထို့ပြင် ယေရှုက မိမိလက်ထက်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များအား “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏” ဟုမိန့်တော်မူ၏။ (ယောဟန် ၈:၄၄) ထိုဘာသာရေးခေါင်းဆောင်တို့သည် ဘုရားသခင့်သားတော်ယေရှုကို အတိုက်အခံပြုခြင်းဖြင့် မိမိတို့သည် စာတန့်မျိုးနွယ်ဖြစ်ကြောင်းကိုပြသည်။ သူတို့သည် စာတန့်မျိုးနွယ်အဝင်ဖြစ်၍ စာတန်ကို မိမိတို့၏ ပုံဆောင်ဖခင်အဖြစ်ထား၍ ဝတ်ပြုကြသည်။ သမိုင်းတစ်လျှောက် အခြားလူသားများလည်း စာတန့်အလိုကိုဆောင်ခြင်းဖြင့် စာတန့်မျိုးနွယ်ဖြစ်ကြောင်းကို ပြခဲ့ကြသည်။ အထူးသဖြင့် ယေရှု၏တပည့်များကို ဆန့်ကျင်ညှဉ်းဆဲခြင်းဖြင့်ဖြစ်သည်။ ထိုလူသားများကို ခြုံငုံ၍ မြေကြီးပေါ်ရှိ စာတန့်ရူပအဖွဲ့ဝင်များဟု ခေါ်ဆိုနိုင်သည်။—ယောဟန် ၁၅:၂၀; ၁၆:၃၃; ၁၇:၁၅။
မိန်းမ၏အမျိုးအနွယ် မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်လာ
၁၁။ ရာစုနှစ်များစွာအတွင်း မိန်းမမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင် ဘာကိုဖော်ပြတော်မူသနည်း။
၁၁ ကမ္ဘာဦး ၃:၁၅ မှ ပရောဖက်ပြုချက်က အဆုံး၌ မိန်းမ၏မျိုးနွယ်အကြောင်းကိုဆို၏။ စာတန်က မိမိမျိုးနွယ်ကို မွေးဖွားနေစဉ် ယေဟောဝါလည်း မိမိ၏ “မိန်းမ” သို့မဟုတ် ဇနီးကဲ့သို့သော ကောင်းကင်အဖွဲ့အစည်းအား မျိုးနွယ်တစ်ခု မွေးထုတ်စေရန် ပြင်ဆင်လျက်နေတော်မူသည်။ နှစ်ပေါင်း ၄,၀၀၀ ခန့်အတွင်း မျိုးနွယ်တော်ကြွလာခြင်းဆိုင်ရာ အသေးစိတ်အကြောင်းများကို ဘုရားသခင်ကို ကြောက်ရွံ့နာခံသူတို့အား တစ်စစ လှစ်ဟတော်မူသည်။ (ဟေရှာယ ၄၆:၉၊ ၁၀) သို့ဖြစ်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် အခြားသူတို့သည် မိမိတို့၏သားစဉ်မြေးဆက်အထဲမှ မျိုးနွယ်တော်ပေါ်ထွက်လာမည်ဟူသော ကတိတော်ကို ယုံကြည်နိုင်ကြသည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈; ၂၆:၄; ၂၈:၁၄) ယေဟောဝါ၏အစေခံများသည် မယိမ်းယိုင်သော ယုံကြည်မှုရှိသောကြောင့် သူတို့ကို စာတန်နှင့်သူ၏ လက်ပါးစေတို့က မကြာခဏ နှိပ်စက်ညှဉ်းပန်းကြသည်။—ဟေဗြဲ ၁၁:၁၊ ၂၊ ၃၂-၃၈။
၁၂။ (က) မိန်းမမျိုးနွယ်၏ အဓိကအပိုင်းသည် အဘယ်အချိန်၊ အဘယ်အဖြစ်အပျက်နှင့်တကွ ကြွလာသနည်း။ (ခ) ဘာအတွက် ယေရှု ဘိသိက်ခံရသနည်း။
၁၂ နောက်ဆုံး၊ ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ် ၂၉ ခု၌ စုံလင်သောလူသား ယေရှုသည် ယော်ဒန်မြစ်သို့ကြွရောက်၍ နှစ်ခြင်းခံတော်မူသည်။ ယေဟောဝါသည် ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးသောအခါ ကိုယ်တော်အား သားတော်အဖြစ်လက်ခံ၍ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟု မိန့်တော်မူ၏။ (မဿဲ ၃:၁၇) ထိုနေရာ၌ ယေရှုသည် ကောင်းကင်ရှိ ဘုရားသခင့် ဝိညာဏအဖွဲ့အစည်းမှ စေလွှတ်လိုက်သူအဖြစ် ပေါ်လွင်ခဲ့သည်။ နိုင်ငံတော်၏ မင်းလျာအဖြစ်လည်း ဘိသိက်ခံတော်မူသည်။ ထိုနိုင်ငံတော်သည် ယေဟောဝါနာမတော်ကို အမှီပြု၍ မြေကြီးပေါ်၌ အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ခြင်းဖြင့် အစိုးရ သို့မဟုတ် အချုပ်အခြာအာဏာဆိုင်ရာ အရေးကိစ္စကို အပြီးအငြိမ်း ဖြေရှင်းလိမ့်မည်။ (ဗျာဒိတ် ၁၁:၁၅) သို့ဖြစ်၍ ယေရှုပင်လျှင် မိန်းမ၏အဓိကမျိုးနွယ်တော်၊ ကြိုဟောသည့် မေရှိယဖြစ်ပေသည်။—ဂလာတိ ၃:၁၆; ဒံယေလ ၉:၂၅။
၁၃၊ ၁၄။ (က) မိန်းမမျိုးနွယ်သည် ထင်ပေါ်သော ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်မည်မဟုတ်ဟု သိရသောအခါ အဘယ်ကြောင့် မအံ့သြသင့်သနည်း။ (ခ) လူသားများထဲမှ လူမည်မျှကို မျိုးနွယ်၏ဆင့်ပွားအပိုင်းအဖြစ် ရွေးချယ်တော်မူသနည်း။ သူတို့သည် ဘာအဖွဲ့အစည်း ဖြစ်လာသနည်း။ (ဂ) အခြားမည်သူများလည်း မျိုးနွယ်တော်နှင့်အတူ အမှုထမ်းကြသနည်း။
၁၃ မိန်းမ၏အမျိုးအနွယ်သည် တစ်ဦးတည်းသော ထင်ပေါ်သူဖြစ်မည်လော။ စဉ်းစားကြည့်ပါ။ စာတန့်မျိုးနွယ်ကော မည်သို့နည်း။ သမ္မာကျမ်းစာက စာတန့်အမျိုးအနွယ်တွင် ကောင်းကင်တမန်ဆိုးများနှင့် ဘုရားသခင့် အသရေတော်ရှုတ်ချသောလူများ ဒုနဲ့ဒေးပါဝင်ကြောင်း တင်ပြသည်။ ထို့ကြောင့် လူသားများထဲမှ သစ္စာစောင့်သူ ၁၄၄,၀၀၀ ကိုရွေးချယ်ပြီး မေရှိယမျိုးနွယ် ယေရှုခရစ်၏ တွဲဖက်ယဇ်ပုရောဟိတ်များအဖြစ် ခန့်အပ်ရန် ဘုရားသခင်ရည်ရွယ်ကြောင်း သိရသောအခါ မအံ့သြသင့်ချေ။ မာရ်နတ်သည် ဘုရားသခင်၏ မိန်းမပမာဖြစ်သော အဖွဲ့အစည်းအပေါ် ရန်ငြိုးထားလျက် ‘မိန်းမ၏အမျိုးအနွယ်ထဲမှ ကျန်ကြွင်းသူများကို တိုက်ခိုက်ရန် ထွက်သွားလေသည်’ ဟု ဗျာဒိတ်ကျမ်းဆိုရာ၌ ဤသူတို့ကို ရည်ညွှန်းသည်။—ဗျာဒိတ် ၁၂:၁၇၊ ကဘ; ၁၄:၁-၄။
၁၄ သမ္မာကျမ်းစာ၌ ဘိသိက်ခံ ခရစ်ယာန်များကို ယေရှု၏ဟေဗြဲ ၂:၁၁) သူတို့၏ဖခင်မှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သူတို့၏မိခင်သည် ထို “မိန်းမ၊” ဇနီးနှင့်တူသော ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်း ဖြစ်ရပေမည်။ သူတို့သည် မျိုးနွယ်တော်၏ ဆင့်ပွားအပိုင်းဖြစ်လာ၍ ခရစ်တော်ယေရှုသည် အဓိကအပိုင်းဖြစ်သည်။ မြေကြီးပေါ်ရှိ ဤဝိညာဉ်တော်ဖွား ခရစ်ယာန်များ၏ အသင်းတော်သည် ကောင်းကင်ရှိ မိန်းမနှင့်တူသော ဘုရားသခင့်အဖွဲ့အစည်း ညွှန်ကြားမှုအောက် အမှုဆောင်သည်။ သူတို့ထမြောက်သောအခါ ကောင်းကင်၌ ခရစ်တော်ယေရှုနှင့် ပူးပေါင်းကြမည်။ (ရောမ ၈:၁၄-၁၇; ဂလာတိ ၃:၁၆၊ ၂၉) လူမျိုးအားလုံးထဲမှ သန်းနှင့်ချီသည့် အခြားသိုးတို့သည် ထိုမျိုးနွယ်အဝင်မဟုတ်သော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင့် အဖွဲ့အစည်းနှင့်ပူးပေါင်း၍ အမှုဆောင်လျက်နေကြပြီ။ သင်သည် ထိုအခြားသိုးထဲမှ တစ်ဦးလော။ ဟုတ်လျှင် သင်၏ပျော်ရွှင်ဖွယ် မျှော်လင့်ချက်မှာ ပရဒိသုမြေကြီးပေါ် ထာဝရအသက်ရှင်ရန်ဖြစ်၏။—ယောဟန် ၁၀:၁၆; ၁၇:၁-၃။
ညီတော်များဟု သမုတ်သည်။ ကိုယ်တော့်ညီတော်များဖြစ်သည့်အလျောက် တစ်မိတစ်ဘတည်းရှိကြ၏။ (ရန်ငြိုးကြီးထွားလာပုံ
၁၅။ (က) စာတန်၏ လူသားဆိုင်ရာနှင့် ကောင်းကင်တမန်ဆိုင်ရာ မျိုးနွယ်များ ဖြစ်ပေါ်လာပုံကိုဖော်ပြပါ။ (ခ) နောဧလက်ထက် ရေလွှမ်းမိုးစဉ် စာတန့်မျိုးနွယ် ဘာဖြစ်ခဲ့သနည်း။
၁၅ စာတန်၏ လူသားမျိုးနွယ်သည် လူ့သမိုင်းဦးကတည်းက စတင်ထင်ရှားလာသည်။ ဥပမာ၊ လူမှမွေးဖွားသော ပထမလူသား ကာဣနသည် “မာရ်နတ်၏သားဖြစ်” ၍ မိမိ “ညီ [အာဗေလ] ကိုသတ်” ၏။ (၁ ယောဟန် ၃:၁၂၊ သမ္မာ) နောက်ပိုင်းတွင် ဧနောက်က “ဘုရားသခင်သည် အတိုင်းမသိ များစွာသော မိမိ၏ မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့် ကြွလာ၍ တစ်ကမ္ဘာလုံးကို တရားစီရင်တော်မူလိမ့်မည်။ လူအပေါင်းတို့အား မိမိတို့၏ ဆိုးသွမ်းယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရားမဲ့အပြစ်သားတို့ ဘုရားသခင်အား ရိုင်းပျစွာပြစ်မှားပြောဆိုကြသည့် စကားများအတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်” ဟုဆိုသည်။ (ယုဒ ၁၄၊ ၁၅၊ ခမ) ထို့ပြင် သူပုန် ကောင်းကင်တမန်များသည် စာတန်နှင့်ပူးပေါင်း၍ သူ၏မျိုးနွယ်အဝင် ဖြစ်လာသည်။ သူတို့သည် လူ့သမီးများနှင့်ထိမ်းမြားရန် အသွေးအသားခန္ဓာကိုဆောင်၍ ကောင်းကင်ရှိ “မိမိတို့နေရာအရပ်ကိုစွန့်ပစ်” ကြသည်။ သူတို့သည် လူ့ထက်စွမ်းပကားကြီး၍ ဗိုလ်ကျအနိုင်ကျင့်သော မျိုးစပ်ကလေးများကို မွေးထုတ်ကြသည်။ ထိုခေတ်က ကမ္ဘာသည် အဓမ္မမှု ဆိုးသွမ်းမှုဖြင့် ပြည့်နှက်လာသဖြင့် ဘုရားသခင်က ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ရလေသည်။ လူသားများအနက် သစ္စာရှိ နောဧနှင့် အိမ်သားများသာ ကပ်ကျော်ခဲ့သည်။ နာမခံသော ကောင်းကင်တမန်တို့သည် စာတန့်ထိန်းချုပ်မှုအောက်ရှိ နတ်ဆိုးများဖြစ်လာ၍ မိမိတို့၏ မုချသေရတော့မည့် လူ့ဇနီးနှင့် မျိုးစပ်ကလေးများကို မစွန့်ချင်ဘဲ စွန့်ပစ်ကြရလေသည်။ ရုပ်ခန္ဓာကိုချွတ်၍ ဝိညာဉ်ဘောင်သို့ ပြန်ကြလေသည်။ ထိုနေရာမှနေ၍ စာတန်နှင့် သူ၏အမျိုးအနွယ်အပေါ် မဆိုင်းမတွ ဆိုက်ကပ်နေသော ဘုရားသခင့်စီရင်သုတ်သင်မှုကို စောင့်ဆိုင်းလျက်နေကြရသည်။—ယုဒ ၆; ကမ္ဘာဦး ၆:၄-၁၂; ၇:၂၁-၂၃; ၂ ပေတရု ၂:၄၊ ၅။
၁၆။ (က) ရေလွှမ်းမိုးခြင်းနောက်၌ အဘယ်မင်းဆိုးမင်းညစ်ပေါ်လာ၍ သူသည် စာတန့်မျိုးနွယ်အဝင်ဖြစ်ကြောင်း မည်သို့ထင်ရှားပြသနည်း။ (ခ) ဗာဗုလုန်ရဲတိုက် ဆောက်လုပ်မည့်သူများကို ဘုရားသခင် မည်သို့ဟန့်တားတော်မူသနည်း။
၁၆ ရေလွှမ်းမိုးဘေးကြီးပြီးနောက် မကြာမီ နိမ်ရောဒအမည်ရှိ မင်းဆိုးမင်းညစ်တစ်ပါးပေါ်လာသည်။ သူ့ကို သမ္မာကျမ်းစာက “ယေဟောဝါကို ဆန့်ကျင်သော အားကြီးသည့်မုဆိုး” (ကဘ) အဖြစ်ဖော်ပြသည်—တကယ်ပင် မြွေမျိုးနွယ်အဝင် ဖြစ်ပေသည်။ သူသည် စာတန်ကဲ့သို့ ပုန်ကန်စိတ်ရှိ၍ လူသားများ မြေတစ်ပြင်လုံး ပျံ့နှံ့သွားရန် တည်းဟူသော ယေဟောဝါ၏ ရည်ရွယ်ချက်ကို ဖီဆန်လျက် ဘေဘဲလ် သို့မဟုတ် ဗာဗုလုန်မြို့ကိုတည်သည်။ “ကောင်းကင်သို့ မီရသောရဲတိုက်” တစ်ခုကို ဗာဗုလုန်မြို့၏ ဗဟိုချက်မအဖြစ် ပြုလုပ်ရန် ကြံရွယ်ခဲ့ကြသော်လည်း ထိုရဲတိုက်ဆောက်လုပ်မည့်သူများကို ဘုရားသခင် ဟန့်တားလိုက်သည်။ သူတို့၏ ဘာသာစကားကို ရှုပ်ထွေးစေသဖြင့် “သူတို့ကို မြေတစ်ပြင်လုံး၌ အရပ်ရပ် [သို့] ကွဲပြားစေတော်မူ” သည်။ ဗာဗုလုန်မြို့ကိုကား ဆက်လက်တည်ရှိခွင့် ပြုတော်မူသည်။—ကမ္ဘာဦး ၉:၁; ၁၀:၈-၁၂; ၁၁:၁-၉။
နိုင်ငံရေးအင်အားကြီးနိုင်ငံများ ပေါ်လာခြင်း
၁၇။ လူသား များပြားလာသောအခါ လူ့အဖွဲ့အစည်း၏ ဖောက်ပြန်သော အဘယ်အင်္ဂါရပ်ထင်ရှားလာသဖြင့် အဘယ်အင်ပါယာများ ပေါ်လာသနည်း။
၁၇ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ဖီဆန်လျက် ဖြစ်ဖွားလာသော လူ့အဖွဲ့အစည်း၏ အင်္ဂါရပ်များ ဗာဗုလုန်မြို့၌ ပေါ်ထွက်လာသည်။ ၎င်းတို့အနက် တစ်ခုမှာ နိုင်ငံရေးဖြစ်သည်။ လူဦးရေ တိုးလာသည်နှင့်အမျှ ထူးကဲထင်ပေါ်လိုသူတို့က နိမ်ရောဒကိုတုပ၍ အာဏာသိမ်းကြလေသည်။ လူလူချင်း နစ်နာအောင် ကြီးနိုင်ငယ်ညှဉ်းလုပ်လာကြသည်။ (ဒေသနာ ၈:၉) ဥပမာ၊ အာဗြဟံလက်ထက်၌ သောဒုံ၊ ဂေါမောရနှင့် ပတ်ဝန်းကျင်မြို့တို့သည် ရှိနာနှင့် အခြားဝေးရပ်ဒေသမှ မင်းများ၏ချုပ်ကိုင်မှုအောက်သို့ ကျရောက်ခဲ့ကြသည်။ (ကမ္ဘာဦး ၁၄:၁-၄) အဆုံး၌ စစ်ရေးနှင့် စည်းရုံးရေးဘက် ဉာဏ်ထက်မြက်သူတို့က မိမိတို့၏ ဘုန်းစည်းစိမ်အတွက် အင်ပါယာကြီးများ ထူထောင်လာကြသည်။ သမ္မာကျမ်းစာက ထိုအင်ပါယာများအနက် အီဂျစ်၊ အဆီးရီးယား၊ ဘေဘီလုန်၊ မီဒို-ပါးရှား၊ ဂရိနှင့်ရောမ အင်ပါယာများအကြောင်း ညွှန်းဆိုသည်။
၁၈။ (က) ဘုရားသခင့်လူမျိုးတော်သည် နိုင်ငံရေးအုပ်စိုးရှင်များကို မည်သို့သဘောထားသနည်း။ (ခ) နိုင်ငံရေးအာဏာပိုင်များသည် ရံဖန်ရံခါ ဘုရားသခင့်အကျိုးကို မည်သို့သယ်ပိုးခဲ့ကြသနည်း။ (ဂ) အုပ်စိုးရှင်အများအပြားတို့က မိမိတို့ကိုယ်ကို မြွေမျိုးနွယ်အဝင်ဖြစ်ကြောင်း မည်သို့ပြခဲ့ကြသနည်း။
ရောမ ၁၃:၁၊ ၂) ရံဖန်ရံခါ၊ နိုင်ငံရေးအာဏာပိုင်များသည် ဘုရားသခင့် ရည်ရွယ်ချက်များဖြစ်မြောက်ရေး သို့မဟုတ် လူမျိုးတော်ကိုကာကွယ်ရေးအတွက်ပင် အကျိုးပြုသည်။ (ဧဇရ ၁:၁-၄; ၇:၁၂-၂၆; တမန်တော် ၂၅:၁၁၊ ၁၂; ဗျာဒိတ် ၁၂:၁၅၊ ၁၆) သို့သော် နိုင်ငံရေး မင်းစိုးရာဇာများစွာတို့သည် စစ်မှန်သောဝတ်ပြုမှုကို ရက်စက်ယုတ်မာစွာ အတိုက်အခံပြု၍ မိမိတို့သည် မြွေမျိုးနွယ်အဝင်ဖြစ်ကြောင်း ထင်ရှားစေသည်။—၁ ယောဟန် ၅:၁၉။
၁၈ ယေဟောဝါသည် ထိုနိုင်ငံရေး အင်အားကြီးနိုင်ငံများအပေါ် သည်းခံလျက် ၎င်းတို့ကို တည်ရှိခွင့် ပြုတော်မူသည့်အလျောက် ကိုယ်တော့်လူမျိုးတော်လည်း ထိုသူတို့ချုပ်ကိုင်သောနိုင်ငံများ၌ နေထိုင်ကြစဉ် ၎င်းတို့ကို အကန့်အသတ်ဖြင့် နာခံကြသည်။ (၁၉။ ဗျာဒိတ်ကျမ်း၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများကို မည်သို့ပုံဖော်သနည်း။
၁၉ လူ့အုပ်ချုပ်မှုသည် ကျွန်ုပ်တို့လူသားများ ပျော်ရွှင်ရေး၊ ပြဿနာများကို ဖြေရှင်းရေး၌ အများအားဖြင့် မရှုမလှ အရေးနိမ့်ခဲ့ကြသည်။ မည်သည့်အုပ်ချုပ်ရေးဖြင့်မဆို စမ်းသပ်အုပ်ချုပ်စေရန် လူသားတို့အား ယေဟောဝါ အခွင့်ပေးသော်လည်း ခြစားမှု၊ ထင်သလိုအုပ်စိုးမှုကိုကား နှစ်သက်သည်မဟုတ်။ (သုတ္တံ ၂၂:၂၂၊ ၂၃) ဗျာဒိတ်ကျမ်းက လူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ကမ္ဘာ့အင်အားကြီးနိုင်ငံများကို မာန်ယစ်သည့် ဧရာမသားရိုင်းအဖြစ် ပုံဖော်ထား၏။—ဗျာဒိတ် ၁၃:၁၊ ၂။
အတ္တဆန်သော ကုန်ကူးသူများ
၂၀၊ ၂၁။ အဘယ်ဒုတိယအုပ်စုကို စာတန့်မျိုးနွယ်ဆိုးထဲတွင် “တပ်မှူးများ၊” “လူသန်များ” နှင့်တကွ စာရင်းသွင်းရမည်နည်း။ အဘယ်ကြောင့်နည်း။
၂၀ နိုင်ငံရေးခေါင်းဆောင်များနှင့် ပူးပူးကပ်ကပ် ဖက်စပ်လျက်ပေါ်လာသူမှာ စဉ်းလဲသော ကုန်စည်ကူးသန်းသူများပင်တည်း။ ရှေးဗာဗုလုန်မြို့၏ အပြိုအပျက်များမှ တူးဖော်ရရှိသော မှတ်တမ်းများက ထိုခေတ်၌ တစ်ဖက်သား အရေးမလှစဉ် အခွင့်ကောင်းယူကာ လူလူချင်း ခေါင်းပုံဖြတ်သော စီးပွားရေးလုပ်ငန်းများ အလွန်ခေတ်စားခဲ့ကြောင်း တင်ပြသည်။ ကမ္ဘာ့ကုန်သည်ကြီးတို့သည် ယနေ့တိုင်အောင် တစ်ကိုယ်ကောင်းအမြတ်အစွန်းအတွက် လုပ်ကိုင်လျက်ရှိကြသည်။ နိုင်ငံအများ၌ လက်တစ်ဆုပ်စာမျှသော လူတို့သည် အလွန့်အလွန်ချမ်းသာပြီး အများပြည်သူမှာမူ ဆင်းရဲမွဲတေလျက် လုံးပါးပါးရရှာသည်။ ဤစက်မှုခေတ်အတွင်း ကုန်သည်များ၊ ကုန်စည်ထုတ်လုပ်သူများသည် စိုးရိမ်ထိတ်လန့်စရာကောင်းသည့် အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များအပါအဝင် ရက်စက်လှသည့် ဖျက်ဆီးခြင်းစစ်လက်နက်များကို အင်အားကြီးနိုင်ငံများအား တောင်ပုံရာပုံ ရောင်းချခြင်းဖြင့် အကြီးအကျယ် အမြတ်ထုတ်ခဲ့ကြပြီ။ အနှီ ဝိသမလောဘသမား စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် သူတို့ကဲ့သို့သောလူတို့ကို “တပ်မှူးများ၊” “လူသန်များ” နှင့်အတူ စာတန့်မျိုးနွယ်ဆိုးတွင် စာရင်းသွင်းရပါလိမ့်မည်။ သူတို့အားလုံးကား ကွပ်မျက်ခံထိုက်သူများအဖြစ် ဘုရားသခင်နှင့် ခရစ်တော်တို့၏ စီရင်ချက်ချခြင်းခံရသော မြေကြီးအဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ်ကြသည်။—ဗျာဒိတ် ၁၉:၁၈၊ ကဘ။
၂၁ ဘုရားသခင့် ပြစ်မိန့်ချခြင်းခံထိုက်သော လူ့အဖွဲ့အစည်း၏စာရင်း၌ အကျင့်ပျက်သောနိုင်ငံရေးနှင့် လောဘဇောတိုက်သည့် စီးပွားရေးစနစ်အပြင် တတိယအင်္ဂါရပ်ကိုပါ ထပ်၍စာရင်းသွင်းရပေမည်။ အဘယ်အရာနည်း။ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားသော ဤအဆောက်အအုံအကြောင်းနှင့် ပတ်သက်သည့် ဗျာဒိတ်ကျမ်းအဆိုကို အသင် သိရလျှင် အံ့သြမိပေမည်။
မဟာဗာဗုလုန်
၂၂။ ရှေးဗာဗုလုန်၌ မည်သို့သောဘာသာရေး ပေါ်ထွန်းခဲ့သနည်း။
၂၂ မူလဗာဗုလုန်မြို့ကို တည်ဆောက်ခြင်းမှာ နိုင်ငံရေးလုပ်ငန်းမျှသာမဟုတ်ပါ။ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို
ဖီဆန်၍ ထိုမြို့ကိုတည်ကြသည်ဖြစ်၍ ဘာသာရေး အကျုံးဝင်၏။ ရှေးဗာဗုလုန်မြို့သည် ဘာသာရေး ရုပ်တုကိုးကွယ်မှု မြစ်ဖျားခံရာအရပ် အမှန်ပင်ဖြစ်ခဲ့သည်။ ၎င်း၏ဘုန်းကြီးများက လူသေသည့်နောက် လူ၏ဝိညာဉ် မသေဘဲကျန်ရစ်သည်၊ တမလွန်ဘဝဟူသည် နတ်ဆိုးများကြီးစိုးရာ ထာဝရကြောက်မက်ဖွယ်၊ ညှဉ်းဆဲခံရာအရပ် ဖြစ်သည်စသော ဘုရားသခင့် အသရေကိုရှုတ်ချသည့် အယူဝါဒများကို ပို့ချကြသည်။ သူတို့သည် သတ္တဝါများကိုးကွယ်မှု၊ ဘုရား၊ ဘုရားမ အမြောက်အမြားကိုးကွယ်မှုကို မြေတောင်မြှောက်သည်။ ကမ္ဘာနှင့်ကမ္ဘာသားများ ဖြစ်ပေါ်လာပုံကို ဒဏ္ဍာရီပုံပြင်များထွင်၍ ရှင်းချက်ထုတ်ကြသည်။ လူကိုယုတ်နိမ့်စေသော အခမ်းအနားများ၊ ယဇ်ပွဲများ ကျင်းပကြသည်။ မုချဧကန် သားသမီးထွန်းကား၍ သီးနှံပေါများလျက် စစ်အောင်စေရန် ကျင်းပခြင်းဖြစ်သည်ဟု ဆိုကြသည်။၂၃။ (က) လူတို့သည် ဗာဗုလုန်မှပျံ့နှံ့သွားစဉ် မိမိတို့နှင့်အတူ ဘာကို သယ်ဆောင်သွားသဖြင့် ဘာဖြစ်ခဲ့သနည်း။ (ခ) ကမ္ဘာကိုလွှမ်းခြုံသည့် မိစ္ဆာဘာသာရေးအင်ပါယာကို ဗျာဒိတ်ကျမ်းက မည်သို့ကင်ပွန်းတပ်သနည်း။ (ဂ) မိစ္ဆာဘာသာသည် ဘာကို အမြဲဆန့်ကျင်တိုက်ခိုက်သနည်း။
၂၃ ဘာသာစကား အမျိုးမျိုးပြောသော အုပ်စုများသည် ဗာဗုလုန်မှ ကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့သွားသည်နှင့်အမျှ ဗာဗုလုန်ဘာသာတရားကိုပါ ယူဆောင်သွားကြလေသည်။ သို့ဖြင့် ဥရောပ၊ အာဖရိက၊ အမေရိကတိုက်များ၊ အရှေ့ဖျားဒေသနှင့် တောင်ပင်လယ်များ၌နေထိုင်ကြသော မူလတိုင်းရင်းသားများဘောင်၌ ရှေးဗာဗုလုန်နှင့်ဆင်တူသော ဘာသာရေးထုံးတမ်းများနှင့် ယုံကြည်ချက်များ ထွန်းကားခဲ့သည်။ ထိုယုံကြည်ချက်များစွာတို့သည် ယနေ့တိုင် ရှင်သန်နေဆဲပင်။ သို့ဖြစ်၍ ဗျာဒိတ်ကျမ်းက ကမ္ဘာကိုလွှမ်းခြုံသည့် မိစ္ဆာဘာသာရေးအင်ပါယာကို မဟာဗာဗုလုန်အမည်ရှိ မြို့ကြီးတစ်မြို့အဖြစ် ညွှန်းဆိုသည်မှာ ဆီလျော်လှပေ၏။ (ဗျာဒိတ်အခန်းကြီး ၁၇၊ ၁၈) မိစ္ဆာဘာသာကို မည်သည့်နေရာ၌ ဖြန့်ကြဲသည်ဖြစ်စေ၊ လူကိုနိုင်ထက်ကလူပြုသော ဘုန်းကြီးများ၊ အယူသီးမှု၊ မသိနားမလည်မှုနှင့် သီလပျက်မှု ပေါ်ပေါက်စမြဲ။ ၎င်းသည် အစဉ်သဖြင့် စာတန်၏ အစွမ်းထက်သောလက်ကိုင်တုတ် ဖြစ်သည်။ မဟာဗာဗုလုန်သည် အချုပ်အခြာအာဏာရှင် ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးကို အစဉ်သဖြင့် သဲကြီးမဲကြီး တိုက်ခိုက်၏။
၂၄။ (က) မြွေသည် မိန်းမမျိုးနွယ်၏ “ဖနောင့်” ကို မည်သို့ကြိတ်နိုင်ခဲ့သနည်း။ (ခ) မိန်းမမျိုးနွယ်ခံရသောဒဏ်ကို ဖနောင့်မှာရသောဒဏ်အဖြစ် အဘယ်ကြောင့်ဆိုသနည်း။
၂၄ ပထမရာစု ဂျူးဘာသာ၏ ကျမ်းတတ်နှင့် ဖာရိရှဲတို့သည် မြွေမျိုးနွယ်ထဲက အပြစ်အကြီးဆုံး အပိုင်းဖြစ်၍ မိန်းမမျိုးနွယ်၏ အဓိကကိုယ်စားလှယ်ကို နှိပ်စက်၍ အဆုံး၌ သတ်ဖြတ်လိုက်သည့်ကိစ္စတွင် ဦးဆောင်ဦးရွက်ခဲ့သည်။ ဤနည်းအားဖြင့် မြွေသည် “သူ [“မျိုးနွယ်တော်”] ၏ဖနောင့်ကိုကြိတ်” ခဲ့သည်။ (ကမ္ဘာဦး ၃:၁၅; ယောဟန် ၈:၃၉-၄၄; တမန်တော် ၃:၁၂၊ ၁၅) အဘယ်ကြောင့် ဖနောင့်မှာရသော ဒဏ်ရာလောက်သာဟု ဆိုသနည်း။ မိန်းမမျိုးနွယ်ရသော ထိုဒဏ်ရာမှာ မြေကြီးပေါ်၌ တဒင်္ဂဒဏ်မျှသာ ဖြစ်၍တည်း။ နာတာရှည်မဟုတ်။ ယေဟောဝါသည် ယေရှုကို သုံးရက်မြောက်သောနေ့၌ ထမြောက်စေပြီး ဝိညာဉ်အသက်တာသို့ ချီးမြှင့်လိုက်သောကြောင့်ဖြစ်သည်။—တမန်တော် ၂:၃၂၊ ၃၃; ၁ ပေတရု ၃:၁၈။
၂၅။ (က) ဘုန်းပွင့်သော ယေရှုသည် စာတန်နှင့်သူ၏တမန်များကို မည်သို့အရေးယူခဲ့ပြီဖြစ်သနည်း။ (ခ) မည်သည့်အခါ၌ စာတန်၏ မြေကြီးဆိုင်ရာ မျိုးနွယ်ကို ပယ်ရှားမည်နည်း။ (ဂ) ဘုရားသခင့် မိန်းမ၏မျိုးနွယ်သည် စာတန်တည်းဟူသော မြွေ၏ “ခေါင်း” ကိုကြိတ်သောအခါ ဘာအဓိပ္ပာယ် သက်ရောက်မည်နည်း။
၂၅ ဘုန်းပွင့်သော ယေရှုခရစ်သည် ယခု ဘုရားသခင့်လက်ယာတော်ဘက်၌ အမှုတော်ထမ်းလျက် ယေဟောဝါ၏ရန်သူများကို တရားစီရင်နေသည်။ စာတန်နှင့် သူ၏တမန်များကို အရေးယူပြီး အောက်သို့ပစ်ချ၍ ဤကမ္ဘာပေါ်မှာသာ လှုပ်ရှားနိုင်အောင် ကန့်သတ်ချုပ်ချယ်ထားလေပြီ။—ယင်းကြောင့် ကျွန်ုပ်တို့ခေတ်တွင် ဒုက္ခသုက္ခ တိုးပွားလာခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) သို့သော် မဟာဗာဗုလုန်မှစ၍ ကမ္ဘာပေါ်မှ စာတန့်အဖွဲ့အစည်း၏ ကျန်အပိုင်းအားလုံးကို ဘုရားသခင် စီရင်သုတ်သင်တော်မူသောအခါ ကြိုဟောထားသည့်အတိုင်း စာတန်၏ မြေကြီးဆိုင်ရာ မျိုးနွယ်သည် ဖယ်ရှားခံရလတ္တံ့။ အဆုံးတွင် ဘုရားသခင့် မိန်းမ၏မျိုးနွယ်တော် ယေရှုခရစ်သည် စဉ်းလဲသောမြွေဟောင်း စာတန်၏ “ခေါင်း” ကို ကြိတ်လိမ့်မည်။ ဤကား သူ၏လုံးဝပျက်သုဉ်းခြင်းဖြစ်၍ လူသားတို့အရေးတွင် လုံးဝဝင်စွက်နိုင်တော့မည်မဟုတ်။—ရောမ ၁၆:၂၀။
၂၆။ ဗျာဒိတ်ကျမ်းပါ ပရောဖက်ပြုချက်ကို ဆန်းစစ်ဖို့ အဘယ်ကြောင့် အရေးအကြီးဆုံးဖြစ်သနည်း။
၂၆ ဤအရာများအားလုံး မည်သို့ဖြစ်ပျက်လာမည်နည်း။ ဤကား ဗျာဒိတ်ကျမ်းက ကျွန်ုပ်တို့အား လှစ်ပြသော အချက်ပင်တည်း။ ရူပါရုံတသီတတန်း၌ ကျွန်ုပ်တို့အား စိတ်စွဲလောက်သော သင်္ကေတများနှင့် အထိမ်းအမှတ်များဖြင့် ပေါ်လွင်စွာဖွင့်ပြထားသည်။ ဩဇာပြည့်လျှမ်းသော ဤပရောဖက်ပြုချက်ကို စိတ်ထက်သန်စွာ ဆန်းစစ်ကြစို့။ ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်းစကားများကို နားထောင်၍ လိုက်နာလျှင် ဧကန်ပျော်ရွှင်ကြ၏။ သို့ပြုလျှင် အချုပ်အခြာအာဏာရှင် ယေဟောဝါ၏နာမတော်ကို ဂုဏ်ထွန်းစေခြင်းအမှု၌ ပါဝင်နိုင်ပြီး ကိုယ်တော်ထံမှ ထာဝရကောင်းချီးများကိုလည်း ခံစားရမည်။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပြီး လေ့လာသိရှိသမျှကို ပညာရှိရှိ အသုံးချပါလေ။ သို့ပြုလျှင် လူ့သမိုင်း၏ ဤအထွတ်အထိပ်ကာလ၌ ကယ်တင်ခြင်းရနိုင်မည်တည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
စီးပွားရေးလုပ်ငန်းဆိုင်ရာ ရှေးခေတ်သပ်ပုံစာ မှတ်တမ်းများ
ဂျီမ်းစ် ဘီ၊ ပရစ်ချတ် တည်းဖြတ်သည့် ရှေးခေတ်မြေထဲပင်လယ်အရှေ့ကမ်းခြေရှိ နိုင်ငံများဆိုင်ရာ မူရင်းစာသားများ ဟူသောစာအုပ်က ဘေဘီလိုးနီးယန်း (ဗာဗုလုန်) ခေတ်များအတွင်း ဟမ္မူရာဘီ ပြုစုသော ဥပဒေ ၃၀၀ နီးပါးကို စာရင်းပြထားသည်။ ၎င်းတို့ကိုထောက်၍ ထိုခေတ်က စီးပွားရေးလောကအတွင်း ပျံ့နှံ့လျက်ရှိသော ဗြောင်ကလိမ်ကျမှုကို တားမြစ်ပိတ်ပင်ရန်လိုအပ်ကြောင်း သိနိုင်သည်။ ဥပမာတစ်ခုကိုကြည့်ပါ။ “မြေရှင်ပဒေသရာဇ်တစ်ဦးသည် မြေရှင်ပဒေသရာဇ်တစ်ဦး၏သား သို့မဟုတ် ကျွန်ထံမှ ငွေဖြစ်စေ၊ ရွှေဖြစ်စေ၊ ကျွန် ယောက်ျားတစ်ယောက်ဖြစ်စေ၊ ကျွန်မိန်းမတစ်ယောက်ဖြစ်စေ၊ နွားထီးတစ်ကောင်ဖြစ်စေ၊ သိုးတစ်ကောင်ဖြစ်စေ၊ မည်သည့်အရာပင်ဖြစ်စေ သက်သေများနှင့် သဘောတူစာချုပ်မပါဘဲ ဝယ်ယူလျှင် လည်းကောင်း၊ လုံခြုံမှုအတွက် ထိန်းသိမ်းထားလျှင်လည်းကောင်း ထိုမြေရှင်သည် သူခိုးဖြစ်၍ အသေသတ်ခြင်းခံရမည်။”