ဧရာမ လူအုပ်ကြီး
အခန်း ၂၀
ဧရာမ လူအုပ်ကြီး
၁။ ၁၄၄,၀၀၀ တံဆိပ်ခတ်ခံရခြင်းအကြောင်း ဖော်ပြပြီးနောက်၌ အခြားအဘယ်အုပ်စုကို ယောဟန်မြင်ရသနည်း။
ယာဟန်သည် ၁၄၄,၀၀၀ ကို တံဆိပ်ခတ်ခြင်းအကြောင်း ဖော်ပြပြီးနောက် ကျမ်းစာတစ်စောင်လုံးတွင် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော ဗျာဒိတ်တော်များထဲမှ ဗျာဒိတ်တစ်ရပ်ကို ဆက်လက်တင်ပြ၏။ အောက်ပါအတိုင်း သတင်းပို့စဉ် သူ့နှလုံးသည် ပီတိရွှမ်းဝေလျက် ရှိခဲ့မည်မုချ။ “ဤအရာများပြီးနောက် ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေမတွက်နိုင်သော လူအုပ်ကြီးကို တွေ့ရ၏။ သူတို့သည် လူမျိုးများ၊ မျိုးနွယ်စုများ၊ လူပုဂ္ဂိုလ်များနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် ဝတ်လုံဖြူကိုဝတ်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်လျက်နေကြ၏။ လက်ထဲတွင် စွန်ပလွံခက်များကို ကိုင်ထားကြ၏။” (ဗျာဒိတ် ၇:၉) မှန်ပေသည်။ လေးမျက်နှာလေများကို ကိုင်ထားခြင်းကြောင့် ဝိညာဏဣသရေလလူမျိုး ၁၄၄,၀၀၀ အပြင် အခြားအုပ်စုဖြစ်သော ဘာသာစကား အမျိုးမျိုးပြောသော နိုင်ငံတကာ မှ လူအုပ်ကြီးတစ်အုပ်ပါ ကယ်တင်ခြင်း ရရှိစေသည်။ *—ဗျာဒိတ် ၇:၁။
၂။ လောကီဋီကာဆရာများက လူအုပ်ကြီးအကြောင်းကို မည်သို့ဖွင့်ဆိုကြပြီး တစ်ချိန်က ကျမ်းစာကျောင်းသားများပင် ဤအုပ်စုကို မည်သို့မှတ်ယူခဲ့ကြသနည်း။
၂ လောကီဋီကာဆရာများက ဤလူအုပ်ကြီးမှာ ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်လာသော ယုဒအမျိုးသား မဟုတ်သူများ သို့မဟုတ် ကောင်းကင်တက်မည့် ခရစ်ယာန်အာဇာနည်များ ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။ တစ်ချိန်က ကျမ်းစာကျောင်းသားများပင် သူတို့ကို ဒုတိယ ကောင်းကင်အတန်းအစားအဖြစ် မှတ်ယူခဲ့ကြသည်။ ကျမ်းစာလေ့လာချက်များ အတွဲ ၁ ဖြစ်သော ခေတ်သမယဆိုင်ရာ ဘုရားသခင့် ကြံရွယ်ချက် ဟူသောစာအုပ်၌ ဆိုသည့်အတိုင်းဖြစ်သည်– “ဤသူတို့သည် ရာဇပလ္လင်နှင့် ဘုရားဇာတိတော် တည်းဟူသောဆုကို လက်လွှတ်ဆုံးရှုံးရကြသော်လည်း အဆုံး၌ ဘုရားဇာတိထက် နိမ့်သောအဆင့်ရှိ နာမ်ဝိညာဉ်ပုဂ္ဂိုလ်များအဖြစ် မွေးဖွားကြလိမ့်မည်။ ဤသူတို့သည် မိမိတို့ကိုယ်ကို တကယ်ပင် ဆက်ကပ်ထားသော်လည်း မိမိတို့အသက်ကို ယဇ်အဖြစ်ပူဇော်ရန် ပျက်ကွက်သည်တိုင်အောင် လောကီစိတ်ဝိညာဉ်၏ စိုးမိုးခြင်းကို ခံရကြသည်။” ၁၉၃၀ ပြည့်နှစ်အထိပင် ထိုယူဆချက်ကို အလင်း ပထမစာအုပ်၌ ဤသို့ဖော်ပြခဲ့သည်– “ဤလူအုပ်ကြီးဝင်တို့သည် သခင့်အတွက် စိတ်ထက်သန်သော သက်သေခံများဖြစ်ကြရန် ဟူသောခေါ်ဖိတ်ချက်ကို တုံ့ပြန်ရန် ပျက်ကွက်ကြ၏။” ဤသူတို့သည် သမ္မာတရား အသိပညာရှိသော်လည်း မဆိုစလောက်သာ ဟောပြောကြသော၊ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်မြင်သည့် လူအုပ်အဖြစ် ဖော်ပြခြင်းခံရကြသည်။ သူတို့သည် ခရစ်တော်နှင့်အတူ မစိုးစံသော ဒုတိယ အတန်းအစားအဖြစ် ကောင်းကင်တက်မည်ဟု ဆိုပါသည်။
၃။ (က) နောက်ပိုင်းတွင် ဟောပြောခြင်းလုပ်ငန်း၌ စိတ်ထက်သန်လာသော နှလုံးရိုးဖြောင့်သူတို့သည် အဘယ်မျှော်လင့်ချက် ရကြသနည်း။ (ခ) ၁၉၂၃ ခုနှစ်ထုတ် ကင်းမျှော်စင် က သိုးနှင့်ဆိတ် ပုံပမာကို မည်သို့ရှင်းလင်း တင်ပြသနည်း။
၃ သို့ရာတွင် ဘိသိက်ခံခရစ်ယာန်များ၏ အပေါင်းပါအချို့သည် နောက်ပိုင်း၌ ဟောပြောခြင်းလုပ်ငန်းတွင် အလွန်စိတ်ဇောထက်သန်လာကြသည်။ သူတို့သည် ကောင်းကင်တက်ရန် ဆန္ဒဇောမရှိ။ အမှန်မှာ၊ သူတို့၏ မျှော်လင့်ချက်သည် ၁၉၁၈ မှ ၁၉၂၂ ခုနှစ်အထိ ယေဟောဝါလူမျိုးတော် တင်ဆက်သော လူထုဟောပြောချက်တစ်ရပ်၏ ခေါင်းစဉ်နှင့် တညီတည်းဖြစ်သည်။ မူလက ၎င်းသည် “ကမ္ဘာကုန်ဆုံးပြီ—ယနေ့အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှ မသေတော့” ဟူ၍ဖြစ်သည်။ * ထို့နောက်မကြာမီ ကင်းမျှော်စင်မဂ္ဂဇင်းက ယေရှုပြောသော သိုးနှင့်ဆိတ်ပုံဥပမာ (မဿဲ ၂၅:၃၁-၄၆) ကို ဤသို့ရှင်းလင်းတင်ပြသည်– “သိုးများသည် ဝိညာဉ်တော်ဖွားများ မဟုတ်ဘဲ ဖြောင့်မတ်ခြင်းတရားဘက် စိတ်တိမ်းညွတ်သော လူမျိုးများထဲက လူအားလုံးကို ကိုယ်စားပြုပြီး ဤသူတို့သည် ယေရှုခရစ်ကို သခင်အဖြစ် စိတ်ထဲ၌သိမှတ် ကြပြီး ကိုယ်တော့်အုပ်စိုးမှုအောက်တွင် ခေတ်ကောင်းတစ်ခေတ်ကို မျှော်လင့်စောင့်စားနေကြသည်။”
၄။ ၁၉၃၁၊ ၁၉၃၂၊ ၁၉၃၄ ခုနှစ်များ အသီးသီး၌ မြေကြီးအတန်းအစားနှင့်ပတ်သက်သော ဉာဏ်အလင်း မည်သို့ပို၍ ထိန်ဝင်းလာသနည်း။
၄ နှစ်အနည်းငယ်အလွန် ၁၉၃၁ ခုနှစ်၌ သင်္ကာယန ရှင်းစေခြင်း အတွဲတစ်က ယေဇကျေလအခန်းကြီး ၉ ကိုဆွေးနွေး၍ ကမ္ဘာကုန်သည့်အခါ အသက်ချမ်းသာရရန် နဖူးပေါ် မှတ်သားခံရသူများကို အထက်ကပုံပမာထဲမှ သိုးများအဖြစ် ဖော်ပြ၏။ ၁၉၃၂ ခုနှစ်၌ ထုတ်ဝေသော သင်္ကာယန ရှင်းစေခြင်း အတွဲသုံးက ဣသရေလလူမျိုးမဟုတ်သော အမျိုးသား ယောနဒပ်၏ ဖြောင့်မတ်သည့် စိတ်နှလုံးထားကို တင်ပြ၏။ ယောနဒပ်သည် ဣသရေလလူတို့၏ ဘိသိက်ခံဘုရင် ယေဟုနှင့်အတူ ရထားပေါ်လိုက်၍ မိစ္ဆာဘာသာရေးသမားများအား စီရင်သုတ်သင်ခြင်းအမှု၌ ယေဟုတင်ပြသော စိတ်ထက်သန်မှုကို လိုက်ပါကြည့်ရှုခဲ့ပေသည်။ (၄ ဓမ္မရာဇဝင် ၁၀:၁၅-၁၇) ယင်းစာအုပ်က ဤသို့ဖွင့်ဆိုသည်– “ယေဟု၏လုပ်ငန်း [ယေဟောဝါ၏ တရားစီရင်ချက် ကြေညာခြင်း] လုပ်ဆောင်နေစဉ် ကမ္ဘာပေါ်တွင်ရှိသော စိတ်ကောင်းရှိသူများ၊ စာတန့်အဖွဲ့အစည်းနှင့် မညီညွတ်သူများ၊ ဖြောင့်မတ်ခြင်းဘက် ရပ်တည်သူများ၊ အာမဂေဒုန်၌ သခင်၏ ကာကွယ်စောင့်ထိန်းခြင်း၊ မြေကြီးပေါ်တွင် ထာဝရအသက်ရှင်ခွင့် ပေးအပ်ခြင်း ခံရမည့်သူများကို ယောနဒပ်က ကိုယ်စားပြုလျက် တင်ကူးပုံဆောင်သည်။ သူတို့သည် ‘သိုး’ အတန်းအစားအဖြစ် ဖွဲ့စည်းထား၏။” ၁၉၃၄ ခုနှစ်၌ ကင်းမျှော်စင်က မြေကြီးမျှော်လင့်ချက်ရှိသော ဤသူတို့အနေနှင့် ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်ပြီး နှစ်ခြင်းခံသင့်ကြောင်း ရှင်းလင်းစွာတင်ပြ၏။ ဤမြေကြီးအတန်းအစားနှင့် ပတ်သက်သောအလင်းသည် ယခင်ထက် ထွန်းပလာသည်။—သုတ္တံ ၄:၈။
၅။ (က) ၁၉၃၅ ခုနှစ်၌ လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း တင်ပြခဲ့သနည်း။ (ခ) ၁၉၃၅ ခုနှစ်၌ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်က မြေကြီးပေါ် ထာဝစဉ်နေထိုင်ရန် မျှော်လင့်သူများ မတ်တတ်ရပ်ပါဟု ဆိုသောအခါ ဘာဖြစ်ခဲ့သနည်း။
၅ ဗျာဒိတ် ၇:၉-၁၇ နှင့်ဆိုင်သော နားလည်ခြင်းသည် ရှိသမျှအလင်းဖြင့် ထိန်လင်းတော့အံ့။ (ဆာလံ ၉၇:၁၁) ကင်းမျှော်စင်က ၁၉၃၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီ၊ စီ၊ မြို့တွင် ကျင်းပရန်လျာထားသော စည်းဝေးပွဲကြီးသည် ယောနဒပ်ဖြင့် ပုံခိုင်းသောသူများအဖို့ “တကယ့်နှစ်သိမ့်မှုနှင့် အကျိုးကျေးဇူး” ဖြစ်လိမ့်မည်ဟု ထပ်ကာတလဲလဲ ရေးသားခဲ့လေပြီ။ ဆိုသည့်အတိုင်းလည်း ဖြစ်ခဲ့ပါသည်။ ထိုအချိန်က ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ဦးစီးခဲ့သော ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်က ပရိသတ် ၂၀,၀၀၀ အား “လူပရိသတ်ကြီး” ဟူသော စိတ်တက်ကြွဖွယ် ဟောပြောချက်ကို ဟောပြောစဉ် ခေတ်သစ်အခြားသိုးများသည် ဗျာဒိတ် ၇:၉ မှ လူအုပ်ကြီးပင်ဖြစ်ကြောင်း ကျမ်းစာအထောက်အထားဖြင့် တင်ပြခဲ့သည်။ နိဂုံးချုပ်ရာ၌ သူက “မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်သူများ ကျေးဇူးပြု၍ မတ်တတ်ရပ်ကြပါ” ဟုမေတ္တာရပ်ခံ၏။ ပရိသတ်အများထု မတ်တတ်ရပ်လိုက်စဉ် ဟောပြောသူက “လူပရိသတ်ကြီးကို ကြည့်ကြပါ” ဟု ကြွေးကြော်လေသည်။ တစ်အောင့်မျှ ဆိတ်ငြိမ်သွားပြီးနောက် ဩဘာသံများ ပွက်လောရိုက်သွားလေသည်။ ယောဟန်အတန်းအစားနှင့် ယောနဒပ်အုပ်စု မည်မျှရွှင်ပျမြူးကြွခဲ့လေခြင်း။ နောက်တစ်နေ့၌ သက်သေခံလူသစ် ၈၄၀ ဦးနှစ်ခြင်းခံ၏။ အများစုက လူအုပ်ကြီးဝင်အဖြစ် ဝန်ခံကြသည်။
လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်း
၆။ (က) လူအုပ်ကြီးသည် မြေကြီးပေါ် ထာဝစဉ်နေထိုင်ဖို့ မျှော်လင့်သော ယနေ့ အပ်နှံပြီးသား ခရစ်ယာန်အုပ်စုပင်ဖြစ်ကြောင်း မည်သို့ရှင်းလင်းစွာ နားလည်နိုင်သနည်း။ (ခ) လူအုပ်ကြီး၏ ဝတ်လုံဖြူသည် ဘာကိုအထိမ်းအမှတ် ပြုသနည်း။
၆ လူအုပ်ကြီးသည် ဘုရားသခင်ပိုင်ဆိုင်ရာ မြေကြီးပေါ်တွင် ထာဝစဉ် အသက်ရှင်ရန် မျှော်လင့်သော ခေတ်သစ် ဆက်ကပ်အပ်နှံ ခရစ်ယာန်များပင်ဖြစ်ကြောင်း မည်သို့တပ်အပ် ပြောနိုင်သနည်း။ အထက်တွင် ယောဟန်သည် ရူပါရုံ၌ “ဘုရားသခင်အဖို့ လူမျိုးနွယ်၊ ဘာသာစကား၊ လူပုဂ္ဂိုလ်၊ လူမျိုးအသီးသီးအထဲမှ . . . ဝယ်ယူတော်မူ” သော ကောင်းကင်ဆိုင်ရာအုပ်စုကို တွေ့ခဲ့လေပြီ။ (ဗျာဒိတ် ၅:၉၊ ၁၀) လူအုပ်ကြီးလည်း ထိုအုပ်စုနှင့် ဇာစ်မြစ်တူသော်လည်း ခရီးပန်းတိုင်မှာ ခြားနား၏။ သူတို့၏ အရေအတွက်သည် ဘုရားသခင့် ဣသရေလလူတို့နည်းတူ ကြိုတင်ကန့်သတ်ထားခြင်း မရှိ။ မည်မျှပါဝင်မည်ကို မည်သူမျှ ကြိုမပြောနိုင်။ သူတို့၏ဝတ်လုံများကို သိုးသငယ်၏အသွေး၌ ဖြူအောင်ဖွပ်လျှော်ထားသည်။ ၎င်းက ယေရှု၏ယဇ်သကာကို သူတို့ယုံကြည်ခြင်းကြောင့် ယေဟောဝါရှေ့ ဖြောင့်မတ်သော အနေအထားတွင်ရှိကြောင်းကို ပုံခိုင်းသည်။ (ဗျာဒိတ် ၇:၁၄) သူတို့သည် စွန်ပလွံခက်များကိုဝှေ့ယမ်းကာ မေရှိယအား မိမိတို့ဘုရင်အဖြစ် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
၇၊ ၈။ (က) စွန်ပလွံခက်များ ဝှေ့ယမ်းခြင်းက တမန်တော်ယောဟန်အား ဘာအဖြစ်အပျက်များကို မုချသတိရစေသနည်း။ (ခ) လူအုပ်ကြီး စွန်ပလွံခက်များ ဝှေ့ယမ်းခြင်းသည် ဘာအဓိပ္ပာယ်ထူး ရှိသနည်း။
၇ ယောဟန်သည် ဤရူပါရုံကို ကြည့်နေရာမှ လွန်ခဲ့သောအနှစ် ၆၀ အထက်က၊ ယေရှု မြေကြီးပေါ် အသက်ရှင်သော နောက်ဆုံးအပတ်သမယဆီသို့ စိတ်ရောက်သွားခဲ့ပေမည်။ အေဒီ ၃၃ ခုနှစ်၊ နိသန်လ ၉ ရက်နေ့၌ လူအုပ်များက ယေရှုကို ယေရုရှလင်မြို့ထဲသို့ ကြိုဆိုခဲ့ကြစဉ် “စွန်ပလွံခက်များကိုကိုင်လျက် ကိုယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှာ ထွက်သွားကြ၍ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း ဟု ကြွေးကြော်ကြ၏။” (ယောဟန် ၁၂:၁၂၊ ၁၃) ထိုနည်းထပ်တူ၊ လူအုပ်ကြီးသည် စွန်ပလွံခက်များကိုဝှေ့ယမ်းကာ ကြွေးကြော်ကြခြင်းက ယေရှုကို ယေဟောဝါ ခန့်အပ်တော်မူသော ဘုရင်အဖြစ် မိမိတို့ အတိုင်းထက်အလွန် အားရဝမ်းမြောက်စွာ လက်ခံကြောင်းကိုပြ၏။
၈ စွန်ပလွံခက်များနှင့် ဝမ်းမြောက်သော ကြွေးကြော်သံများက ယောဟန်အား ရှေးဣသရေလလူတို့၏ သကေနေပွဲ (“တဲနေပွဲ၊” သမ) ကို သတိရစေမည်မုချ။ ဤပွဲတော်အတွက် ယေဟောဝါ ဤသို့မိန့်မှာ၏– “ပထမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။” စွန်ပလွံခက်များကို ဝမ်းမြောက်ရွှင်လန်းခြင်း အထိမ်းအမှတ်အဖြစ် အသုံးပြုကြသည်။ ယာယီတဲများက လူမျိုးတော်ကို ယေဟောဝါ အီဂျစ်ပြည်မှကယ်တင်၍ တောကန္တာရထဲတွင် တဲထိုး၍ နေစေတော်မူကြောင်းကို သတိရစေသည်။ “ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည်” ဤပွဲ၌ ပါဝင်ဆင်နွှဲကြ၏။ ဣသရေလတစ်မျိုးသားလုံး “အမှန်ရွှင်လန်းခြင်းကိုပြု” ရန်ဖြစ်၏။—ဝတ်ပြုရာ ၂၃:၄၀; တရားဟောရာ ၁၆:၁၃-၁၅။
၉။ အဘယ်ရွှင်လန်းခြင်း ကြွေးကြော်မှုတွင် လူအုပ်ကြီး ပါဝင်ဆင်နွှဲသနည်း။
၉ သို့ဖြစ်၍ လူအုပ်ကြီးသည် ဝိညာဏဣသရေလလူတို့၏ တစ်စိတ်တစ်ပိုင်း မဟုတ်သော်လည်း ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးကြောင့် မိမိတို့အောင်မြင်၍ ကယ်တင်ခြင်းရသည်ဟု ကျေးဇူးတင်လျက် ရွှင်လန်းစွာ ထောမနာ ပြုကြသည့်အတွက် စွန်ပလွံခက်များကို ဝှေ့ယမ်းသင့်ပေသည်။ ယောဟန် မြင်ရသည့်အတိုင်းဖြစ်၏– “သူတို့က ‘ပလ္လင်တော်ပေါ်မှာ စံတော်မူသော ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်း ရကြသတည်း’ ဟု ကျယ်သောအသံနှင့် အဆက်မပြတ် ကြွေးကြော်ကြ၏။” (ဗျာဒိတ် ၇:၁၀) လူအုပ်ကြီးသည် လူမျိုးစုအားလုံးမှ ခွဲထွက်ခဲ့သော်လည်း ထို “ကျယ်သောအသံ” တစ်သံတည်းဖြင့် ကြွေးကြော်ကြပေသည်။ လူမျိုးနှင့် ဘာသာစကား မတူဘဲလျက် မည်သို့တစ်သံတည်း ကြွေးကြော်နိုင်ကြသနည်း။
၁၀။ လူအုပ်ကြီးသည် လူမျိုးနှင့် ဘာသာစကား မတူလျက်ကယ် အဘယ်နည်းဖြင့် တညီတညွတ်တည်း “ကျယ်သောအသံနှင့်” ကြွေးကြော်နိုင်ကြသနည်း။
၁၀ ဤလူအုပ်ကြီးသည် ယနေ့ကမ္ဘာပေါ်ရှိ အမှန်စည်းလုံးသည့် တစ်ခုတည်းသော လူမျိုးစုံအဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ဟေရှာယ ၂:၄) ဂိုဏ်းဂဏ သို့မဟုတ် အသင်းကွဲပြားခြင်းမရှိသဖြင့် ခရစ်ယာန်ဘောင် ဘာသာများကဲ့သို့ ရှုပ်ထွေး၍ အချင်းချင်းဆန့်ကျင်သော သတင်းစကားများကို အော်ဟစ်ကြွေးကြော်ခြင်း မရှိချေ။ မိမိတို့ကိုယ်စား ထောမနာချီးမွမ်းခြင်းပြုလုပ်ရန် ကြေးစားဓမ္မဆရာများလက်၌ တာဝန်လွှဲအပ်ခြင်းလည်း မပြုပါ။ သုံးပါးပေါင်းတစ်ဆူဘုရား၏ ကျေးကျွန်များ မဟုတ်ရကား သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်း ရသတည်းဟုလည်း မကြွေးကြော်ကြပါ။ သူတို့သည် ကမ္ဘာတစ်ဝန်း ပထဝီဆိုင်ရာနယ်ပယ် ၂၃၀ ကျော်အတွင်း တစ်ခုတည်းသော စင်ကြယ်သည့် ဘာသာစကားကို ပြောဆိုသည်နှင့်အမျှ ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုခြင်း၌ တညီတညွတ်တည်း ရှိကြ၏။ (ဇေဖနိ ၃:၉) သူတို့အနေနှင့် မိမိတို့ရရှိသည့် ကယ်တင်ခြင်းသည် ကယ်တင်ခြင်း၏ အဓိက ကိုယ်စားလှယ်တော် ယေရှုခရစ်မှတစ်ဆင့် ကယ်တင်ရှင်ဘုရားသခင် ယေဟောဝါထံတော်မှ သက်ရောက်ကြောင်း လူသိရှင်ကြား ဝန်ခံကြသည်မှာ လျောက်ပတ်လှပေသည်။—ဆာလံ ၃:၈; ဟေဗြဲ ၂:၁၀။
ပေသည်။ သူတို့သည် တိုင်းပြည်ကိုလိုက်၍ ခြားနားသောစံနှုန်းများ မထားရှိဘဲ မည်သည့်နေရာတွင် နေထိုင်စေကာမူ သမ္မာကျမ်းစာ၏ မှန်ကန်သောမူများကို ကျင့်သုံးကြသည်။ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော တော်လှန်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ တကယ်ပင် ‘ဓားများကို ထွန်သွားဖြစ်စေရန် ထုလုပ်’ ခဲ့ကြပေပြီ။ (၁၁။ ခေတ်သစ်နည်းပညာက လူအုပ်ကြီးအား မိမိတို့၏ ကျယ်သောအသံကို ပို၍ကျယ်စေရန် မည်သို့ထောက်ကူခဲ့ပြီနည်း။
၁၁ သွေးစည်းညီညွတ်သော ဤလူအုပ်ကြီး၏ အသံသည် ခေတ်သစ်နည်းပညာကြောင့် ပို၍ကျယ်လောင်လာသည်။ ကမ္ဘာပေါ်တွင် အခြားအဘယ် ဘာသာရေးအဖွဲ့ကမျှ ကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေများကို ဘာသာစကားပေါင်း ၄၀၀ ထက်မကဖြင့် ထုတ်ဝေရန် မလိုအပ်ချေ။ အခြားအဘယ် အုပ်စုကမျှ တစ်မိန့်တစ်သံတည်းသော သတင်းကို လူမျိုးအားလုံးအား ပြောကြားရန် စိတ်မဝင်စားကြ၍ ဖြစ်သည်။ ယင်းအလုပ်ကို ထပ်လောင်း ထောက်ကူသည့်အနေနှင့် ယေဟောဝါသက်သေများ၏ ဘိသိက်ခံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုအောက်၌ ဘာသာစုံ အီလက်ထရောနစ် ဓာတ်ပုံစာစီစနစ် (Meps) ကို တီထွင်လိုက်သည်။ ဤစာစောင်ကို ထုတ်ဝေချိန်၌ ကမ္ဘာတစ်လွှား ၁၂၅ နေရာကျော်တွင် (Meps) စနစ်အမျိုးမျိုးကို သုံးလျက်ရှိရာ သူတို့၏ တစ်လနှစ်ကြိမ်ထုတ် ကင်းမျှော်စင် ကို ဘာသာပေါင်း ၁၅၀ ကျော်ဖြင့် တစ်ပြိုင်တည်း ထုတ်ဝေနိုင်ပေပြီ။ ယေဟောဝါ၏ လူမျိုးတော်သည် သင်ယခု ဖတ်နေသောစာအုပ် အပါအဝင် အခြားစာအုပ်များကိုလည်း ဘာသာပေါင်းများစွာဖြင့် တစ်ချိန်တည်း ဖြန့်ချိကြသည်။ သို့ဖြင့် လူအုပ်ကြီး အများစုပါဝင်သော ယေဟောဝါသက်သေများသည် အများသိ ဘာသာစကားအားလုံးဖြင့် နှစ်စဉ် စာအုပ်စာတမ်း သန်းချီဖြန့်ဝေနိုင်ကြ၍ လူအမျိုးအနွယ်၊ ဘာသာစကား အားလုံးမှလူများ အစုလိုက်အပြုံလိုက် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လေ့လာပြီး လူအုပ်ကြီး၏ ကျယ်လောင်သောအသံထဲတွင် ပါဝင်ကြွေးကြော်နိုင်ကြလေသည်။—ဟေရှာယ ၄၂:၁၀၊ ၁၂။
ကောင်းကင်မှာလော၊ မြေကြီးမှာလော
၁၂၊ ၁၃။ လူအုပ်ကြီးသည် အဘယ်နည်းဖြင့် “ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်လျက်နေ” သနည်း။
၁၂ လူအုပ်ကြီးသည် ‘ပလ္လင်တော်ရှေ့တွင် ရပ်လျက်နေကြသည်’ ဆိုသည့်အချက်က သူတို့ ကောင်းကင်၌ရှိသည်ကို မဆိုလိုကြောင်း မည်သို့သိနိုင်သနည်း။ ရှင်းလင်းသောသာဓကရပ် များစွာရှိသည်။ ဥပမာ၊ “ရှေ့တွင်” ဟူ၍ ဤတွင်ပြန်ဆိုသော ဂရိစကားလုံး အယ်နိုးပီယော်န် (e·noʹpi·on) သည် စာသားအရ “မြင်ကွင်းရှေ့” ဟူ၍ အဓိပ္ပာယ်ရှိပြီး ယေဟောဝါ “ရှေ့”၊ “မြင်ကွင်းရှေ့” မှ ကမ္ဘာသားများနှင့် စပ်လျဉ်း၍ အဖန်တလဲလဲ အသုံးပြုထားသည်။ (၁ တိမောသေ ၅:၂၁; ၂ တိမောသေ ၂:၁၄; ရောမ ၁၄:၂၂; ဂလာတိ ၁:၂၀) ဣသရေလလူတို့ ကန္တာရ၌ရှိကြစဉ် တစ်ကြိမ်တွင် မောရှေက “သင်တို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ထာဝရဘုရား ကြားတော်မူသည်ဖြစ်၍ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကိုမှာ” ကြား၏။ (ထွက်မြောက်ရာ ၁၆:၉) ဣသရေလလူတို့ ယေဟောဝါ ရှေ့မှောက်ရောက်ကြရန် ကောင်းကင်သို့ပို့ဆောင်ခြင်း ခံဖို့မလိုချေ။ (ဝတ်ပြုရာ ၂၄:၈ နှိုင်းယှဉ်။) မိမိတို့နေရာ ကန္တာရထဲမှာပင် ယေဟောဝါ ရှေ့တော်မှောက် ရပ်နေကြပြီး ကိုယ်တော်လည်း သူတို့ကို အာရုံပြုလျက် ရှိတော်မူ၏။
၁၃ ထို့ပြင် “လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက် . . . ကြွလာတော်မူသောအခါ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေ” တော်မူမည်ဟု ဖတ်ရ၏။ ဤပရောဖက်ပြုချက် ပြည့်စုံသောအခါ လူသားမျိုးနွယ်တစ်ရပ်လုံး ကောင်းကင်၌ ရှိကြမည်မဟုတ်။ “ထာဝရအပြစ်ဒဏ် ခံရာသို့သွားရ” သူတို့လည်း ကောင်းကင်၌ မရှိကြသည်မှာ သေချာသည်။ (မဿဲ ၂၅:၃၁-၃၃၊ ၄၁၊ ၄၆) လူသားများသည် ကမ္ဘာပေါ်၌ပင် ယေရှုရှေ့တော်မှာ ရပ်နေကြပြီး သူတို့ကို တရားစီရင်ရန် ကိုယ်တော် အာရုံလှည့်ခြင်းသာ ဖြစ်သည်။ ထို့နည်းတူ လူအုပ်ကြီးသည် “ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်လျက်နေကြသည်” ဟုဆိုရာ၌ ယေဟောဝါနှင့် ကိုယ်တော်ခန့်အပ်သောဘုရင် ခရစ်တော်ယေရှု၏ မြင်ကွင်း၌ ရပ်နေကြပြီး မျက်နှာသာရ တရားစီရင်ချက် ရကြသည်ကို ဆိုလိုပါသည်။
၁၄။ (က) မည်သူများ “ပလ္လင်တော်ပတ်လည်၊” “[ကောင်းကင်] ဇိအုန်တောင်ပေါ်မှာ” ရှိကြသည်ဟု ဖော်ပြထားသနည်း။ (ခ) လူအုပ်ကြီးသည် “ဗိမာန်တော်တွင်” ဘုရားသခင်ကို ဝတ်ပြုကြသော်လည်း အဘယ်ကြောင့် ယဇ်ပုရောဟိတ် အတန်းအစား ဖြစ်မလာသနည်း။
ဗျာဒိတ် ၄:၄; ၁၄:၁) လူအုပ်ကြီးသည် ယဇ်ပုရောဟိတ်အတန်းအစားဝင် မဟုတ်သဖြင့် ထိုကြီးမြင့်သောအဆင့်ကို မရကြပါ။ နောက်ပိုင်း၌ သူတို့သည် “ဗိမာန်တော်တွင်” အမှုတော်ဆောင်ကြသည်ဟု ဗျာဒိတ် ၇:၁၅ ၌ ဆိုသည်မှန်၏။ သို့သော် ၎င်းဗိမာန်တော်သည် အတွင်းကျိန်းဝပ်ရာဌာနတော် တည်းဟူသော အထူးသန့်ရှင်းရာဌာနတော်ကို မရည်ညွှန်းပါ။ ဘုရားသခင့် ဝိညာဏဗိမာန်တော်၏ မြေကြီးဆိုင်ရာ တံတိုင်းသာဖြစ်၏။ ဤတွင် “ဗိမာန်တော်” ဟူ၍ပြန်ဆိုသော ဂရိစကားလုံး na·osʹ (နာအော့စ်) သည် ယေဟောဝါ ဝတ်ပြုရေးအတွက် တည်ဆောက်သော အဆောက်အဦတစ်ခုလုံးကို ခြုံငုံ၍ဆိုလေ့ရှိသည်။ ယနေ့ ၎င်းသည် ကောင်းကင်မြေကြီး အကျုံးဝင်သော ဝိညာဉ်ရေးအဆောက်အဦ ဖြစ်သည်။—မဿဲ ၂၆:၆၁; ၂၇:၅၊ ၃၉၊ ၄၀; မာကု ၁၅:၂၉၊ ၃၀; ယောဟန် ၂:၁၉-၂၁၊ ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်တို့နှင့် နှိုင်းယှဉ်။
၁၄ အကြီးအကဲ ၂၄ ပါးနှင့် ၁၄၄,၀၀၀ ဘိသိက်ခံအုပ်စုသည် ယေဟောဝါ၏ “ပလ္လင်တော်ပတ်လည်၊” “[ကောင်းကင်] ဇိအုန်တောင်ပေါ်မှာ” ရှိကြသည်ဟု ဖော်ပြထားသည်။ (စကြဝဠာတစ်ခွင် ချီးမွမ်းကြွေးကြော်သံ
၁၅၊ ၁၆။ (က) လူအုပ်ကြီး ပေါ်လာသောအခါ ကောင်းကင်၌ အဘယ်တုံ့ပြန်မှု ဖြစ်ခဲ့သနည်း။ (ခ) ယေဟောဝါ၏ ရည်ရွယ်ချက်ဆိုင်ရာ ဗျာဒိတ်တော် အသစ်ပေါ်တိုင်း ကိုယ်တော့် ဝိညာဉ်သတ္တဝါများ မည်သို့တုံ့ပြန်လေ့ရှိသနည်း။ (ဂ) မြေကြီးပေါ်၌ရှိသော ကျွန်ုပ်တို့သည် ထောမနာသီချင်းကို မည်သို့ပါဝင် သီဆိုနိုင်ကြသနည်း။
၁၅ လူအုပ်ကြီးသည် ယေဟောဝါကို ချီးမွမ်းလျက်ရှိကြသည်။ အခြားသူများလည်း ကိုယ်တော်ကို သီဆိုချီးမွမ်းနေကြ၏။ ယောဟန် ဤသို့တင်ပြ၏– “ကောင်းကင်တမန် အပေါင်းတို့သည် ပလ္လင်တော်၊ အကြီးအကဲများနှင့် သတ္တဝါလေးပါးတို့ ပတ်လည်၌ ရပ်နေကြရာမှ ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်ကာ ဘုရားသခင်ကို ကိုးကွယ်လျက် ‘အာမင်၊ ငါတို့ဘုရားသခင်၌ ကောင်းချီး၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးနှင့် ခွန်အား အစဉ်ထာဝရ ရှိပါစေသော။ အာမင်’ ဟု မြွက်ဆိုကြ၏။”—ဗျာဒိတ် ၇:၁၁၊ ၁၂။
၁၆ မြေကြီးကို ယေဟောဝါ ဖန်ဆင်းတော်မူစဉ် ကိုယ်တော်၏ သန့်ရှင်းသော ကောင်းကင်တမန် အပေါင်းတို့က “တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင့် သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” ၏။ (ယောဘ ၃၈:၇) ယေဟောဝါ၏ ရည်ရွယ်ချက်ဆိုင်ရာ ဗျာဒိတ်တော်အသစ် ပေါ်ထွက်လာတိုင်း ကောင်းကင်တမန်များ အလားတူစွာ ကြွေးကြော်ချီးမွမ်းခဲ့ကြပေမည်။ အကြီးအကဲ ၂၄ ပါး—ကောင်းကင်ဘုန်းအသရေဆောင် ၁၄၄,၀၀၀—တို့သည် သိုးသငယ်ကို အသိအမှတ်ပြု ကြွေးကြော်ကြသောအခါ ကျန်သည့် ဘုရားသခင့် ကောင်းကင်သတ္တဝါအားလုံး ယေရှုနှင့် ယေဟောဝါဘုရားသခင့် ဂုဏ်တော်ကို ညီညာဖျဖျ သီဆိုကြ၏။ (ဗျာဒိတ် ၅:၉-၁၄) မိမိ၏သစ္စာရှိ ဘိသိက်ခံလူသားများအား ဝိညာဉ်ဘောင်၌ ဘုန်းရှိသောဌာနသို့ ထမြောက်စေခြင်းတည်းဟူသော ယေဟောဝါ၏ ရည်ရွယ်ချက်ပြည့်စုံသည်ကို ဤသတ္တဝါများ မြင်တွေ့ရသဖြင့် နှစ်ထောင်းအားရ ဖြစ်ခဲ့ကြလေပြီ။ ယခု လူအုပ်ကြီး ပေါ်ထွက်လာသဖြင့် ယေဟောဝါ၏ သစ္စာရှိကောင်းကင်သတ္တဝါ အားလုံး၏နှုတ်မှ ထောမနာသီချင်းသံ ပွင့်အန်လာပြန်သည်။ သခင့်နေ့တော်အတွင်း အသက်ရှင်ရသည်မှာ ယေဟောဝါ၏ ကျေးကျွန်များအားလုံးအဖို့ တကယ်ပင် ရင်ဖိုမြူးကြွဖွယ်ဖြစ်၏။ (ဗျာဒိတ် ၁:၁၀) ဤကမ္ဘာပေါ်တွင် ယေဟောဝါ၏ နိုင်ငံတော်အတွက် သက်သေခံခြင်းဖြင့် ထိုထောမနာသီချင်းကို ကျွန်ုပ်တို့ ပါဝင်သီဆိုရသည်မှာ အခွင့်ထူးလေစွ။
လူအုပ်ကြီး ပေါ်ထွက်လာခြင်း
၁၇။ (က) အကြီးအကဲ ၂၄ ပါးထဲကတစ်ဦးက ဘာမေးခွန်းမေးသနည်း။ ၎င်းအကြီးအကဲ အဖြေသိသည် ဟူသောအချက်က ဘာကိုပြသနည်း။ (ခ) ထိုအကြီးအကဲ၏မေးခွန်း မည်သည့်အခါ အဖြေရသနည်း။
၁၇ ဘိသိက်ခံခရစ်ယာန်တို့သည် တမန်တော်ယောဟန် လက်ထက်မှစ၍ သခင့်နေ့တော်အထိ လူအုပ်ကြီး မည်သူမည်ဝါ ဗျာဒိတ် ၇:၁၃၊ ၁၄က) မှန်ပေသည်။ ထိုအကြီးအကဲသည် ယောဟန်အား အဖြေရှာပေးနိုင်ခဲ့၏။ ဤအချက်က အကြီးအကဲ ၂၄ ပါးအုပ်စုအနက် ထမြောက်ခဲ့သူတို့သည် ယနေ့ သမ္မာတရားများ ပေးပို့ခြင်းအမှု၌ ပါဝင်ဆောင်ရွက်ကြဖွယ် ရှိကြောင်းကိုပြ၏။ မြေကြီးပေါ်ရှိ ယောဟန်အတန်းအစားဝင်များ အနေနှင့်မူ မိမိတို့အလယ်၌ ယေဟောဝါ ပြုလျက်ရှိသော အရာများကို အသေအချာ သုံးသပ်ကြည့်ရှုခြင်းဖြင့် လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း လေ့လာသိရှိရကြ၏။ ယေဟောဝါချိန်းချက်ထားသောအချိန် ၁၉၃၅ ခုနှစ်၌ သီအိုကရက်တစ် မိုးမျက်နှာကြက်ကို ထိန်လင်းစွာ မွမ်းမံခြယ်သလိုက်သော ရောင်ခြည်တော် ထွန်းတောက်မှုကို သူတို့နားလည်ရန် မနှေးကွေးခဲ့ချေ။
ဖြစ်သည်နှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်ရောက်နှင့်သော ဘိသိက်ခံများကို ကိုယ်စားပြုသည့် အကြီးအကဲ ၂၄ ပါးထဲမှတစ်ဦးက အချက်ကျသော မေးခွန်းတစ်ခု မေးခြင်းဖြင့် ယောဟန်၏ တွေးတောဉာဏ်ကို နှိုးဆွလိုက်သည်မှာ ဆီလျော်လှပေသည်။ “အကြီးအကဲများထဲမှ တစ်ဦးက တုံ့ပြန်သည့်အနေနှင့် ငါ့အား ‘ဝတ်လုံဖြူဝတ်သော ဤသူတို့ကား မည်သူများနည်း။ အဘယ်အရပ်က လာကြသနည်း’ ဟုမေး၏။ ငါကလည်း ‘အကျွန်ုပ်သခင်၊ ကိုယ်တော်သိပါ၏’ ဟု ချက်ချင်းပင် ပြန်ဖြေလိုက်၏။” (၁၈၊ ၁၉။ (က) ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ယောဟန်အတန်းအစား ဘာမျှော်လင့်ချက်ကို အထူးပြုခဲ့သော်လည်း သတင်းတော်ကိုတုံ့ပြန်သော မည်သူများ အရေအတွက် တိုးများလာသနည်း။ (ခ) ၁၉၃၅ ခုနှစ်၌ လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်လာခြင်းက ၁၄၄,၀၀၀ နှင့်စပ်လျဉ်း၍ ဘာကိုဖော်ပြသနည်း။ (ဂ) သတိရအောက်မေ့ပွဲ ကိန်းဂဏန်းများက ဘာကိုဖော်ပြသနည်း။
၁၈ ၁၉၂၀ ပြည့်လွန်နှစ်များနှင့် ၁၉၃၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလတွင် ယောဟန်အတန်းအစားသည် စာအုပ်စာတမ်းများနှင့် ဟောပြောခြင်းလုပ်ငန်း နှစ်တန်စလုံး၌ ကောင်းကင်မျှော်လင့်ချက်ကို အထူးအရေးပေး တင်ပြခဲ့ကြသည်။ ၁၄၄,၀၀၀ အရေအတွက်ပြည့်ဖို့ လိုသေးကြောင်းသိသာ၏။ သို့တစေ၊ သတင်းတော်ကိုနားထောင်၍ သက်သေခံခြင်းလုပ်ငန်း၌ စိတ်ထက်သန်သော်လည်း ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် စိတ်ဝင်စားသည်ဟု ဆိုသောသူများ အရေအတွက် တိုးများလာသည်။ သူတို့သည် ကောင်းကင်သို့သွားရန် ဆန္ဒမရှိ။ ၎င်းမှာ သူတို့ခံရသော ခေါ်တော်မူခြင်းမဟုတ်။ သူတို့သည် သိုးစုငယ်အဝင်မဟုတ်၊ အခြားသိုးများ ဖြစ်ကြသည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) သူတို့သည် အခြားသိုးများထဲမှ လူအုပ်ကြီးဖြစ်ကြောင်း ၁၉၃၅ ခုနှစ်၌ ပေါ်လွင်လာရာ ဤအချက်က ၁၄၄,၀၀၀ ရွေးချယ်ခြင်းအလုပ် ထိုအချိန်တွင် ပြီးလုကြောင်းကိုပြသည်။
၁၉ စာရင်းဇယားများက ဤကောက်ချက်ကို ထောက်ခံသလော။ ထောက်ခံပါသည်။ ၁၉၃၈ ခုနှစ်၌ ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေပေါင်း ၅၉,၀၄၇ ဦး ဓမ္မအမှုတွင် ပါဝင်လုပ်ဆောင်ခဲ့ကြရာ ၎င်းတို့အနက် ၃၆,၇၃၂ ဦးက နှစ်စဉ်ကျင်းပသော ယေရှု၏သေခြင်း သတိရအောက်မေ့ပွဲ၌ အထိမ်းအမှတ်များကို သုံးဆောင်ခြင်းဖြင့် မိမိတို့သည် ကောင်းကင်သို့ ခေါ်တော်မူခြင်းခံရကြောင်း ပြသ၏။ နောက်ပိုင်းနှစ်များ၌ သုံးဆောင်သူအရေအတွက် တစ်စတစ်စ လျော့နည်းလာသည်။ အဓိက အကြောင်းရင်းမှာ သစ္စာရှိ ယေဟောဝါသက်သေများ သေလွန်သဖြင့် မြေကြီးအသက်တာ ကုန်ဆုံး၍ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံး ပွဲတော်တက်ရောက်သူ ၁၆,၃၉၀,၁၁၆ ဦး၏ ၀.၀၅ ရာခိုင်နှုန်းဖြစ်သော ၈,၅၂၄ ဦးသာ အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို သုံးဆောင်ကြသည်။
၂၀။ (က) ဒုတိယကမ္ဘာစစ်အတွင်း လူအုပ်ကြီးနှင့်ပတ်သက်၍ ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ် မည်သို့ဆိုခဲ့သနည်း။ (ခ) ယခု အဘယ်ဖြစ်ရပ်မှန်များက လူအုပ်ကြီးသည် တကယ်ပင်ကြီးကြောင်း ပြသနည်း။
၂၀ ဒုတိယကမ္ဘာစစ်ကြီး ပေါက်ကွဲသောအခါ လူအုပ်ကြီး စုသိမ်းခြင်းလုပ်ငန်းကို ရပ်တန့်စေရန် စာတန် အကြိတ်အနယ် အားထုတ်ခဲ့သည်။ နိုင်ငံများစွာ၌ ယေဟောဝါ၏ လုပ်ငန်းတော် ပိတ်ပင်ခံခဲ့ရသည်။ အမှောင်လွှမ်းသော ထိုနေ့ရက်များအတွင်း ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်က ၁၉၄၂ ခုနှစ်၌ မကွယ်လွန်မီကလေးတွင် “တကယ်တော့လည်း လူအုပ်ကြီးဟာ အဲဒီလောက် ကြီးလာမည့်ပုံ မရပါလား” ဟုဆိုသည်ကို ကြားခဲ့ရသည်။ သို့တစေ ဘုရားသခင့် ကောင်းချီးကြောင့် တစ်မူပြောင်းသွားသည်။ ၁၉၄၆ ခုနှစ်ရောက်သော် ကမ္ဘာတစ်ခွင် အမှုဆောင်သူအရေအတွက် ၁၇၆,၄၅၆ ဦးဖြစ်လာပြီး ၎င်းတို့အနက် အများစုမှာ လူအုပ်ကြီးအဝင်ဖြစ်သည်။ ၂၀၀၅ ခုနှစ်၌ ၂၃၅ နိုင်ငံတွင် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုသူပေါင်း ၆,၃၉၀,၀၂၂ ဦးရှိသဖြင့် တကယ့် လူအုပ်ကြီး ပင်ဖြစ်ပေသည်။ ၎င်းအရေအတွက်သည် အဆက်မပြတ် တိုးများနေသည်။
၂၁။ (က) သခင့်နေ့တော်အတွင်း ဘုရားသခင့် လူမျိုးတော်ကို စုသိမ်းခြင်းသည် ယောဟန်ရူပါရုံနှင့် မည်သို့လုံးဝ ညီညွတ်သနည်း။ (ခ) အဘယ်အရေးပါသော ပရောဖက်ပြုချက်အချို့ စတင်ပြည့်စုံလာသနည်း။
၂၁ ထို့ကြောင့် သခင့်နေ့တော်အတွင်း ဘုရားသခင့် လူမျိုးတော် စုသိမ်းခြင်းလုပ်ငန်းသည် ယောဟန်၏ရူပါရုံနှင့် တညီတညွတ်တည်းဖြစ်၏။ ရှေးဦးစွာ ၁၄၄,၀၀၀ ထဲမှ အကြွင်းအကျန်ကို စုသိမ်းပြီး နောက်၌ လူအုပ်ကြီးကို စုသိမ်း၏။ ဟေရှာယ ပရောဖက်ပြုသည့်အတိုင်း “နောက်ဆုံးသောကာလ၌” လူမျိုးအပေါင်းမှ လူများတို့သည် ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးတွင် ပါဝင်ကြရန် ဥဒဟို ဝင်လာကြ၏။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို ယေဟောဝါ ဖန်ဆင်းသောကြောင့် ကျွန်ုပ်တို့တကယ်ဟေရှာယ ၂:၂-၄; ၆၅:၁၇၊ ၁၈) ဘုရားသခင်သည် “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌” စုသိမ်းလျက် ရှိတော်မူပြီ။ (ဧဖက် ၁:၁၀) ယေရှုလက်ထက်မှစ၍ ရာစုနှစ်များတစ်လျှောက် ရွေးချယ်တော်မူသော ဘိသိက်ခံ ကောင်းကင်နိုင်ငံတော် အမွေခံများသည် “ကောင်းကင်ပေါ်” မှအရာများဖြစ်သည်။ ယခု အခြားသိုးထဲမှ လူအုပ်ကြီးသည် “မြေကြီးပေါ်” မှအရာများအနက် အဦးကျသူများအဖြစ် ပေါ်လာကြသည်။ သင်သည် ဤအစီအစဉ်နှင့်တညီတည်း ဝတ်ပြုလျှင် ထာဝရပျော်ရွှင်မှုကို ခံစားရပါလိမ့်မည်။
ပင် ကျေးဇူးတင် ဝမ်းမြောက်ကြ၏။ (လူအုပ်ကြီး ခံစားရသော ကောင်းချီးများ
၂၂။ လူအုပ်ကြီးနှင့်ပတ်သက်၍ ယောဟန် နောက်ထပ်ဘာသတင်းများ ရသနည်း။
၂၂ ယောဟန်သည် ဘုရားသခင့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဤလူအုပ်ကြီးနှင့် ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို ရရှိသည်– “ထိုသူ [ထိုအကြီးအကဲ] က ‘ဤသူတို့သည် ဆင်းရဲဒုက္ခကြီးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြလေပြီ။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာနေလျက် ကိုယ်တော်၏ ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်နေခြင်းဖြစ်၏။ ပလ္လင်တော်ပေါ် စံတော်မူသော အရှင်သည်လည်း သူတို့အပေါ်တွင် မိမိ၏တဲတော်ကို ဖြန့်မိုးတော်မူလိမ့်မည်’ ဟု ငါ့အား ဆို၏။”—ဗျာဒိတ် ၇:၁၄ခ၊ ၁၅။
၂၃။ လူအုပ်ကြီး “ထွက်လာ” သော ဆင်းရဲဒုက္ခကြီးကား အဘယ်နည်း။
၂၃ စောစောပိုင်းတွင် ယေရှုက နိုင်ငံတော်ဘုန်းအသရေနှင့်တကွ မိမိ၏ရောက်ရှိခြင်းသည် “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ဖြင့် အဆုံးသတ်လိမ့်မည်ဟု မိန့်ဆိုခဲ့ပြီ။ (မဿဲ ၂၄:၂၁၊ ၂၂) ၎င်းပရောဖက်ပြုချက် ပြည့်စုံမှုနှင့်အညီ ကောင်းကင်တမန်များသည် မြေကြီး၏ လေးမျက်နှာလေများကိုလွှတ်၍ စာတန်၏ကမ္ဘာ့စနစ်ကို ချေမှုန်းကြလိမ့်မည်။ ကမ္ဘာ့မိစ္ဆာဘာသာအင်ပါယာဖြစ်သည့် မဟာဗာဗုလုန် အရင်ဖျက်ဆီးခံရမည်။ ထို့နောက် ဆင်းရဲဒုက္ခကြီး၏ အထွတ်အထိပ် ရောက်လာသောအခါ ဧရာမလူအုပ်ကြီးနှင့်တကွ ကမ္ဘာပေါ်ရှိ ၁၄၄,၀၀၀ မှ အကြွင်းအကျန်များကို ယေရှု ကယ်တင်တော်မူမည်။—ဗျာဒိတ် ၇:၁; ၁၈:၂။
၂၄။ လူအုပ်ကြီးထဲမှ ပုဂ္ဂိုလ်တစ်ဦးချင်း ကပ်ကျော်နိုင်သည့် အရည်အချင်းကို မည်သို့ရကြသနည်း။
၂၄ လူအုပ်ကြီးဝင်များအနေနှင့် ကပ်ကျော်နိုင်သည့် အရည်အချင်းကို မည်သို့ရကြသနည်း။ သူတို့သည် “သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်” ခဲ့ကြပြီဟု အကြီးအကဲက ယောဟန်အား ဆို၏။ တစ်နည်းအားဖြင့် ယေရှုကို မိမိတို့၏ ရွေးနုတ်ရှင်အဖြစ် ယုံကြည်ကြပြီ။ ယေဟောဝါထံ မိမိတို့ကိုယ်ကို ဆက်ကပ်ခဲ့ကြပြီ။ မိမိတို့၏ ဆက်ကပ်ခြင်းကို ရေနှစ်ခြင်းဖြင့် အထိမ်းအမှတ် ပြုခဲ့ကြပြီ။ ဖြောင့်မတ်စွာ ကျင့်ကြံခြင်းဖြင့် “ကြည်လင်သော ဩတ္တပ္ပစိတ်ရှိ” လာကြ၏။ (၁ ပေတရု ၃:၁၆၊ ၂၁၊ သမ; မဿဲ ၂၀:၂၈) သို့ဖြင့် ယေဟောဝါရှေ့မှောက် စင်ကြယ်ဖြောင့်မတ်ကြ၏။ မိမိတို့ကိုယ်ကို “လောကီအညစ်အကြေးနှင့် ကင်းစင်” အောင်နေကြ၏။—ယာကုပ် ၁:၂၇။
၂၅။ (က) လူအုပ်ကြီးသည် ယေဟောဝါကိုရည်စူး၍ အဘယ်နည်းဖြင့် “ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်ရှိကြ” သနည်း။ (ခ) ယေဟောဝါသည် လူအုပ်ကြီးအပေါ် “မိမိတဲတော်ကို” မည်သို့ “ဖြန့်မိုးတော်မူ” သနည်း။
၂၅ ထို့ထက်မက သူတို့သည် ယေဟောဝါ၏ စိတ်ထက်သန်သော သက်သေခံများ ဖြစ်လာကြပြီး “ကိုယ်တော်၏ ဗိမာန်တော်တွင် မြင့်မြတ်သော အမှုတော်ကို နေ့ညမပြတ် ထမ်းရွက်လျက်နေခြင်း ဖြစ်၏။” သင်သည် ဆက်ကပ်အပ်နှံပြီးသော ဤလူအုပ်ကြီးထဲမှ တစ်ဦးလော။ ဟုတ်လျှင် ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်၏ မြေကြီးဆိုင်ရာ တံတိုင်းတော်အတွင်း ကိုယ်တော်ကို အစဉ်မပြတ် ဝတ်ပြုနိုင်သော အခွင့်ထူးကိုရ၏။ ယနေ့ လူအုပ်ကြီးသည် ဘိသိက်ခံများ၏ ညွှန်ကြားမှုအောက်၌ သက်သေခံလုပ်ငန်း၏ ကြီးမားသောအပိုင်းကို ဆောင်ရွက်လျက်နေပေသည်။ သူတို့အနက် လောကီဝတ္တရားများ မကင်းသည့်ကြားမှ ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုတော် ထမ်းရွက်ကြသူများ သိန်းချီ၍ရှိသည်။ ထိုအုပ်စု၌ သင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ လူအုပ်ကြီးအဝင် တစ်ဦးအနေနှင့် သင့်ယုံကြည်ခြင်းနှင့် အလုပ်ကြောင့် ဘုရားသခင့် မိတ်ဆွေအနေနှင့် ဖြောင့်မတ်သူအဖြစ် ကြေညာတော်မူခြင်း၊ ဧည့်သည်အဖြစ် တဲတော်သို့ဝင်ရောက်ရန် ကြိုဆိုတော်မူခြင်း ခံရသည့်အတွက် ဝမ်းမြောက်နိုင်၏။ (ဆာလံ ၁၅:၁-၅; ယာကုပ် ၂:၂၁-၂၆) သို့ဖြင့် ယေဟောဝါသည် မိမိကိုချစ်သောသူတို့အပေါ် “မိမိ၏တဲတော်ကို ဖြန့်မိုး” လျက် အိမ်ရှင်ကောင်းပီသစွာ သူတို့ကို ကာကွယ်တော်မူ၏။—သုတ္တံ ၁၈:၁၀။
၂၆။ လူအုပ်ကြီး အခြားအဘယ်ကောင်းချီးများ ခံစားရမည်နည်း။
၂၆ ထိုအကြီးအကဲက “သူတို့သည် နောက်တစ်ဖန် ဆာမွတ်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည် မဟုတ်။ နေပူရှိန်သည်လည်းကောင်း၊ မည်သည့်ချစ်ချစ်တောက် အပူရှိန်သည်လည်းကောင်း သူတို့အပေါ်သို့ ကျရောက်တော့မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ပလ္လင်တော် အလယ်၌ရှိဗျာဒိတ် ၇:၁၆၊ ၁၇) မှန်ပေ၏။ ယေဟောဝါသည် တကယ်ပင် ပျူငှာလှသည်တကား။ သို့သော် ထိုစကားများ၌ အဘယ်လေးနက်သော အဓိပ္ပာယ် ပါရှိသနည်း။
သော သိုးသငယ်သည် သူတို့ကို ထိန်းကျောင်း၍ အသက်ရေ စမ်းပေါက်များဆီသို့ ပို့ဆောင်တော်မူမည် ဖြစ်၍တည်း။ ဘုရားသခင်သည်လည်း သူတို့၏မျက်ရည် ရှိသမျှကို အကုန်အစင် သုတ်တော်မူမည်” ဟု ဆက်၍ ဆိုသည်။ (၂၇။ (က) အကြီးအကဲပြောသောအရာနှင့် ဆင်တူသောအရာကို ဟေရှာယ မည်သို့ပရောဖက်ပြုခဲ့သနည်း။ (ခ) အဘယ်အချက်က ဟေရှာယ ပရောဖက်ပြုချက်သည် ပေါလုလက်ထက်မှစ၍ ခရစ်ယာန်အသင်းတော်အပေါ် စတင်ပြည့်စုံလာကြောင်း ပြသနည်း။
၂၇ အလားတူစီကုံးသော ပရောဖက်ပြုချက်တစ်ရပ်ကို သုံးသပ်ကြည့်ပါစို့။ “ထာဝရဘုရား မိန့်တော်မူသည်မှာ လက်ခံဖွယ်အချိန်၌ ငါထူး၍ ကယ်တင်ရာနေ့ရက်၌ သင့်ကိုမစပြီ။ . . . ကရုဏာ သက်သောအရှင်သည် စမ်းရေများအနီး လမ်းပြပို့ဆောင်လတ္တံ့သောကြောင့် [သူတို့သည်] ရေငတ်ခြင်း၊ ဆာမွတ်ခြင်းကင်းလျက် လေပူနေရှိန် မထိမခိုက်ရ။” (ဟေရှာယ ၄၉:၈၊ ၁၀၊ သမ; ဆာလံ ၁၂၁:၅၊ ၆ လည်းရှု။) ဤပရောဖက်ပြုချက်၏ တစ်စိတ်တစ်ပိုင်းကို ပေါလုကိုးကားလျက် အေဒီ ၃၃ ခုနှစ်မှ အစပြုသော “ကယ်တင်ရာနေ့ရက်” ပေါ် ပြည့်စုံသည့်အနေနှင့် ဤသို့ရေးသား၏– “လက်ခံဖွယ်အချိန်၌ ငါနားညောင်း၍ ကယ်တင်ရာနေ့ရက်၌ သင့်ကိုမစပြီဟူသော ဗျာဒိတ်တော်ချက်အရ၊ ယခုပင် လက်ခံဖွယ်အချိန်၊ ယခုပင် ကယ်တင်ရာနေ့ရက် ဖြစ်” ၏။—၂ ကောရိန္သု ၆:၂၊ သမ။
၂၈၊ ၂၉။ (က) ဟေရှာယ၏စကားများ ပထမရာစု၌ မည်သို့ပြည့်စုံခဲ့သနည်း။ (ခ) လူအုပ်ကြီးနှင့်ပတ်သက်၍ ဗျာဒိတ် ၇:၁၆ ပါစကားများ မည်သို့ပြည့်စုံသနည်း။ (ဂ) လူအုပ်ကြီး “အသက်ရေ စမ်းပေါက်များဆီသို့ လမ်းပြခေါ်ဆောင်” ခံရသည့်အတွက် ဘာဖြစ်မည်နည်း။ (ဃ) လူအုပ်ကြီးသည် လူသားများအနက် အဘယ်ကြောင့် တစ်မူထူးခြားသူများ ဖြစ်ကြမည်နည်း။
၂၈ ဆာမွတ်ခြင်း ရေငတ်ခြင်းကင်းလျက် လေပူနေရှိန် မထိမခိုက်ရဟူသော ကတိတော်သည် ထိုခေတ်နှင့် မည်သို့သက်ဆိုင်သနည်း။ ပထမရာစု ခရစ်ယာန်များ ရံဖန်ရံခါ ပကတိဆာမွတ် ရေငတ်ခဲ့သည်မှာ မုချ။ (၂ ကောရိန္သု ၁၁:၂၃-၂၇) သို့သော် ဝိညာဉ်ရေးအရ ချမ်းသာကြွယ်ဝကြ၏။ ပေါများကုံလုံစွာ ပေးတော်မူသောကြောင့် ဝိညာဉ်ရေးရာများကို ဆာငတ်ခြင်းမရှိကြ။ ထို့ပြင် အေဒီ ၇၀ ပြည့်နှစ်၌ ဂျူးအစီအစဉ်ကို ဖျက်ဆီးတော်မူသောအခါ သူတို့အား မိမိ၏ အမျက်တော်အပူရှိန် စူးရှခြင်း ခံစေတော်မမူ။ ဗျာဒိတ် ၇:၁၆ ပါစကားများသည် ယနေ့လူအုပ်ကြီးအပေါ် ဝိညာဉ်ရေးအရ အလားတူစွာ ပြည့်စုံလာ၏။ သူတို့သည် ဘိသိက်ခံခရစ်ယာန်များနှင့်အတူ ဝိညာဏအသုံးအဆောင်များ ပေါကြွယ်လှ၏။—ဟေရှာယ ၆၅:၁၃; နာဟုံ ၁:၆၊ ၇။
၂၉ သင်သည် လူအုပ်ကြီးဝင်တစ်ဦးမှန်လျှင် စာတန့်စနစ် နေဝင်ချိန်အတွင်း မည်သို့သော ချို့ငဲ့မှုနှင့်ဖိစီးမှု ခံရစေကာမူ သင့်နှလုံး အခြေအနေကောင်းကြောင့် “ရွှင်လန်းစွာကြွေးကြော်” ပါလိမ့်မည်။ (ဟေရှာယ ၆၅:၁၄၊ ကဘ) ဤအဓိပ္ပာယ်အရ ယခုပင် ယေဟောဝါသည် ‘သင့်မျက်ရည် ရှိသမျှကို အကုန်အစင်’ သုတ်နိုင်တော်မူ၏။ အပြစ်ပေးစီရင်ခြင်းတည်းဟူသော ဘုရားသခင့် စူးရှပူလောင်သော “နေ” ကို သင်မကြောက်ရတော့။ လေးမျက်နှာ မှ ဖျက်ဆီးခြင်းလေများ လွတ်ထွက်လာသောအခါ ယေဟောဝါ၏ မျက်မာန်တော် “ချစ်ချစ်တောက် အပူရှိန်” နှင့်လည်း လွတ်နိုင်မည်။ ထိုဖျက်ဆီးခြင်း လွန်မြောက်သည့်နောက် သိုးသငယ်သည် လူကို အားသစ်ပြည့်စေသော “အသက်ရေ စမ်းပေါက်များဆီသို့” သင့်အား ပို့ဆောင်လိမ့်မည်။ ၎င်းသည် သင်ထာဝရအသက်ရဖို့ ယေဟောဝါ ပြုတော်မူသော စီမံချက်အားလုံးကို ကိုယ်စားပြုသည်။ သင်သည် လူ့စုံလင်ခြင်းအဖြစ်သို့ တစ်စစ တက်လှမ်းမည်ဖြစ်၍ သိုးသငယ်၏ အသွေးတော်ကို ယုံကြည်သော သင်၏ယုံကြည်ခြင်းသည် ယုံမှားခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားလာမည်။ လူအုပ်ကြီးဝင် သင်တို့သည် လူသားများအနက် သေဖို့ပင်မလိုသော “သန်းချီလူများ” ဖြစ်ရသောအခွင့်ထူးကို ရကြလိမ့်မည်။ အပြည့်ဝဆုံးသော အဓိပ္ပာယ်အရ၊ သင့်မျက်စိမှ မျက်ရည်တစ်စက်မကျန် အကုန်အစင် သုတ်တော်မူပြီးဖြစ်မည်။
ခေါ်တော်မူခြင်းကို သေချာအောင်လုပ်ခြင်း
၃၀။ ယောဟန်၏ရူပါရုံက ကျွန်ုပ်တို့အား ကျက်သရေရှိသော အဘယ်အနာဂတ်ကို လှစ်ဟပြသနည်း။ မည်သူများ “ခံရပ်” နိုင်မည်နည်း။
၃၀ ထိုစကားများက အလွန်ကျက်သရေရှိသော အနာဂတ်ကို လှစ်ဟပြသည်တကား။ ယေဟောဝါ ကိုယ်တော်တိုင် ပလ္လင်တော်ပေါ်မှာ စံတော်မူပြီး ကောင်းကင်မြေကြီးရှိ အစေခံများအားလုံး တညီတညွတ်တည်း ကိုယ်တော်ကို ချီးမွမ်းကြ၏။ မြေကြီးဆိုင်ရာ ကိုယ်တော့်အစေခံများက ၎င်းထောမနာသံပြိုင်တေးကို ပါဝင်သီဆိုရသည်မှာ အခွင့်ထူးကြီးဖြစ်ကြောင်း ကောင်းစွာသိကြ၏။ များမကြာမီ ယေဟောဝါနှင့် ခရစ်တော်ယေရှု တရားစီရင်တော့မည်။ ထိုအခါ “သူတို့၏ အမျက်တော်နေ့ကြီး ကျရောက်ပြီဖြစ်၍ မည်သူ ခံရပ်နိုင်မည်နည်း” ဟူသော အော်ဟစ်သံကို ကြားရတော့မည်။ (ဗျာဒိတ် ၆:၁၇) အဖြေကား မည်သို့နည်း။ လူနည်းစုသာ ခံရပ်နိုင်မည်။ ထိုလူနည်းစုမှာ တံဆိပ်ခတ်ခံရသော ၁၄၄,၀၀၀ မှ အသက်ရှင်ကျန်ကြွင်းသူများနှင့် အခြားသိုးများမှ လူအုပ်ကြီးတို့ဖြစ်သည်။—ယေရမိ ၃၅:၁၉; ၁ ကောရိန္သု ၁၆:၁၃။
၃၁။ ယောဟန်၏ရူပါရုံ ပြည့်စုံချက်ကြောင့် ဘိသိက်ခံခရစ်ယာန်နှင့် လူအုပ်ကြီးဝင် ခရစ်ယာန်များအားလုံး မည်သို့ဖြစ်သင့်သနည်း။
၃၁ ဤအချက်ကိုထောက်၍ ယောဟန်အတန်းအစား ဘိသိက်ခံခရစ်ယာန်များသည် “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့” အားသွန်ခွန်စိုက် ပြေးကြ၏။ (ဖိလိပ္ပိ ၃:၁၄) ဤနေ့ရက်များအတွင်းမှ အဖြစ်အပျက်များကြောင့် မိမိတို့ အထူးကြံ့ကြံ့ခံဖို့လိုကြောင်း သူတို့အပြည့်အဝ သတိပြုမိကြ၏။ (ဗျာဒိတ် ၁၃:၁၀) ယေဟောဝါကို နှစ်ရှည်လများ သစ္စာတည်ကြည်စွာ ဝတ်ပြုလာခဲ့သည့်နောက် မိမိတို့ “နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်” ကို ဝမ်းမြောက်လျက် ယုံကြည်ခြင်းကို မြဲမြဲစွဲကိုင်ကြသည်။ (လုကာ ၁၀:၂၀; ဗျာဒိတ် ၃:၅) “အဆုံးတိုင်အောင် တည်ကြည်သူကို [သာ] . . . ကယ်တင်တော်မူလိမ့်မည်” ဖြစ်ကြောင်း လူအုပ်ကြီးဝင်များလည်း သိကြ၏။ (မဿဲ ၂၄:၁၃၊ ခသ) လူအုပ်ကြီးသည် အုပ်စုတစ်စုအနေနှင့် ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်ရန် မှတ်သားခံရသည် မှန်သော်လည်း ပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့် အစဉ်သဖြင့် သန့်ရှင်း၍ တက်တက်ကြွကြွရှိရန် အားထုတ်ရမည်။
၃၂။ ယေဟောဝါ၏ အမျက်တော်နေ့၌ အုပ်စုနှစ်စုသာ “ခံရပ်” နိုင်မည် ဟူသောအချက်က အဘယ်အရေးပေါ် အခြေအနေကို ပေါ်လွင်စေသနည်း။
၃၂ လူအုပ်စု နှစ်စုမှလွဲ၍ အခြားသူများ ယေဟောဝါ၏ အမျက်တော်နေ့၌ “ခံရပ်” မည်ဟူသော သာဓက မရှိချေ။ ဤအချက်သည် သန်းပေါင်းများစွာသော သူတို့အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း။ ဤသူတို့သည် ယေရှု၏သေခြင်း အောက်မေ့ပွဲကို တက်ရောက်ခြင်းဖြင့် ကိုယ်တော့်ယဇ်သကာကို အတော်အတန် လေးစားကြောင်း နှစ်စဉ် ပြသကြသော်လည်း ယေဟောဝါ၏ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံကျေးကျွန်များ ဖြစ်လာသည်အထိ ယေရှု၏ယဇ်သကာပေါ် ယုံကြည်ခြင်း မကျင့်သုံးကြသေးချေ။ ထို့ပြင် တစ်ချိန်က တက်တက်ကြွကြွ ရှိခဲ့သော်လည်း ယခု “လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်” နေသောပုဂ္ဂိုလ်များကော မည်သို့နည်း။ ဤသူအားလုံး နိုးကြားလာပြီး ဆက်လက်နိုးကြားလျက် နေကြပါစေ။ သို့မှသာ “ဖြစ်လတ္တံ့သော ထိုအမှုအရာအလုံးစုံနှင့် ကင်းလွတ်၍ လူသား [ယေရှုခရစ်] ၏ရှေ့တော်၌ ရပ်နေနိုင်ခွင့် ရကြမည်။” အချိန် တိုတောင်းလှပြီ။—လုကာ ၂၁:၃၄-၃၆၊ သမ္မာ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 1 ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်ကိုရှု။
^ အပိုဒ်၊ 3 ၁၉၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ထုတ် ကင်းမျှော်စင် စာမျက်နှာ ၉၈။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁၉ ပါ လေးထောင့်ကွက်]
အနက်ဖွင့်ချက်များသည် ဘုရားသခင်နှင့်ဆိုင်၏
ဆယ်စုနှစ်များစွာအတွင်း ယောဟန်အတန်းအစားသည် လူအုပ်ကြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို စူးစမ်းခဲ့သော်လည်း ကျေနပ်ဖွယ် ရှင်းလင်းချက်ကို မတွေ့ခဲ့။ အဘယ်ကြောင့်နည်း။ “အိပ်မက်အနက်များ [“အနက်ဖွင့်ချက်များ၊” ကဘ] သည် ဘုရားသခင်နှင့် ဆိုင်သည်မဟုတ်လော” ဟူသော သစ္စာရှိ ယောသပ်၏ စကား၌ အဖြေကို တွေ့ရသည်။ (ကမ္ဘာဦး ၄၀:၈၊ သမ္မာ) အဘယ်အချိန်တွင် အဘယ်နည်းဖြင့် မိမိ၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ဘုရားသခင် အနက်ဖွင့်တော်မူသနည်း။ အများအားဖြင့် ပြည့်စုံခါနီးအချိန် သို့မဟုတ် ပြည့်စုံနေစဉ် အချိန် ဖြစ်သည်။ သို့မှသာ စူးစမ်းရှာဖွေသော မိမိ၏ အစေခံများက အကြောင်းအရာများကို ပီပြင်စွာ ဝေခွဲပိုင်းခြားနိုင်ကြမည် ဖြစ်သည်။ ဤနားလည်ခြင်းဉာဏ်ကို ပေးတော်မူသည်မှာ “ငါတို့ တည်ကြည်ခြင်းအားဖြင့်လည်းကောင်း၊ ကျမ်းဂန်တော်ကြောင့်ရသော နှစ်သိမ့်ခြင်း အားဖြင့်လည်းကောင်း၊ မျှော်လင့်ခွင့်ရှိကြစေရန် သွန်သင်ခြင်းအဖို့” ဖြစ်သည်။—ရောမ ၁၅:၄၊ သမ။
[စာမျက်နှာ ၁၂၄ ပါ လေးထောင့်ကွက်]
လူအုပ်ကြီးအဝင်များ
▪ လူမျိုး၊ မျိုးနွယ်စု၊ လူပုဂ္ဂိုလ်နှင့် ဘာသာစကား အားလုံးမှ ထွက်လာကြသည်
▪ ယေဟောဝါ၏ ပလ္လင်တော်ရှေ့ ရပ်ကြသည်
▪ သိုးသငယ်၏သွေးဖြင့် မိမိတို့၏ဝတ်လုံကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြလေပြီ
▪ ယေဟောဝါနှင့် ယေရှုတို့၏ ကျေးဇူးတော်ကြောင့် မိမိတို့ ကယ်တင်ခြင်းရသည်ဟု ဆိုကြသည်
▪ ဆင်းရဲဒုက္ခကြီးထဲမှ ထွက်မြောက်လာကြသည်
▪ ဗိမာန်တော်တွင် နေ့ညမပြတ် ယေဟောဝါကို ဝတ်ပြုကြသည်
▪ ယေဟောဝါ၏ မေတ္တာပါသော ကာကွယ်မှုနှင့် စောင့်ရှောက်မှုကို ခံရကြသည်
▪ ယေရှုက သူတို့ကို အသက်ရေ စမ်းပေါက်များဆီသို့ ပို့ဆောင်တော်မူသည်
[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]
[စာမျက်နှာ ၁၂၇ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့် သိုးသငယ်အားဖြင့်သာ လူအုပ်ကြီး ကယ်တင်ခံရ
[စာမျက်နှာ ၁၂၈ ပါ ရုပ်ပုံ]
သိုးသငယ်သည် လူအုပ်ကြီးကို အသက်ရေ စမ်းပေါက်များဆီသို့ ပို့ဆောင်တော်မူမည်