မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုင်ငံတော်ရဲ့ကတိတွေ ပြည့်စုံလာတာကို မြင်ချင်စိတ် ပြင်းပြနေသလား

အပိုင်း ၇

နိုင်ငံတော်ရဲ့ကတိများ​—အရာခပ်သိမ်းကို အသစ်ပြုလုပ်ခြင်း

နိုင်ငံတော်ရဲ့ကတိများ​—အရာခပ်သိမ်းကို အသစ်ပြုလုပ်ခြင်း

ပန်းသီး ခပ်ကြီးကြီးတစ်လုံးကိုခူးပြီး သင်းပျံ့ပျံ့ရနံ့လေးကို နမ်းကြည့် လိုက်တယ်။ ပြီးတော့ သစ်သီးခြင်းထဲ ထည့်လိုက်တယ်။ ခြင်းထဲမှာ ပန်းသီးတွေအပြည့်ပဲ။ ဒီလောက်အကြာကြီး အလုပ်လုပ်နေတာတောင် မမောသေးဘဲ ဆက်လုပ်နိုင်သေးတယ်။ အမေလည်း ဘေးနားကပန်းသီးပင်နားမှာ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေတယ်။ အသီးဝိုင်းခူးပေးနေတဲ့ မိတ်ဆွေတွေ၊ တခြားမိသားစုဝင်တွေနဲ့ စကားတွေပြောလိုက်၊ ရယ်လိုက်မောလိုက်နဲ့ပေါ့။ အမေ့ကိုကြည့်ရတာ နုပျိုလှပနေလိုက်တာ။ ကိုယ်ငယ်ငယ်တုန်းကတွေ့ခဲ့တဲ့ ပုံစံလေးအတိုင်းပဲ။ စနစ်ဟောင်းမှာတုန်းကတော့ အမေ တဖြည်းဖြည်း အသက်ကြီးလာတာကို တွေ့ခဲ့ရတယ်။ ရောဂါနှိပ်စက်တဲ့ဒဏ်ကြောင့် အမေ့ခမျာ ပိန်ချုံးချည့်နဲ့လာတယ်။ အမေအသက်မထွက်ခင်လေးမှာ အမေ့လက်ကလေးကို ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားမိတယ်။ အမေ့အုတ်ဂူဘေးမှာ ရှိုက်ကြီးတငင်ငိုခဲ့ရတယ်။ အခုတော့ ကြည့်ပါအုံး။ ကိုယ့်ဘေးမှာ အမေရှိနေပြီ။ အမေနဲ့အတူ တခြားသူတွေလည်း အသက်ပြန်ရှင်လာပြီး ကျန်းမာနေကြပြီ။

အဲဒီလိုနေ့ရက်တွေ ရောက်ကိုရောက်လာမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်ကတိတော်တွေက အမြဲပြည့်စုံလာလို့ပဲ။ အနာဂတ်လက်တစ်ကမ်းအလိုမှာ နိုင်ငံတော်ရဲ့ကတိတချို့ ဘယ်လိုပြည့်စုံလာမယ်၊ အာမဂေဒုန်စစ်ပွဲကြီးဆီကို ဘယ်လိုဦးတည်သွားမယ်ဆိုတာ ဒီအပိုင်းမှာ လေ့လာပါမယ်။ အဲဒီနောက်ပိုင်း ပြည့်စုံလာမယ့် စိတ်လှုပ်ရှားဖွယ်ကတိတချို့ကိုလည်း လေ့လာကြမယ်။ တစ်ကမ္ဘာလုံးကို ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ပြီး အရာခပ်သိမ်းအသစ်ဖြစ်လာမယ့်အချိန်ကို ကျွန်တော်တို့မြင်ရတဲ့အခါ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ။

ဒီအပိုင်းမှာ

အခန်း ၂၁

ဘုရားသခင့်နိုင်ငံတော်က ရန်သူတွေအပေါ်အောင်ပွဲခံ

အာမဂေဒုန်စစ်ပွဲအတွက် အခုကတည်းက သင်ကြိုတင်ပြင်ဆင်နိုင်တယ်။

အခန်း ၂၂

နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေ

ယေဟောဝါရဲ့ကတိတော်တွေ သေချာပေါက်ပြည့်စုံလာမယ်ဆိုတာ သင် ဘယ်လိုယုံကြည်စိတ်ချနိုင်သလဲ။