အခန်း ၇
အတိတ်မှ သတိပေးချက်တစ်ခု
ပရဒိသုကို လူဆိုးများဖျက်ဆီးရန် ယေဟောဝါခွင့်ပြုမည်မဟုတ်ပါ။ ထိုတွင် ကိုယ်တော်၏မိတ်ဆွေများသာ နေထိုင်ကြမည်။ လူဆိုးများ မည်သို့ဖြစ်သွားမည်နည်း။ အဖြေကိုသိရန် နောဧ၏ဖြစ်ရပ်မှန်ကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့သောနှစ်ရာစုပေါင်းများစွာက နောဧအသက်ရှင်ခဲ့သည်။ သူသည် ယေဟောဝါ၏အလိုတော်ကို အစဉ်သဖြင့်ကြိုးပမ်းလုပ်ဆောင်ခဲ့သော လူကောင်းတစ်ဦးဖြစ်၏။ သို့ရာတွင် မြေကြီးပေါ်ရှိအခြားသူတို့မူ ဆိုးသွမ်းမှုကိုပြုလုပ်ကြသည်။ ထို့ကြောင့် ယေဟောဝါက ထိုဆိုးသွမ်းသူအားလုံးကို ရေလွှမ်းမိုး၍ဖျက်ဆီးမည်ဟု နောဧအားမိန့်တော်မူ၏။ ရေလွှမ်းမိုးသောအခါ နောဧနှင့်သူ့မိသားစု မသေစေဖို့ သင်္ဘောဆောက်လုပ်ရန် ကိုယ်တော်မိန့်ဆို၏။—ကမ္ဘာဦး ၆:၉-၁၈။
နောဧနှင့်သူ့မိသားစု သင်္ဘောဆောက်ခဲ့ကြသည်။ နောဧသည် ရေလွှမ်းမိုးမည့်အကြောင်းကို လူတို့အားသတိပေးခဲ့သော်လည်း သူတို့နားမထောင်ခဲ့ကြချေ။ ဆက်၍ဆိုးသွမ်းခဲ့ကြ၏။ နောဧသည် သင်္ဘောဆောက်ပြီးသောအခါ အထဲသို့ တိရစ္ဆာန်များကိုယူဆောင်၍ သူနှင့်သူ့မိသားစုလည်း သင်္ဘောထဲဝင်ကြသည်။ ထိုအခါ ယေဟောဝါသည် လေပြင်းမုန်တိုင်းကြီးတစ်ခုကျရောက်စေခဲ့၏။ နေ့ ၄၀ နှင့်ည ၄၀ ပတ်လုံးမိုးရွာသွန်းခဲ့သည်။ မြေကြီးတစ်ပြင်လုံးကို ရေလွှမ်းမိုးခဲ့သည်။—ကမ္ဘာဦး ၇:၇-၁၂။
ကမ္ဘာဦး ၇:၂၂၊ ၂၃) ယေဟောဝါသည် မှန်ရာကိုပြုလုပ်ဖို့ငြင်းဆိုသူများအား ဖျက်ဆီးမည့်အချိန် တစ်ဖန်ရောက်လာမည့်အကြောင်း ကျမ်းစာကဆို၏။ လူကောင်းများ ဖျက်ဆီးခံရမည်မဟုတ်။ မြေကြီးပရဒိသုပေါ်တွင် သူတို့ထာဝစဉ်နေထိုင်ကြမည်။—၂ ပေတရု ၂:၅၊ ၆၊ ၉၊ ၁၀။
ဆိုးသွမ်းသူများ အသက်ဆုံးရှုံးခဲ့သော်လည်း နောဧနှင့်သူ့မိသားစုသည် ကယ်တင်ခြင်းခံခဲ့ရသည်။ ယေဟောဝါသည် ရေလွှမ်းမိုးခြင်းမှ ဆိုးသွမ်းမှုကင်းစင်သောမြေကြီးပေါ်သို့ သူတို့ကိုလုံခြုံစွာပို့ဆောင်ခဲ့သည်။ (ယနေ့ များစွာသောသူတို့သည် မကောင်းမှုများကိုပြုလုပ်ကြသည်။ ကမ္ဘာမြေကြီးသည် ဆင်းရဲခက်ခဲမှုများပြည့်နှက်လျက်ရှိသည်။ ယေဟောဝါသည် လူတို့ကိုသတိပေးရန် မိမိ၏သက်သေများကို ထပ်ခါတလဲစေလွှတ်သော်လည်း အများစုမှာ ယေဟောဝါ၏စကားတော်ကို နားမထောင်လိုကြချေ။ သူတို့၏လမ်းစဉ်များကို မပြောင်းလဲလိုကြပါ။ အမှား၊ အမှန်နှင့်ပတ်သက်၍ ဘုရားသခင်မိန့်တော်မူရာကို သူတို့လက်မခံလိုကြချေ။ ဤသူများ အဘယ်သို့ဖြစ်မည်နည်း။ တစ်နေ့နေ့ သူတို့ပြောင်းလဲမည်လော။ လူအများသည် ဘယ်သောအခါမျှပြောင်းလဲလိမ့်မည်မဟုတ်။ လူဆိုးများဖျက်ဆီးခံရပြီး ဘယ်သောအခါမျှမရှိတော့မည့်အချိန် ရောက်လာပါတော့မည်။—ဆာလံ ၉၂:၇။
မြေကြီးဖျက်ဆီးခံရမည်မဟုတ်; ပရဒိသုအဖြစ်သို့ပြုလုပ်မည်။ ဘုရားသခင့်မိတ်ဆွေဖြစ်လာသူတို့သည် မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်နေထိုင်ကြမည်။—ဆာလံ ၃၇:၂၉။