မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်

ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်

ပရ​ဒိ​သု​သည် ယ​ခု​ကျွန်ုပ်​တို့​နေ​ထိုင်​သော​လော​က​နှင့် တူ​မည်​မဟုတ်​ပါ။ မြေကြီး​ပေါ်​တွင် ဆင်း​ရဲ​ခြင်း​နှင့်​ဝမ်း​နည်း​ခြင်း၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​တို့​ဖြင့်​ပြည့်​နေ​စေ​ဖို့ ဘုရား​သခင်​တစ်​ခါ​မျှ​အလို​မရှိ​ခဲ့​ပါ။ အနာဂတ်​တွင် ဘုရား​သခင်​သည် မြေကြီး​ကို​ပရ​ဒိ​သု​ဖြစ်​စေ​ပါ​လိမ့်​မည်။ ပရဒိသု​သည် အဘယ်​အရာ​နှင့်​တူ​မည်​နည်း။ ကျမ်း​စာ​က​မည်​သို့​ဆို​သည်​ကို ကြည့်​ကြ​ပါ​စို့–

လူ​ကောင်း​များ။ ပရ​ဒိ​သု​သည် ဘုရား​သခင့်​မိတ်​ဆွေ​များ​၏ နေ​အိမ်​ဖြစ်​မည်။ သူ​တို့​သည် အချင်း​ချင်း​တို့​အတွက် ကောင်း​မွန်​ရာ​များ​ကို​ပြု​ကြ​မည်။ ဘုရား​သခင်​၏​ဖြောင့်​မတ်​သော​နည်း​လမ်း​အတိုင်း သူ​တို့​အသက်​ရှင်​ကြ​လိမ့်​မည်။—သုတ္တံ ၂:၂၁

အစား​အစာ​ပေါ​များ​ခြင်း။ ပရ​ဒိ​သု​တွင် ငတ်​မွတ်​ခြင်း​ရှိ​မည်​မဟုတ်။ သမ္မာ​ကျမ်း​စာ​က “မြေကြီး​ပေါ်​တွင် အသီး​အနှံ [သို့​မဟုတ်၊ အစား​အစာ] များ​စွာ​ရှိ​လိမ့်​မည်” ဟု​ဆို​သည်။—ဆာလံ ၇၂:၁၆က​ဘ။

ကောင်း​မွန်​သော​နေ​အိမ်​များ​နှင့် ပျော်​စ​ရာ​ကောင်း​သော​အလုပ်​အကိုင်။ မြေကြီး​ပရ​ဒိ​သု​ပေါ်​တွင် အိမ်​ထောင်​စု​တိုင်း​သည် ကိုယ်​ပိုင်​နေ​အိမ်​ရှိ​ကြ​လိမ့်​မည်။ လူ​တိုင်း စစ်​မှန်​သော​ပျော်​ရွှင်​မှု​ရ​စေ​မည့် အလုပ်​အကိုင်​ကို​လုပ်​ကိုင်​ကြ​လိမ့်​မည်။—ဟေရှာယ ၆၅:၂၁-၂၃

ကမ္ဘာ​ချီ​ငြိမ်​သက်​မှု။ စစ်​တိုက်​၍ စစ်​ပွဲ​၌​သေဆုံး​ခြင်း ရှိ​တော့​မည်​မဟုတ်။ ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်​က “[ဘုရား​သခင်​သည်] စစ်​မှု​ကို​ငြိမ်း​စေ​တော်​မူ” မည်​ဟု​ဖော်​ပြ၏။—ဆာလံ ၄၆:၈၊ ၉

ကောင်း​သော​ကျန်း​မာ​ရေး။ ကျမ်း​စာ​က​ဤ​သို့​က​တိ​ပြု​သည်– “[ပရ​ဒိ​သု​၏] မြို့​သား​က​လည်း၊ ‘ငါ​နာ​သည်​ဟု​မဆို​ရ။’” (ဟေရှာယ ၃၃:၂၄) ထို့​အပြင် မည်​သူ​မျှ​ခြေ​ဆွံ့​ခြင်း သို့​မဟုတ် မျက်​စိ​ကန်း​ခြင်း သို့​မဟုတ် နား​မကြား​ခြင်း သို့​မဟုတ် စ​ကား​အခြင်း​ဖြစ်​တော့​မည်​မဟုတ်။—ဟေရှာယ ၃၅:၅၊ ၆

နာ​ကျင်​ခြင်း၊ ဝမ်း​နည်း​ခြင်း​နှင့် သေခြင်း​တို့​အဆုံး​တိုင်​ခြင်း။ ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်​က ဤ​သို့​ဆို​သည်– “နောက်​တစ်ဖန် သေဘေး​မရှိ​ရ။ စိတ်​မသာ​ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။”—ဗျာဒိတ် ၂၁:၄

လူ​ဆိုး​များ​ရှိ​တော့​မည်​မဟုတ်။ ယေဟောဝါ​က ဤ​သို့​က​တိ​ပြု​ထား​သည်– “အဓမ္မ​လူ​တို့​မူ​ကား ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။”—သုတ္တံ ၂:၂၂

လူ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး ချစ်​ခင်​လေး​စား​ကြ​မည်။ မတရား​မှု၊ ဖိ​နှိပ်​မှု၊ တပ်​မက်​မှု​နှင့် မုန်း​တီး​မှု​တို့​ရှိ​တော့​မည်​မဟုတ်​ပါ။ လူ​တို့​သည် စည်း​လုံး​၍ ဘုရား​သခင်​၏​ဖြောင့်​မတ်​သော​နည်း​လမ်း​များ​နှင့်​အညီ နေထိုင်​ကြ​လိမ့်​မည်။—ဟေရှာယ ၂၆:၉