အခန်း ၁၆
မာရ်နတ်နဲ့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံတွန်းလှန်ပါ
“မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူထွက်ပြေးသွားလိမ့်မယ်။”—ယာကုပ် ၄:၇။
၁၊ ၂။ နှစ်ခြင်းခံတဲ့ အချိန်အခါဟာ ဘယ်သူတွေအတွက် ဝမ်းသာစရာ ဖြစ်သလဲ။
သင်ဟာ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့ပြီဆိုရင် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေမှာ နှစ်ခြင်းဟောပြောချက်ကို အကြိမ်ကြိမ် ကြားဖူးပါလိမ့်မယ်။ အဲဒီအချိန်အခါမျိုးကို အကြိမ်ကြိမ် ကြုံခဲ့ပေမဲ့ နှစ်ခြင်းခံဖို့ ခန်းမရဲ့ ရှေ့ဆုံးခုံတန်းမှာ ထိုင်နေတဲ့သူတွေ မတ်တတ်ရပ်လိုက်တာကို တွေ့တိုင်း စိတ်လှုပ်ရှားသွားမှာပဲ။ အဲဒီအခိုက် ပရိသတ်တွေ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အားရပါးရ လက်ခုပ်တီးကြတယ်။ ယေဟောဝါဘက် ရပ်တည်တဲ့ ဒီချစ်မြတ်နိုးဖွယ် လူတစ်စုကို ကြည့်နေရင်း ဝမ်းသာမျက်ရည်ဝဲလာမယ်။ တကယ် ပျော်စရာကောင်းတဲ့ အချိန်ပါပဲ။
၂ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဒေသမှာ နှစ်ခြင်းခံတဲ့ အချိန်အခါကို တစ်နှစ်မှာ နှစ်ကြိမ်သုံးကြိမ်လောက် ကြုံရနိုင်တယ်။ ကောင်းကင်တမန်တွေကတော့ အကြိမ်ပေါင်းများစွာ ကြုံတွေ့ရတယ်။ ပတ်စဉ် ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါရဲ့ မျက်မြင်ရအဖွဲ့အစည်းထဲ လူထောင်နဲ့ချီ ဝင်လာတာကို တွေ့ရတဲ့အခါ “ကောင်းကင်မှာ” ဘယ်လောက် “ဝမ်းမြောက်” နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (လုကာ ၁၅:၇၊ ၁၀) ဒီတိုးတက်မှုကို ကောင်းကင်တမန်တွေ မြင်ပြီး ဝမ်းသာနေကြမှာ သေချာတယ်။—ဟဂ္ဂဲ ၂:၇။
မာရ်နတ်ဟာ ‘ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို လှည့်လည်ရှာဖွေနေ’
၃။ စာတန်ဟာ “ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို” ဘာကြောင့် လှည့်လည်နေသလဲ။ သူ ဘာလုပ်ချင်သလဲ။
၃ ဒါပေမဲ့ နှစ်ခြင်းခံတဲ့ အချိန်အခါတွေကို ဒေါသနဲ့ကြည့်နေတဲ့ နာမ်ဝိညာဉ်သတ္တဝါယောဘ ၂:၄၊ ၅ ကိုဖတ်ပါ။) ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံသူ ရှိလာတဲ့အခါတိုင်း စာတန်ဟာ မုသာကောင်ဖြစ်မှန်း ထင်ရှားနေတယ်။ စာတန်ဟာ ပတ်စဉ် အကြိမ်ပေါင်း ထောင်နဲ့ချီ ပါးရိုက်ခံရသလို ဖြစ်နေတယ်။ သူဟာ “ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေ” တာ အံ့သြစရာ မဟုတ်ဘူး။ (၁ ပေတရု ၅:၈) အဲဒီ “ခြင်္သေ့” ဟာ ကျွန်တော်တို့ကို ဝါးမျိုဖို့ ဆန္ဒပြင်းပြတယ်။ ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေချင်ရုံမက ပြတ်တောက်စေချင်တယ်။—ဆာလံ ၇:၁၊ ၂။ ၂ တိမောသေ ၃:၁၂။
တွေ ရှိတယ်။ ဆိုးသွမ်းတဲ့ ဒီလောကကို ကျောခိုင်းတဲ့ လူထောင်ပေါင်းများစွာကြောင့် စာတန်နဲ့ နတ်ဆိုးတွေ မခံချိမခံသာ ဖြစ်နေတယ်။ ယေဟောဝါကို မေတ္တာစစ်နဲ့ဝတ်ပြုသူ တစ်ယောက်မှ မရှိဘူး၊ အပြင်းအထန် စမ်းသပ်ခံရရင် ဘယ်သူမှ သစ္စာရှိမှာ မဟုတ်ဘူးလို့ စာတန် ဝါကြွားခဲ့ဖူးလို့ပဲ။ (ယေဟောဝါဆီ လူတစ်ဦး ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အခါတိုင်း စာတန်ဟာ မုသာကောင်ဖြစ်မှန်း ထင်ရှား
၄၊ ၅။ (က) ယေဟောဝါဟာ စာတန်ရဲ့ သြဇာအာဏာကို ဘယ်နည်းနှစ်နည်းနဲ့ ကန့်သတ်ထားသလဲ။ (ခ) ခရစ်ယာန်စစ်တစ်ဦး ဘာကို စိတ်ချနိုင်သလဲ။
ဗျာဒိတ် ၇:၉၊ ၁၄) ဘုရားရဲ့ ကြိုဟောချက်တွေ မပြည့်စုံဘဲ မနေဘူး။ ဒါကြောင့် ဘုရားလူမျိုးတစ်စုလုံးကို ထောင်ချောက်ဆင်လို့ မရနိုင်မှန်း စာတန်တောင် သိထားတယ်။
၄ အလွန်ကြမ်းကြုတ်တဲ့ ရန်သူကို ကျွန်တော်တို့ ရင်ဆိုင်နေရပေမဲ့ ကြောက်စရာအကြောင်း မရှိဘူး။ ယေဟောဝါဟာ “ဟိန်းဟောက်နေတဲ့ ခြင်္သေ့” ရဲ့ သြဇာအာဏာကို အရေးပါတဲ့ နည်းနှစ်နည်းနဲ့ ကန့်သတ်ထားလို့ပဲ။ အဲဒီနည်းတွေဟာ ဘာလဲ။ ဦးဆုံး၊ ရောက်လာတော့မယ့် “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်မယ့် စစ်မှန်တဲ့ခရစ်ယာန် “လူအုပ်ကြီး” ရှိမယ်ဆိုပြီး ယေဟောဝါ ကြိုဟောထားတယ်။ (၅ ဒုတိယကန့်သတ်နည်းကို ရှေးအချိန်က ဘုရားအပေါ် သစ္စာရှိသူတစ်ဦးပြောခဲ့တဲ့ အခြေခံအမှန်တရားကနေ သိနိုင်တယ်။ ပရောဖက်အာဇရိက အာသမင်းကို “ယေဟောဝါဘုရားဘက်မှာ ခင်ဗျားတို့ ရှိနေသရွေ့ ဘုရားကလည်း ခင်ဗျားတို့ဘက်မှာ ရှိနေမယ်” လို့ပြောတယ်။ (၂ ရာဇဝင်ချုပ် ၁၅:၂။ ၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။) ရှေးအချိန်က ဘုရားနဲ့ ရင်းရင်းနှီးနှီး ရှိနေသူတိုင်းကို စာတန် ဝါးမျိုဖို့ ကြိုးစားပေမဲ့ အမြဲ မအောင်မြင်မှန်း မှတ်တမ်းတင်ထားတဲ့ ပုံနမူနာများစွာက ဖော်ပြတယ်။ (ဟီဘရူး ၁၁:၄-၄၀) အခုလည်း ဘုရားနဲ့ ရင်းရင်းနှီးနှီးရှိနေတဲ့ ခရစ်ယာန်တစ်ဦးဟာ မာရ်နတ်ကို ခုခံတွန်းလှန်ပြီး အနိုင်ယူနိုင်ပါတယ်။ တကယ်တော့ ကျမ်းစာမှာ “မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူ ထွက်ပြေးသွားလိမ့်မယ်” လို့ ပြောထားတယ်။—ယာကုပ် ၄:၇။
‘နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရ’
၆။ ခရစ်ယာန်တစ်ဦးချင်းစီကို စာတန် ဘယ်လို တိုက်ခိုက်သလဲ။
၆ စာတန် အနိုင်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဦးစီအနေနဲ့ သတိမရှိရင် သူ အနိုင်ရသွားနိုင်တယ်။ ယေဟောဝါနဲ့ဖွဲ့ထားတဲ့ နှောင်ကြိုး လျော့သွားအောင် လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကို ဝါးမျိုနိုင်တယ်ဆိုတာ စာတန် သိထားတယ်။ အဲဒီလိုဖြစ်အောင် စာတန် ဘယ်လိုလုပ်သလဲ။ ဉာဏ်နီဉာဏ်နက် သုံးပြီး ကျွန်တော်တို့တစ်ဦးချင်းစီကို အပြင်းအထန် တိုက်ခိုက်ခြင်းအားဖြင့် ဖြစ်တယ်။ စာတန်ရဲ့ အဓိကနည်းဗျူဟာတွေကို သုံးသပ်ကြည့်ကြစို့။
၇။ ယေဟောဝါရဲ့လူတွေကို စာတန် ဘာကြောင့် အပြင်းအထန် တိုက်ခိုက်နေသလဲ။
၁ ယောဟန် ၅:၁၉) အဲဒီစကားမှာ ခရစ်ယာန်စစ်အားလုံးအတွက် သတိပေးချက် ပါတယ်။ စာတန်ဟာ ဆိုးသွမ်းတဲ့ လောကတစ်ခုလုံးကို ဝါးမျိုထားပြီဖြစ်လို့ သူ့ကို တိမ်းရှောင်နိုင်ဆဲဖြစ်တဲ့ ယေဟောဝါရဲ့လူတွေကို အခု အာရုံစိုက်ပြီး အပြင်းအထန် တိုက်ခိုက်နိုင်တယ်။ (မိက္ခာ ၄:၁။ ယောဟန် ၁၅:၁၉။ ဗျာဒိတ် ၁၂:၁၂၊ ၁၇) သူ့အချိန် ခဏပဲ ကျန်တော့မှန်း သိလို့ အကြီးအကျယ် ဒေါသထွက်ပြီး အပြင်းအထန် တိုက်ခိုက်နေတယ်။ အခုချိန်မှာ ဘုရားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ စာတန် အစွမ်းကုန် ကြိုးစားနေတယ်။
၇ အပြင်းအထန် တိုက်ခိုက်မှုတွေ။ ‘တစ်လောကလုံးဟာ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေတယ်’ လို့ တမန်တော်ယောဟန် ပြောခဲ့တယ်။ (၈။ နတ်ဆိုးတွေနဲ့ “တိုက်ခိုက်နေရတာ” ဆိုတဲ့ ပေါလုရဲ့စကားဟာ ဘာကို ဆိုလိုသလဲ။
၈ တစ်ဦးချင်းစီကို တိုက်ခိုက်ခြင်း။ “ကျွန်တော်တို့ဟာ . . . ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက် [“နပန်းသတ်၊” အောက်ခြေမှတ်ချက်] နေရတာ” လို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု သတိပေးတယ်။ (ဧဖက် ၆:၁၂) “တိုက်ခိုက်” ဆိုတဲ့ စကားလုံးကို ပေါလု ဘာကြောင့် သုံးထားသလဲ။ နှစ်ဦးချင်း ရင်ဆိုင်ပြီး နပန်းသတ်တဲ့သဘောကို ရည်ညွှန်းနေလို့ပဲ။ ဒီစကားလုံးကို ပေါလု သုံးတာက ကျွန်တော်တို့ တစ်ဦးချင်းစီဟာ နတ်ဆိုးတွေနဲ့ နပန်းသတ် တိုက်ခိုက်နေရတယ်ဆိုတာ အလေးပေးချင်လို့ ဖြစ်တယ်။ ကျွန်တော်တို့ နေထိုင်တဲ့နိုင်ငံမှာ နတ်ဆိုးအယူဝါဒ လွှမ်းမိုးသည်ဖြစ်စေ၊ မလွှမ်းမိုးသည်ဖြစ်စေ ယေဟောဝါဆီ ကျွန်တော်တို့ကိုယ်ကို ဆက်ကပ်အပ်နှံချိန်ကစပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ရောက်နေသလို ဖြစ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။ ခရစ်ယာန်တစ်ဦးစီဟာ ဆက်ကပ်အပ်နှံချိန်ကစပြီး အဲဒီလို လုံးထွေးသတ်ပုတ်နေရတယ်။ ဒါကြောင့် “အခိုင်အမာ ရပ်တည်” ပါလို့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလု သုံးကြိမ် တိုက်တွန်းခဲ့တာ အံ့သြစရာ မဟုတ်ဘူး။—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄။
၉။ (က) စာတန်နဲ့ နတ်ဆိုးတွေဟာ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်” အမျိုးမျိုးကို ဘာကြောင့် အသုံးပြုသလဲ။ (ခ) ကျွန်တော်တို့ရဲ့ အတွေးအခေါ် ပျက်ပြားအောင်လုပ်ဖို့ စာတန် ဘာကြောင့် ကြိုးစားသလဲ။ သူ့ကြိုးစားအားထုတ်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ။ (“ စာတန်ရဲ့ ပါးနပ်မှုကို သတိပြု” လေးထောင့်ကွက်ကို ကြည့်ပါ။) (ဂ) ဉာဏ်နီဉာဏ်နက်များတဲ့ ဘယ်လုပ်ရပ်အကြောင်း အခု သုံးသပ်မလဲ။
၉ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေ။ စာတန်ရဲ့ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေ” ကို ခုခံပြီး အခိုင်အမာ ရပ်တည်ဖို့ ခရစ်ယာန်တွေကို ပေါလု နှိုးဆော်ဧဖက် ၆:၁၁) “လုပ်ရပ်တွေ” ဆိုပြီး အများကိန်း သုံးထားတာကို သတိပြုပါ။ နတ်ဆိုးတွေဟာ ဉာဏ်နီဉာဏ်နက် တစ်ခုထက်မက အမျိုးမျိုးကို သုံးတာ အကြောင်းရှိလို့ပဲ။ ယုံကြည်သူတချို့ဟာ သွေးဆောင်မှုတစ်မျိုးကို ခံရချိန်မှာ အခိုင်အမာ ရပ်တည်ပြီးနောက် အချိန်အတန်ကြာတဲ့အခါ နောက်တစ်မျိုးကြောင့် ၡုံးနိမ့်ခဲ့ကြတယ်။ ဒါကြောင့် မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ ကျွန်တော်တို့ တစ်ဦးချင်းစီကို အသေအချာ စောင့်ကြည့်ပြီး အားအနည်းဆုံး ပျော့ကွက်ကို ရှာနေကြတယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်တော့တယ်။ ဒါပေမဲ့ ကျမ်းစာမှာ မာရ်နတ်ရဲ့ အကြံအစည်တွေကို ဖော်ပြထားတဲ့အတွက် သူ့အကြံအစည်တွေကို ကျွန်တော်တို့ သိနေတာဟာ ကျေးဇူးတင်စရာပါပဲ။ (၂ ကောရိန္သု ၂:၁၁) ဒီစာအုပ်ရဲ့ အစပိုင်းမှာ ရုပ်ပစ္စည်းအဓိကထားခြင်း၊ အန္တရာယ်ရှိတဲ့ အပေါင်းအသင်း၊ လိင်အကျင့်ယိုယွင်းအောင် သွေးဆောင်ခြင်းစတဲ့ ဉာဏ်နီဉာဏ်နက်တွေကို ဆွေးနွေးခဲ့တယ်။ အခု စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေထဲက နောက်တစ်ခုဖြစ်တဲ့ နတ်ဆိုးပညာ လိုက်စားခြင်းအကြောင်း သုံးသပ်ကြည့်ကြစို့။
ခဲ့တယ်။ (နတ်ဆိုးပညာ လိုက်စားခြင်းဟာ သစ္စာမဲ့လုပ်ရပ်ဖြစ်
၁၀။ (က) နတ်ဆိုးပညာ လိုက်စားခြင်းဆိုတာ ဘာလဲ။ (ခ) နတ်ဆိုးပညာ လိုက်စားတာကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။ သင်ကော ဘယ်လို ရှုမြင်သလဲ။
၁၀ လူတစ်ဦး နတ်ဆိုးပညာ လိုက်စားတာဟာ နတ်ဆိုးတွေနဲ့ တိုက်ရိုက်ဆက်သွယ်တာ ဖြစ်တယ်။ နတ်ဆိုးပညာ လိုက်စားခြင်းမှာ ဗေဒင်အတတ်၊ စုန်းအတတ်၊ ပြုစားတာ၊ လူသေကိုမေးမြန်းတာ ပါဝင်တယ်။ ကျွန်တော်တို့ သိတဲ့အတိုင်း နတ်ဆိုးပညာ လိုက်စားတာကို “ရွံမုန်းစရာ” လို့ ယေဟောဝါ ယူမှတ်တယ်။ (တရားဟောရာ ၁၈:၁၀-၁၂။ ဗျာဒိတ် ၂၁:၈) ကျွန်တော်တို့ကိုယ်တိုင်လည်း “ဆိုးညစ်တဲ့အရာကို ရွံမုန်း” ရမှာဖြစ်လို့ နတ်ဆိုးတွေနဲ့ ဆက်သွယ်ဖို့ လုံးဝ မစဉ်းစားကြဘူး။ (ရောမ ၁၂:၉) ဒါဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါအပေါ် သစ္စာမဲ့တဲ့လုပ်ရပ် ဖြစ်လို့ ရွံစရာပဲ။
၁၁။ နတ်ဆိုးပညာ လိုက်စားအောင် ကျွန်တော်တို့ကို ဆွဲဆောင်နိုင်မယ်ဆိုရင် စာတန်အတွက် ဘာကြောင့် အောင်ပွဲဖြစ်သလဲ။ ဥပမာပေးပါ။
၁၁ နတ်ဆိုးပညာ လိုက်စားတာဟာ ယေဟောဝါကို သစ္စာဖောက်မှုကြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ထဲက တချို့ကို စာတန် မရမက ကြိုးစားဆွဲဆောင်တယ်။ နတ်
ဆိုးပညာ လိုက်စားအောင် ခရစ်ယာန်တစ်ဦးကို ဆွဲဆောင်နိုင်တဲ့ အကြိမ်တိုင်း စာတန်အတွက် အောင်ပွဲပဲ။ ဘာကြောင့်လဲ။ ဥပမာ၊ စစ်သားတစ်ဦးဟာ သစ္စာဖောက်ပြီး ရန်သူ့စစ်တပ်ထဲ ခိုဝင်သွားရင် ရန်သူ့တပ်ရဲ့ ဗိုလ်ချုပ် သိပ်ဝမ်းသာမယ် မဟုတ်လား။ ဒီသစ္စာဖောက်ရဲ့ အရင်ဗိုလ်ချုပ်ကို အရှက်ခွဲတဲ့အနေနဲ့ သူ့ကို လက်ရပစ္စည်းအဖြစ် လှည့်လည်ပြသမယ်။ အလားတူပဲ၊ ခရစ်ယာန်တစ်ဦး နတ်ဆိုးပညာ လိုက်စားမယ်ဆိုရင် ယေဟောဝါကို စိတ်လိုကိုယ်လျောက် တမင်တကာ သစ္စာဖောက်ပြီး မိမိကိုယ်ကို စာတန်ရဲ့ငယ်သား ဖြစ်စေရာရောက်တယ်။ အဲဒီသစ္စာဖောက်ကို လက်ရပစ္စည်းအဖြစ် လှည့်လည်ပြသရတာကို စာတန် ဘယ်လောက် အားရကျေနပ်လိုက်မလဲ။ ကျွန်တော်တို့ တစ်ယောက်မှ မာရ်နတ်ကို အဲဒီလို အောင်ပွဲခံစေချင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ သစ္စာဖောက်တွေ မဟုတ်ကြဘူး။သံသယဝင်စေတဲ့ မေးခွန်းတွေ မေးခြင်း
၁၂။ နတ်ဆိုးပညာ လိုက်စားခြင်းအပေါ် ကျွန်တော်တို့ရဲ့ အမြင်ကို သြဇာလွှမ်းမိုးဖို့ ဘယ်နည်းကို စာတန် သုံးသလဲ။
၁၂ နတ်ဆိုးပညာ လိုက်စားခြင်းကို ရွံမုန်းနေသရွေ့ စာတန်ဟာ ကျွန်တော်တို့ကို နတ်ဆိုးပညာနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ် ပြောင်းသွားအောင် လုပ်ဖို့ လိုမှန်း သူသိတယ်။ ဘယ်လိုလုပ်သလဲ။ ခရစ်ယာန်တချို့ “အကောင်းကို အဆိုး၊ အဆိုးကို အကောင်း” လို့ ထင်သွားအောင် သူ ကြိုးစားတယ်။ (ဟေရှာယ ၅:၂၀) နှစ်တွေတစ်လျှောက် အောင်မြင်ခဲ့တဲ့နည်းတွေအနက် သံသယဝင်စေတဲ့ မေးခွန်းမေးတဲ့နည်းကို စာတန် ပြန်သုံးလေ့ရှိတယ်။
၁၃။ သံသယဝင်စေတဲ့ မေးခွန်းတွေကို စာတန် ဘယ်လို အသုံးပြုခဲ့သလဲ။
၁၃ အတိတ်က ဒီနည်းကို စာတန် ဘယ်လို သုံးခဲ့တယ်ဆိုတာ သတိပြုပါ။ ဧဒင်ဥယျာဉ်မှာ ဧဝကို “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား” လို့ သူမေးတယ်။ ယောဘခေတ်တုန်းက ကောင်းကင်မှာ ကောင်းကင်တမန်တွေ စုဝေးတဲ့အခါ “ယောဘက ဘာအကျိုးမှ မရဘဲ ဘုရားသခင်ကို ကြောက်ပါ့မလား” လို့ သူမေးတယ်။ ယေရှု မြေကြီးပေါ် စတင်အမှုဆောင်ချိန်မှာ စာတန်က “မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” ဆိုပြီး စိန်ခေါ်တယ်။ စဉ်းစားကြည့်ပါ။ အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ ခြောက်ပတ်လောက်မှာ ယေရှုနဲ့ပတ်သက်ပြီး ယေဟောဝါကိုယ်တိုင်က “သူဟာ ကမ္ဘာဦး ၃:၁။ ယောဘ ၁:၉။ မဿဲ ၃:၁၇။ ၄:၃။
ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” လို့ပြောခဲ့တယ်။ ဒီစကားကို စာတန် ကဲ့ရဲ့ပြောဆိုလိုက်တာပဲ။—၁၄။ (က) နတ်ဆိုးပညာ လိုက်စားခြင်းနဲ့ပတ်သက်ပြီး သံသယဝင်စေတဲ့နည်းကို စာတန် ဘယ်လို သုံးသလဲ။ (ခ) အခု ဘာအကြောင်း သုံးသပ်ကြမလဲ။
၁၄ ဒီနေ့လည်း မာရ်နတ်ဟာ နတ်ဆိုးပညာ လိုက်စားခြင်းရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး သံသယဝင်အောင် အဲဒီနည်းကိုပဲ အသုံးပြုတယ်။ ဝမ်းနည်းစရာက ယုံကြည်သူတချို့ သံသယဝင်အောင် သူ လုပ်နိုင်ခဲ့တယ်။ နတ်ဆိုးပညာ လိုက်စားတဲ့ နည်းတချို့ဟာ တကယ်ပဲ ဒီလောက်ဆိုးလို့လား ဆိုပြီး သံသယ ဝင်လာကြတယ်။ (၂ ကောရိန္သု ၁၁:၃) သူတို့ရဲ့အမြင်ကို ဘယ်လို ပြုပြင်ပေးနိုင်သလဲ။ စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်ကြောင့် ၡုံးနိမ့်မသွားအောင် ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်သလဲ။ အဖြေရဖို့ နတ်ဆိုးပညာပါတယ်လို့ မထင်ရအောင် စာတန် ပါးနပ်စွာ လုပ်ထားတဲ့ ဘဝကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ အဲဒါတွေကတော့ ဖျော်ဖြေရေးနဲ့ ကျန်းမာရေး ဖြစ်တယ်။
ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေကို အမြတ်ထုတ်ခြင်း
၁၅။ (က) နတ်ဆိုးပညာ လိုက်စားတာကို အနောက်တိုင်းသားအများစု ဘယ်လို ရှုမြင်သလဲ။ (ခ) နတ်ဆိုးပညာ လိုက်စားတာနဲ့ ပတ်သက်တဲ့ ဒီလောကရဲ့ ရှုမြင်ချက်က ခရစ်ယာန်တချို့ကို ဘယ်နည်းနဲ့ သြဇာလွှမ်းခဲ့သလဲ။
၁၅ အထူးသဖြင့် အနောက်တိုင်းမှာ မှော်ပညာ၊ စုန်းကဝေအတတ်၊ နတ်ဆိုးပညာနဲ့ ဆက်နွှယ်တာတွေကို ပိုပြီး ပေါ့ပေါ့တန်တန် သဘောထားလာကြတယ်။ ရုပ်ရှင်၊ စာပေ၊ တီဗွီအစီအစဉ်နဲ့ ကွန်ပျူတာဂိမ်းတွေမှာ နတ်ဆိုးပညာ လိုက်စားတာကို ပျော်စရာ၊ ခေတ်မီပြီး အန္တရာယ်ကင်းတဲ့အရာလို့တောင် တင်ဆက်နေတယ်။ မှော်ပညာကို အဓိကပုံဖော်တဲ့ ရုပ်ရှင်နဲ့ စာပေတွေဟာ လူကြိုက်များလွန်းလို့ ဝါသနာတူသူအဖွဲ့အစည်းတွေ ဖွဲ့ထားကြပြီ။ မှော်ပညာရဲ့ အန္တရာယ်ကို အသေးအဖွဲကိစ္စအဖြစ် ယူမှတ်အောင် လုပ်ဆောင်ရာမှာ နတ်ဆိုးတွေ အောင်မြင်နေတာ ထင်ရှားတယ်။ ခရစ်ယာန်တချို့တောင် နတ်ဆိုးပညာ လိုက်စားတာကို ပေါ့ပေါ့တန်တန် သဘောထားလာကြတယ်။ အဲဒီသဘောထားက သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို သြဇာလွှမ်းခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ ဖြစ်ပျက်နေကျ ကိစ္စတစ်ခုကို ဖော်ပြရရင် ခရစ်ယာန်တစ်ဦးဟာ မှော်ပညာ
ကို အသားပေးတဲ့ ရုပ်ရှင်တစ်ကား ကြည့်ပြီးနောက် “အဲဒီရုပ်ရှင်ကို ကြည့်ရုံပါပဲ၊ ဒါပေမဲ့ ငါ နတ်ဆိုးပညာ မလိုက်စားပါဘူး” လို့ ဆင်ခြေပေးတတ်တယ်။ ဒါဟာ ဘာကြောင့် အန္တရာယ်ရှိသလဲ။၁၆။ မှော်ပညာကို အသားပေးတဲ့ ဖျော်ဖြေမှုကို ကြည့်ရှုတာဟာ ဘာကြောင့် အန္တရာယ်ရှိသလဲ။
၁၆ နတ်ဆိုးပညာကို လိုက်စားတာနဲ့ ရှုစားတာဟာ မတူတာမှန်ပေမဲ့ မှော်အတတ်နဲ့ဆိုင်တဲ့ ပြကွက်တွေကို ကြည့်ရှုတာ အန္တရာယ်မရှိဘူးလို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ကျွန်တော်တို့ ဘာစဉ်းစားနေမှန်း စာတန်နဲ့ နတ်ဆိုးတွေ မသိနိုင်ဘူးလို့ ကျမ်းစာ ပြောတယ်။ * ဒါကြောင့် အစောပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း နတ်ဆိုးတွေဟာ ကျွန်တော်တို့ စဉ်းစားပုံနဲ့ အားနည်းချက်ကို သိနိုင်ဖို့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှုရွေးချယ်ပုံ အပါအဝင် အပြုအမူတွေကို ဂရုတစိုက် စောင့်ကြည့်ရမယ်။ ခရစ်ယာန်တစ်ဦးဟာ နတ်ကတော်တွေ၊ မျက်လှည့်တွေ၊ နတ်ပူးသူတွေ၊ နတ်ဆိုးတွေနဲ့ဆိုင်တဲ့ အကြောင်းတွေကို အသားပေးတဲ့ ရုပ်ရှင်၊ စာပေတွေကို ကြိုက်နေမယ်ဆိုရင် နတ်ဆိုးတွေကို သတင်းပို့ရာရောက်တယ်။ တကယ်တော့ သူ့အားနည်းချက်အကြောင်း နတ်ဆိုးတွေကို အသိပေးနေတာပဲ။ အဲဒီအခါ နတ်ဆိုးတွေက သူ့အားနည်းချက်ကို အမြတ်ထုတ်ပြီး အလဲထိုးနိုင်တဲ့အထိ အပြင်းအထန် တိုက်ခိုက်မယ်။ မှော်ပညာကို အသားပေးတဲ့ ဖျော်ဖြေမှုကို စပ်စုရာကနေ နတ်ဆိုးပညာကို စိတ်ဝင်စားသွားသူတချို့ဟာ နောက်ဆုံးမှာ ကိုယ်တိုင် နတ်ဆိုးပညာကို လိုက်စားတော့တယ်။—ဂလာတိ ၆:၇ ကိုဖတ်ပါ။
၁၇။ ဖျားနာသူတွေကို ဉာဏ်နီဉာဏ်နက်များတဲ့ ဘယ်လုပ်ရပ်နဲ့ စာတန် အမြတ်ထုတ်နိုင်သလဲ။
၁၇ ဖျော်ဖြေမှုကို နှစ်သက်တဲ့ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒကိုသာမက ကျန်းမာရေးဂရုစိုက်ဖို့ လိုအပ်ချက်ကိုပါ စာတန် အမြတ်ထုတ်ဖို့ ကြိုးစားတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျန်းမာရေးမကောင်းတဲ့ ခရစ်ယာန်တစ်ဦးဟာ နည်းအမျိုးမျိုးနဲ့ ကုသမှု ခံယူပေမဲ့ မသက်သာလို့ စိတ်ပျက်နေမယ်။ (မာကု ၅:၂၅၊ ၂၆) ဒီအခြေအနေဟာ စာတန်နဲ့ နတ်ဆိုးတွေ အမြတ်ထုတ်စရာ ဖြစ်သွားနိုင်တယ်။ ကြံရာမရတဲ့အဆုံး “မှော်အတတ်” ဒါမှမဟုတ် နတ်ဆိုးပညာပါတဲ့ ကုသမှုတွေကို ခံယူဖို့ သွေးဆောင်နိုင်တယ်။ (ဟေရှာယ ၁:၁၃) နတ်ဆိုးတွေရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ် အောင်မြင်မယ်ဆိုရင် ဘုရားသခင်နဲ့ လူမမာရဲ့ဆက်ဆံရေး ပျက်သွားနိုင်တယ်။ ဘယ်နည်းနဲ့လဲ။
၁၈။ ခရစ်ယာန်တစ်ဦး ဘယ်ကုထုံးတွေကို ငြင်းပယ်မလဲ။ ဘာကြောင့်လဲ။
၁၈ ကြံရာမရတဲ့အဆုံး “မှော်အတတ်” ကို အသုံးချခဲ့တဲ့ အစ္စရေးတွေကို ယေဟောဝါက “မင်းတို့ လက်ဖြန့်ဆုတောင်းတဲ့အခါ ငါ မျက်စိလွှဲထားမယ်။ အကြိမ်ကြိမ် ဆုတောင်းရင်လည်း ငါ နားမထောင်ဘူး” လို့ သတိပေးတယ်။ (ဟေရှာယ ၁:၁၅) ကျွန်တော်တို့ဟာ ဆုတောင်းချက်ကို အတားအဆီးဖြစ်စေမယ့်၊ ယေဟောဝါရဲ့ အကူအညီ မရစေမယ့် အရာမှန်သမျှကို အမြဲတမ်း ရှောင်ချင်ကြတယ်။ အထူးသဖြင့် ဖျားနာချိန်မှာ ဖြစ်တယ်။ (ဆာလံ ၄၁:၃) ဒါကြောင့် ရောဂါအမည်ဖော်ရာမှာ ဒါမှမဟုတ် ကုထုံးတစ်နည်းနည်းမှာ နတ်ဆိုးပညာ ပါဝင်ပုံရှိရင် ခရစ်ယာန်စစ်တဦးဟာ အဲဒါကို ငြင်းပယ်သင့်တယ်။ * (မဿဲ ၆:၁၃) ဒီနည်းနဲ့ ယေဟောဝါရဲ့ ကူညီမှု ဆက်ရရှိမှာ သေချာတယ်။—“ ဒါဟာ နတ်ဆိုးပညာ လိုက်စားတာ ဟုတ်လို့လား” လေးထောင့်ကွက်ကို ကြည့်ပါ။
နတ်ဆိုးပုံပြင် အလွန် ပေါများတဲ့အခါ
၁၉။ (က) မာရ်နတ်ဟာ မိမိရဲ့ တန်ခိုးနဲ့ပတ်သက်ပြီး လူများစွာကို ဘယ်လို လှည့်စားခဲ့သလဲ။ (ခ) ဘယ်ပုံပြင်တွေကို ခရစ်ယာန်စစ်တွေ ရှောင်ရမလဲ။
၁၉ အနောက်တိုင်းသားများစွာဟာ စာတန့်သြဇာရဲ့ အန္တရာယ်ကို ပေါ့ပေါ့တန်
တန် သဘောထားကြပေမဲ့ ကမ္ဘာ့တခြားဒေသတွေမှာတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီဒေသတွေမှာ မာရ်နတ်က မိမိဟာ အလွန်တန်ခိုးကြီးတယ်လို့ လူတွေယုံအောင် လှည့်စားတယ်။ တချို့ဟာ နတ်ဆိုးတွေရဲ့ရန်ကို ကြောက်ကြောက်နဲ့ လုပ်ကိုင်စားသောက်၊ အသက်ရှင်နေကြရတယ်။ နတ်ဆိုးတွေ ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတဲ့ ပုံပြင်တွေ အများကြီးရှိတယ်။ အဲဒီပုံပြင်တွေကို မြိန်ရေရှက်ရေ ပြောဆိုတတ်ကြပြီး လူတွေလည်း စိတ်ဝင်တစား နားထောင်ကြတယ်။ ဒါတွေကို ကျွန်တော်တို့ ဖြန့်သင့်သလား။ စစ်မှန်တဲ့ ဘုရားရဲ့ ကျေးကျွန်တွေဟာ အရေးကြီးတဲ့ အကြောင်းရင်းနှစ်ခုကြောင့် အဲဒီလိုလုပ်ကြမှာ မဟုတ်ဘူး။၂၀။ လူတစ်ဦးဟာ စာတန်ရဲ့ ဝါဒဖြန့်မှုကို မရည်ရွယ်ဘဲ ဘယ်လို ပျံ့နှံ့သွားစေနိုင်သလဲ။
၂၀ ပထမ၊ နတ်ဆိုးတွေ အစွမ်းထက်တဲ့အကြောင်း ပုံပြင်တွေကို တစ်ဆင့်ပြောပြတာဟာ စာတန်ရဲ့ လုပ်ဆောင်မှုတွေကို အားပေးရာရောက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ စာတန် တန်ခိုးပြနိုင်တယ်လို့ ကျမ်းစာဆိုတယ်။ “မုသာနဲ့ဆိုင်တဲ့ အံ့ဖွယ်အမှုတွေ” နဲ့ “မကောင်းမှုအမျိုးမျိုး” ကို သုံးပြီး သူ လှည့်ဖြားနေတယ်လို့လည်း သတိပေးတယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) စာတန်ဟာ လှည့်ဖြားရာမှာ အလွန်ကျွမ်းကျင်တဲ့ အတွက် နတ်ဆိုးပညာ စိတ်ဝင်စားသူတွေကို ဘယ်လို သြဇာလွှမ်းမိုးရမယ်၊ မဟုတ်မမှန်ရာတွေကို ယုံကြည်လာအောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိတယ်။ သူတို့ ကြားရ၊ မြင်ရတဲ့အရာတွေကို တကယ်ယုံပြီး တခြားသူတွေကို တစ်ဆင့် ပြန်ပြောပြကြမယ်။ ဒီလိုနဲ့ တစ်ဆင့်စကား တစ်ဆင့်ပြောရင်း ချဲ့ကားတဲ့စကား ဖြစ်သွားတယ်။ ခရစ်ယာန်တစ်ဦးဟာ အဲဒီပုံပြင်တွေကို ဖြန့်မယ်ဆိုရင် “မုသာရဲ့အဖ” မာရ်နတ် ခိုင်းတာကို လုပ်ရာရောက်မယ်၊ စာတန်ရဲ့ ဝါဒဖြန့်မှုကို ပျံ့နှံ့အောင် လုပ်ရာရောက်မယ်။—ယောဟန် ၈:၄၄။ ၂ တိမောသေ ၂:၁၆။
၂၁။ ဘယ်အကြောင်းကို ကျွန်တော်တို့ အဓိကထား ပြောဆိုချင်ကြသလဲ။
၂၁ ဒုတိယ၊ ခရစ်ယာန်တစ်ဦးဟာ အရင်က နတ်ဆိုးတွေရဲ့ရန်ကို တကယ်ကြုံခဲ့ရဦးတော့ အဲဒီအတွေ့အကြုံအကြောင်း ယုံကြည်သူချင်းတွေကို စီကာပတ်ကုံး ထပ်တလဲလဲ မပြောသင့်ဘူး။ ဘာကြောင့်လဲ။ “ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ပြည့်ဝစေသူ ကိုယ်စားလှယ်ချုပ် ယေရှုကို အာရုံစိုက်” ဖို့ မှာကြားထားလို့ပဲ။ (ဟီဘရူး ၁၂:၂) ကျွန်တော်တို့ဟာ စာတန်ကို မဟုတ်ဘဲ ခရစ်တော်ကို အာရုံစိုက်ရမှာ ဖြစ်တယ်။ ယေရှုဟာ မြေကြီးပေါ်ရှိတုန်းက စာတန်ရဲ့ အစွမ်းတန်ခိုးအကြောင်း အများကြီး ပြောနိုင်ပေမဲ့ တပည့်တွေကို နတ်ဆိုးတွေအကြောင်း စီကာပတ်ကုံး မပြောခဲ့တာ သတိပြုပါ။ အဲဒီအစား နိုင်ငံတော်သတင်းကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ယေရှုနဲ့ တမန်တော်တွေကို တုပတဲ့အနေနဲ့ “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” အဓိကထား ပြောဆိုချင်ကြတယ်။—တမန်တော် ၂:၁၁။ လုကာ ၈:၁။ ရောမ ၁:၁၁၊ ၁၂။
၂၂။ ‘ကောင်းကင်မှာ ဝမ်းမြောက်’ အောင် ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်နိုင်သလဲ။
၂၂ မှန်ပါတယ်၊ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပျက်ပြားအောင် နတ်ဆိုးပညာ လိုက်စားခြင်း အပါအဝင် ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို စာတန် အသုံးပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆိုးညစ်တဲ့အရာကို ရွံမုန်းပြီး ကောင်းမှုကို ကိုင်စွဲထားကြတယ်။ နတ်ဆိုးပညာ လိုက်စားတဲ့ နည်းမှန်သမျှကို ငြင်းပယ်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ပျက်ပြားအောင် လုပ်ဖို့ မာရ်နတ်ကို လုံးဝ အခွင့်မပေးကြဘူး။ (ဧဖက် ၄:၂၇ ကိုဖတ်ပါ။) ကျွန်တော်တို့ဟာ မာရ်နတ် မရှိတော့တဲ့အချိန်ထိ သူ့ရဲ့ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာ ရပ်တည်” နေမယ်ဆိုရင် “ကောင်းကင်မှာ” ဘယ်လောက် “ဝမ်းမြောက်” ကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။—လုကာ ၁၅:၇။ ဧဖက် ၆:၁၁။
^ စာပိုဒ်၊ 16 (ခုခံသူ၊ အသရေဖျက်သူ၊ လှည့်ဖြားသူ၊ သွေးဆောင်သူ၊ မုသာကောင်) လို့ စာတန်ကို ပေးထားတဲ့ နာမည်တွေဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို သူမြင်နိုင်စွမ်းရှိတယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ ယေဟောဝါကို “စိတ်နှလုံးကို စစ်ဆေးသူ၊” ယေရှုကို “အနက်ရှိုင်းဆုံး ခံစားချက်နဲ့ နှလုံးသားကို စစ်ဆေးသူ” ဆိုပြီး ဖော်ပြထားတယ်။—ပညာအလိမ္မာ ၁၇:၃။ ဗျာဒိတ် ၂:၂၃။
^ စာပိုဒ်၊ 18 ပိုသိချင်ရင် ကင်းမျှော်စင်၊ ၁၉၉၄၊ ဒီဇင်ဘာ ၁၅၊ စာမျက်နှာ ၁၉-၂၂ ပါ “သင့်အတွက် ကျန်းမာရေး စမ်းသပ်နည်းလော” နဲ့ နိုးလော့! ၂၀၀၂၊ ဇန်နဝါရီ ၈ ပါ “သမ္မာကျမ်းစာရှုထောင့်– သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော” ဆောင်းပါးကို ကြည့်ပါ။