အခန်း ၆၄
ခွင့်လွှတ်တတ်ဖို့လို
-
ခုနစ်ကြိမ် ခွင့်လွှတ်ရမလား
-
မသနားတတ်တဲ့ကျွန် ပုံဥပမာ
ညီအစ်ကိုတွေကြားမှာဖြစ်တဲ့ ပြဿနာကို တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လို ဖြေရှင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှုရဲ့ ဆုံးမစကားကို ပေတရု ကြားခဲ့ရတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဘယ်နှကြိမ်အထိ အဲဒီလို လုပ်ရမယ်ဆိုတာ ပေတရု အတိအကျ သိချင်နေပုံပဲ။
ဒါကြောင့် ပေတရုက “သခင်၊ ကျွန်တော့်ကို ပြစ်မှားတဲ့ ညီအစ်ကိုကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်ရမလဲ။ ခုနစ်ကြိမ်လား” လို့မေးတယ်။ ဘာသာရေးခေါင်းဆောင် တချို့ကတော့ သုံးကြိမ် ခွင့်လွှတ်ရမယ်လို့ သွန်သင်ကြတယ်။ ဒီတော့ ညီအစ်ကိုကို “ခုနစ်ကြိမ်” ခွင့်လွှတ်တယ်ဆိုတာ တော်တော့်ကို သဘောထားကြီးတာပဲလို့ ပေတရု ထင်နေပုံရတယ်။—မဿဲ ၁၈:၂၁။
ဒါပေမဲ့ လူတစ်ယောက် ကိုယ့်ကို ဘယ်နှစ်ကြိမ် ပြစ်မှားတယ်ဆိုတာကို ရေတွက်ထားတာက ယေရှုရဲ့သွန်သင်ချက်နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ယေရှုက “ကျွန်တော်ပြောမယ်။ ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်ရမယ်” ဆိုပြီး ပေတရုကို တည့်မတ်ပေးတယ်။ (မဿဲ ၁၈:၂၂) နောက်တစ်နည်း ပြောရရင် အရေအတွက် အကန့်အသတ်မရှိ ခွင့်လွှတ်ရမယ်။ ပေတရုအနေနဲ့ ကိုယ့်ညီအစ်ကိုကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်မယ်ဆိုပြီး ကန့်သတ်ထားတာမျိုး မလုပ်သင့်ဘူး။
ဒီနောက် ယေရှုက တခြားသူကို ခွင့်လွှတ်ဖို့ တာဝန်ရှိမှန်း အလေးပေးချင်လို့ ပုံဥပမာတစ်ခု ပြောပြတယ်။ သနားတတ်တဲ့ ဘုရင်ကြီးကို အတုမယူတဲ့ အမှုထမ်းတစ်ယောက်အကြောင်းပဲ။ ဘုရင်ကြီးက အမှုထမ်းတွေကို အကြွေးပြန်ဆပ်ခိုင်းတဲ့အခါ တဲလင့် ၁၀,၀၀၀ [ဒေနာရိ ၆၀,၀၀၀,၀၀၀] အကြွေးတင်တဲ့ အမှုထမ်းတစ်ယောက်ကို ခေါ်လာကြတယ်။ အဲဒီအကြွေးကို သူ ဘယ်လိုမှ ပြန်မဆပ်နိုင်ဘူး။ ဒါကြောင့် ဘုရင်ကြီးက သူနဲ့ သူ့သားမယားတွေကို ရောင်းပြီး ပြန်ဆပ်စေလို့ အမိန့်ချလိုက်တယ်။ ဒီအခါ အမှုထမ်းက ဘုရင်ကြီးရဲ့ခြေရင်းမှာ ပျပ်ဝပ်ပြီး “ကျွန်တော့်ကို အချိန်ပေးပါဦး။ အကြွေးအားလုံး ပြန်ဆပ်ပါ့မယ်” လို့ အသနားခံတယ်။—မဿဲ ၁၈:၂၆။
ဘုရင်ကြီးလည်း သနားသွားတဲ့အတွက် များပြားလွန်းတဲ့အကြွေးတွေကို ပြန်မဆပ်နဲ့တော့လို့ ပြောတယ်။ ဒါနဲ့ အဲဒီအမှုထမ်းက သူ့ဆီကနေ ဒေနာရိ ၁၀၀ အကြွေးယူထားတဲ့ နောက်အမှုထမ်းတစ်ယောက်ကို သွားတွေ့တယ်။ သူ့ကို ဖမ်းဆွဲ၊ လည်ပင်းညှစ်ပြီး “ငါ့အကြွေးကို ပြန်ဆပ်စမ်း” လို့ပြောတယ်။ ဟိုလူက ပျပ်ဝပ်ပြီး မဿဲ ၁၈:၂၈၊ ၂၉) ဒါပေမဲ့ သူက ခွင့်လွှတ်တတ်တဲ့ ဘုရင်ကြီးကို အတုမယူဘူး။ အကြွေးနည်းနည်းပဲ ပေးရမယ့် အဲဒီလူကို အကြွေးမဆပ်မချင်း ထောင်ချထားလိုက်တယ်။
“ကျွန်တော့်ကို အချိန်ပေးပါဦး။ အကြွေး ပြန်ဆပ်ပါ့မယ်” လို့ တောင်းပန်တယ်။ (ဒီလို သနားညှာတာမှုမဲ့တဲ့ လုပ်ရပ်ကို တခြားအမှုထမ်းတွေ မြင်တဲ့အခါ ဘုရင်ကြီးဆီသွားပြီး အကြောင်းစုံ လျှောက်တင်ကြတယ်။ ဘုရင်ကြီးလည်း ဒေါသထွက်လွန်းလို့ အဲဒီအမှုထမ်းကို ဆင့်ခေါ်ပြီး “ကျွန်ဆိုး၊ မင်း အသနားခံလို့ အကြွေးရှိသမျှကို ငါပြန်မဆပ်ခိုင်းတာ။ မင်းကို ငါသနားသလို ကိုယ့်အမှုထမ်း အချင်းချင်း မသနားသင့်ဘူးလား” လို့ပြောတယ်။ ဒေါသထွက်နေတဲ့ ဘုရင်ကြီးက မသနားတတ်တဲ့ကျွန်ကို အကြွေးရှိသမျှ မဆပ်မချင်း ထောင်မှူးတွေလက်ထဲ အပ်လိုက်တယ်။ “အလားတူပဲ၊ ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်ဘူးဆိုရင် ကောင်းကင်အဖကလည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” ဆိုပြီး ယေရှု နိဂုံးချုပ်လိုက်တယ်။—မဿဲ ၁၈:၃၂-၃၅။
ခွင့်လွှတ်ခြင်းနဲ့ပတ်သက်လို့ တကယ်ထိရောက်တဲ့ သင်ခန်းစာပါပဲ။ ကျွန်တော်တို့ရဲ့ များပြားလှတဲ့ အပြစ်ကြွေးကို ဘုရား ခွင့်လွှတ်ပေးတယ်။ အဲဒါနဲ့နှိုင်းယှဉ်လိုက်ရင် ခရစ်ယာန်ညီအစ်ကိုတစ်ယောက် လုပ်မိတဲ့ ဘယ်အပြစ်မဆိုဟာ အသေးအမွှားပါပဲ။ ဒါ့အပြင် ယေဟောဝါဘုရားက ကျွန်တော်တို့ကို တစ်ကြိမ်ပဲ ခွင့်လွှတ်ပေးတာ မဟုတ်ဘူး။ အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ပေးနေတာ။ ဒါကြောင့် ညီအစ်ကိုမှာ အပြစ်တင်စရာအကြောင်း ရှိရင်တောင် သူ့ကို အကြိမ်အနည်းငယ်လောက် ခွင့်မလွှတ်ပေးနိုင်ဘူးလား။ တောင်ပေါ်ဒေသနာမှာ ယေရှု သွန်သင်ပေးခဲ့တဲ့အတိုင်း “သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း” ဘုရား ခွင့်လွှတ်ပါလိမ့်မယ်။—မဿဲ ၆:၁၂။