အခန်း ၄၃
နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပုံဥပမာများ
မဿဲ ၁၃:၁-၅၃ မာကု ၄:၁-၃၄ လုကာ ၈:၄-၁၈
-
နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပုံဥပမာတွေကို ယေရှုပြော
ဖာရိရှဲတွေကို ယေရှုပြစ်တင်ဆုံးမတာ ကပေရနောင်မြို့မှာ ဖြစ်နိုင်တယ်။ အဲဒီနေ့မှာပဲ တည်းခိုတဲ့အိမ်ကနေ ထွက်ပြီး လူအုပ် စုဝေးနေတဲ့ ဂါလိလဲအိုင်နားကို လာတယ်။ လှေပေါ်တက်ထိုင်ပြီး ကမ်းကနေ ခွာခိုင်းလိုက်တယ်။ ပြီးတော့ ပုံဥပမာတွေ အများကြီးသုံးပြီး ကောင်းကင်နိုင်ငံတော်အကြောင်း လူအုပ်ကို စသွန်သင်တယ်။ ယေရှုအသုံးပြုတဲ့ ပုံဥပမာတွေဟာ နားထောင်နေသူတွေ ရင်းနှီးကျွမ်းဝင်ပြီးသားမို့ နိုင်ငံတော်ရဲ့အသွင်အပြင် အမျိုးမျိုးအကြောင်း နားလည်ဖို့ လွယ်ကူတယ်။
မျိုးကြဲသူတစ်ယောက်အကြောင်း ယေရှု စပြောတယ်။ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ်ကျတယ်။ အပင်ပေါက်လာပေမဲ့ အမြစ်မစွဲတဲ့အတွက် နေမြင့်လာတဲ့အခါ အပင်တွေ နေလောင်ပြီး ညှိုးနွမ်းသွားတယ်။ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတဲ့အတွက် ဆူးပင်တွေ ကြီးထွားလာပြီး အုပ်မိုး ပိတ်ဆို့သွားတယ်။ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ်ကျပြီး “အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀” သီးပွင့်ကြတယ်။—မဿဲ ၁၃:၈။
နောက်ပုံဥပမာမှာ ယေရှုက နိုင်ငံတော်ကို လူတစ်ယောက် မျိုးစေ့ကြဲတာနဲ့ ခိုင်းနှိုင်းခဲ့တယ်။ သူက ညမှာ အိပ်စက်လိုက်၊ နေ့မှာ နိုးထလိုက်နဲ့ အဲဒီအတောအတွင်း မျိုးစေ့တွေ ကြီးထွားလာတယ်။ ဒါပေမဲ့ ဘယ်လို ကြီးထွားလာသလဲဆိုတာ သူ “မသိလိုက်ဘူး။” (မာကု ၄:၂၇) မျိုးစေ့တွေက သူ့အလိုလို ကြီးထွားလာပြီး နောက်ဆုံးမှာ ကောက်နှံ ရင့်မှည့်လာတဲ့အတွက် ရိတ်သိမ်းလိုက်တယ်။
ဒီနောက် မျိုးကြဲခြင်းနဲ့ ပတ်သက်တဲ့ တတိယပုံဥပမာကို ယေရှုပြောတယ်။ လူတစ်ယောက်က ကောင်းတဲ့မျိုးစေ့ကြဲပေမဲ့ “လူတွေ အိပ်ပျော်နေချိန်မှာ” ရန်သူရောက်လာပြီး ဂျုံမျိုးစေ့တွေကြားထဲ ပေါင်းမျိုးစေ့ ကြဲသွားတယ်။ ကျွန်တွေက ပေါင်းပင်တွေကို နုတ်ပစ်ရမလားဆိုပြီး ခွင့်တောင်းတယ်။ ဒီအခါ လယ်ရှင်က မဿဲ ၁၃:၂၄-၃၀။
“မနုတ်နဲ့ဦး။ ပေါင်းပင်တွေကို နုတ်လိုက်ရင် ဂျုံပင်တွေကိုပါ ရောနုတ်မိမှာ စိုးရတယ်။ ရိတ်သိမ်းချိန်အထိ နှစ်မျိုးစလုံး ပေါက်ပါစေ။ ရိတ်သိမ်းချိန် ရောက်တဲ့အခါ ပေါင်းပင်တွေကို အရင်နုတ်ပြီး မီးရှို့ဖို့ စည်းထားကြ။ ပြီးမှ ဂျုံပင်တွေကိုရိတ်ပြီး ကျီထဲ စုသိမ်းကြဆိုပြီး ရိတ်သိမ်းသူတွေကို ငါမှာမယ် လို့ပြန်ပြောတယ်။”—နားထောင်နေသူတွေဟာ လယ်ယာစိုက်ပျိုးရေးအကြောင်း ကောင်းကောင်းသိကြတယ်။ ဒါကြောင့် အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ အသေးဆုံး မုန်ညင်းစေ့အကြောင်း ယေရှုပြောပြတယ်။ “ကောင်းကင်နိုင်ငံဟာ လယ်မှာစိုက်တဲ့ မုန်ညင်းစေ့နဲ့ တူတယ်။” မုန်ညင်းစေ့ဟာ ကြီးလာပြီး အကိုင်းအခက်မှာ ငှက်တွေ နားလောက်တဲ့အပင်ကြီး ဖြစ်လာတယ်။ (မဿဲ ၁၃:၃၁) ယေရှုက အပင်တွေအကြောင်း သင်ပေးနေတာ မဟုတ်ဘူး။ အဲဒီအစား အသေးဆုံးအစေ့လေးကနေ ဘယ်လောက်အထိ ကြီးလာနိုင်တယ်ဆိုတဲ့ အံ့ဖွယ် ကြီးထွားမှုအကြောင်း ဥပမာပေးနေတာ။
ဒီနောက် နားထောင်နေသူတွေ ရင်းနှီးပြီးသား ဖြစ်စဉ်တစ်ခုအကြောင်း ပြောတယ်။ ကောင်းကင်နိုင်ငံတော်ဟာ “တဆေးနဲ့ တူတယ်။ အမျိုးသမီးတစ်ယောက်က ဂျုံမှုန့်သုံးတောင်းထဲ တဆေးထည့်ပြီး နယ်လိုက်” တယ်။ (မဿဲ ၁၃:၃၃) တဆေးရဲ့ စိမ့်ဝင်ပျံ့နှံ့ပုံကို မမြင်ရပေမဲ့ တဆေးက မုန့်ညက်တစ်ပုံလုံးမှာ ပျံ့နှံ့သွားပြီး မုန့်ညက်ကို ဖောင်းကြွစေတယ်။ အဲဒီလို သိသိသာသာ ပျံ့နှံ့၊ ပြောင်းလဲသွားတာကို မမြင်နိုင်ဘူး။
ယေရှုက အဲဒီပုံဥပမာတွေ ပြောပြီးနောက် လူအုပ်ကို ပြန်လွှတ်လိုက်ပြီး သူတည်းခိုတဲ့အိမ်ကို ပြန်လာတယ်။ ဒီအခါ တပည့်တွေက သူပြောသွားတဲ့ အကြောင်းတွေကို နားလည်ချင်လို့ သူ့ဆီ ရောက်လာကြတယ်။
ယေရှုရဲ့ ပုံဥပမာတွေကနေ အကျိုးရယူခြင်း
ယေရှု ပုံဥပမာ ပြောတာကို တပည့်တွေ ကြားဖူးပေမဲ့ တစ်ထိုင်တည်းနဲ့ ဒီလောက်အများကြီး ပြောတာကိုတော့ မကြားဖူးဘူး။ ဒါကြောင့် ယေရှုဆီလာပြီး “သခင်၊ ဘာလို့ ပုံဥပမာတွေသုံးပြီး ဟောတာလဲ” လို့မေးကြတယ်။—မဿဲ ၁၃:၁၀။
အကြောင်းရင်းတစ်ခုကတော့ ကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံစေဖို့ပါ။ မဿဲ အခုလို မှတ်တမ်းတင်တယ်– “ပုံဥပမာ မပါဘဲ သူ မဟောဘူး။ ဒါကြောင့် ‘ငါက နှုတ်ကိုဖွင့်ပြီး ပုံဥပမာတွေ ပြောမယ်။ လူ့လောက အစပြုချိန် ကတည်းက ထိမ်ဝှက်ထားတဲ့ အရာတွေကို ထုတ်ဖော်မယ်’ ဆိုပြီး ပရောဖက်ကတစ်ဆင့် ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။”—မဿဲ ၁၃:၃၄၊ ၃၅။ ဆာလံ ၇၈:၂။
နောက်အကြောင်းရင်းကတော့ လူတွေရဲ့ သဘောထားကို ဖော်ထုတ်ဖို့ပါ။ လူအများစုက ယေရှုကို ပုံပြောကောင်းသူ၊ အံ့ဖွယ်အမှု လုပ်တဲ့သူလို့ပဲ မြင်ကြတယ်။ သခင်အဖြစ် မမြင်ကြဘူး၊ မနာခံကြဘူး၊ ကိုယ်ကျိုးစွန့်ပြီး သူ့နောက်ကိုလည်း မလိုက်ချင်ကြဘူး။ (လုကာ ၆:၄၆၊ ၄၇) သူတို့ရဲ့ သဘောထားနဲ့ အကျင့်တွေကို မပြောင်းလဲချင်ကြဘူး။ ယေရှုပြောတဲ့ သတင်းစကားကို သေသေချာချာ နားလည်ချင်စိတ် မရှိကြဘူး။
တပည့်တွေရဲ့ မေးခွန်းကို ယေရှု ဒီလို ပြန်ဖြေတယ်– “သူတို့က ကြည့်လျက်နဲ့ မမြင်ဘူး။ ကြားလျက်နဲ့ နားမလည်ဘူး။ ဆိုလိုရင်းကိုလည်း သဘောမပေါက်ဘူး။ ဒါကြောင့် ပုံဥပမာတွေ သုံးပြီး ကျွန်တော်ဟောနေတာ။ ဟေရှာယရဲ့ ပရောဖက်ပြုချက်က သူတို့ဆီမှာ ပြည့်စုံတာပဲ။ . . . ‘ဒီလူတွေဟာ စိတ်တံခါးကို ပိတ်ထားကြတယ်’ . . . လို့ရေးထားတယ်။”—မဿဲ ၁၃:၁၃-၁၅။ ဟေရှာယ ၆:၉၊ ၁၀။
ယေရှုစကားကို နားထောင်နေသူ အားလုံးကတော့ အဲဒီလို မဟုတ်ပါဘူး။ “ခင်ဗျားတို့ကတော့ ဒါတွေကို မြင်ရ၊ ကြားရတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့တယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ ပရောဖက်တွေ၊ ဖြောင့်မတ်သူတွေက ခင်ဗျားတို့ မြင်ရတာတွေကို မြင်ချင်ပေမဲ့ မြင်ခွင့်မရခဲ့ဘူး။ ခင်ဗျားတို့ ကြားရတာတွေကို ကြားချင်ပေမဲ့ ကြားခွင့်မရခဲ့ဘူး” လို့ ယေရှုဆက်ပြောတယ်။—မဿဲ ၁၃:၁၆၊ ၁၇။
မှန်ပါတယ်၊ တမန်တော် ၁၂ ယောက်နဲ့ တခြား သစ္စာရှိတပည့်တွေဟာ စိတ်တံခါးကို ဖွင့်ထားကြတယ်။ ဒါကြောင့် “ခင်ဗျားတို့က ကောင်းကင်နိုင်ငံနဲ့ ပတ်သက်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်မဿဲ ၁၃:၁၁) သူတို့ တကယ် နားလည်ချင်စိတ်ရှိလို့ ယေရှုက မျိုးကြဲသူ ပုံဥပမာကို ရှင်းပြပေးတယ်။
တွေအကြောင်း နားလည်နိုင်ခွင့် ရကြပေမဲ့ သူတို့ကတော့ မရကြဘူး” လို့ ယေရှုပြောတယ်။ (“မျိုးစေ့ဟာ ဘုရားသခင်ရဲ့ တရားစကား ဖြစ်တယ်” လို့ ယေရှုပြောတယ်။ (လုကာ ၈:၁၁) မြေကတော့ စိတ်နှလုံးဖြစ်တယ်။ ဒါက ယေရှုရဲ့ပုံဥပမာကို နားလည်ဖို့ ကူညီပေးတဲ့ အဓိကအချက်ပဲ။
မျိုးစေ့တွေ လမ်းပေါ်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က “တရားစကားကို ကြားပေမဲ့ မယုံကြည်အောင်၊ ကယ်တင်ခြင်းမရအောင် သူတို့စိတ်နှလုံးထဲက တရားစကားကို မာရ်နတ် လာနုတ်ယူသွားတာကို ဆိုလိုတယ်။” (လုကာ ၈:၁၂) မျိုးစေ့တွေ ကျောက်ခံမြေပေါ်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က တရားစကားကို လူတွေ ဝမ်းသာအားရ လက်ခံပေမဲ့ စိတ်ထဲမှာ အမြစ်မစွဲတာကို ဆိုလိုတယ်။ “တရားစကားကြောင့် ဒုက္ခရောက်တဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ” ကျရှုံးသွားတယ်။ မိသားစုဝင်တွေ ဒါမှမဟုတ် တခြားသူတွေ အတိုက်အခံလုပ်တာကို ကြုံရပြီး “စမ်းသပ်ခံရချိန်မှာ” ကျရှုံးသွားကြတယ်။—မဿဲ ၁၃:၂၁။ လုကာ ၈:၁၃။
ဆူးပင်တွေကြားမှာ ကျတဲ့ မျိုးစေ့တွေကကော။ အဲဒါက တရားစကားကို ကြားတဲ့လူတွေကို ရည်ညွှန်းတယ်လို့ ယေရှု ပြောတယ်။ ဒါပေမဲ့ “ဒီလောကစနစ်ရဲ့ စိုးရိမ်ပူပန်စရာတွေ၊ စည်းစိမ်ရဲ့ လှည့်စားမှုတွေ” က သူတို့ကို လွှမ်းမိုးသွားတယ်။ (မဿဲ ၁၃:၂၂) သူတို့ရဲ့ စိတ်နှလုံးထဲမှာ တရားစကားရှိပေမဲ့ အုပ်မိုး ပိတ်ဆို့ခံရတဲ့အတွက် မသီးပွင့်နိုင်တော့ဘူး။
ယေရှုပြောတဲ့ နောက်ဆုံးမြေ အမျိုးစားကတော့ ကောင်းတဲ့မြေဖြစ်တယ်။ အဲဒါက တရားစကားကိုကြားပြီး နှလုံးသွင်းတဲ့သူ၊ ဆိုလိုရင်းအမှန်ကို သဘောပေါက်တဲ့သူတွေကို ရည်ညွှန်းတယ်။ ဘာရလဒ်ရသလဲ။ သူတို့က “သီးပွင့်ဖြစ်ထွန်း” ကြတယ်။ အသက်အရွယ်၊ ကျန်းမာရေး စတဲ့အခြေအနေတွေကြောင့် သီးပွင့်ပုံချင်း မတူနိုင်ကြဘူး။ တချို့က အဆ ၁၀၀၊ တချို့က အဆ ၆၀၊ တချို့က အဆ ၃၀ သီးပွင့်ဖြစ်ထွန်းတယ်။ မှန်ပါတယ်၊ “တရားစကားကို နာယူပြီးနောက် စိတ်စွဲမှတ်ထားပြီး လုကာ ၈:၁၅။
ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” တဲ့ “စိတ်ကောင်းနှလုံးကောင်း ရှိသူတွေ” ဟာ ဘုရားရဲ့ အမှုဆောင်လုပ်ငန်းမှာ ကောင်းချီးခံစားနေရတယ်။—ဒီစကားတွေက ယေရှုရဲ့ ရှင်းပြချက်တွေကို နားလည်ချင်တဲ့ တပည့်တွေအတွက် တကယ့်ကို မှတ်သားစရာပါပဲ။ အခုဆိုရင် သူတို့က ပုံဥပမာတွေကို အပေါ်ယံထက်မက နားလည်သွားကြပြီ။ ယေရှုက သူတို့ကို ပုံဥပမာတွေအကြောင်း ကောင်းကောင်း နားလည်စေချင်တယ်။ ဒါမှ တခြားသူတွေကို အမှန်တရားအကြောင်း ပြန်ရှင်းပြနိုင်မှာ။ “မီးခွက်ကို ထွန်းပြီး တောင်းနဲ့အုပ်ထားလေ့မရှိဘူး။ ခုတင်အောက်မှာ ထားလေ့မရှိဘူး။ ဆီမီးတိုင်ပေါ်မှာ တင်ထားမယ် မဟုတ်လား” လို့ ယေရှုမေးတယ်။ ပြီးတော့ “နားရှိတဲ့သူ ကြားပါစေ” လို့ ပြောတယ်။—မာကု ၄:၂၁-၂၃။
ထပ်ဆင့်ရှင်းပြချက်တွေ ရရှိကြ
မျိုးကြဲသူ ပုံဥပမာအကြောင်း ရှင်းပြပြီးနောက် တပည့်တွေက ထပ်သိချင်နေတုန်းပဲ။ ဒါနဲ့ “လယ်မှာပေါက်တဲ့ ပေါင်းပင်ပုံဥပမာကို ရှင်းပြပါလား” လို့ တောင်းဆိုကြတယ်။—မဿဲ ၁၃:၃၆။
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့သဘောထားဟာ ကမ်းခြေကလူအုပ်နဲ့ မတူဘူးဆိုတာ သိနိုင်တယ်။ ဒီလူအုပ်က ပုံဥပမာတွေကို ကြားပေမဲ့ ဆိုလိုရင်းနဲ့ သက်ဆိုင်ပုံကို မသိချင်ကြဘူး။ အကြမ်းဖျင်း သိရုံလောက်နဲ့ ကျေနပ်နေကြတယ်။ ယေရှုက ကမ်းခြေကလူအုပ်နဲ့ ပိုသိချင်စိတ်ရှိတဲ့ တပည့်တွေကို နှိုင်းယှဉ်ပြီး အခုလိုပြောတယ်–
“ကြားတဲ့အရာကို အာရုံစိုက် နားထောင်ပါ။ အာရုံစိုက် နားထောင်သလောက် နားလည်ခွင့် ရကြလိမ့်မယ်။ အဲဒီလို နားထောင်ရင် ပိုပြီး နားလည်လာပါလိမ့်မယ်။” (မာကု ၄:၂၄) တပည့်တွေဟာ သူတို့ကြားတဲ့အရာတွေကို အာရုံစိုက် နားထောင်ကြတယ်။ ယေရှုပြောတဲ့ စကားတွေကို စိတ်ဝင်တစား နားထောင်ကြတယ်။ ဒါကြောင့် သူတို့ဟာ ထပ်ဆင့်ရှင်းပြချက်တွေ၊ ထပ်ဆင့် သိနားလည်မှုတွေ ရရှိကြတယ်။ ဒီတော့ ဂျုံပင်နဲ့ ပေါင်းပင်ပုံဥပမာအကြောင်း သူတို့ကို အခုလို ရှင်းပြတယ်–
“ကောင်းတဲ့မျိုးစေ့ကို ကြဲတဲ့သူဟာ လူသားပဲ။ လယ်က ဒီလောက၊ ကောင်းတဲ့မျိုးစေ့က နိုင်ငံတော်သားတွေ၊ ပေါင်းမျိုးစေ့တွေကတော့ ဆိုးညစ်သူရဲ့သားတွေ ဖြစ်တယ်။ ပေါင်းမျိုးစေ့ကိုကြဲတဲ့ ရန်သူဟာ မာရ်နတ်ဖြစ်တယ်။ ရိတ်သိမ်းချိန်ဟာ လောကစနစ်နိဂုံးပိုင်း၊ ရိတ်သိမ်းသူတွေကတော့ ကောင်းကင်တမန်တွေပေါ့။”—မဿဲ ၁၃:၃၇-၃၉။
ပုံဥပမာရဲ့ အသွင်အပြင် တစ်ခုစီကို ပြောပြီးနောက် ဖြစ်ပျက်လာမယ့်အရာကို ယေရှုဆက်ပြောတယ်။ လောကစနစ်နိဂုံးပိုင်းမှာ ရိတ်သိမ်းသူတွေဖြစ်တဲ့ ကောင်းကင်တမန်တွေဟာ ပေါင်းမျိုးစေ့နဲ့တူတဲ့ ခရစ်ယာန်အတုအယောင်တွေနဲ့ “နိုင်ငံတော်သားတွေ” ကို ခွဲခြားပါလိမ့်မယ်။ “ဖြောင့်မတ်သူတွေဟာ” စုသိမ်းခံရပြီး “အဖဘုရားရဲ့ နိုင်ငံမှာ” နေလို ထွန်းလင်းကြလိမ့်မယ်။ “ဆိုးညစ်သူရဲ့သားတွေ” ကော။ သူတို့ကတော့ ဖျက်ဆီးခံရလိမ့်မယ်။ “ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်။”—မဿဲ ၁၃:၄၁-၄၃။
ယေရှုက တပည့်တွေကို ပုံဥပမာသုံးခု ထပ်ပြောပြတယ်။ ဦးဆုံး၊ “ကောင်းကင်နိုင်ငံဟာ လယ်မှာ ဝှက်ထားတဲ့ ဘဏ္ဍာနဲ့တူတယ်။ လူတစ်ယောက်က အဲဒီဘဏ္ဍာကို တွေ့တဲ့အခါ ပြန်ဝှက်ထားမဿဲ ၁၃:၄၄။
လိုက်တယ်။ ဝမ်းသာအားရနဲ့ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီလယ်ကို ဝယ်တယ်။”—သူအခုလို ဆက်ပြောတယ်– “ကောင်းကင်နိုင်ငံဟာ ကုန်သည်တစ်ယောက် နယ်တကာလှည့်ပြီး ရှာနေတဲ့ ပုလဲကောင်းနဲ့တူတယ်။ တန်ဖိုးကြီးတဲ့ ပုလဲတစ်လုံးကို တွေ့တဲ့အခါ ချက်ချင်းပဲ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီပုလဲကို ဝယ်တယ်။”—မဿဲ ၁၃:၄၅၊ ၄၆၊။
ဒီပုံဥပမာနှစ်ခုစလုံးမှာ ယေရှုက တကယ်တန်ဖိုးကြီးတဲ့ အရာအတွက် လိုလိုလားလား စွန့်လွှတ်ချင်စိတ်ရှိသူအကြောင်း အလေးပေး ဖော်ပြတယ်။ ကုန်သည်က တန်ဖိုးကြီးတဲ့ ပုလဲကို ရနိုင်ဖို့ “ပိုင်ဆိုင်သမျှကို” ချက်ချင်း ရောင်းလိုက်တယ်။ ယေရှုရဲ့တပည့်တွေက တန်ဖိုးကြီးတဲ့ ပုလဲပုံဥပမာကို နားလည်နိုင်ကြတယ်။ လယ်မှာဝှက်ထားတဲ့ ဘဏ္ဍာကို တွေ့တဲ့သူကလည်း အဲဒီဘဏ္ဍာကို ရနိုင်ဖို့ “ပိုင်ဆိုင်သမျှကို သွားရောင်း” လိုက်တယ်။ အလွန်တန်ဖိုးကြီးတဲ့အရာ ဖြစ်ပေမဲ့ အဲဒါကို ရယူနိုင်တယ်ဆိုတာ ဒီအဖြစ်အပျက် နှစ်ခုစလုံးကနေ သိရတယ်။ ဘုရားကို မှီခိုချင်တဲ့ ဆန္ဒရှိပြီး အဲဒီဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ စွန့်လွှတ်မှုတွေ လုပ်တဲ့သူလည်း အဲဒီလိုပါပဲ။ (မဿဲ ၅:၃) ယေရှုရဲ့ ပုံဥပမာတွေကို နားထောင်နေသူတွေထဲမှာ တချို့က ဘုရားကို မှီခိုချင်တဲ့ဆန္ဒကို ဖြည့်ဆည်းဖို့၊ ယေရှုရဲ့ နောက်လိုက်စစ်တွေ ဖြစ်လာဖို့ လိုလိုလားလား စွန့်လွှတ်မှုတွေ လုပ်ပြီးကြပြီ။—မဿဲ ၄:၁၉၊ ၂၀။ ၁၉:၂၇။
နောက်ဆုံး၊ ယေရှုက ကောင်းကင်နိုင်ငံဟာ ပင်လယ်ထဲချပြီး ငါးအမျိုးမျိုးကို အုပ်မိတဲ့ ပိုက်ကွန်နဲ့ တူတယ်လို့ ပြောတယ်။ (မဿဲ ၁၃:၄၇) ငါးတွေကို ခွဲထုတ်ပြီး ကောင်းတဲ့ငါးတွေကို ခြင်းထဲရွေးထည့်၊ မကောင်းတဲ့ငါးတွေကိုတော့ ပစ်ထုတ်လိုက်တယ်။ ဒီလောကစနစ်နိဂုံးပိုင်းမှာ အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ကောင်းကင်တမန်တွေက ဖြောင့်မတ်သူတွေထဲကနေ ဆိုးညစ်သူတွေကို ခွဲထုတ်မယ်လို့ ယေရှုပြောတယ်။
ယေရှုကိုယ်တိုင်ကလည်း ပုံဆောင်ငါးဖမ်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး ဦးဆုံးတပည့်တွေကို “လူဖမ်းတဲ့ တံငါသည်တွေ ဖြစ်စေမယ်” လို့ပြောခဲ့တယ်။ (မာကု ၁:၁၇) ဒါပေမဲ့ ပိုက်ကွန်ပုံဥပမာက အနာဂတ်၊ “လောကစနစ်နိဂုံးပိုင်း” နဲ့ သက်ဆိုင်တယ်။ (မဿဲ ၁၃:၄၉) ဒါကြောင့် ယေရှုပြောတာကို နားထောင်နေတဲ့ တမန်တော်တွေနဲ့ တခြားတပည့်တွေဟာ အနာဂတ်မှာ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ဖြစ်လာဦးမယ်ဆိုတာ နားလည်နိုင်ကြတယ်။
မှန်ပါတယ်၊ လှေပေါ်ကနေပြောတဲ့ ပုံဥပမာတွေကို ကြားခဲ့သူတချို့ဟာ ထပ်ဆင့်ကောင်းချီးတွေ ရခဲ့တယ်။ ယေရှုက ပုံဥပမာအားလုံးအကြောင်း တပည့်တွေကို “သီးသန့်ရှင်းပြ” ချင်စိတ်ရှိတယ်။ (မာကု ၄:၃၄) သူဟာ “ကိုယ့်ဘဏ္ဍာထဲက အသစ်တွေကိုရော အဟောင်းတွေကိုပါ ထုတ်ပြတဲ့ အိမ်ရှင်နဲ့တူတယ်။” (မဿဲ ၁၃:၅၂) ဒီလိုပုံဥပမာတွေ သုံးတာက သွန်သင်ခြင်းစွမ်းရည်ကို ကြွားဝါချင်လို့မဟုတ်ဘဲ အဖိုးတန်ရတနာနဲ့တူတဲ့ အမှန်တရားတွေအကြောင်း တပည့်တွေကို သင်ပေးချင်လို့ဖြစ်တယ်။ ယေရှုဟာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ “ဆရာ” တစ်ယောက်ပါပဲ။