ဆရာနဲ့အဆင်ပြေအောင် ငါဘယ်လိုလုပ်ရမလဲ
အခန်း ၂၀
ဆရာနဲ့အဆင်ပြေအောင် ငါဘယ်လိုလုပ်ရမလဲ
အကြိုက်ဆုံးဆရာ ․․․․․
သူ့ကို ဘာလို့ကြိုက်တာလဲ ․․․․․
ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့ဆရာ ․․․․․
ကိုယ်ပေါင်းမယ့် သူငယ်ချင်းတွေကို ရွေးချယ်နိုင်ပေမဲ့ ဆရာတွေကိုတော့ ရွေးချယ်လို့မရဘူး။ သင်က ဆရာအားလုံးကို သဘောကျတာ ဖြစ်နိုင်တယ်။ “ဘယ်ဆရာ/ဆရာမနဲ့မှ ပြဿနာမရှိခဲ့ဘူး။ သူတို့ကိုရိုသေတယ်။ သူတို့ကလည်း ကျွန်တော့်ကို ချစ်တယ်” လို့ ၁၈ နှစ်အရွယ် ဒေးဗစ်ပြောတယ်။
ဒါပေမဲ့ ၁၁ နှစ်အရွယ်ဆယ်ရာရဲ့ ဆရာမလိုလူစားမျိုးလည်း ရှိနိုင်တယ်။ “သူက လုံး၀သဘောမကောင်းဘူး။ အသင်အပြလည်း ညံ့တယ်။ သူဘာတွေသင်နေမှန်း နားကိုမလည်ဘူး။ စကားပဲများနေတယ်” လို့ဆယ်ရာပြောပြတယ်။ ဆရာနဲ့အဆင်ပြေဖို့ဆိုရင် ဦးဆုံးအနေနဲ့ ပြဿနာကိုသိအောင်လုပ်ဖို့လိုတယ်။ အတိအကျသိမှ
ပြေလည်အောင်ဖြေရှင်းနိုင်မယ်။ အောက်ပါအကွက်လေးတွေမှာ ✔ ခြစ်ပါ ဒါမှမဟုတ် ကိုယ့်ထင်မြင်ချက်ကိုရေးပါ။□ ဆရာသင်တာကို နားမလည်ဘူး
□ ဒီထက်ပိုပြီး အမှတ်ရသင့်တာ
□ တခြားသူတွေကို မျက်နှာလိုက်တယ်လို့ထင်တယ်
□ ငါ့ကိုပဲ မဲပြီးဆူနေတယ်
□ ငါ အနှိမ်ခံနေရသလိုပဲ
□ တခြား ․․․․․
အဲဒီလိုအခြေအနေမျိုးမှာ အဆင်ပြေအောင် ဘယ်လိုလုပ်နိုင်မလဲ။ ဦးဆုံး၊ ကျမ်းရေးသူပေတရုရဲ့ ဒီအကြံပြုချက်ကို လိုက်နာသင့်တယ်– “သင်တို့ရှိသမျှသည် တစ်သဘောတည်းရှိကြလော့။ စာနာစိတ်ပြကြလော့။” (၁ ပေတရု ၃:၈) သဘောမကောင်းတဲ့ ဆရာတစ်ယောက်ကို ဘယ်လိုစာနာပေးနိုင်မလဲ။ ဆရာတွေနဲ့ပတ်သက်ပြီး အကူအညီဖြစ်စေမယ့် အချက်တချို့ကို လေ့လာကြည့်ရအောင်။
ဆရာတွေက မှားတတ်တယ်။ သူတို့မှာ စရိုက်တမျိုးစီ၊ ပြဿနာတစ်မျိုးစီနဲ့ ဘက်လိုက်တာတွေတောင် ရှိနိုင်တယ်။ “စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူ၊ တစ်ကိုယ်လုံးကိုလည်း ထိန်းနိုင်သောသူဖြစ်၏” လို့ ကျမ်းရေးသူယာကုပ် ရေးခဲ့တယ်။ (ယာကုပ် ၃:၂) ၁၉ နှစ်အရွယ် ဘရီအဲန်နာ အခုလိုပြောတယ်– “သင်္ချာဆရာမက ဘယ်တော့မှ စိတ်မရှည်ဘူး။ ကျွန်မတို့ကို ခဏခဏ အော်ငေါက်နေတာပဲ။ သူ့ကို ဘယ်လိုလုပ်လေးစားနိုင်မလဲ။” အဲဒီလိုဘာကြောင့်ဖြစ်ရတာလဲ။ “ကျွန်မတို့အတန်းက အမြဲထိန်းမနိုင်သိမ်းမရဘဲ။ ကျောင်းသားတွေ အရမ်းသောင်းကျန်းတော့ ဆရာမ ပိုစိတ်ညစ်တာပေါ့” ဆိုပြီး သူဆက်ပြောတယ်။
တစ်ခါတလေ ဖိစီးမှုများလွန်းလို့ အမှားတွေလုပ်မိတာကို ဆရာက နားလည်ခွင့်လွှတ်ပေးရင် ပျော်တယ်မဟုတ်လား။ သင်လည်း ဆရာ့ကို နားလည်ပေးနိုင်မလား။ ဆရာ့ကို စိတ်တိုအောင်လုပ်မိတဲ့ အဖြစ်အပျက်တစ်ခုကိုရေးပါ။
․․․․․
ဆရာတွေမှာ အချစ်တော်တပည့်တွေရှိတယ်။ ဆရာတွေ ကြုံရတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်ပါ– ကျောင်းသားဘယ်နှယောက်က အတန်းမှန်မှန်တက်ချင်သလဲ။ အတန်းတက်သူတွေထဲမှာ ဘယ်နှယောက်က သင်ခန်းစာကို နာရီဝက်လောက် ကောင်းကောင်းအာရုံစိုက်သလဲ။ ဆရာတွေကို ရိုင်းရိုင်းစိုင်းစိုင်းခံပြောတဲ့ကျောင်းသား ဘယ်နှယောက်ရှိသလဲ။ သင်က ကျောင်းသား ၂၀၊ ၃၀ ဒါမှမဟုတ် အဲဒီထက်များတဲ့သူတွေကို စာသင်ပေးရပြီး သင်ပေးတဲ့ဘာသာရပ်ကိုလည်း အများစုက စိတ်မဝင်စားဘူး ဆိုပါစို့။ စိတ်ဝင်တစားနားထောင်တဲ့ ကျောင်းသားတွေကိုပဲ သင် ပိုဂရုစိုက်မယ် မဟုတ်လား။
ဆရာက ပေါ်တင်ကြီး မျက်နှာလိုက်တဲ့အခါ သင်စိတ်တိုမှာ အမှန်ပါပဲ။ ဆရာတစ်ယောက်အကြောင်း နာတာရှာ အခုလိုပြောတယ်– “အိမ်စာတွေကို ဘယ်တော့အပြီးလုပ်ရမယ်လို့ ပြောထားပေမဲ့ ဘောလုံးကစားတဲ့ကျောင်းသားတွေကိုတော့ အမြဲ ပစားပေးတယ်။ သူက ဘောလုံးအသင်းရဲ့လက်ထောက်နည်းပြ ဖြစ်နေလို့လေ။” သင်လည်း အဲဒီလိုကြုံရရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဆရာက ငါ့ကို စာမသင်ပေးဘဲနေလို့လား။’ သင်ပေးတယ်ဆိုရင် ဘာလို့မကျေမနပ်ဖြစ်ပြီး မနာလိုဖြစ်နေတာလဲ။
ဆရာသင်ပေးတာကို စိတ်ဝင်စားကြောင်း ဘယ်လိုပြနိုင်တယ်ဆိုတာ အောက်မှာရေးပါ။
․․․․․
ဆရာတွေက ကျောင်းသားတွေကို အထင်လွဲတတ်တယ်။ တစ်ခါတလေ စရိုက်ချင်းမတူတာ၊ အထင်လွဲတာတွေကြောင့် ဆရာက ကိုယ့်ကိုအမြင်မကြည်တာမျိုး ဖြစ်တတ်တယ်။ မေးခွန်းမေးလိုက်တာကို အာခံတယ်လို့ထင်မယ်။ ဟာသ
လေးပြောလိုက်တော့လည်း မလေးစားဘူးလို့ ထင်သွားနိုင်တယ်။အထင်လွဲခံရရင် ဘယ်လိုဖြေရှင်းမလဲ။ “မည်သူ့ကိုမျှ အဆိုးကိုအဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာပါ။ (ရောမ ၁၂:၁၇၊ ၁၈) ဆရာ မျက်စိနောက်အောင်မလုပ်နဲ့။ မလိုအပ်ဘဲ ထိပ်တိုက်မတွေ့နဲ့။ ဆရာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ဘူး။ အဲဒီအစား သူနဲ့ရင်းနှီးအောင်နေပါ။ ‘သူ့လိုဆရာမျိုးနဲ့ ရင်းနှီးအောင်နေရမှာလား’ ဆိုပြီး သင်မေးကောင်းမေးမယ်။ ဟုတ်တယ်၊ သူနဲ့ရင်းနှီးအောင်ကြိုးစားပါ။ သူ့ကိုတွေ့တဲ့အခါ လေးလေးစားစား နှုတ်ဆက်ပါ။ သင်က အမြဲယဉ်ယဉ်ကျေးကျေးဆက်ဆံမယ်၊ တစ်ခါတလေ အပြုံးလေးနဲ့ဆက်ဆံမယ်ဆိုရင် သူ့သဘောထားပြောင်းလဲသွားနိုင်တယ်။—ရောမ ၁၂:၂၀၊ ၂၁။
ဆရာတွေ အထင်လွဲတာကို ခံရလေ့ရှိတဲ့ ကဲန်က အခုလိုပြောပြတယ်– “ကျွန်တော်က အရမ်းရှက်တတ်လို့ ဆရာတွေနဲ့ ဘယ်တော့မှစကားမပြောဘူး။” ဒီပြဿနာကို သူဘယ်လိုဖြေရှင်းခဲ့သလဲ။ “တကယ်တော့ ဆရာတွေက ကျွန်တော့်ကို ကူညီပေးချင်မှန်း တဖြည်းဖြည်းသိလာတယ်။ ဒါနဲ့ သူတို့အားလုံးကို ရင်းရင်းနှီးနှီးသိလာအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် အဆင့်တက်လာတယ်။”
သုတ္တံ ၂၅:၁၅၊ Contemporary English Version) မမျှမတဆက်ဆံခံရတဲ့အခါ စိတ်အေးအေးထားပြီး ညင်ညင်သာသာပြောဆိုပါ။ ဒါဆိုရင် သင်နဲ့ပတ်သက်တဲ့ ဆရာ့အမြင်တွေ ပြောင်းလဲသွားနိုင်တယ်။—သုတ္တံ ၁၅:၁။
ကိုယ်နှုတ်အမူအရာ ယဉ်ကျေးတိုင်း ဆရာနဲ့ရင်းနှီးသွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ရှည်ပါ။ “စိတ်ရှည်ရှည်နဲ့ သိမ်သိမ်မွေ့မွေ့ စကားပြောမယ်ဆိုရင် ဘုရင် [ဒါမှမဟုတ်၊ ဆရာ] ကို စည်းရုံးသိမ်းသွင်းနိုင်ပြီး ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တယ်” လို့ ဘုရင်ရှောလမုန်ရေးခဲ့တယ်။ (ဆရာက သင့်ကို အထင်လွဲနေရင်၊ မမျှမတဆက်ဆံရင် ချက်ချင်း ဘယ်လိုတုံ့ပြန်လေ့ရှိသလဲ။
․․․․․
ဘယ်လိုတုံ့ပြန်ရင် ပိုကောင်းမလဲ။
․․․․․
ပြဿနာတွေကို ဖြေရှင်းနိုင်ပုံ
ဆရာ့အားနည်းချက်ကို သိရုံနဲ့မပြီးသေးဘူး။ ပြဿနာကို ဖြေရှင်းရအုံးမယ်။ ဘယ်လိုဖြေရှင်းနိုင်မလဲ။ ဥပမာ၊ အောက်ပါမကျေနပ်ချက်တွေကို ဘယ်လိုဖြေရှင်းမလဲ။
ငါ ဒီထက်ကောင်းတဲ့အဆင့် ရသင့်တယ်။ “ကျွန်မက အမြဲတမ်း အဆင့် A ပဲရနေကျ။ ဒါပေမဲ့ တစ်နှစ်မှာတော့ သိပ္ပံဆရာက ကျွန်မကို အဆင့် F ပေးတယ်။ တကယ်တော့ ဒီထက်ကောင်းတဲ့အဆင့် ရသင့်တာ။ မိဘကိုပြောပြလိုက်တော့ ကျောင်းအုပ်ကြီးနဲ့လာတွေ့တယ်။ ဒါတောင် သူက အဆင့် D အထိပဲ တိုးပေးတယ်။ ကျွန်မ အရမ်းစိတ်တိုတာပဲ” လို့ ကက်ထရီနာပြောပြတယ်။ သင်လည်း အဲဒီလိုအဖြစ်မျိုးကြုံရရင် ဆရာ့ကို တစ်ချိန်လုံးအပြစ်မပြောပါနဲ့။ အဲဒီအစား ကျမ်းစာထဲက နာသန်ကို အတုယူပါ။ ဘုရင်ဒါဝိဒ်ရဲ့ ကြီးလေးတဲ့အပြစ်ကို ဖော်ထုတ်ဖို့ ၂ ဓမ္မရာဇဝင် ၁၂:၁-၇။
သူတာဝန်ရတဲ့အခါ နန်းတော်ထဲ ဇွတ်၀င်သွားပြီး အပြစ်တင်တဲ့စကားတွေ အော်ကြီးဟစ်ကျယ်မပြောခဲ့ဘူး။ အဲဒီအစား ဘုရင်ကို လိမ္မာပါးနပ်တဲ့နည်းနဲ့ ဆုံးမခဲ့တယ်။—သင်လည်း စိတ်အေးအေးထားပြီး ဆရာနဲ့သွားတွေ့ပါ။ ရိုသေလေးစားစွာ ပြောဆိုပါ။ ဒေါသပေါက်ကွဲမယ်၊ ‘ဆရာက အရည်အချင်းမရှိဘူး၊ ညံ့တယ်’ ဆိုပြီးပြောမယ်ဆိုရင် ဘယ်လိုလုပ် ပြဿနာပြေလည်တော့မှာလဲ။ အဲဒီအစား ‘ဆရာ့အမှတ်ပေးစနစ်ကို သိချင်လို့ပါ’ ဆိုပြီး လူကြီးဆန်ဆန် မေးလိုက်ပါ။ “အဖြေမပေးမီ မေးခွန်းကိုပြီးအောင် နားထောင်လော့။ ယင်းသို့ နားမထောင်တတ်သောသူသည် မိုက်မဲစော်ကားမှုကို ပြုသူဖြစ်၏” လို့ ဘုရင်ရှောလမုန်ရေးခဲ့တယ်။ (သုတ္တံ ၁၈:၁၃၊ ခမ) အဖြေကိုနားထောင်ပြီးရင် ဘယ်နေရာမှားသွားတယ်ဆိုတာ လေးလေးစားစား ထောက်ပြပါ။ သင် အဆင့်မတက်လာဘူးဆိုရင်တောင် ဆရာ့စိတ်ထဲမှာ သင်ဟာ တကယ်ရင့်ကျက်သူပါလားဆိုပြီး အထင်ကြီးသွားပါလိမ့်မယ်။
ဆရာ့မှာ တစ်ဖက်သတ်အစွဲရှိတယ်လို့ ခံစားရတယ်။ ရေချယ်လ်ရဲ့ ခံစားချက်ကို နားထောင်ကြည့်ပါ။ သူက ကျောင်းမှာ အဆင့် A, B အမြဲရနေကျ။ ဒါပေမဲ့ ခုနစ်တန်းရောက်တော့ အဆင့်မကောင်းတော့ဘူး။ “အတန်းပိုင်ဆရာက ကျွန်မကို
စာမေးပွဲကျစေချင်တာ” လို့ သူပြောပြတယ်။ အကြောင်းရင်းက ဘာလဲ။ ဆရာက ရေချယ်လ်တို့သားအမိရဲ့ ဘာသာရေးခံယူချက်ကို မကြိုက်လို့ အဲဒီလိုလုပ်တာ။ဒါနဲ့ ဘာဆက်ဖြစ်သလဲ။ ရေချယ်လ် ဒီလိုပြောပြတယ်– “ဆရာက ကျွန်မကို တမင်တကာအဆင့်ချပစ်တိုင်း အမေက ကျောင်းလိုက်လာပြီး ဆရာနဲ့ဆွေးနွေးတယ်။ နောက်ဆုံးတော့ သူ ကျွန်မကို ဒုက္ခမပေးတော့ဘူး။” သင်လည်း အဲဒီလိုကြုံရရင် မိဘတွေကို ပြောပြလိုက်ပါ။ သူတို့က ဆရာနဲ့ ဒါမှမဟုတ် ကျောင်းကတာဝန်ရှိသူတွေနဲ့ လာတွေ့ပြီး ဆွေးနွေးတာမျိုး လုပ်ပေးလိမ့်မယ်။
ရေရှည်ကိုကြည့်ပါ
ရှုပ်ထွေးတဲ့ပြဿနာတိုင်းက ချောချောမောမောပြီးသွားမှာတော့ မဟုတ်ဘူး။ စိတ်ရှည်သည်းခံဖို့လိုတဲ့အချိန်တွေ ရှိနိုင်တယ်။ တန်ရာ အခုလိုပြောပြတယ်– “ကျွန်မရဲ့ဆရာတစ်ယောက်ဆိုရင် ကျောင်းသားတွေအပေါ် လုံးဝမကောင်းဘူး။ ကျွန်မတို့ကို ငတုံးလို့ ရိုင်းရိုင်းစိုင်းစိုင်းခေါ်တတ်တယ်။ အစမှာတော့ ကျွန်မငိုတယ်။ ဒါပေမဲ့ ကြာလာတော့ သူ့စကားတွေကို ခေါင်းထဲမထည့်တော့ဘူး။ အတန်းထဲမှာ ကျောင်းစာကိုပဲ ဖိလုပ်တယ်။ နောက်ပိုင်းမှာ ကျွန်မကို သိပ်ဒုက္ခမပေးတော့ဘူး။ အဆင့်ကောင်းရတဲ့သူ နည်းနည်းလေးမှာ ကျွန်မလည်းပါလာတယ်။ နှစ်နှစ်ကြာတော့ အဲဒီဆရာ အလုပ်ပြုတ်သွားတယ်။”
ဆက်ဆံရခက်တဲ့ဆရာနဲ့ အဆင်ပြေအောင်ကြိုးစားမယ်ဆိုရင် အရည်အသွေးကောင်းတွေရှိလာပြီး နောက်နောင် အပေါက်ဆိုးတဲ့အလုပ်ရှင်အောက်မှာ အလုပ်လုပ်တဲ့အခါ အသုံးချနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဆရာ/ဆရာမကောင်းတွေကို တန်ဖိုးထားတတ်လာမယ်။
တစ်နေ့တစ်နေ့ အချိန်မလောက်သလိုပဲ။ အချိန်က သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူနဲ့တူတယ်။
အဓိကကျမ်းချက်
“ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” —မဿဲ ၇:၁၂။
အကြံပြုချက်
ဆရာက အသင်အပြမကောင်းဘူး၊ ပျင်းစရာကောင်းတယ်လို့ထင်ရင် လူကိုမဟုတ်ဘဲ သင်ခန်းစာကို အာရုံစိုက်ပါ။ မှတ်စု ယူပါ။ သိချင်တာရှိရင် လေးလေးစားစားမေးပါ။ စိတ်ဝင်စားမှုပြပါ။ ကိုယ့်ရဲ့ စိတ်ဝင်စားမှုက တခြားသူတွေကို ကူးစက်နိုင်တယ်။
သင်သိပါသလား . . . ?
ဆရာက အခုသင်ပေးနေတဲ့ သင်ခန်းစာကို ၁၀ ကြိမ်၊ ၁၅ ကြိမ်၊ အကြိမ် ၁၀၀ မက တခြားအတန်းတွေမှာလည်း သင်ပေးခဲ့မှာပဲ။ ဒါကြောင့် အဲဒီသင်ခန်းစာကို စသင်တုန်းကလို တက်တက်ကြွကြွ ဆက်သင်ပေးဖို့ ခက်နေနိုင်တယ်။
လက်တွေ့လုပ်ကြည့်ပါ
ပျင်းစရာကောင်းတဲ့ သင်ခန်းစာကို စိတ်ဝင်စားလာအောင် ငါလုပ်နိုင်တာက ․․․․․
ဆရာက မမျှမတဆက်ဆံတယ်လို့ ခံစားရရင် ငါလုပ်နိုင်တာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● သင်ပေးနေတဲ့ဆရာထက် သင်ခန်းစာကို အာရုံစိုက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။
● သင်ခန်းစာနဲ့ပတ်သက်တဲ့ သင့်သဘောထားကြောင့် သင့်အပေါ် ဆရာ့သဘောထား ဘယ်လိုပြောင်းသွားနိုင်သလဲ။
[စာမျက်နှာ ၁၄၆ ပါ အကျဉ်းဖော်ပြချက်]
‘‘ဆရာအားလုံးနဲ့ ရင်းရင်းနှီးနှီးနေပြီး သူတို့နာမည်တွေကို မှတ်ထားတယ်။ လမ်းမှာတွေ့ရင်လည်း သူတို့နဲ့စကားပြောတယ်။’’—ကာမဲန်
[စာမျက်နှာ ၁၄၅ ပါ ရုပ်ပုံ]
ဆရာ/ဆရာမတွေဟာ ချောင်းကူးလို့ရအောင်ချထားပေးတဲ့ ကျောက်တုံးတွေနဲ့တူတယ်။ မသိနားမလည်သူကို ပညာတတ်ဖြစ်လာအောင် ကူညီပေးသူတွေပဲ။ ဒါပေမဲ့ သင်ကိုယ်တိုင် ကြိုးစားဖြတ်ကူးရမယ်