ငါဘာကြောင့် ဒီလိုခံစားနေရသလဲ
အပိုင်း ၄
ငါဘာကြောင့် ဒီလိုခံစားနေရသလဲ
အထီးကျန်၊ စိတ်ညှိုးငယ်၊ စိတ်နောက်ကျိကျိ၊ စိတ်အားငယ်—သင်သည်အမြဲလိုလိုထိုသို့ ခံစားရသလော။ လုံးဝ မဟုတ်ပါလေ။ လူငယ်အများနည်းတူ၊ သင်သည်ကိုယ့်ကိုယ်ကို အားရကျေနပ်မိပေမည်။ သို့ပါလျက်နှင့် ကျွန်ုပ်တို့ထဲမှ ဒေါင်ဒေါင်မည်သောသူပင်လျှင် တစ်ခါတစ်ရံမကောင်းမြင်သဘောပါသည့် စိတ်လှုပ်မှုများ၏အနှိပ်အစက်ကိုခံရတတ်သည်။ ကိုယ့်အကြောင်းပို၍နားလည်ပြီး ထိုသို့သောခံစားချက်များကို မည်သို့ရင်ဆိုင်နိုင်ကြောင်း သဘောပေါက်ရလေအောင် နောက်စာမျက်နှာများကို ဆက်၍ဖတ်ရှုပါ။