လိင်နှင့်စာရိတ္တ
အပိုင်း ၆
လိင်နှင့်စာရိတ္တ
လူငယ်အမြောက်အမြား စာအုပ်၏ဤအပိုင်းကို အဦးဆုံး လှန်၍ဖတ်မိကြမည်မှာမလွဲ။ အဘယ်ကြောင့်နည်း။ လိင်နှင့်စာရိတ္တ ဘာသာရပ်သည် အဘယ်ဘာသာရပ်ထက်မဆို မေးခွန်းများ၊ အငြင်းအခုံမက—အရှုပ်အထွေးကိုပါ—ဖြစ်ပွားစေသောကြောင့်ပင်တည်း။ သို့ရာတွင် စာရိတ္တဆိုရာ၌ လိင်ဆိုင်ရာအမူအကျင့်တစ်ခုတည်းသာ ပါဝင်သည်မဟုတ်။ ဥပမာ၊ လိမ်ညာလှည့်စားသောလူငယ်တစ်ဦးကို စာရိတ္တကောင်းသူတစ်ယောက်အဖြစ် သင်သတ်မှတ်မည်လော။ သို့တည်းမဟုတ်၊ တစ်စုံတစ်ရာသောအခြေအနေမျိုးအောက်၌ မရိုးသားခြင်းသည် အိုကေဟုဆိုနိုင်သလော။ ဝမ်းသာစရာကား၊ သမ္မာကျမ်းစာက စာရိတ္တနှင့်ဆိုင်သော ဤကိစ္စရပ်များနှင့်ပတ်သက်၍ အချို့သောလက်တွေ့ကျသည့် တိုက်ရိုက်လမ်းညွှန်များပြဌာန်းပေးပေသည်။