မြေကြီးပရဒိသု
စာတန်လုပ်ခဲ့တဲ့ မကောင်းတာအားလုံးကို ယေဟောဝါဘုရား အပြည့်အဝ ပြန်ကောင်းအောင် လုပ်မယ်။ မြေတစ်ပြင်လုံးကို အုပ်ချုပ်ဖို့ ယေရှုကို ဘုရင်အဖြစ် ယေဟောဝါဘုရား ခန့်အပ်ထားတယ်။ အဲဒီအုပ်ချုပ်မှုအောက်မှာ ကမ္ဘာမြေဟာ ပရဒိသု ဖြစ်လာလိမ့်မယ်။—ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၂၃:၄၃။
ယေဟောဝါဘုရား ကတိပြုထားရာများ-
အစားအသောက် ပေါကြွယ်မယ်။ “မြေကြီးဟာ အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။ ငါတို့ကို ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်။” “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၆၇:၆။ ၇၂:၁၆။
စစ်ပွဲတွေ မရှိတော့ဘူး။ “ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ ကမ္ဘာမြေပေါ် လုပ်ဆောင်တဲ့ အံ့မခန်းဖွယ် လုပ်ရပ်တွေကို ကိုယ်တိုင်လာကြည့်ကြပါ။ ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”—ဆာလံ ၄၆:၈၊ ၉။
လူဆိုးတွေ မရှိတော့ဘူး။ “လူယုတ်မာတွေ ပယ်ရှင်းခံရ” မယ်။ မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။—ဆာလံ ၃၇:၉၊ ၁၀။
ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်း ရှိတော့မှာမဟုတ်ဘူး။ “အဲဒီအချိန် ကျရင် မျက်မမြင်တွေ မျက်စိမြင်လာမယ်။ နားမကြားသူတွေ နားကြားလာမယ်။ အဲဒီအချိန်ကျရင် ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။ဆွံ့အသူက ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။—ဟေရှာယ ၃၅:၅၊ ၆။
“ဘုရားသခင်ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည် ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
ယေဟောဝါဘုရားဟာ စာတန်၊ နတ်ဆိုးတွေနဲ့ မတူဘူး။ ဘယ်တော့မှ လိမ်မပြောဘူး။ ဘုရား ကတိပြုထားတာအားလုံး ဖြစ်ကိုဖြစ်လာလိမ့်မယ်။ (လုကာ ၁:၃၆၊ ၃၇) သင့်ကို ယေဟောဝါဘုရား ချစ်မြတ်နိုးပြီး ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ပရဒိသုမှာ အသက်ရှင်စေချင်တယ်။ ဒါကြောင့် ဘုရားစကားတော်ထဲက အင်မတန် ကောင်းမွန်တဲ့ အမှန်တရားတွေကို ပိုမိုသိရှိနိုင်ဖို့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ။ သင့်အသက်တာမှာ အမှန်တရားကို လက်တွေ့ကျင့်သုံးရင် အယူအဆ အမှားတွေ၊ အယူသီးတာတွေ၊ မသိနားမလည်တာတွေရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ပါလိမ့်မယ်။ တစ်ချိန်ကျရင် အပြစ်နဲ့ သေခြင်းရဲ့ အချုပ်အနှောင်ကနေတောင် လွတ်မြောက်ပါလိမ့်မယ်။ ယေရှု ဒီလိုပြောခဲ့တယ်- “အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်။”—ယောဟန် ၈:၃၂။