သန်းနဲ့ချီတဲ့ နာမ်ဝိညာဉ်သားများ
နာမ်ဝိညာဉ်သားတွေ အမြောက်အမြားရှိတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ယေဟောဝါကိုယ်တိုင် ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။—ယောဟန် ၄:၂၄။ ၂ ကောရိန္သု ၃:၁၇၊ ၁၈။
စကြဝဠာမှာ ယေဟောဝါတစ်ပါးတည်း ရှိခဲ့တဲ့အချိန် ရှိတယ်။ နောက်ပိုင်း ကောင်းကင် တမန်များလို့ခေါ်တဲ့ နာမ်ဝိညာဉ်သားတွေကို ဘုရားဖန်ဆင်းခဲ့တယ်။ သူတို့က လူသားတွေထက် တန်ခိုးကြီးပြီး အသိဉာဏ် ပိုရှိကြတယ်။ ကောင်းကင်တမန်များစွာကို ယေဟောဝါ ဖန်ဆင်းခဲ့တယ်။ ဘုရားကျေးကျွန် ဒံယေလက အဆင်းအာရုံတစ်ခုမှာ သန်းရာနဲ့ချီတဲ့ ကောင်းကင်တမန်တွေကို မြင်တွေ့ခဲ့တယ်။—ဒံယေလ ၇:၁၀။ ဟီဘရူး ၁:၇။
အဲဒီ ကောင်းကင်တမန်တွေကို ဘုရားက ကမ္ဘာမြေကြီးထက်အရင် ဖန်ဆင်းခဲ့တာ ဖြစ်တယ်။ (ယောဘ ၃၈:၄-၇) သူတို့တွေဟာ အရင်က မြေကြီးပေါ်မှာ နေထိုင်ခဲ့ပြီး သေဆုံးသွားသူတွေ မဟုတ်ကြဘူး။