မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

တရားရေးသတင်း

တရားရေးသတင်း

တမန်တော်ပေါလုက “အကျဉ်းကျခံနေရသူတို့နှင့်အတူ အကျဉ်းကျခံနေရသကဲ့သို့ မှတ်ယူလျက် သူတို့ကို သတိရကြလော့” လို့ခရစ်ယာန်တွေကို သတိပေးခဲ့တယ်။ (ဟေဗြဲ ၁၃:၃) ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ သစ္စာရှိညီအစ်ကိုညီအစ်မတွေကို သတိရနေကြပြီး ‘ဣန္ဒြေရှိရှိ ငြိမ်ဝပ်အေးချမ်းစွာ အသက်ရှင်နိုင်ဖို့ အရာရှိတွေအတွက်လည်း ဆုတောင်းပေးကြ’ တယ်။—၁ တိ. ၂:၁၊ ၂; ဧ. ၆:၁၈

လွန်ခဲ့တဲ့နှစ်တုန်းက ယေဟောဝါသက်သေတွေ ရင်ဆိုင်ခဲ့ရတဲ့ အမှုတွေကို အောက်မှာဖော်ပြထားပါတယ်–

ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုကို ရုရှားသြသဒေါက်စ်ချာ့ချ်နဲ့ အစိုးရအရာရှိတချို့က တားဆီးဖို့ ကြိုးစားနေတဲ့ကြားမှာ ရုရှားနိုင်ငံမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြော” နေကြ တယ်။ (တ. ၅:၄၂) ရုရှားအာဏာပိုင်တွေဟာ အစွန်းရောက်ဝါဒနဲ့ပတ်သက်ပြီး အစောပိုင်းတုန်းက သူတို့ထုတ်ခဲ့တဲ့ မတိကျမသေချာတဲ့ဥပဒေကို ဆက်အသုံးပြုပြီး အဖွဲ့အစည်းထုတ်စာပေတွေနဲ့ ညီအစ်ကိုတွေ အထင်လွဲခံရအောင် လုပ်နေတယ်။ ဒါကြောင့် ရုရှားတရားရုံးတွေက အဖွဲ့အစည်းထုတ်စာပေ ၇၀ ကို “အစွန်းရောက်” အသုံးအနှုန်းတွေပါတယ်လို့ ကြေညာခဲ့တယ်။ အစိုးရရုံးတွေက အဲဒီစာပေတွေကို ပိတ်ပင်ထားတဲ့ အစွန်းရောက်စာပေတွေစာရင်းမှာ ထည့်လိုက်တယ်။ အဲဒါကြောင့် တချို့ဒေသခံအာဏာပိုင်တွေဟာ နိုင်ငံတော်ခန်းမတွေနဲ့ ညီအစ်ကိုတွေရဲ့အိမ်ထဲ အတင်းဝင်ပြီး စာပေတွေကိုရှာဖွေကြတယ်။ အမှုဆောင်ထွက်တဲ့ သက်သေခံတွေကို ရဲတွေက ရဲစခန်းခေါ်သွားပြီး အချုပ်ထဲထည့်တယ်၊ ဓာတ်ပုံတွေရိုက်တယ်၊ လက်ဗွေတွေယူတယ်။ သူတို့ကို ရဲစခန်းမှာ ထိန်းသိမ်းထားချိန်မှာလည်း ခြိမ်းခြောက်တာတွေလုပ်တယ်။

၂၀၁၃ မေလကစပြီး တာဂရော့မြို့မှာရှိတဲ့ ညီအစ်ကိုညီအစ်မ ဆယ့်ခြောက်ယောက်ကို ခရစ်ယာန်စည်းဝေးတွေတက်လို့၊ ဟောပြောခြင်းလုပ်ငန်း မှာ ပါဝင်လို့ တရားစွဲခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးကတည်းက သက်သေခံတွေ သူတို့ရဲ့ယုံကြည်ခြင်းကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေလို ဆက်ဆံခံရတာ ဒါပထမဆုံးအကြိမ်ပဲ။ ရုရှားနိုင်ငံရဲ့ တခြားဒေသမှာရှိတဲ့ အာဏာပိုင်တွေကလည်း အဖွဲ့အစည်းထုတ်စာပေတွေကို “အစွန်းရောက်စာပေတွေ” အဖြစ် သတ်မှတ်ဖို့၊ ညီအစ်ကိုတွေကို ဘာသာရေးမုန်းတီးမှုကို ခံထိုက်တဲ့ ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် ကြေညာပေးဖို့ တရားရုံးတွေကနေ ကြိုးစားနေကြတယ်။

အဲရိထရိအာနိုင်ငံက ညီအစ်ကိုညီအစ်မတွေရဲ့ အခြေအနေလည်း မတိုးတက်သေးဘူး။ ၂၀၁၃၊ ဇူလိုင်လအထိ ထောင်ထဲမှာ ၅၂ ယောက်ရှိတယ်။ အဲဒီထဲမှာ အနည်းဆုံး အသက် ၇၀ ရှိတဲ့ ညီအစ်ကိုရှစ်ယောက်နဲ့ ညီအစ်မ ခြောက်ယောက်လည်းပါတယ်။ ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ ပေါလော့စ် အီယာစု၊ အိဇက် မိုခေါ့စ်နဲ့ နေဂယ်တဲ တက်ကလဲန်မာရီယမ်တို့ဟာ စစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီး ကြားနေလို့ ၁၉၉၄၊ စက်တင်ဘာ ၂၄ ရက်နေ့ကတည်းက ထောင်ကျနေတယ်။

ထောင်ကျနေတဲ့ ညီအစ်ကိုညီအစ်မ တစ်ဝက်ကျော်ဟာ အက်စ်မာရာမြို့တော်ရဲ့မြောက်ဘက် သဲကန္တာရမှာရှိတဲ့ မာတာအကျဉ်းထောင်ထဲမှာရှိတယ်။ အာဏာပိုင်တွေက ၂၀၁၁၊ အောက်တိုဘာကနေ ၂၀၁၂၊ သြဂုတ်လအထိ ညီအစ်ကို ၂၅ ယောက်ကို မြေအောက်မှာတစ်ဝက်မြှုပ်ထားတဲ့ သတ္တုအကျဉ်းခန်းမှာထည့်ပြီး ဒဏ်ပေးထားတယ်။ အရမ်းပူပြင်းတဲ့ နွေရာသီမှာဆိုရင် နေ့ဘက်မှာ ထောင်စောင့်တွေက ညီအစ်ကိုတွေကို အပြင်ခဏထုတ်ပေးတယ်။ အစားအသောက်လည်း မလောက်မငပဲကျွေးလို့ ကျန်းမာရေး အကြီးအကျယ် ထိခိုက်နေကြတယ်။ ဝမ်းနည်းစရာက ၂၀၁၁ ခုနှစ်မှာ ညီအစ်ကို မစ်ဂီနာ ဂဘရီတင်စေး သေဆုံးသွားသလိုပဲ ၂၀၁၂၊ သြဂုတ်လမှာ အသက် ၆၈ နှစ်ရှိတဲ့ ယိုဟန်းနစ် ဟိုင်လာလည်း သေဆုံးသွားတယ်။

ကာဂျစ္စတန်– ဒေသခံတွေက ဒီနိုင်ငံတော်ခန်းမကို နှစ်ကြိမ်ဖျက်ဆီးခဲ့