မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကင်းမျှော်စင်အွန်လိုင်းစာကြည့်တိုက်ကို သူတို့နှစ်သက်ကြ

ကင်းမျှော်စင်အွန်လိုင်းစာကြည့်တိုက်ကို သူတို့နှစ်သက်ကြ

jw.org က ကင်းမျှော်စင်အွန်လိုင်းစာကြည့်တိုက် (ဒဗလျူအိုအယ်လ်) မှာ ဘာသာစကား ၁၀၀ နဲ့ ဖတ်ရှုနိုင်ပြီလို့ ၂၀၁၃၊ ဇွန် ၂၈ ရက်နေ့မှာ ကြေညာခဲ့တယ်။ ဒဗလျူအိုအယ်ဆိုတာ စီဒီချပ်နဲ့ရနိုင်တဲ့ ကင်းမျှော်စင်စာကြည့်တိုက်နဲ့ လုပ်ဆောင်ပုံချင်းတူတယ်။ ဒဗလျူအိုအယ်လ်ကို အင်တာနက်ချိတ်ထားတဲ့ စားပွဲတင်ကွန်ပျူတာ၊ လက်တော့ပ်ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်တယ်။ စာကြည့်တိုက်မှာထည့်ထားတဲ့စာပေအများစုက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ထုတ်ထားတာတွေ ဖြစ်တယ်။ တချို့ဘာသာစကားမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းနဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် (Insight on the Scriptures) စာအုပ်တွေ ထည့်ထားတယ်။ အချက်အလက်တွေကိုရှာတဲ့အခါ ကင်းမျှော်စင်စာကြည့်တိုက်လိုပဲ စကားလုံးတစ်လုံး၊ စကားစုတစ်ခု၊ ဒါမှမဟုတ် စကားလုံးတွဲတွေ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ အွန်လိုင်းစာကြည့်တိုက်ကိုသုံးရင် ကျမ်းချက်တွေ ဒါမှ မဟုတ် အချက်အလက်တွေကို ဘာသာစကားတစ်ခုမှာ ကြည့်တဲ့အခါ တခြားဘာသာစကားတွေကိုလည်း တစ်ပြိုင်တည်းကြည့်နိုင်တယ်။ အသုံးတည့်တဲ့ ဒီရှာဖွေရေးအထောက်အကူအတွက် ကျေးဇူးတင်စကားတချို့က–

“ဒဗလျူအိုအယ်လ်အတွက် ကျေးဇူးတင်ပါတယ်။ ဒီလေ့လာမှုအထောက်အကူသစ်ကို ကျွန်မတွေ့လိုက်လို့ အရမ်းကျေးဇူးတင်မိတယ်။ ကျွန်မက ကွန်ပြူတာစနစ်နဲ့ ဝက်ဘ်ဒီဇိုင်းတွေအကြောင်း သိပ်မသိပါဘူး၊ ဒါပေမဲ့ ဒီလေ့လာမှုအထောက်အကူက တကယ်အရည်အသွေးကောင်းတယ်ဆိုတာ ကျွန်မပြောနိုင်ပါတယ်။ ညီအစ်ကိုတို့ရဲ့ လူလူချင်းကိုချစ်တဲ့မေတ္တာ၊ ညီအစ်ကိုတွေကိုချစ်တဲ့မေတ္တာနဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာကို တကယ်မြင်တွေ့ရပါတယ်။ ဒဗလျူအိုအယ်လ်ကို ဒီဇိုင်းလုပ်ထားပုံက ညီအစ်ကိုတို့ရဲ့ ဂရုစိုက်မှုကိုဖော်ပြတယ်။ ဒီထက်ကောင်းတဲ့လက်ဆောင်နဲ့ ကောင်းကင်ဖခင် ယေဟောဝါရဲ့မေတ္တာ၊ ရက်ရောမှုကို ထပ်တောင်းစရာမရှိတော့ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။”—အေ၊ အာဂျင်တီးနား။

“ကျွန်တော် မယုံနိုင်အောင်ဖြစ်နေတယ်။ ဒီနေ့လယ်ပိုင်းမှာ ဒဗလျူအိုအယ်လ်ကို ဖွင့်ကြည့်လိုက်တော့ ဟေတီ ခရီရိုဘာသာစကားကို ထပ်ထည့်ထားတာ တွေ့လိုက်တယ်။ အဲဒီလိုဖြစ်လာမယ်လို့ ကျွန်တော်တစ်ခါမှ မတွေးဖူးဘူး။ ကျွန်တော် ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းမသိအောင် ဖြစ်နေတယ်ဆိုတာ ဒီစာကိုဖတ်ကြည့်လိုက်ရင် ညီအစ်ကိုတို့ သိမှာပါ။ ညီအစ်ကိုတို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးပါစေ။ ညီအစ်ကိုတို့ကို သန့်ရှင်းသောစွမ်းအားတော် ဆက်ပြီးလမ်းညွှန်ပါစေ။”—ဒီစီ၊ အမေရိကန်နိုင်ငံ။