မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Sean Gladwell/Moment via Getty Images

သတိနဲ့ စောင့်နေကြပါ

ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် ဒေါ်လာ ၂ ထရီလီယံ ကျော်လွန်—ကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် ဒေါ်လာ ၂ ထရီလီယံ ကျော်လွန်—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂.၂၄ ထရီလီယံ (ဒေါ်လာသန်းပေါင်း နှစ်သန်းကျော်) အထိရှိခဲ့တယ်။ ကုန်ကျစရိတ်အများစုဟာ ရုရှား–ယူကရိန်း စစ်ပွဲကြောင့်ပါ။ ၂၀၂၂ ခုနှစ်နဲ့ပတ်သက်ပြီး စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က ၂၀၂၃၊ ဧပြီလမှာ အောက်ပါသတင်းတွေ ထုတ်ပြန်ခဲ့တယ်–

  •   ဥရောပရဲ့ စစ်အသုံးစရိတ်ဟာ “၁၃ ရာခိုင်နှုန်း ထိုးတက်သွားတယ်။ စစ်အေးကာလပြီးချိန်ကစလို့ သုံးစွဲမှုအများဆုံး နှစ်ပါပဲ။”

  •   “ခန့်မှန်းရသလောက် ရုရှားရဲ့ စစ်အသုံးစရိတ် ၉.၂ ရာခိုင်နှုန်း တိုးလာလို့ စစ်ရေးအတွက် သုံးစွဲမှုအများဆုံးနိုင်ငံအဖြစ် ပဉ္စမမြောက်ကနေ တတိယမြောက်ကို ရောက်ရှိလာတယ်။”

  •   အမေရိကန်ဟာ “ကမ္ဘာ့တစ်ဝန်း စစ်အသုံးစရိတ်အားလုံးရဲ့ ၃၉ ရာခိုင်နှုန်း” ကို သုံးစွဲပြီး စစ်အသုံးစရိတ် အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

 “မကြာသေးခင်နှစ်တွေအတွင်း ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ်တွေ ဆက်တိုက်တိုးများလာတယ်။ လုံခြုံမှုမရှိတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထားပါပဲ” ဆိုပြီး SIPRI ရဲ့ တွဲဖက်အာဘော်ရှင် ဒေါက်တာ နန်း တီရန် ပြောတယ်။

 အခုခေတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာ ပဋိပက္ခတွေ ပိုများလာမယ်လို့ ကျမ်းစာ ကြိုပြောထားတယ်။ ငြိမ်းချမ်းရေးပေးမယ့် တစ်ခုတည်းသော မျှော်လင့်ချက်အကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

စစ်ပွဲတွေ ပိုများလာမယ်လို့ ကြိုဟောထား

  •  အဆုံးပိုင်းကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်လို့ ကျမ်းစာဆိုတယ်။—ဒံယေလ ၈:၁၉

  •   အဆုံးပိုင်းကာလမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေရှိမယ်၊ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ အချင်းချင်း “တွန်းထိုး” ကြမယ်လို့ ဒံယေလကျမ်းမှာ ကြိုဟောထားတယ်။ စစ်ဘက်မှာ ငွေကြေး “ဘဏ္ဍာ” များစွာ သုံးစွဲမယ်လို့လည်း ဆိုထားတယ်။—ဒံယေလ ၁၁:၄၀၊ ၄၂၊ ၄၃

 စိတ်ဝင်စားစရာကောင်းတဲ့ ဒီကျမ်းစာကြိုဟောချက်အကြောင်း ပိုသိချင်ရင် ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်—ဒံယေလ အခန်းကြီး ၁၁ ဗီဒီယိုကို ကြည့်ပါ။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်လိုရလာမလဲ

  •   လူ့အုပ်ချုပ်ရေးတွေကို ဘုရားသခင် ဖယ်ရှားမယ့်အကြောင်း ကျမ်းစာ အခုလို ဆိုထားတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄

  •   လူသားတွေ မဖော်ဆောင်နိုင်တဲ့ စစ်မှန်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ယေဟောဝါ a ဘုရားသခင် ဆောင်ကြဉ်းပေးပါတော့မယ်။ ဘယ်လိုလုပ်ဆောင်ပေးမလဲ။ ဘုရားသခင်တည်ထောင်ထားတဲ့ ကောင်းကင်နိုင်ငံတော်က လက်နက်အားလုံးကို ဖယ်ရှားပြီး အကြမ်းဖက်မှုမှန်သမျှကို အဆုံးတိုင်စေပါတော့မယ်။—ဆာလံ ၄၆:၈၊ ၉

 ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ပိုသိချင်ရင် “ဘုရားနိုင်ငံတော်မှာ ‘ငြိမ်သက်ခြင်း တိုးများ’ စေဖို့ စိန်ခေါ်ချက်ကို အောင်မြင်ကျော်လွှားနိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈