မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

id-work/​DigitalVision Vectors via Getty Images

သတိနဲ့ စောင့်နေကြပါ

လူတွေ ဘာကြောင့် ဒီလောက်တောင် အမုန်းပွားနေကြသလဲ​—ကျမ်းစာအဆိုက ဘာလဲ

လူတွေ ဘာကြောင့် ဒီလောက်တောင် အမုန်းပွားနေကြသလဲ​—ကျမ်းစာအဆိုက ဘာလဲ

 အမုန်းစကားတွေ၊ မုန်းတီးမှုကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးရေး အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေအကြောင်း သတင်းမှာ အပြည့်ပဲ။

  •   “အစ္စရေးနဲ့ ဂါဇာစစ်ပွဲကြောင့်၊ အကြမ်းဖက်မုန်းတီးမှုကို မီးထိုးယပ်ခတ်လုပ်နေသူတွေကြောင့် လူမှုမီဒီယာမှာ အမုန်းစကားတွေ ပိုများလာတယ်။”—၂၀၂၃၊ နိုဝင်ဘာ ၁၅ ထုတ် နယူးယောက်တိုင်းမ် သတင်းစာ။

  •   “အောက်တိုဘာ ၇ ရက်နောက်ပိုင်းကစပြီး အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေ တစ်မုဟုတ်ချင်း တိုးများလာတာ စိုးရိမ်ထိတ်လန့်စရာပဲ။”—ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒဲနစ် ဖရန်စစ်၊ ၂၀၂၃၊ နိုဝင်ဘာ ၃ ရက်။

 အမုန်းစကား၊ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေဟာ ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။ “ရက်စက်တဲ့စကားကို မြားတွေလို ချိန်ရွယ်” တဲ့သူတွေအကြောင်း၊ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၆၄:၃။ ၁၂၀:၇။ ၁၄၀:၁) ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ မုန်းတီးမှုတွေကတော့ တစ်မူထူးခြားတယ်ဆိုပြီး ကျမ်းစာမှာ ရှင်းပြထားတယ်။

မုန်းတီးမှု—ကျွန်တော်တို့ခေတ်ကာလရဲ့ အမှတ်လက္ခဏာ

 ဒီနေ့အချိန်မှာ မုန်းတီးမှုတွေ များရတဲ့အကြောင်းရင်း နှစ်ခုကို ကျမ်းစာမှာ ဖော်ပြထားတယ်။

  1.  ၁။ ‘လူအတော်များများ မေတ္တာတရား ခေါင်းပါးလာ’ မယ့် အချိန်ကာလ အကြောင်း ကျမ်းစာ ကြိုပြောထားတယ်။ (မဿဲ ၂၄:၁၂) လူအတော်များများမှာ မေတ္တာစိတ်မဟုတ်ဘဲ အမုန်းပွားစေတဲ့ သဘောထားတွေ ရှိကြမယ်လို့ ကြိုဟောထားတာပါ။—၂ တိမောသေ ၃:၁-၅

  2.  ၂။ ဒီလောကကြီးမှာ အမုန်းတရားတွေ ပြည့်နေရတဲ့ နောက်အကြောင်းရင်းက မလိုတမာစိတ်ရှိတဲ့ ဆိုးညစ်သူ စာတန်မာရ်နတ်ကြောင့် ဖြစ်တယ်။ “တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ” တယ်လို့ ကျမ်းစာဆိုတယ်။—၁ ယောဟန် ၅:၁၉။ ဗျာဒိတ် ၁၂:၉၊ ၁၂

 ဒါပေမဲ့ မကြာခင်မှာ ဘုရားသခင်က မုန်းတီးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းအားလုံးကို အဆုံးတိုင်စေမယ်။ ဒါ့အပြင် မုန်းတီးမှုကြောင့် ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခအားလုံးကိုလည်း ကုစားပေးမယ်။ ကျမ်းစာမှာ ဒီလို ကတိပြုထားတယ်–

  •   “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄