မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Chris McGrath/Getty Images

ဘုရားသခင့်နိုင်ငံတော်က စစ်ပွဲတွေကို ဘယ်လိုဖြေရှင်းပေးမလဲ

ဘုရားသခင့်နိုင်ငံတော်က စစ်ပွဲတွေကို ဘယ်လိုဖြေရှင်းပေးမလဲ

 ကမ္ဘာတစ်ဝန်းမှာ စစ်ကြောင့် သေကျေပျက်စီးမှုတွေ ပိုများလာပြီး လူတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတယ်။ အောက်ပါသတင်းတွေကို သတိပြုကြည့်ပါ–

  •   “မနှစ်က စစ်ကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ အမြင့်ဆုံးပဲ။ အများစုက အီသီယိုးပီးယားစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲမှာ သေဆုံးသွားကြတာ။”—အော်စလို ငြိမ်းချမ်းရေး သုတေသနအဖွဲ့၊ ဇွန် ၇၊ ၂၀၂၃။

  •   “ယူကရိန်းစစ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲက တစ်ခုပဲရှိသေးတယ်။ မနှစ်က ကမ္ဘာတစ်ဝန်းမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ အရင်ကထက် ၂၇% တိုးလာပြီး လူ ၁.၇ ဘီလီယံလောက် စစ်ဘေးသင့်နေတယ်။”—လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်စောင့်ကြည့်ရေးအဖွဲ့ (ACLED)၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

 ကျမ်းစာက အခုလို မျှော်လင့်ချက် ပေးထားပါတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။” (ဒံယေလ ၂:၄၄) အဲဒီနိုင်ငံတော်၊ အစိုးရလက်အောက်မှာ “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ်။—ဆာလံ ၄၆:၉