မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Halfpoint Images/Moment via Getty Images

သတိနဲ့စောင့်နေကြပါ

ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူငယ်လေးတွေအပေါ် လူမှုမီဒီယာရဲ့ဆိုးကျိုးကို သတိပေး—ကျမ်းစာအဆိုက ဘာလဲ

ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူငယ်လေးတွေအပေါ် လူမှုမီဒီယာရဲ့ဆိုးကျိုးကို သတိပေး—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်မှာ အမေရိကန်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူမှုမီဒီယာကြောင့် လူငယ်များစွာ ထိခိုက်နေကြောင်း သတိပေးပြောကြားခဲ့တယ်။

  •   “လူမှုမီဒီယာကြောင့် ကလေးတချို့၊ ဆယ်ကျော်သက်တချို့ အကျိုးရကောင်း ရနိုင်တယ်။ ဒါပေမဲ့ ဒီလူမှုမီဒီယာကြောင့် သူတို့လေးတွေရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး အများကြီးထိခိုက်နေတယ်ဆိုတဲ့ အထောက်အထားကတော့ ဒုနဲ့ဒေးပါပဲ။”—လူမှုမီဒီယာနဲ့ လူငယ်တွေရဲ့စိတ်ကျန်းမာရေး– အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်ရဲ့ သတိပေးချက်၊ ၂၀၂၃ ခုနှစ်။

 အခုလိုစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းရင်းဟာ အောက်ပါလေ့လာတွေ့ရှိချက်တွေကြောင့် ဖြစ်တယ်–

  •   ‘တစ်နေ့တစ်နေ့ လူမှုမီဒီယာကို ၃ နာရီနဲ့အထက် ကြည့်ရှုသုံးစွဲသူ ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကလေးတွေဟာ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များတဲ့ရောဂါ အပါအဝင် တခြားစိတ်ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ခြေ နှစ်ဆပိုများတယ်။’

  •   ‘၁၄ နှစ်အရွယ် လူငယ်လေးတွေကို လေ့လာကြည့်တဲ့အခါ လူမှုမီဒီယာအသုံးများသူတွေမှာ အိပ်ရေးမဝတာ၊ အွန်လိုင်းပေါ် အနိုင်ကျင့်ခံရတာ၊ ကိုယ့်ရုပ်ရည်ကို မကြိုက်တာ၊ အသုံးမကျဘူးလို့ ခံစားရတာ၊ စိတ်ဓာတ်ကျတာတွေ ပိုကြုံရကြောင်း တွေ့ရတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ပိုအဖြစ်များတယ်။’

 အဲဒီလိုအန္တရာယ်တွေကနေ ကိုယ့်ကလေးတွေကို ကာကွယ်ဖို့ မိဘတွေ ဘာလုပ်နိုင်သလဲ။ ကျမ်းစာထဲမှာ လက်တွေ့ကျအကြံဉာဏ် ပေးထားပါတယ်။

မိဘတွေ လုပ်ဆောင်နိုင်ရာ

 မျက်နှာလွှဲခဲပစ် မနေပါနဲ့။ မိဘတစ်ယောက်အနေနဲ့ လူမှုမီဒီယာသုံးခြင်းရဲ့ အန္တရာယ်တွေကို စဉ်းစားသုံးသပ်ပြီး ကိုယ့်ကလေးကို လူမှုမီဒီယာသုံးခွင့် ပေးသင့်သလား၊ မပေးသင့်ဘူးလားဆိုတာ ဆုံးဖြတ်ပါ။

 ကလေးကို လူမှုမီဒီယာ သုံးခွင့်ပေးထားတယ်ဆိုရင်လည်း မျက်နှာလွှဲခဲပစ် မထားပါနဲ့။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို မျက်စိရှင်ရှင်ထား ကြည့်နေပြီး သူတို့လေးတွေကို ကာကွယ်ပေးပါ။ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

 ဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတွေကို မကြည့်မိဖို့ ကူညီပေးပါ။ ဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတွေဟာ ဘာတွေလဲဆိုတာကို ကိုယ့်ကလေး ခွဲခြားသိနိုင်အောင်၊ ရှောင်ရှားနိုင်အောင် သင်ပေးပါ။

 စည်းကမ်း သတ်မှတ်ထားပါ။ ဥပမာ၊ လူမှုမီဒီယာကို ဘယ်အချိန်မှာ ဘယ်လောက်ကြာကြာပဲ သုံးရမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ထားပါ။