မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JenkoAtaman/stock.adobe.com

သတိနဲ့ စောင့်နေကြပါ

၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်း—ကျမ်းစာအဆိုက ဘာလဲ

၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်း—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၃ ခုနှစ် အစပြုတဲ့အခါ ကျွန်တော်တို့တွေ ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် အကောင်းဆုံးတွေ ဖြစ်လာဖို့ မျှော်လင့်ကြတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ဘာကြောင့် အကောင်းမြင်စိတ် ထားနိုင်သလဲ။

ကျမ်းစာက မျှော်လင့်ချက်ပေး

 လက်ရှိကြုံနေရတဲ့ ပြဿနာတွေဟာ ခေတ္တခဏသာဖြစ်ပြီး မကြာခင် ပြေလည်သွားမယ်ဆိုတဲ့ သတင်းကောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ “ကျမ်းစာမှာ . . . ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ . . . ကျမ်းစာက နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။”—ရောမ ၁၅:၄

လက်ရှိအချိန်မှာလည်း ကူညီပေးမယ့် မျှော်လင့်ချက်

 ကျမ်းစာမျှော်လင့်ချက်ဟာ “ကျွန်တော်တို့အတွက် ကျောက်ဆူး” နဲ့တူတယ်။ (ဟီဘရူး ၆:၁၉) မျှော်လင့်ချက်က ဘဝကို တည်ငြိမ်စေတယ်၊ လက်ရှိပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့၊ အကောင်းမြင်စိတ်ရှိဖို့၊ တည်မြဲတဲ့ ပျော်ရွှင်မှုရစေဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊

မျှော်လင့်ချက်ကို ခိုင်မာစေပါ

 ကောင်းတာတွေ ဖြစ်လာဖို့ လူများစွာ မျှော်လင့်ပေမဲ့ မျှော်လင့်သလို တကယ်ဖြစ်လာမလား ဆိုတာကိုတော့ သေချာမသိကြဘူး။ ဒါပေမဲ့ ကျမ်းစာကတိတွေကတော့ သေချာပေါက် ဖြစ်လာမယ်။ ဘာကြောင့်လဲ။ ကျမ်းစာကတိစကားတွေဟာ “မုသာမသုံးတဲ့” ယေဟောဝါဘုရား a ဆီက ဖြစ်လို့ပါ။ (တိတု ၁:၂) ယေဟောဝါဘုရားတစ်ပါးတည်းကပဲ ပေးထားတဲ့ ကတိအားလုံးကို ပြည့်စေနိုင်တဲ့ အစွမ်းရှိတယ်။ ဘုရားက “အလိုရှိရာမှန်သမျှ လုပ်ဆောင်” နိုင်တယ်။—ဆာလံ ၁၃၅:၅၊ ၆

 ယုံကြည်စိတ်ချနိုင်တဲ့ ကျမ်းစာကတိတွေကနေ သင့်ကို အကျိုးရစေချင်ပါတယ်။ “တရားစကားတော်ကို . . . အသေအချာ ဆန်းစစ်” ခြင်းအားဖြင့် မျှော်လင့်ချက် ခိုင်မာစေနိုင်ပါတယ်။ (တမန်တော် ၁၇:၁၁) ကျွန်တော်တို့ရဲ့ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်မှာ ပါဝင်ကြည့်ပါ။ ၂၀၂၃ ခုနှစ်ကို မျှော်လင့်ချက်အပြည့်နဲ့ စတင်လိုက်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈