ငြိမ်သက်ခြင်းအပြည့်နဲ့ အသက်ရှင်ပါ
ကူးယူပါ
၁။ ဘယ်ကိုပဲသွားသွား လမ်းမှာ တွေ့ခဲ့ရ စိတ်တိုဒေါသကြီးသူတွေ
အခက်အခဲတွေနဲ့ လေးလံဝန်ထုပ် ထမ်းရင်း ရှင်သန်ကြရတယ်
ကြင်နာ၊ အေးဆေး၊ စိတ်ရှည်ခြင်း ရှိဖို့ ယေဟောဝါ မိန့်မှာထား
ဘယ်နေရာဖြစ်ဖြစ် ဘုရားဆီ ဆုတောင်းစို့ စိတ်ရှည် တည်ငြိမ်နိုင်အောင်လေ
(ထပ်ကျော့ပိုဒ်)
လူတွေအားလုံးနဲ့ တည့်အောင် ပေါင်းစို့လား ခက်ခဲလည်း ကြိုးစားရမယ်
ကမ္ဘာသစ်ရဲ့ ငြိမ်းချမ်းခြင်း ကောင်းချီးများ တွေးရင်း ငြိမ်သက်ခြင်းအပြည့်နဲ့ အသက်ရှင်ပါ
၂။ အလုပ်ထဲရောက်တော့ စိတ်တထင့်ထင့်ပေါ့ မှန်းရခက်တဲ့ ပြဿနာများ
အခြေအနေတွေ မဆိုးဖို့လေ ကြိုတင်ကာကွယ်ရှောင်ကြစို့
အပြင်ပန်းလောက်ထက် နောက်ကွယ် အကြောင်းရင်းတို့ ရှိလို့ပဲ ဖြစ်မှာပါ
ဟန်ပန်မူရာတွေ အပြောအဆိုတွေ ကြမ်းလည်း နှစ်သိမ့်ပေးဖို့ လိုအပ်လို့
(ထပ်ကျော့ပိုဒ်)
လူတွေအားလုံးနဲ့ တည့်အောင် ပေါင်းစို့လား ခက်ခဲလည်း ကြိုးစားရမယ်
ကမ္ဘာသစ်ရဲ့ ငြိမ်းချမ်းခြင်း ကောင်းချီးများ တွေးရင်း ငြိမ်သက်ခြင်းအပြည့်နဲ့ အသက်ရှင်ပါ
(ဆက်ဆိုရန်)
ရှင်သန်ရန် မလွယ်တဲ့ဘဝ
မတူကွဲပြား ရပ်တည်ခြင်းက
ပြိုယိုင်ပျက်စီးတဲ့ ကမ္ဘာကြီးထဲ
ဘုရားစောင့်ရှောက်မှာ မင်းစိတ်ကို
၃။ တစ်အိမ်တက်ဆင်း သွားပြီး တို့တွေ ဟောပြောကြ အားလုံး သတင်းကောင်း သိစေဖို့
တစ်ခါတလေမှာတော့ ငြင်းခုံရန်တွေ့တတ်တဲ့ အိမ်ရှင်တွေ ကြုံရပေါ့
ရန်မဖြစ်ဖို့အတွက် ရှောင်ထွက်သွားကြစို့ ရှင်းလင်းတဲ့ ဘုရားရဲ့ စကား
လောင်စာကုန်ရင်လေ မီးအကုန်ငြိမ်းလို့ ဆိတ်ငြိမ်စွာရယ် ထွက်သွားစို့
(ထပ်ကျော့ပိုဒ်)
လူတွေအားလုံးနဲ့ တည့်အောင် ပေါင်းစို့လား ခက်ခဲလည်း ကြိုးစားရမယ်
ကမ္ဘာသစ်ရဲ့ ငြိမ်းချမ်းခြင်း ကောင်းချီးများ တွေးရင်း ငြိမ်သက်ခြင်းအပြည့်နဲ့ အသက်ရှင်ပါ
(ထပ်ကျော့ပိုဒ်)
လူတွေအားလုံးနဲ့ တည့်အောင် ပေါင်းစို့လား ခက်ခဲလည်း ကြိုးစားရမယ်
ကမ္ဘာသစ်ရဲ့ ငြိမ်းချမ်းခြင်း ကောင်းချီးများ တွေးရင်း ငြိမ်သက်ခြင်းအပြည့်နဲ့ အသက်ရှင်ပါ။