မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၂၂

မြောက်မြားလှသော ညီအစ်ကိုများ

မြောက်မြားလှသော ညီအစ်ကိုများ

(ဗျာဒိတ် ၇:၉၊ ၁၀)

၁။ မြောက်မြားလှသော ညီအစ်ကိုများ၊

ယခု သန်းချီတိုးလာ၊

ယောက်တိုင်းသစ္စာရှိသက်သေ၊

သမာဓိခိုင်မြဲကြ။

နိုင်ငံနှင့်လူမျိုးတိုင်းမှ

ပါဝင်သည့်လူအုပ်ကြီး၊

များသည်ထက်များ၊ တို့ဘုရားရှင်အား

ချီးမွမ်းသံ ကျယ်လှစွာ။

၂။ မြောက်မြားလှသော ညီအစ်ကိုများ၊

လူမြောက်မြားကြားသိလို၊

ကယ်တင်ခြင်း ‘သတင်းကောင်း’ ကို

ရပ်တကာ တို့ဟောကြ။

တို့ဟောပြောစဉ် ဖိစီးခြင်း

တစ်ခါတစ်ရံ ကြုံလည်း၊

လေးဝန်ကြောင့်ပင်ပန်းသူ လန်းစေရန်၊

ယေရှုဖြေသိမ့်ပေးမှာ။

၃။ မြောက်မြားလှသော ညီအစ်ကိုများ၊

တို့ကို ဘုရားကြည့်ရှု၊

မြေပြင်တံတိုင်းတွင်ကွယ်ကာ၊

နေ့ည ဝတ်ပြုကြရ။

အလွန်မြောက်မြားတို့အုပ်စု၊

နိုင်ငံတော်သတင်းဟော၊

ဘုရား၏လုပ်ဖော်ဆောင်ဖက်ဖြစ်လာကာ၊

မြေကြီးမှာ ဝတ်ပြုကြ။

(ဟေရှာ. ၅၂:၇; မ. ၁၁:၂၉; ဗျာ. ၇:၁၅ တို့ကိုလည်းကြည့်ပါ။)