မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၄

အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ

အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ

(သုတ္တံ ၃:၁၊ ၂)

၁။ အမှန်တရားလမ်းသည် အကောင်းဆုံးဘဝလမ်းဖြစ်၊

အခြားသူ သင့်တွက် အသက်မရှင်နိုင်။

ထို့ကြောင့် ယေဟောဝါ၏အကြံဉာဏ် လိုက်လျှောက်ပါ၊

မိန့်သမျှ အမှန်ဟု ခံယူ။

(ထပ်ကျော့ပိုဒ်)

ကိုယ်ပိုင်ဖြစ်စေပါ၊

ရှင်သန်စေပါ အမှန် တရားကို။

အမှန်တရား ပိုင်လျှင်

ယေဟောဝါပေးသော

ဝမ်းမြောက်မှု၌ မွေ့လျော်မှာ။

၂။ ဘုရားနှင့် နိုင်ငံတော်တွက် အမှုထမ်းရာတွင်

သုံးသည့်အချိန်နှင့် သင့်ကြိုးပမ်းမှု၊

ကြွယ်ဝအကျိုးနှင့် ဘုရားကောင်းချီးများ ပြည့်လျက်၊

အဆုံးမဲ့သောအသက် ရစေမည်။

(ထပ်ကျော့ပိုဒ်)

ကိုယ်ပိုင်ဖြစ်စေပါ၊

ရှင်သန်စေပါ အမှန် တရားကို။

အမှန်တရား ပိုင်လျှင်

ယေဟောဝါပေးသော

ဝမ်းမြောက်မှု၌ မွေ့လျော်မှာ။

၃။ ဘုရားနှင့်နှိုင်းလျှင် တို့အားလုံး ကလေးများပင်၊

ကိုယ်တော့် လမ်းညွှန်နှင့် အကြံဉာဏ် တို့လို။

ထို့ကြောင့် ကောင်းကင်ဘုံ ခမည်းတော်နှင့် နေ့စဉ်လျှောက်၊

ကြွယ်ဝကောင်းချီး အပြည့်ရယူပါ။

(ထပ်ကျော့ပိုဒ်)

ကိုယ်ပိုင်ဖြစ်စေပါ၊

ရှင်သန်စေပါ အမှန် တရားကို။

အမှန်တရား ပိုင်လျှင်

ယေဟောဝါပေးသော

ဝမ်းမြောက်မှု၌ မွေ့လျော်မှာ။

(ဆာ. ၂၆:၃; သု. ၈:၃၅; ၁၅:၃၁; ယော. ၈:၃၁၊ ၃၂ တို့ကိုလည်းကြည့်ပါ။)