မောရှေလို စိတ်နူးညံ့ချင်တယ်
ကူးယူပါ–
၁။ မောရှေ ငယ်စဉ်ကတည်းက မိဘ သင်ပေးလို့
ယေဟောဝါကို ချစ်တတ်လာ စိတ်တော်ရွှင်ပြုံးစေတာ
တို့မိဘပြောတဲ့ စကားကို အစဉ် နာခံလိုက်နာမယ်
တို့လည်း မောရှေလိုပဲ—စိတ်နူးညံ့ချင်တယ်
၂။ ယေဟောဝါ လေ့ကျင့်ပေးခဲ့ သူသိုးတွေကို ထိန်းချိန်
စိတ်ရှည်လို့ စိတ်နူးညံ့ဖို့ သင်ယူခဲ့ပါတယ်
ယေဟောဝါ ပြောတဲ့ စကားကို တို့နာခံလိုက်နာမယ်
တို့လည်း မောရှေလိုပဲ—စိတ်နူးညံ့ချင်တယ်
၃။ အစ္စရေးတွေကို သူဦးဆောင်ဖို့ ကိုယ်တော် ရွေးလည်း
အကြံဉာဏ်တွေ ပေးတဲ့အခါ နာခံကာ လိုက်နာခဲ့
တို့လည်း မိတ်ဆွေများရဲ့ အကြံဉာဏ် လိုက်နာမယ်
တို့လည်း မောရှေလိုပဲ—စိတ်နူးညံ့ချင်တယ်
(နိဂုံး)
ယေဟောဝါ ပြောတဲ့ စကားကို တို့နာခံလိုက်နာမယ်
တို့လည်း မောရှေလိုပဲ—စိတ်နူးညံ့ချင်တယ်