သီချင်း ၁၂၈
အဆုံးအထိ ခံရပ်နေပါ
-
၁။ နှုတ်မြွက်တော်နဲ့ ကတိတော်များ
ခံရပ်နိုင်ဖို့ အကြောင်းပေ။
သင်သိရှိလက်ခံထားရာများ
ရင်းမြစ်ခိုင်၊ မှန်ကန်လှပေ။
သန့်ရှင်းယုံကြည်ခြင်းမှာ မြဲနေ၊
စိတ်စွဲလမ်း ဘုရားနေ့ကြီး။
သမာဓိနဲ့ ခိုင်မြဲရပ်တည်၊
စမ်းသပ် သန့်စင်ခံရမယ်။
-
၂။ ပျောက်သွားနိုင်တဲ့ ကနဦးမေတ္တာ၊
ဆက်ရှိနေဖို့ ထိန်းပါ။
အခက်အခဲတွေ ရင်ဆိုင်ရလည်းပဲ
မြဲမြဲတို့ ခံရပ်နေမှာ။
ဘယ်စမ်းသပ်မှုမျိုး တွေ့ရစေ၊
ယုံမှားခြင်း၊ ကြောက်ခြင်း ပယ်ရှား။
ယေဟောဝါ ကယ်လွှတ်ပေးလိမ့်မှာ၊
တို့နား အမြဲရှိနေမှာ။
-
၃။ အဆုံးထိ ခံရပ်သောသူတိုင်း
ကယ်တင်ခံရလိမ့်မယ်။
အသက်စာမှာ သူတို့နာမည်
ရေးမှတ်ထားခြင်း ခံရမယ်။
တို့များ ပန်းတိုင်ထား ကြိုးစားရ၊
ခံရပ်စွမ်း အဆုံးရောက်တဲ့ထိ၊
ယေဟောဝါထံမှ ကောင်းချီးကြောင့်
ဝမ်းမြောက်မှုနဲ့ ပြည့်နေမှာ။
(ဟီ. ၆:၁၉။ ယာ. ၁:၄။ ၂ ပေ. ၃:၁၂။ ဗျာ. ၂:၄ တို့ကိုလည်း ကြည့်ပါ။)