သီချင်း ၁၃၀
ခွင့်လွှတ်တတ်ကြပါ
-
၁။ သေခြင်း ပျောက်ကွယ်စေပြီး
တို့များ အပြစ်လွတ်စေဖို့၊
ယေဟောဝါ သားတော်မှတစ်ဆင့်
မေတ္တာနဲ့ စီမံပေးထား။
တို့များ စစ်မှန်နောင်တရရင်၊
ခရစ်ရွေးဖိုး အခြေပြုပြီး
နာမဖြင့် ခွင့်လွှတ်မှုတောင်းရင်၊
အပြစ်လွှတ်ခြင်း ခံရနိုင်။
-
၂။ ဘုရားနည်းကို ကျင့်သုံး၊
အချင်းချင်း အပြစ်လွှတ်ပြီး
ထောက်ထားမှုနဲ့ မေတ္တာပြရင်
ကရုဏာတော် ခံရမယ်။
ခံရပ်သည်းခံ အချင်းချင်းကို၊
စိတ်ထိခိုက်စရာ ဖယ်ရှားကြ၊
ညီအစ်ကိုချင်း ဂုဏ်တင်ချီးမွမ်းပြီး
အကောင်းဆုံးနည်း မေတ္တာပြကြ။
-
၃။ ကရုဏာဟာ တို့များ
ပြုစုအပ်သော ကောင်းကျင့်ဖြစ်။
ဖယ်ရှားပေး မကျေမချမ်းမှု၊
အမုန်းတရားရဲ့ နာကြည်းမှု။
သာလွန်မေတ္တာရှင် ယေဟောဝါ၊
တို့များ တုပကြသောခါ၊
အပြစ်လွှတ်လိုစိတ် တိုးပွားမယ်၊
ဘုရားနဲ့ တို့တူကြမယ်။