မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၉၁

မေတ္တာနဲ့ ကြိုးပမ်းအားထုတ်မှု

မေတ္တာနဲ့ ကြိုးပမ်းအားထုတ်မှု

(ဆာလံ ၁၂၇:၁)

  1. ၁။ ယေဟောဝါ၊ တစ်နေ့ ကုန်သွား၊

    ရင်ဖွင့်ဆုတောင်းလို ကိုယ်တော်အား။

    ဖော်ပြမပြောတတ်အောင် ဘုရားရှင်

    ဂုဏ်တင် ထောက်မပေး။

    မေတ္တာနဲ့ ကြိုးပမ်းမှုပေါ်

    ကိုယ်တော့်ကောင်းချီးကို မြင်တွေ့ရ။

    တည်ဆောက်ထား တို့လက်နဲ့ အဆောက်အအုံ

    သက်သေ တည်လျက်ပါ။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါရှင်၊ ကိုယ်တော့်တွက်နေရာ

    ဆောက်လုပ်ရခြင်း ခွင့်ထူးပါပဲ။

    တစ်သက်တာလုံး အမှုတော် ဆောင်ရွက်ပြီး ပြုသမျှ

    ကိုယ်တော်အတွက် ချီးမွမ်းခြင်း ဖြစ်စေ။

  2. ၂။ ပျော်ရွှင်မျက်နှာထားတွေ တွေ့ရ၊

    မိတ်ဆွေကောင်းများ ဖြစ်လာကြရ။

    ဒီလိုအမှတ်တရတွေ သိမ်းထားမှာ

    အစဉ် ရင်ထဲမှာ။

    ညီညွတ်စွာ လုပ်ဆောင်ရာမှာ

    သန့်ရှင်းစွမ်းအားတော်ကို တွေ့ရ။

    နာမတော် ထပ်တိုး ထင်ရှားခွင့်ရ၊

    ဆုကျေးဇူး ကြီးလှ။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါရှင်၊ ကိုယ်တော့်တွက်နေရာ

    ဆောက်လုပ်ရခြင်း ခွင့်ထူးပါပဲ။

    တစ်သက်တာလုံး အမှုတော် ဆောင်ရွက်ပြီး ပြုသမျှ

    ကိုယ်တော်အတွက် ချီးမွမ်းခြင်း ဖြစ်စေ။

(ဆာ. ၁၁၆:၁။ ၁၄၇:၁။ ရော. ၁၅:၆ တို့ကိုလည်း ကြည့်ပါ။)