လေ့လာရန် ဆောင်းပါး ၂၈
ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ
“သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။”—၂ တိ. ၃:၁၄။
သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ
အကြိုသုံးသပ်ချက် *
၁။ “အမှန်တရား” ဆိုတာ ဘာလဲ။
“အမှန်တရား ဘယ်လို သိလာတာလဲ၊” “အမှန်တရားထဲမှာ ကြီးပြင်းလာတာလား၊” “အမှန်တရားသက်တမ်း ဘယ်လောက် ရှိပြီလဲ။” သင် အဲဒီလို အမေးခံရဖူးတာ ဒါမှမဟုတ် တစ်ယောက်ယောက်ကို အဲဒီလို မေးခဲ့ဖူးတာ ဖြစ်နိုင်တယ်။ “အမှန်တရား” ဆိုတာ ဘာလဲ။ အများအားဖြင့် ကိုယ့်ယုံကြည်ချက်၊ ဝတ်ပြုပုံ၊ ဘဝလမ်းစဉ်တွေကို ဆိုလိုလေ့ရှိတယ်။ “အမှန်တရား” ထဲမှာ ရှိသူတွေဟာ ကျမ်းစာ သွန်သင်ချက်တွေကို သိပြီး ကျမ်းစာမူတွေအတိုင်း အသက်ရှင်ကြတယ်။ ဒါကြောင့် ဘာသာရေး လိမ်လည်မှုတွေကနေ လွတ်မြောက်လာပြီး လောလောဆယ်မှာတောင် အကောင်းဆုံး ဘဝအသက်တာကို ပျော်မွေ့နေကြတယ်။—ယော. ၈:၃၂။
၂။ ယောဟန် ၁၃:၃၄၊ ၃၅ အရ အမှန်တရားကို လူတစ်ယောက် ဘာကြောင့် နှစ်သက်သွားတာ ဖြစ်နိုင်သလဲ။
၂ အမှန်တရားကို သင် ဘာကြောင့် နှစ်သက်သွားတာလဲ။ ယေဟောဝါလူမျိုးရဲ့ အမူအကျင့်ကောင်းကြောင့် ဖြစ်နိုင်တယ်။ (၁ ပေ. ၂:၁၂) ဒါမှမဟုတ် သူတို့ပြတဲ့ မေတ္တာကြောင့် ဖြစ်နိုင်တယ်။ လူများစွာဟာ ဦးဆုံးအကြိမ် အစည်းအဝေး တက်ချိန်မှာ ကြားရတဲ့ အကြောင်းအရာထက် မြင်တွေ့ရတဲ့ မေတ္တာကို သတိပြုမိပြီး အမြဲ အမှတ်ရနေတတ်ကြတယ်။ အဲဒါ မဆန်းပါဘူး။ အချင်းချင်း ချစ်မယ်ဆိုရင် မိမိတပည့် ဖြစ်မှန်း လူတွေ ခွဲခြားသိလိမ့်မယ်လို့ ယေရှု ပြောခဲ့လို့ပဲ။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) ဒါပေမဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ ဒီထက်မက လိုအပ်တယ်။
၃။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ညီအစ်ကို/မတွေပေါ် ထားတဲ့ မေတ္တာပေါ်ပဲ အခြေခံမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။
၃ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ဘုရားလူမျိုးအပေါ် ထားတဲ့ မေတ္တာပေါ်ပဲ အခြေမခံသင့်ဘူး။ ဘာကြောင့်လဲ။ အဲဒီမေတ္တာ တစ်ခုတည်းပေါ်မှာ အခြေခံထားတာဆိုရင် ယုံကြည်ခြင်း အလွယ်တကူ ပျောက်ဆုံးသွားနိုင်လို့ပဲ။ ဥပမာ၊ အကြီးအကဲ ဒါမှမဟုတ် ရှေ့ဆောင်တစ်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်တဲ့အခါ၊ ညီအစ်ကို/မ ရော. ၁၂:၂။
တစ်ယောက်ယောက် ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ၊ တစ်ယောက်ယောက် အယူဖောက်ပြန်သွားပြီး ကျွန်တော်တို့ ယုံကြည်လက်ခံထားတာတွေ အမှန်တရား မဟုတ်ဘူးလို့ ပြောလာတဲ့အခါ ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းအပေါ် အခြေခံရမယ်။ အဲဒီလို မဟုတ်ဘဲ တခြားသူတွေရဲ့ လုပ်ရပ်ပေါ် အခြေခံမယ်ဆိုရင် ယုံကြည်ခြင်း ခိုင်မာမှာ မဟုတ်ဘူး။ သင့်ယုံကြည်ခြင်းအိမ်ကို ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေလောက်နဲ့ပဲ မတည်ဆောက်သင့်ဘူး။ အဲဒါတွေက ဆောက်လုပ်ရေးပစ္စည်း အပျော့စားတွေနဲ့ တူတယ်။ အမာစားပစ္စည်းတွေ ဖြစ်တဲ့ ခိုင်မာတဲ့ အချက်အလက်၊ အထောက်အထားတွေနဲ့လည်း တည်ဆောက်ရမယ်။ ကျမ်းစာမှာ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရား ပါတယ်ဆိုတာ ယုံကြည်လက်ခံရမယ်။—၄။ မဿဲ ၁၃:၃-၆၊ ၂၀၊ ၂၁ အရ ယုံကြည်ခြင်း စမ်းသပ်ခံရတဲ့အခါ တချို့ ဘာဖြစ်သွားကြသလဲ။
၄ လူတချို့ အမှန်တရားကို “ဝမ်းသာအားရ” လက်ခံကြပေမဲ့ စမ်းသပ်မှု ကြုံရတဲ့အခါ ယုံကြည်ခြင်း ညှိုးနွမ်းသွားမယ်လို့ ယေရှု ပြောတယ်။ (မဿဲ ၁၃:၃-၆၊ ၂၀၊ ၂၁ ကိုဖတ်ပါ။) ယေရှုနောက် လိုက်ရင် အခက်အခဲ ကြုံရမယ်ဆိုတာ နားမလည်လို့ ဖြစ်နိုင်တယ်။ (မ. ၁၆:၂၄) ဒါမှမဟုတ် ခရစ်ယာန်လမ်းစဉ်ဟာ ဒုက္ခကင်းပြီး ကောင်းချီးတွေပဲ ရမယ့် လမ်းစဉ်လို့ ထင်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီစနစ်ကြီးထဲမှာတော့ အခက်အခဲဆိုတာ ရှိမှာပဲ။ အခြေအနေ အပြောင်းအလဲတွေကြောင့် ပျော်ရွှင်မှု ခဏတစ်ဖြုတ် ပျောက်ဆုံးသွားနိုင်တယ်။—ဆာ. ၆:၆။ ဒေ. ၉:၁၁။
၅။ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်တာကို ယုံကြည်စိတ်ချကြောင်း ညီအစ်ကို/မ အများစု ဘယ်လို သက်သေပြနေကြသလဲ။
၅ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်တာကို ယုံကြည်စိတ်ချကြောင်း ညီအစ်ကို/မ အများစု သက်သေပြနေကြတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ယုံကြည်သူချင်း တစ်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ ဒါမှမဟုတ် ခရစ်ယာန်မဆန်တဲ့ အကျင့်တွေ ကျင့်တဲ့အခါ သူတို့ရဲ့ ယုံကြည်စိတ်ချမှု ယိမ်းယိုင်မသွားလို့ပဲ။ (ဆာ. ၁၁၉:၁၆၅) စမ်းသပ်မှု ကြုံရတိုင်း ယုံကြည်ခြင်း အားနည်းသွားမယ့်အစား ပိုခိုင်မာလာတယ်။ (ယာ. ၁:၂-၄) အဲဒီလို ခိုင်မာတဲ့ ယုံကြည်ခြင်းမျိုး ရှိအောင် ဘယ်လို တည်ဆောက်နိုင်သလဲ။
‘တိကျမှန်ကန်စွာ သိကျွမ်းပါ’
၆။ ပထမရာစု ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းကို ဘယ်အပေါ် တည်ဆောက်ခဲ့ကြသလဲ။
၆ ပထမရာစု ခရစ်ယာန်တွေဟာ သူတို့ရဲ့ ယုံကြည်ခြင်းကို “သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရား” ပေါ်မှာ တည်ဆောက်ထားတယ်။ (ဂလ. ၂:၅) သတင်းကောင်းနဲ့ဆိုင်တဲ့ အဲဒီအမှန်တရားထဲမှာ ကျမ်းစာ အသိပညာ၊ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ ထမြောက်ခြင်းနဲ့ ခရစ်ယာန်သွန်သင်ချက် အားလုံး ပါဝင်တယ်။ အဲဒီသွန်သင်ချက်တွေ မှန်ကန်ကြောင်း တမန်တော် ပေါလု ယုံကြည်စိတ်ချတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ‘ခရစ်တော်ဟာ ဆင်းရဲဒုက္ခခံရမယ်၊ သေရာကနေ အသက်ပြန်ရှင်ရမယ်ဆိုတဲ့ အကိုးအကားတွေကို ထောက်ပြ’ ဖို့ ကျမ်းစာကို သုံးခဲ့လို့ပဲ။ (တ. ၁၇:၂၊ ၃) အဲဒီသွန်သင်ချက်တွေကို ပထမရာစု ခရစ်ယာန်တွေ လက်ခံတယ်။ ကျမ်းစာကို နားလည်ဖို့ စွမ်းအားတော် အကူအညီကို အားကိုးခဲ့ကြတယ်။ (တ. ၁၇:၁၁၊ ၁၂။ ဟီ. ၅:၁၄) ကိုယ့်ယုံကြည်ခြင်းကို ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေပေါ်မှာပဲ မတည်ဆောက်ဘူး။ ယုံကြည်သူချင်းတွေနဲ့ ပေါင်းရတာကို နှစ်သက်ရုံလောက်နဲ့ပဲ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ကြတာ မဟုတ်ဘူး။ အဲဒီအစား ယုံကြည်ခြင်းကို ‘ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာ သိကျွမ်း’ ခြင်းပေါ် တည်ဆောက်ကြတယ်။—ကော. ၁:၉၊ ၁၀။
၇။ ကျမ်းစာ အမှန်တရားကို ယုံကြည်ခြင်းက ကျွန်တော်တို့ကို ဘာဖြစ်စေမလဲ။
၇ ကျမ်းစာ အမှန်တရားဟာ ထာဝစဉ် တည်မြဲတယ်။ (ဆာ. ၁၁၉:၁၆၀) ဥပမာ၊ ယုံကြည်သူချင်း တစ်ယောက် စိတ်ထိခိုက်အောင် လုပ်လို့၊ ကြီးလေးတဲ့ အပြစ် ကျူးလွန်လို့၊ ကျွန်တော်တို့ ဒုက္ခတွေ ကြုံရလို့ အမှန်တရားကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျမ်းစာ သွန်သင်ချက်တွေကို ကောင်းကောင်း အကျွမ်းဝင်ဖို့၊ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ လိုတယ်။ ကျမ်းစာ အမှန်တရားပေါ် တည်ဆောက် ထားတဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်းဟာ စမ်းသပ်မှု ကြုံရချိန်တွေမှာ ကျွန်တော်တို့ကို တည်ငြိမ်စေတယ်။ မုန်တိုင်းထန်ချိန်မှာ သင်္ဘောကို တည်ငြိမ်စေတဲ့ ကျောက်ဆူးလိုပါပဲ။ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချမှု ပိုခိုင်မာလာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။
‘လက်ခံယုံကြည်ပါ’
၈။ ၂ တိမောသေ ၃:၁၄၊ ၁၅ အရ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း တိမောသေ ဘယ်လို ယုံကြည်စိတ်ချလာသလဲ။
၈ မိမိရဲ့ ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း တိမောသေ ယုံကြည်စိတ်ချတယ်။ ဘာကြောင့် အဲဒီလို ယုံကြည်စိတ်ချတာလဲ။ (၂ တိမောသေ ၃:၁၄၊ ၁၅ ကိုဖတ်ပါ။) “သမ္မာကျမ်းစာ” သွန်သင်ချက်တွေကို အမေနဲ့ အဖွားဆီကနေ တိမောသေ အရင်ဆုံး သင်ယူသိရှိလာတယ်။ ဒါပေမဲ့ ကိုယ်တိုင်လည်း အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး လေ့လာဆည်းပူးမှာ သေချာတယ်။ ဒါကြောင့် ကျမ်းစာမှာ အမှန်တရားတွေ ပါဝင်ကြောင်း “လက်ခံယုံကြည်” လာတယ်။ နောက်ပိုင်းမှာ တိမောသေ၊ အမေနဲ့ အဖွားတို့ ခရစ်ယာန် သွန်သင်ချက်တွေအကြောင်း သိလာတယ်။ ယေရှုရဲ့ နောက်လိုက်တွေ ပြတဲ့ မေတ္တာကို တိမောသေ စိတ်စွဲမှတ်ပြီး သူတို့နဲ့ ပေါင်းသင်းချင်လာတယ်၊ သူတို့ကို ဂရုစိုက်စောင့်ရှောက်ပေးချင်လာတယ်။ (ဖိ. ၂:၁၉၊ ၂၀) ဒါပေမဲ့ တိမောသေရဲ့ ယုံကြည်ခြင်းဟာ ညီအစ်ကို/မတွေပေါ် ထားတဲ့ ခံစားချက်ပေါ်မှာပဲ အခြေမခံဘူး။ ယေဟောဝါနဲ့ ရင်းနှီးလာစေတဲ့ ကျမ်းစာ သွန်သင်ချက်တွေပေါ် အခြေခံတယ်။ သင်လည်း ယေဟောဝါနဲ့ပတ်သက်တဲ့ သွန်သင်ချက်တွေကို ယုံကြည်စိတ်ချလာအောင် ကိုယ်တိုင် လေ့လာဆည်းပူးရမယ်။
၉။ ဘယ်အခြေခံ အမှန်တရား သုံးခုကို ယုံကြည်စိတ်ချလာအောင် လုပ်ဖို့ လိုသလဲ။
၉ အရင်ဆုံး အခြေခံ ကျမ်းစာ အမှန်တရား သုံးခုကို ယုံကြည်စိတ်ချရမယ်။ ပထမ၊ ယေဟောဝါဟာ အရာခပ်သိမ်း ဖန်ဆင်းရှင် ဖြစ်ကြောင်း ယုံကြည်စိတ်ချရမယ်။ (ထွ. ၃:၁၄၊ ၁၅။ ဟီ. ၃:၄။ ဗျာ. ၄:၁၁) ဒုတိယ၊ ကျမ်းစာဟာ လူသားတွေအတွက် ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ သတင်းစကား ဖြစ်ကြောင်း ယုံကြည်စိတ်ချရမယ်။ (၂ တိ. ၃:၁၆၊ ၁၇) တတိယ၊ ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်မှာ ဝတ်ပြုဖို့ ဖွဲ့စည်းထားတဲ့ အုပ်စုတစ်စု ယေဟောဝါမှာ ရှိကြောင်း၊ အဲဒီအုပ်စုဟာ ယေဟောဝါသက်သေတွေ ဖြစ်ကြောင်း ယုံကြည်စိတ်ချရမယ်။ (ဟေရှာ. ၄၃:၁၀-၁၂။ ယော. ၁၄:၆။ တ. ၁၅:၁၄) အဲဒီအခြေခံ အမှန်တရားတွေကို ယုံကြည်စိတ်ချလာဖို့ ကျမ်းစာကို အထူးတလည် တတ်ကျွမ်းနေဖို့ မလိုပါဘူး။ သင့်ပန်းတိုင်ဟာ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးပြီး ယုံကြည်စိတ်ချမှု ခိုင်မာလာအောင် လုပ်ဖို့ ဖြစ်သင့်တယ်။—ရော. ၁၂:၁။
တခြားသူတွေ ယုံကြည်စိတ်ချလာအောင် ကူညီပေးဖို့ အသင့်ပြင်ထားပါ
၁၀။ အမှန်တရားကို သိတဲ့အပြင် ဘာလုပ်နိုင်ဖို့ လိုအပ်သလဲ။
၁၀ ဘုရားသခင်၊ ကျမ်းစာ၊ ဘုရားသခင့် လူမျိုးနဲ့ပတ်သက်တဲ့ အခြေခံ အမှန်တရား သုံးခုကို ယုံကြည်စိတ်ချလာပြီ ဆိုတာနဲ့ အဲဒီအမှန်တရားတွေကို တခြားသူတွေ ယုံကြည်စိတ်ချလာအောင် ကျမ်းစာ သုံးပြီး ကူညီပေးနိုင်သင့်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်တစ်ယောက်အနေနဲ့ နားထောင်လိုသူတွေကို အမှန်တရား သွန်သင်ပေးဖို့ တာဝန်ရှိလို့ပဲ။ * (၁ တိ. ၄:၁၆) ကျမ်းစာ အမှန်တရားတွေကို တခြားသူတွေ ယုံကြည်စိတ်ချလာအောင် ကူညီပေးတဲ့အခါ ကိုယ့်ယုံကြည်စိတ်ချမှုလည်း ခိုင်မာလာတယ်။
၁၁။ အမှန်တရား သွန်သင်ပေးတဲ့အခါ တမန်တော် ပေါလုကို ဘယ်လို တုပနိုင်သလဲ။
၁၁ တမန်တော် ပေါလုဟာ လူတွေကို သွန်သင်ပေးတဲ့အခါ “မောရှေပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေကို ကိုးကားပြီး ယေရှုအကြောင်း သူတို့ နားလည်လက်ခံလာအောင် ရှင်းပြတယ်။” (တ. ၂၈:၂၃) အမှန်တရား သွန်သင်ပေးတဲ့အခါ ပေါလုကို ဘယ်လို တုပနိုင်သလဲ။ ကျမ်းချက်တွေ ကိုးကားပြရုံနဲ့ မလုံလောက်ဘူး။ ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် ကျမ်းစာကို ကျိုးကြောင်းဆင်ခြင်တတ်ဖို့ သင်သားတွေကို ကူညီပေးရမယ်။ ကျွန်တော်တို့ကို အထင်ကြီးလေးစားလို့ မဟုတ်ဘဲ မေတ္တာရှင် ဖခင်နဲ့ပတ်သက်ပြီး သိရှိလာတာတွေကို ယုံကြည်စိတ်ချလို့ အမှန်တရားကို လက်ခံတာမျိုးပဲ ဖြစ်စေချင်တယ်။
၁၂-၁၃။ အမှန်တရားမှာ သားသမီးတွေ ဆက်ရှိနေအောင် မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂ မိဘတို့၊ သားသမီးတွေကို အမှန်တရားထဲ ဆက်ရှိစေချင်မှာ သေချာတယ်။ အသင်းတော်မှာ အပေါင်းအသင်းကောင်းတွေ ရှိနေရင် ဘုရားရေးရာဘက် သူတို့ တိုးတက်လာမယ်လို့ သင်တို့ ယူဆနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း သားသမီးတွေ ယုံကြည်စိတ်ချလာဖို့ဆိုရင် မိတ်ဆွေကောင်းတွေ ရှိရုံထက်မက လိုအပ်တယ်။ ဘုရားသခင်နဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိရမယ်။ ကျမ်းစာ သွန်သင်ချက်တွေဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချရမယ်။
၁၃ မိဘတွေဟာ သားသမီးတွေကို ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း သွန်သင်နိုင်ဖို့ဆိုရင် ကျမ်းစာ လေ့လာရာမှာ ကိုယ်တိုင် ပုံသက်သေကောင်း ပြရမယ်။ သိလာတာတွေကို တွေးတောဆင်ခြင်ဖို့ အချိန်ယူရမယ်။ ဒါမှ သားသမီးတွေကို အဲဒီအတိုင်း လုပ်ဖို့ သွန်သင်ပေးနိုင်မယ်။ လေ့လာမှု အထောက်အကူပြု ကိရိယာတွေ သုံးတတ်အောင် ကျမ်းစာသင်သားတွေကို သင်ပေးသလို သားသမီးတွေကိုလည်း သင်ပေးဖို့ လိုတယ်။ ဒီနည်းအားဖြင့် ယေဟောဝါကို သားသမီးတွေ ကျေးဇူးတင်တတ်လာမယ်။ အချိန်တန် မ. ၂၄:၄၅-၄၇) မိဘတို့၊ သားသမီးတွေကို အခြေခံ ကျမ်းစာ အမှန်တရားတွေ သင်ပေးရုံလောက်နဲ့ပဲ မကျေနပ်ပါနဲ့။ သူတို့ရဲ့ အသက်အရွယ်၊ သင်ယူနိုင်စွမ်းအလိုက် “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေ” ကို သွန်သင်ပေးခြင်းအားဖြင့် ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိလာအောင် ကူညီပေးပါ။—၁ ကော. ၂:၁၀။
ကျမ်းစာ အကြောင်းအရာတွေ ဖြန့်ဝေပေးဖို့ ဘုရား သုံးနေတဲ့ သစ္စာနဲ့ သတိပညာရှိ ကျွန်ကို လေးမြတ်လာမယ်။ (ကျမ်းစာ ပရောဖက်ပြုချက်တွေကို လေ့လာပါ
၁၄။ ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘာကြောင့် လေ့လာသင့်သလဲ။ (“ ဒီပရောဖက်ပြုချက်တွေကို သင် ရှင်းပြနိုင်သလား” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၄ ပရောဖက်ပြုချက်တွေဟာ ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မာလာအောင် ကူညီပေးတဲ့ ကျမ်းစာထဲက အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဘယ်ပရောဖက်ပြုချက်တွေက သင့်ယုံကြည်ခြင်းကို ခိုင်မာစေသလဲ။ “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေလို့ သင် ပြောကောင်း ပြောမယ်။ (၂ တိ. ၃:၁-၅။ မ. ၂၄:၃၊ ၇) ဒါပေမဲ့ ပြည့်စုံပြီးသား တခြား ဘယ်ပရောဖက်ပြုချက်တွေက သင့်ယုံကြည်စိတ်ချမှုကို ခိုင်မာစေနိုင်သလဲ။ ဥပမာ၊ ဒံယေလ အခန်းကြီး ၂ ဒါမှမဟုတ် အခန်းကြီး ၁၁ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်တွေ ဘယ်လို ပြည့်စုံခဲ့သလဲ၊ ပြည့်စုံနေသလဲ ဆိုတာ ရှင်းပြနိုင်သလား။ * ကျမ်းစာအပေါ် အခိုင်အမာ အခြေပြုထားတဲ့ ယုံကြည်ခြင်းဟာ အလွယ်တကူ မပျက်စီးနိုင်ဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီမှာ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ညီအစ်ကိုတွေအကြောင်း စဉ်းစားကြည့်ပါ။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေအကြောင်း ကောင်းကောင်း နားမလည်ပေမဲ့ ကျမ်းစာကို အခိုင်အမာ ယုံကြည်ခဲ့ကြတယ်။
၁၅-၁၇။ ကျမ်းစာ လေ့လာခြင်းက နာဇီတွေရဲ့ နှိပ်စက်မှု ခံရတဲ့ ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးခဲ့သလဲ။
၁၅ နာဇီ ဂျာမနီ အုပ်ချုပ်မှုအောက်မှာ ညီအစ်ကို/မ ထောင်ပေါင်းများစွာဟာ ချွေးတပ်စခန်းတွေဆီ ပို့ခံရတယ်။ ဟစ်တလာနဲ့ အက်စ်အက်စ် ခေါင်းဆောင် ဟိန်းရစ်ခ်ျ ဟင်းမလားတို့ဟာ ယေဟောဝါသက်သေတွေကို မုန်းတယ်။ ညီအစ်မတစ်ယောက်ရဲ့ အဆိုအရ ချွေးတပ်စခန်းတစ်ခုမှာ ဟင်းမလားက ညီအစ်မတွေကို ဒီလိုပြောတယ်– “မင်းတို့ ယေဟောဝါက ကောင်းကင်မှာ အုပ်ချုပ်နေတာ ဟုတ်ချင် ဟုတ်မယ်။ ဒီကမ္ဘာပေါ်မှာတော့ ငါတို့ အုပ်ချုပ်နေတာ။ မင်းတို့ပဲ
ကျန်မလား၊ ငါတို့ပဲ ကျန်မလား ပြရသေးတာပေါ့။” ဆက်သစ္စာရှိဖို့ ယေဟောဝါရဲ့ လူမျိုးကို ဘာက ကူညီပေးခဲ့သလဲ။၁၆ ၁၉၁၄ မှာ ဘုရားနိုင်ငံတော် စအုပ်စိုးပြီဆိုတာ အဲဒီကျမ်းစာကျောင်းသားတွေ သိတယ်။ အပြင်းအထန် ဆန့်ကျင်ခံရတာကို မအံ့ဩကြဘူး။ ဘုရားသခင့် ရည်ရွယ်ချက် မပြည့်စုံအောင် ဘယ်လူ့အစိုးရကမှ မတားဆီးနိုင်မှန်း သူတို့ ယုံကြည်စိတ်ချတယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဟစ်တလာ တိုက်ဖျက်နိုင်မှာ မဟုတ်ဘူး။ ဘုရားနိုင်ငံတော်ကို အန်တုနိုင်မယ့် အစိုးရကိုလည်း တည်ထောင်နိုင်မှာ မဟုတ်ဘူး။ ဟစ်တလာရဲ့ အုပ်ချုပ်မှု တစ်နည်းမဟုတ် တစ်နည်းနဲ့ အဆုံးတိုင်သွားမယ်ဆိုတာ ညီအစ်ကိုတွေ ယုံကြည်စိတ်ချတယ်။
၁၇ သူတို့ရဲ့ ယုံကြည်စိတ်ချမှု မမှားခဲ့ပါဘူး။ မကြာခင်မှာပဲ နာဇီအုပ်ချုပ်မှု ကျဆုံးသွားတယ်။ “ဒီကမ္ဘာပေါ်မှာတော့ ငါတို့ အုပ်ချုပ်နေတာ” လို့ ဟစ်ကြွေးခဲ့တဲ့ ဟိန်းရစ်ခ်ျ ဟင်းမလားလည်း အသက်လု ပြေးခဲ့ရတယ်။ အဲဒီအတောအတွင်း အကျဉ်းသားဟောင်း ညီအစ်ကို လူကာနဲ့ ဆုံတယ်။ သူ့ကို ဟင်းမလား မှတ်မိသွားတယ်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ ကျမ်းစာကျောင်းသားကြီး” ဆိုပြီး ညီအစ်ကို လူကာကို စိတ်ပျက်လက်ပျက် မေးတယ်။ လူကာလည်း နာဇီ အုပ်ချုပ်မှု ကျဆုံးမယ်၊ မိမိတို့ လွတ်မြောက်မယ်ဆိုတာ ယေဟောဝါသက်သေတွေ အစကတည်းက သိထားကြောင်း ရှင်းပြလိုက်တယ်။ ယေဟောဝါသက်သေတွေကို အကြီးအကျယ် ပုတ်ခတ်ခဲ့တဲ့ ဟင်းမလား ပြောစရာစကား မရှိတော့ဘူး။ မကြာခင်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ ဘာသင်ခန်းစာ ရသလဲ။ ပရောဖက်ပြုချက်တွေ အပါအဝင် ကျမ်းစာကို လေ့လာမယ်ဆိုရင် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ခိုင်မာလာမယ်၊ စမ်းသပ်မှုတွေ ရင်ဆိုင်ရချိန်မှာ ခံနိုင်ရည် ရှိလာမယ်။—၂ ပေ. ၁:၁၉-၂၁။
၁၈။ ပေါလု ပြောခဲ့တဲ့ ‘တိကျမှန်ကန်တဲ့ အသိပညာနဲ့ ပိုင်းခြားသိမြင်မှု’ ကို ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ။
၁၈ ကျွန်တော်တို့ ယောက်တိုင်း ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ဖြစ်တဲ့ မေတ္တာကို ပြသင့်တယ်။ ဒါပေမဲ့ ‘တိကျမှန်ကန်တဲ့ အသိပညာနဲ့ ပိုင်းခြားသိမြင်မှု’ လည်း လိုအပ်တယ်။ (ဖိ. ၁:၉) အဲဒါတွေ မရှိဘူးဆိုရင် အယူဖောက်ပြန်သူတွေ အပါအဝင် ‘လှည့်ဖြားသူတွေရဲ့ မှားယွင်းတဲ့ သွန်သင်ချက်ကို’ နားယောင်မိသွားနိုင်တယ်။ (ဧ. ၄:၁၄) အေဒီ ပထမရာစုမှာ တပည့်များစွာ ယေရှုနောက် ဆက်မလိုက်ကြတော့ပေမဲ့ တမန်တော် ပေတရုကတော့ ယေရှုဆီမှာ “ထာဝရအသက် ရစေတဲ့ စကားတွေ” ရှိတာကို အခိုင်အမာ ယုံကြည်ကြောင်း ပြောခဲ့တယ်။ (ယောဟန် ၆:၆၇၊ ၆၈ ကိုဖတ်ပါ။) အဲဒီစကားတွေရဲ့ အသေးစိတ် အချက်အလက်ကို ပေတရု နားမလည်ပေမဲ့ ခရစ်တော်နဲ့ပတ်သက်တဲ့ အမှန်တရားကို နားလည်လို့ ဆက်သစ္စာရှိနိုင်ခဲ့တယ်။ သင်လည်း ကျမ်းစာ သွန်သင်ချက်တွေအပေါ် ယုံကြည်စိတ်ချမှု ပိုခိုင်မာအောင် လုပ်နိုင်တယ်။ ဒါဆိုရင် စမ်းသပ်မှု ကြုံရချိန်တွေမှာ ယုံကြည်ခြင်း ခိုင်မာနေမှာ ဖြစ်သလို တခြားသူတွေကိုလည်း ခိုင်မာတဲ့ ယုံကြည်ခြင်း တည်ဆောက်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။—၂ ယော. ၁၊ ၂။
သီချင်း ၇၂ နိုင်ငံတော် အမှန်တရားကို ကြားသိစေခြင်း
^ အပိုဒ်၊ 5 ကျမ်းစာ အမှန်တရားကို တန်ဖိုးထားတတ်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာစေမယ့် နည်းတွေကိုလည်း ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 10 အခြေခံ ကျမ်းစာ အမှန်တရားတွေကို တခြားသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ရာမှာ အကူအညီ ရဖို့ ၂၀၁၀ ကနေ ၂၀၁၅ ကင်းမျှော်စင်တွေမှာ ပါတဲ့ “အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း” ဆောင်းပါးတွဲတွေကို ကြည့်ပါ။ “ယေရှုက ဘုရားသခင်လား၊” “ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ၊” “ဘုရားသခင်က လူတွေကို မီးငရဲမှာ အပြစ်ပေးသလား” ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်တယ်။
^ အပိုဒ်၊ 14 အဲဒီပရောဖက်ပြုချက်တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုကို ၂၀၁၂၊ ဇွန် ၁၅၊ ၂၀၂၀ မေလထုတ် ကင်းမျှော်စင် ဆောင်းပါးတွေမှာ ကြည့်ပါ။
^ အပိုဒ်၊ 60 ပုံအညွှန်း– မိသားစု ဝတ်ပြုမှုမှာ မိဘတွေက ကြီးစွာသောဒုက္ခနဲ့ပတ်သက်တဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေကို သားသမီးတွေနဲ့အတူ လေ့လာနေတယ်။
^ အပိုဒ်၊ 62 ပုံအညွှန်း– ကြီးစွာသောဒုက္ခအတွင်း အဲဒီမိသားစုဟာ ဖြစ်ပျက်လာရာတွေကြောင့် အံ့ဩမှာ မဟုတ်။