ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ
“ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ သိကြပါစေ။”—ဆာ. ၈၃:၁၈။
၁၊ ၂။ (က) ဘယ်ကြီးလေးတဲ့ အရေးကိစ္စကို လူသားအားလုံး ရင်ဆိုင်နေရသလဲ။ (ခ) အဲဒီကိစ္စကို သဘောပေါက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
လူများစွာအတွက် ငွေဟာ ကြီးမားတဲ့အရေးကိစ္စ ဖြစ်တယ်။ ပစ္စည်းဥစ္စာ စုဆောင်းဖို့၊ ပိုင်ဆိုင်တာတွေ ထိန်းသိမ်းထားဖို့ပဲ အာရုံစိုက်ကြတယ်။ တချို့ကတော့ မိသားစု၊ ကျန်းမာရေး၊ အောင်မြင်မှုတွေကို ကြီးမားတဲ့အရေးကိစ္စအဖြစ် ရှုမြင်ကြတယ်။
၂ ဒါပေမဲ့ လူသားတွေ ရင်ဆိုင်နေရတဲ့၊ သိပ်ကြီးလေးတဲ့ အရေးကိစ္စကတော့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးပါပဲ။ ဒီအရေးကြီးကိစ္စကို မျက်ခြည်မပြတ်သွားအောင် ဂရုစိုက်ရမယ်။ ဘယ်လိုနည်းနဲ့ မျက်ခြည်ပြတ်သွားနိုင်သလဲ။ နေ့စဉ် လုပ်ဆောင်ရမယ့်အရာတွေကိုပဲ အာရုံစိုက်လွန်းလို့ ဘုရားသခင့် အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးရဲ့ အရေးကြီးမှုကို မေ့လျော့သွားနိုင်တယ်။ ဘဝပြဿနာတွေကြောင့် အဲဒီကိစ္စကြီး မှေးမှိန်သွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးကို သဘောပေါက်လေ ဘဝပြဿနာတွေကို ရင်ဆိုင်ဖို့ ပိုအသင့်ဖြစ်လေပါပဲ။ ယေဟောဝါနဲ့လည်း ပိုရင်းနှီးစေပါလိမ့်မယ်။
ဘာကြောင့် အရေးကြီး
၃။ ဘုရားသခင့် အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး စာတန် ဘယ်လို စွပ်စွဲသလဲ။
၃ စာတန်မာရ်နတ်ရဲ့ လုပ်ရပ်ကြောင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ဖြောင့်မှန်မှုက. ၃:၁-၅) ဘယ်လူသားမှ ဘုရားသခင်အပေါ် သစ္စာမစောင့်သိချင်ဘူး၊ ဘယ်သူမဆို အတော်အတန် ဖိအားပေးခံရရင် ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်လိမ့်မယ်လို့လည်း စာတန် စွပ်စွဲတယ်။ (ယောဘ ၂:၄၊ ၅) မာရ်နတ်ရဲ့ စိန်ခေါ်မှုကြောင့် ဘုရားအုပ်ချုပ်မှုမပါရင် ဆင်းရဲဒုက္ခ ခံစားရမယ်ဆိုတဲ့ အမှန်တရားကို ကိုယ်တွေ့ခံစားဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။
နဲ့ပတ်သက်တဲ့ မေးခွန်းပေါ်လာတယ်။ ဘုရားသခင့် အုပ်ချုပ်မှု ပျက်ယွင်းနေတယ်၊ ဖန်ဆင်းရာတွေကို အကောင်းဆုံးအရာတွေ မပေးဘဲ ထိမ်ချန်ထားတယ်လို့ စာတန် စွပ်စွဲတယ်။ လူသားတွေ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ရင် ပိုပျော်ရွှင်ကောင်းစားမယ်လို့ မာရ်နတ် ဆိုလိုတယ်။ (၄။ အချုပ်အခြာအာဏာ အရေးကိစ္စကို ဘာကြောင့် ဖြေရှင်းရမလဲ။
၄ စာတန့်စွပ်စွဲချက် မှားကြောင်း ယေဟောဝါ သိတယ်။ ဒါဆိုရင် သက်သေပြဖို့ စာတန်ကို ဘုရားသခင် ဘာကြောင့် အချိန်ပေးနေရသလဲ။ ဒီကိစ္စမှာ အသိဉာဏ်ရှိ ဖန်ဆင်းရာအားလုံး ပါဝင်ပတ်သက်နေတယ်။ (ဆာလံ ၈၃:၁၈ ကိုဖတ်ပါ။) ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ပထမလူသားမောင်နှံ ငြင်းပယ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တခြားသူများစွာလည်း ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် မာရ်နတ်ရဲ့ စွပ်စွဲချက် ဟုတ်မှန်နေမလားလို့ တချို့ တွေးမိနိုင်တယ်။ လူသားတွေ၊ ကောင်းကင်တမန်တွေရဲ့ စိတ်ထဲ ဒီပြဿနာ မဖြေရှင်းသေးသရွေ့ နိုင်ငံ၊ လူမျိုး၊ မိသားစု၊ လူတွေ သဘောထားကွဲလွဲနိုင်တယ်။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းသွားတဲ့အခါမှာတော့ ကိုယ်တော့် ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုကို အားလုံး ထာဝစဉ် လက်အောက်ခံကြပါလိမ့်မယ်။ စကြဝဠာတစ်ခုလုံး ပြန်ငြိမ်းချမ်းလာပါလိမ့်မယ်။—ဧ. ၁:၉၊ ၁၀။
၅။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာဘက် ရပ်တည်ရာမှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ဘာလဲ။
၅ ဘုရားသခင့် အချုပ်အခြာအာဏာရဲ့ ဖြောင့်မှန်မှု သံသယကင်းရှင်းသွားပါလိမ့်မယ်။ စာတန်နဲ့ လူ့အုပ်ချုပ်မှု လုံးဝ ကျၡုံးပြီး ဖယ်ရှားခံရမယ်။ မေရှိယနိုင်ငံတော်အားဖြင့် ဘုရားသခင့် အုပ်ချုပ်မှု အောင်မြင်ပါလိမ့်မယ်။ ဘုရားအုပ်ချုပ်မှုဘက် လူသားတွေ ရပ်တည်နိုင်ကြောင်း သမာဓိစောင့်ထိန်းသူတွေ သက်သေပြကြရမယ်။ (ဟေရှာ. ၄၅:၂၃၊ ၂၄) ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို သမာဓိရှိရှိ ထောက်ခံသူ ဖြစ်ချင်သလား။ ဖြစ်ချင်မှာ သေချာပါတယ်။ သမာဓိစောင့်ထိန်းသူဖြစ်ဖို့ ကြီးမားတဲ့အရေးကိစ္စကို အာရုံစိုက်ရမယ်။ အဲဒီကိစ္စရဲ့ အရေးကြီးမှုကို နားလည်ရမယ်။
ကယ်တင်ခြင်းထက် သံသယကင်းရှင်းရေး ပိုအရေးကြီး
၆။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေး ဘယ်လောက် အရေးကြီးသလဲ။
၆ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးဟာ လူသားတွေ ပါဝင်ပတ်သက်နေတဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့ ပျော်ရွှင်မှုထက် ပိုအရေးကြီးတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းက အရေးမကြီးဘူး၊ ကျွန်တော်တို့ကို ယေဟောဝါ ဂရုမစိုက်ဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဘာကြောင့်လဲ။
၇၊ ၈။ ဘုရားသခင့် အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးမှာ ကတိတော်တွေ ပြည့်စုံခြင်း ဘာကြောင့် ပါဝင်သလဲ။
၇ လူသားတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ ကျွန်တော်တို့ ထာဝရကယ်တင်ခြင်း ရဖို့ သားတော်ရဲ့သွေးကို တလိုတလား အသုံးပြုခဲ့တယ်။ (ယော. ၃:၁၆။ ၁ ယော. ၄:၉) ယေဟောဝါသာ ကတိပျက်ရင် ဘုရားက ကောင်းတာတွေကို ထိမ်ချန်ပြီး မတရားနည်းနဲ့ အုပ်ချုပ်တဲ့ မုသာသမားဖြစ်တယ်ဆိုတဲ့ စာတန်ရဲ့ စွပ်စွဲချက်တွေ မှန်သွားပါလိမ့်မယ်။ “ခရစ်တော် ရောက်ရှိမယ်ဆိုတဲ့ ကတိက ဘယ်မှာလဲ။ ဘိုးဘေးတွေ သေခြင်းမှာ အိပ်ပျော်ချိန်ကတည်းက ဘာမှ မပြောင်းလဲပါဘူး။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တုန်းကလိုပဲ အရာအားလုံးဟာ အဲဒီအတိုင်း ဆက်ဖြစ်နေတာပဲ” လို့ ကဲ့ရဲ့လှောင်ပြောင်တဲ့ ဆန့်ကျင်သူတွေလည်း မှန်သလို ဖြစ်သွားမယ်။ (၂ ပေ. ၃:၃၊ ၄) ဒါကြောင့် အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးမှာ နာခံမှုရှိတဲ့ လူသားတွေရဲ့ ကယ်တင်ခြင်း ပါဝင်ဖို့ ယေဟောဝါ အသေအချာ လုပ်ဆောင်ပါလိမ့်မယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုဖတ်ပါ။) ဒီ့အပြင် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ ဟာ မေတ္တာပေါ် အခြေခံတယ်။ ဒါကြောင့် သစ္စာရှိကျေးကျွန်တွေကို အမြဲ မေတ္တာရှိမယ်၊ တန်ဖိုးထားမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ထွ. ၃၄:၆။
၈ ယေဟောဝါ့ အချုပ်အခြာအာဏာရဲ့ အရေးကြီးမှုကို အသိအမှတ်ပြုခြင်းက ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းကိုဖြစ်စေ၊ ဘုရားသခင်ရှေ့ ကျွန်တော်တို့ရဲ့ တန်ဖိုးကိုဖြစ်စေ မသေးသိမ်စေပါဘူး။ အချုပ်အခြာအာဏာနဲ့ ကယ်တင်ခြင်းကို တော်မှန်စွာ ရှုမြင်နေတာပါ။ ဒီကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ဖို့၊ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ အုပ်ချုပ်မှုဘက် ရပ်တည်ဖို့ဆိုရင် တော်မှန်တဲ့အမြင်ရှိဖို့ အရေးကြီးတယ်။
အမြင်သဘောထားနဲ့ပတ်သက်တဲ့ သင်ခန်းစာ
၉။ ယောဘနဲ့ပတ်သက်ပြီး စာတန် ဘယ်လို စွပ်စွဲခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၉ တော်မှန်တဲ့အမြင်ရှိဖို့ လိုအပ်ကြောင်း အစောဆုံး ရေးသားခဲ့တဲ့ ယောဘကျမ်းမှာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ ပြင်းထန်တဲ့ ဆင်းရဲဒုက္ခ ခံစားရတဲ့အခါ ဘုရားသခင်ကို ယောဘ ငြင်းပယ်မယ်လို့ စာတန် စွပ်စွဲခဲ့တယ်။ ယောဘကို ဘုရားကိုယ်တိုင် ညှဉ်းဆဲဖို့ စာတန် အကြံပေးခဲ့တယ်။ ယေဟောဝါ အဲဒီလိုမလုပ်ခဲ့ပေမဲ့ “သူပိုင်ဆိုင်သမျှ မင်းလက်ထဲမှာ ရှိတယ်” လို့ပြောပြီး ယောဘကို စမ်းသပ်ဖို့ စာတန်ကို ခွင့်ပြုခဲ့တယ်။ (ယောဘ ၁:၇-၁၂ ကိုဖတ်ပါ။) အချိန်တိုအတွင်း ကျွန်တွေ၊ သိုးနွားတိရစ္ဆာန်တွေနဲ့ ချစ်ရတဲ့ သားသမီးဆယ်ယောက်ကို ယောဘ ဆုံးၡုံးခဲ့ရတယ်။ ယောဘဒုက္ခရောက်တာ ဘုရားသခင်ကြောင့်လို့ ထင်ရအောင် စာတန် လုပ်ဆောင်ခဲ့တယ်။ (ယောဘ ၁:၁၃-၁၉) နာကျင်စေတဲ့ ရွံစရာအနာဆိုးနဲ့လည်း နှိပ်စက်ခဲ့ပြန်တယ်။ (ယောဘ ၂:၇) သူ့မိန်းမနဲ့ မိတ်ဆွေ အတုအယောင် သုံးယောက်ရဲ့ စိတ်ပျက်စရာ စကားတွေကြောင့် ယောဘ ပိုစိတ်ဓာတ်ကျခဲ့တယ်။—ယောဘ ၂:၉။ ၃:၁၁။ ၁၆:၂။
၁၀။ (က) ဘုရားသခင်အပေါ် သမာဓိရှိကြောင်း ပြဖို့ ယောဘ ဘာလုပ်ခဲ့သလဲ။ (ခ) ဘယ်နည်းနဲ့ ယောဘ ပျက်ကွက်ခဲ့သလဲ။
၁၀ ဘာရလဒ် ရခဲ့သလဲ။ စာတန့်စွပ်စွဲချက် လုံးဝ မှားယွင်းကြောင်း ထင်ရှားသွားတယ်။ ဘုရားသခင်ကို ယောဘ ကျောမခိုင်းခဲ့ဘူး။ (ယောဘ ၂၇:၅) ဒါပေမဲ့ တစ်ခဏတော့ တော်မှန်တဲ့အမြင် ပျောက်ဆုံးသွားတယ်။ မိမိဖြောင့်မတ်ကြောင်း ပြဖို့ပဲ အာရုံစိုက်ခဲ့ပြီး ဒုက္ခရောက်ရတဲ့ အကြောင်းရင်းကိုတောင် မေးမြန်းခဲ့တယ်။ (ယောဘ ၇:၂၀။ ၁၃:၂၄) ယောဘ ခံစားရတာတွေကို ကြည့်ရင် သူ့လုပ်ရပ်ကို နားလည်ပေးနိုင်ပေမဲ့ ယောဘရဲ့ အတွေးအခေါ်ကို တည့်မတ်ပေးဖို့ လိုအပ်မှန်း ဘုရားသခင် သိတယ်။ ယောဘကို ယေဟောဝါ ဘာပြောခဲ့သလဲ။
၁၁၊ ၁၂။ ဘာကို နားလည်လာဖို့ ယောဘကို ယေဟောဝါ ကူညီပေးခဲ့သလဲ။ ယောဘ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၁ ယောဘ အခန်းကြီး ၃၈ ကနေ ၄၁ မှာ ယောဘကို ဘုရားသခင် ပြောတဲ့စကားတွေ တွေ့နိုင်တယ်။ ဒုက္ခရောက်ရတဲ့ အကြောင်းရင်းကို ဘုရားသခင် အတိအကျ ပြောတာမျိုးတော့ မဖတ်ရဘူး။ ဒုက္ခရောက်ရတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ ယေဟောဝါ အဓိက ပြောဆိုနေတာ မဟုတ်ဘူး။ ရှင်းပြမယ်ဆိုရင် ဘုရားသခင်က ရှင်းချက်ထုတ်နေသလို ဖြစ်သွားမယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုနဲ့ ယှဉ်ရင် ယောဘ ဘာမှအရေးမပါကြောင်း နားလည်ဖို့ ယေဟောဝါ ပြောခဲ့တာပါ။ ထည့်စဉ်းစားရမယ့် ပိုအရေးကြီးတဲ့ကိစ္စတွေရှိမှန်း သိလာအောင် ယောဘကို ကူညီပေးခဲ့တယ်။ (ယောဘ ၃၈:၁၈-၂၁ ကိုဖတ်ပါ။) ဒီလိုနဲ့ ယောဘ တော်မှန်တဲ့အမြင် ပြန်ရခဲ့တယ်။
၁၂ ပြင်းထန်တဲ့စမ်းသပ်မှုကို ယောဘ ခံရပ်ပြီးတဲ့အခါ တဲ့တိုးဆုံးမတာက ယေဟောဝါ ရက်စက်ရာကျသလား။ မကျပါဘူး။ ယောဘ အဲဒီလို မယူဆခဲ့ဘူး။ ဒုက္ခသုက္ခတွေကြားမှာ ယောဘ ကျေးဇူးတင်လေးမြတ်စွာ ပြောဆိုခဲ့တယ်။ “ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ” လို့တောင် ပြောခဲ့တယ်။ ယေဟောဝါရဲ့ တဲ့တိုးဆုံးမမှု ရလဒ်ပါပဲ။ (ယောဘ ၄၂:၁-၆) အစောပိုင်းမှာ လူငယ် ဧလိဟုရဲ့ ဆုံးမမှုကိုလည်း ယောဘ ခံခဲ့ရတယ်။ (ယောဘ ၃၂:၅-၁၀) ဘုရားသခင်ရဲ့ ဆုံးမမှုကို ယောဘ လက်ခံပြီး အမြင် ပြောင်းလဲတဲ့အခါ စမ်းသပ်မှုအောက် ယောဘသစ္စာရှိတာကို နှစ်သက်ကြောင်း တခြားသူတွေကို ယေဟောဝါ ပြောခဲ့တယ်။—ယောဘ ၄၂:၇၊ ၈။
၁၃။ ယောဘ စမ်းသပ်ခံရပြီးနောက် အတော်ကြာတဲ့အထိ ယေဟောဝါရဲ့ ဆုံးမမှုက ဘယ်လို အကျိုးပြုခဲ့သလဲ။
၁၃ ယေဟောဝါရဲ့ ဆုံးမမှုက ဆင်းရဲဒုက္ခတွေ ပြီးဆုံးပြီးနောက်မှာတောင် ယောဘကို ဆက်အကျိုးပြုခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ “ယေဟောဝါက ယောဘကို ဘဝရဲ့အစောပိုင်းနှစ်တွေထက် နှောင်းပိုင်းနှစ်တွေမှာ ပိုကောင်းချီးပေး” ခဲ့တယ်။ “သားခုနစ်ယောက်၊ သမီးသုံးယောက် ထပ်ရ” တဲ့အတွက် အရင်အခြေအနေ ပြန်ဖြစ်ဖို့ အချိန်ကြာခဲ့မှာပဲ။ (ယောဘ ၄၂:၁၂-၁၄) စာတန့်လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ သားသမီးတွေကို ယောဘ သတိရမှာ သေချာတယ်။ ဒုက္ခရောက်ခဲ့တဲ့အချိန်အကြောင်း မကြာခဏ ပြန်တွေးနေမိမှာပဲ။ ဒုက္ခရောက်ရတဲ့အကြောင်းရင်းကို နားလည်ပြီးနောက်မှာတောင် ဒီလောက်ဒုက္ခခံစရာ လိုအပ်လို့လားဆိုပြီး တွေးမိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင့် ဆုံးမမှုကို ပြန်တွေးနိုင်တယ်။ ဒါက တော်မှန်တဲ့အမြင်ကို ထိန်းသိမ်းထားဖို့၊ နှစ်သိမ့်မှုရဖို့ ယောဘကို ကူညီပေးပါလိမ့်မယ်။—ဆာ. ၉၄:၁၉။
၁၄။ ယောဘရဲ့ အတွေ့အကြုံကနေ ဘာသင်ယူနိုင်သလဲ။
၁၄ ကျွန်တော်တို့လည်း ယောဘကျမ်းကနေ တော်မှန်တဲ့အမြင်နဲ့ နှစ်သိမ့်မှု ရရှိနိုင်တယ်။ ဒီအကြောင်းကို ယေဟောဝါ ထိန်းသိမ်းထားတာ “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။” (ရော. ၁၅:၄) ဘာသင်ခန်းစာ ရသလဲ။ အဓိကအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးဆိုတဲ့ ကြီးမားတဲ့ အရေးကိစ္စကို မျက်ခြည်ပြတ်သွားတဲ့အထိ ကိုယ့်အရေးမှာပဲ နစ်မြုပ်မနေဖို့ပါပဲ။ ဒီအရေးကြီးတဲ့ကိစ္စမှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ခက်ခဲတဲ့ အခြေအနေအောက်မှာတောင် ယောဘလို သစ္စာရှိနေဖို့ ကူညီပေးမှန်း သဘောပေါက်ထားကြစို့။
၁၅။ စမ်းသပ်မှုအောက် သစ္စာရှိခြင်းက ဘာကို ဖြစ်မြောက်စေသလဲ။
၁၅ ကျွန်တော်တို့ရဲ့ သစ္စာရှိမှုအကြောင်း တွေးတောခြင်းက ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။ စမ်းသပ်မှုတွေမှာ ပညာ. ၂၇:၁၁) ခံနိုင်ရည်က “ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရစေ” ပြီး မျှော်လင့်ချက် ခိုင်မာစေတယ်။ (ရောမ ၅:၃-၅ ကိုဖတ်ပါ။) “ယေဟောဝါဟာ အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီး” ကြောင်း ယောဘကျမ်းက ပေါ်လွင်စေတယ်။ (ယာ. ၅:၁၁) ဒါကြောင့် အချုပ်အခြာအာဏာ ထောက်ခံသူအားလုံးကို ဘုရားသခင် ဆုချမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒါကို သိရှိထားခြင်းက “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ဖို့ ကူညီပေးတယ်။—ကော. ၁:၁၁။
ရည်ရွယ်ချက် ရှိလို့ပါပဲ။ ယေဟောဝါ မနှစ်သက်လို့ ဆင်းရဲဒုက္ခခံရတာ မဟုတ်ဘူး။ ဘုရားသခင့် အချုပ်အခြာအာဏာဘက် ရပ်တည်ဖို့ အခွင့်အရေး ရရှိစေတယ်။ (အာရုံစိုက်နေပါ
၁၆။ ယေဟောဝါ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးရဲ့ အရေးကြီးမှုအကြောင်း ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် သတိပေးနေရမလဲ။
၁၆ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးကို အာရုံစိုက်နေဖို့ ခက်ခဲနိုင်တယ်။ တစ်ခါတလေ ပြဿနာတွေ များလွန်းနေပုံ ပေါက်နိုင်တယ်။ သေးငယ်တဲ့ ပြဿနာကိုတောင် တနုံ့နုံ့တွေးနေရင် စိတ်ထဲမှာ ကြီးလာနိုင်တယ်။ ဒါကြောင့် ခက်ခဲတဲ့အခြေအနေတွေမှာ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံခြင်းရဲ့ အရေးကြီးမှုအကြောင်း ကိုယ့်ကိုယ်ကိုယ် ပုံမှန် သတိပေးနေတာ ကောင်းတယ်။
၁၇။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပုံမှန် ပါဝင်နေခြင်းက ကြီးလေးတဲ့ အရေးကိစ္စကို အာရုံစိုက်နေဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၇ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပုံမှန် ပါဝင်ခြင်းက ကြီးလေးတဲ့ အရေးကိစ္စကို အာရုံစိုက်နေဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊ ညီအစ်မ ရာနီးဟာ လေဖြတ်ဝေဒနာ၊ နာတာရှည် ကင်ဆာရောဂါ ခံစားနေရတယ်။ ဆေးရုံမှာ ကုသမှု ခံယူနေရင်း ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ ဧည့်သည်တွေကို သက်သေခံတယ်။ ဆေးရုံအဆောင်တစ်ခုမှာ နှစ်ပတ်ခွဲအတွင်းမှာပဲ နာရီပေါင်း ၈၀ သက်သေခံခဲ့တယ်။ သေဆုံးခါနီးမှာတောင် ယေဟောဝါရဲ့ အချုပ်အခြာအာဏာ အရေးကိစ္စကို မျက်ခြည်မပြတ်ခဲ့ဘူး။ ဒါကြောင့် စိတ်သောကတချို့ သက်သာခဲ့တယ်။
၁၈။ ညီအစ်မတစ်ယောက်ရဲ့ တွေ့ကြုံမှုက ယေဟောဝါရဲ့ အချုပ်အခြာအာဏာဘက် ရပ်တည်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘယ်လို ဖော်ပြသလဲ။
၁၈ နေ့စဉ် ဖိအားတွေ၊ အဆင်မပြေမှုတွေ ကြုံရချိန်မှာလည်း ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ အာရုံစိုက်ချင်ကြတယ်။ ဂျင်နီဖာဟာ အိမ်ပြန်ဖို့ လေယာဉ်စောင့်ရင်း လေဆိပ်မှာ သုံးရက်နေခဲ့ရတယ်။ လေယာဉ်တစ်စင်းပြီး တစ်စင်း ခရီးစဉ် ဖျက်သိမ်းတယ်။ အထီးကျန်၊ ပင်ပန်းတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သနားမိနိုင်တယ်။ ဒါပေမဲ့ မိမိလို စိတ်ပျက်စရာ အခြေအနေ ကြုံနေရသူတွေကို ကူညီပေးနိုင်မယ့် နည်းလမ်းကို သိဖို့ ဆုတောင်းခဲ့တယ်။ ရလဒ်အနေနဲ့ လူများစွာကို သက်သေခံနိုင်ခဲ့ပြီး စာပေများစွာ ဝေငှခဲ့တယ်။ “ခက်ခဲတဲ့အခြေအနေကြား ယေဟောဝါ ကောင်းချီးပေးပြီး နာမတော် ထင်ရှားစေနိုင်အောင် လိုအပ်တဲ့ခွန်အား ပေးခဲ့တယ်” လို့ပြောတယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဂျင်နီဖာ အာရုံစိုက်ခဲ့တယ်။
၁၉။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကိစ္စမှာ ဘုရားလူတွေ ဘယ်ဘက်မှာ ရပ်တည်ကြသလဲ။
၁၉ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်ခြင်းက စစ်မှန်တဲ့ဘာသာနဲ့ မှားယွင်းတဲ့ဘာသာကို ခွဲခြားသိရှိစေတယ်။ ဘုရားသခင့်လူမျိုးဟာ အချုပ်အခြာအာဏာကို ထောက်ခံခဲ့တာ ကြာလှပါပြီ။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ခံသူတွေအနေနဲ့ ထပ်တူကျမ်းစာအမြင်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့တစ်ဦးစီ ကြိုးစားအားထုတ်သင့်တယ်။
၂၀။ အချုပ်အခြာအာဏာကို ထောက်ခံဖို့ သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။
၂၀ သစ္စာရှိရှိ အမှုဆောင်ခြင်း၊ စမ်းသပ်မှုတွေကို ခံရပ်ခြင်းအားဖြင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့ သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ တန်ဖိုးထားကြောင်း စိတ်ချပါ။ (ဆာ. ၁၈:၂၅) ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ဘာကြောင့် စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံသင့်ကြောင်း၊ ဘယ်လို ထောက်ခံနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။