လေ့လာရန် ဆောင်းပါး ၅၁
ယေဟောဝါကို သင် ဘယ်လောက် သိကျွမ်းသလဲ
“ယေဟောဝါဘုရား၊ နာမတော်ကို သိတဲ့သူတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားကြလိမ့်မယ်။ ကိုယ်တော့်ကို ရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှ မစွန့်ပစ်ဘူး။”—ဆာ. ၉:၁၀။
သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ
အကြိုသုံးသပ်ချက် *
၁-၂။ အန်ဂျယ်လီတိုရဲ့ ဖြစ်ရပ်က ဖော်ပြတဲ့အတိုင်း ကျွန်တော်တို့ ယောက်တိုင်း ဘာလုပ်ရမလဲ။
သင်ဟာ ယေဟောဝါသက်သေ မိဘတွေကနေ ကြီးပြင်းလာတာလား။ အဲဒီလိုဆိုရင် သူတို့ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ရုံနဲ့ သင်လည်း အလိုလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ မိဘတွေဟာ ဘုရားကို ကိုးကွယ်သူဖြစ်စေ၊ မကိုးကွယ်သူဖြစ်စေ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် ကိုယ်တိုင် တည်ဆောက်ရမယ်။
၂ ညီအစ်ကို အန်ဂျယ်လီတိုအကြောင်း သုံးသပ်ကြည့်ပါ။ သက်သေခံ မိသားစုမှာ ကြီးပြင်းလာပေမဲ့ ဘုရားနဲ့ ရင်းနှီးတယ်လို့ မခံစားခဲ့ရဘူး။ “မိသားစု လုပ်သလို လိုက်လုပ်ချင်လို့သာ ယေဟောဝါကို ဝတ်ပြုခဲ့တာ” လို့ သူပြောတယ်။ ဒါပေမဲ့ အချိန်ယူပြီး ကျမ်းစာ ဖတ်ဖို့၊ တွေးတောဆင်ခြင်ဖို့၊ ယေဟောဝါဆီ ပိုဆုတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ “ဖခင်ယေဟောဝါနဲ့ ရင်းနှီးဖို့ တစ်ခုတည်းသောနည်းက ကိုယ်တိုင် သိအောင် လုပ်တာပဲ” လို့ ပြောတယ်။ အန်ဂျယ်လီတိုရဲ့ ဖြစ်ရပ်ကနေ မေးခွန်းတချို့ ပေါ်လာတယ်– ယေဟောဝါကို သိတာနဲ့ သိကျွမ်းတာ ဘာကွာသလဲ။ ယေဟောဝါကို ဘယ်လို သိကျွမ်းလာနိုင်သလဲ။
၃။ ယေဟောဝါကို သိတာနဲ့ သိကျွမ်းတာ ဘာကွာသလဲ။
၃ ဘုရားနာမည် သိတဲ့သူ၊ ဘုရားပြောခဲ့၊ လုပ်ခဲ့တာတချို့အကြောင်း သိတဲ့သူကို ယေဟောဝါကို သိတဲ့သူလို့ ပြောနိုင်တယ်။ ဒါပေမဲ့ သိကျွမ်းဖို့ဆိုရင် ဒီထက်မက လိုအပ်တယ်။ ယေဟောဝါအကြောင်း၊ အံ့ဖွယ်အရည်အသွေးတွေအကြောင်း အချိန်
ယူ လေ့လာရမယ်။ ဒါမှ ဘုရား ဘာကြောင့် ပြောတယ်၊ လုပ်တယ်ဆိုတာ နားလည်လာမယ်။ ကိုယ့်အတွေး၊ ဆုံးဖြတ်ချက်၊ လုပ်ရပ်တွေကို ဘုရား ကြိုက် မကြိုက် သိလာမယ်။ ယေဟောဝါ လုပ်စေချင်တာကို သိပြီဆိုရင် သိတဲ့အတိုင်း လုပ်ဖို့ လိုတယ်။၄။ ကျမ်းစာ ပုံနမူနာတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၄ ယေဟောဝါကို ဝတ်ပြုလို့ လှောင်ပြောင်ခံရနိုင်တယ်။ ဆန့်ကျင်မှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားရင် ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။ ဘုရားနဲ့ တစ်သက်တာ တည်မြဲတဲ့ ဆက်ဆံရေး ရှိလာမယ်။ ဘုရားကို အဲဒီလောက် သိကျွမ်းနိုင်သလား။ သိကျွမ်းနိုင်ပါတယ်။ အဲဒါကို မောရှေ၊ ဘုရင်ဒါဝိဒ်တို့လို မစုံလင်သူတွေရဲ့ ပုံသက်သေကနေ သိနိုင်တယ်။ သူတို့အကြောင်း လေ့လာရင်း ဒီမေးခွန်း နှစ်ခုကို ဆွေးနွေးပါမယ်– ယေဟောဝါကို သူတို့ ဘယ်လို သိကျွမ်းလာသလဲ။ သူတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။
“မမြင်ရတဲ့အရှင်ကို” မောရှေ မြင်ခဲ့
၅။ ဘာလုပ်ဖို့ မောရှေ ဆုံးဖြတ်ခဲ့သလဲ။
၅ မောရှေဟာ သိတဲ့အတိုင်း လုပ်ဆောင်တယ်။ အသက် ၄၀ အရွယ်မှာ “ဘုရင့်သမီးတော်ရဲ့ သား” အဖြစ် ဆက်နေမယ့်အစား ဘုရားလူမျိုးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ (ဟီ. ၁၁:၂၄) အီဂျစ်တွေက ဖာရောကို ဘုရားတစ်ပါးအဖြစ် ယူမှတ်ကြတယ်။ အီဂျစ်ကျွန်တွေ ဖြစ်တဲ့ ဟီဘရူးတွေကို ကူညီပေးရင် ဖာရော အမျက်ထွက်မယ်ဆိုတာ မောရှေ သိတယ်။ ဒါပေမဲ့ ထင်ပေါ်တဲ့ ရာထူးကို စွန့်လွှတ်ပြီး ဘုရားလူမျိုးကို ကူညီပေးခဲ့တယ်။ တကယ့် ထူးခြားတဲ့ ယုံကြည်ခြင်းပါပဲ။ ယေဟောဝါကို မောရှေ ယုံကြည်ကိုးစားတယ်။ အဲဒီလို ယုံကြည်ကိုးစားလို့ ယေဟောဝါနဲ့ တည်မြဲတဲ့ ဆက်ဆံရေး ရှိခဲ့တာ ဖြစ်တယ်။—ပညာ. ၃:၅။
၆။ မောရှေရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။
၆ ဘာသင်ခန်းစာ ရသလဲ။ မောရှေလိုပဲ ကျွန်တော်တို့အားလုံး ဘုရားကို ကိုးကွယ်ပြီး ဘုရားလူမျိုးနဲ့ ပူးပေါင်းမလားဆိုတာ ဆုံးဖြတ်ရမယ်။ ဘုရားကို ဝတ်ပြုဖို့ စွန့်လွှတ် အနစ်နာခံစရာတွေ ရှိနိုင်တယ်။ ယေဟောဝါကို မသိသူတွေရဲ့ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဖခင်ကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား ထောက်မမှာကို စိတ်ချနိုင်ပါတယ်။
၇-၈။ မောရှေ ဘာအကြောင်း ဆက်သင်ယူခဲ့သလဲ။
၇ မောရှေဟာ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဆက်သင်ယူပြီး ဘုရားအလိုတော်ကို ဆက်ထမ်းဆောင်ခဲ့တယ်။ ဥပမာ၊ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ဦးဆောင်ကယ်ထုတ်ဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိဘဲ အရည်အချင်း မပြည့်မီဘူးလို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူ့ကို ယေဟောဝါ ထောက်ထားစာနာပြီး ကူညီပေးတယ်။ (ထွ. ၄:၁၀-၁၆) ဒါကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ချက် သတင်းအကြောင်း ဖာရောကို ပြောပြနိုင်ခဲ့တယ်။ ဖာရောနဲ့ စစ်တပ်ကို ပင်လယ်နီမှာ ဖျက်ဆီးပြီး အစ္စရေးတွေကို ကယ်တင်တုန်းက ယေဟောဝါရဲ့ တန်ခိုးကို မောရှေ မြင်ခဲ့ရတယ်။—ထွ. ၁၄:၂၆-၃၁။ ဆာ. ၁၃၆:၁၅။
၈ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ မောရှေ ကယ်ထုတ်လာပြီးနောက် သူတို့ အကြိမ်ကြိမ် ညည်းညူကြတယ်။ ဒါတောင် ယေဟောဝါ ဘယ်လောက် စိတ်ရှည်တယ်ဆိုတာ မောရှေ မြင်တွေ့ခဲ့တယ်။ (ဆာ. ၇၈:၄၀-၄၃) အစ္စရေးတွေကို မဖျက်ဆီးဖို့ မောရှေ အသနားခံပြီးနောက် ယေဟောဝါ စိတ်ပြောင်းချိန်မှာလည်း ဘုရားရဲ့ နှိမ့်ချမှုကို မြင်ခဲ့ရတယ်။—ထွ. ၃၂:၉-၁၄။
၉။ ဟီဘရူး ၁၁:၂၇ အရ ယေဟောဝါနဲ့ မောရှေ ဘယ်လောက်ရင်းနှီး သလဲ။
၉ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် မောရှေဟာ ဟီဘရူး ၁၁:၂၇ ကိုဖတ်ပါ။) “ယေဟောဝါက လူလူချင်းစကားပြောသလို မောရှေနဲ့ မျက်နှာချင်းဆိုင် စကားပြောတယ်” ဆိုတဲ့ ကျမ်းစကားကနေ သူတို့ ဘယ်လောက် ရင်းနှီးကြောင်း သိရတယ်။—ထွ. ၃၃:၁၁။
ဘုရားကို မြင်တယ်လို့ ပြောနိုင်တဲ့အထိ ဘုရားနဲ့ ရင်းနှီးလာတယ်။ (၁၀။ ယေဟောဝါကို သိကျွမ်းဖို့ ဘာလုပ်ရမလဲ။
၁၀ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါကို သိကျွမ်းဖို့ ဘုရားရဲ့ အရည်အသွေးတွေကို သင်ယူရုံသာမက အလိုတော် ထမ်းဆောင်ဖို့လည်း လိုတယ်။ ယေဟောဝါရဲ့ အလိုတော်က “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့ပဲ။” (၁ တိ. ၂:၃၊ ၄) အလိုတော် ထမ်းဆောင်နိုင်တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေကို ယေဟောဝါအကြောင်း ပြောပြခြင်းပဲ။
၁၁။ ယေဟောဝါအကြောင်း တခြားသူတွေကို သင်ပေးတဲ့အခါ ဘုရားကို ကျွန်တော်တို့ ဘယ်လို ပိုသိလာသလဲ။
၁၁ တခြားသူတွေကို ယေဟောဝါအကြောင်း ပြောပြတဲ့အခါ ကိုယ်တိုင်လည်း ဘုရားအကြောင်း ပိုသိလာတယ်။ ဥပမာ၊ စိတ်ရင်းမှန်သူတွေဆီ ကျွန်တော်တို့ကို ယေဟောဝါ ပို့ဆောင်ပေးတဲ့အခါ ဘုရားရဲ့ ထောက်ထားစာနာမှုကို မြင်တွေ့ရတယ်။ (ယော. ၆:၄၄။ တ. ၁၃:၄၈) ကျမ်းစာလေ့လာနေသူတွေဟာ အကျင့်ဆိုးတွေ ဖြတ်ပြီး စရိုက်သစ် ဝတ်ဆင်တဲ့အခါ ကျမ်းစာရဲ့ အစွမ်းတန်ခိုးကို ကျွန်တော်တို့ မြင်လာရတယ်။ (ကော. ၃:၉၊ ၁၀) ဘုရားအကြောင်း သိပြီး ကယ်တင်ခြင်း ရဖို့ လူတွေကို အကြိမ်ကြိမ် အခွင့်အရေး ပေးတာကနေ ဘုရားသခင့် စိတ်ရှည်မှုကို မြင်တွေ့ရတယ်။—ရော. ၁၀:၁၃-၁၅။
၁၂။ ထွက်မြောက်ရာ ၃၃:၁၃ အရ မောရှေ ဘာတောင်းဆိုသလဲ။ ဘာကြောင့်လဲ။
၁၂ မောရှေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ဘုရားနာမည်ကို သုံးပြီး အံ့ဖွယ်အမှုတွေ လုပ်ပြီးတာတောင် ယေဟောဝါကို ပိုသိကျွမ်းခွင့်ရဖို့ တောင်းဆိုခဲ့တယ်။ (ထွက်မြောက်ရာ ၃၃:၁၃ ကိုဖတ်ပါ။) အဲဒီလိုတောင်းဆိုချိန်မှာ မောရှေ အသက် ၈၀ ကျော်နေပြီ။ ဒါတောင် ကောင်းကင်ဖခင်အကြောင်း သင်ယူစရာများစွာ ရှိသေးမှန်း သူသိတယ်။
၁၃။ ဘုရားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပြနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၁၃ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာပါစေ ဘုရားနဲ့ ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဘုရားနဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပြနိုင်တဲ့ နည်းတစ်နည်းကတော့ ဆုတောင်းပြီး စကားပြောခြင်းပါပဲ။
၁၄။ ဘုရားအကြောင်း သင်ယူရာမှာ ဆုတောင်းခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ။
၁၄ ဆက်ဆံရေး ကောင်းဖို့ ဆက်သွယ်ရေးကောင်း ရှိရမယ်။ မကြာခဏ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးအောင် လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောဖို့ မစိုးရိမ်ပါနဲ့။ (ဧ. ၆:၁၈) တူရကီနိုင်ငံမှာနေတဲ့ ညီအစ်မ ခရစ္စတာ ဒီလိုပြောတယ်– “ခံစားချက်တွေကို ရင်ဖွင့်ဆုတောင်းပြီးနောက် ဘုရားရဲ့ ကူညီမှုကို မြင်ရတဲ့အခါတိုင်း ဘုရားအပေါ်ထားတဲ့ မေတ္တာနဲ့ ယုံကြည်ကိုးစားမှု တိုးများလာတယ်။ ဆုတောင်းချက်တွေ အဖြေပေးခံရတဲ့အခါ ယေဟောဝါကို ဖခင်နဲ့ မိတ်ဆွေအဖြစ် ရှုမြင်တတ်လာတယ်။”
ယေဟောဝါနဲ့ စိတ်သဘောချင်း ကိုက်ညီသူ
၁၅။ ဘုရင်ဒါဝိဒ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ပြောသလဲ။
၁၅ ဘုရင်ဒါဝိဒ်ဟာ ယေဟောဝါဆီ ဆက်ကပ်ထားတဲ့ လူမျိုးကနေ မွေးဖွားလာတယ်။ မိသားစုကြောင့်သာ တ. ၁၃:၂၂) ယေဟောဝါနဲ့ ဒါဝိဒ် ဘာကြောင့် ဒီလောက် ရင်းနှီးတာလဲ။
ဘုရားကို ဝတ်ပြုတာ မဟုတ်ဘူး။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိအောင် ကိုယ်တိုင် လုပ်ဆောင်တဲ့အတွက် ဘုရား သူ့ကို သိပ်ချစ်တယ်။ “သူဟာ ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူပဲ” လို့ ယေဟောဝါ ပြောတယ်။ (၁၆။ ဖန်ဆင်းခြင်းလက်ရာတွေကို ကြည့်ပြီး ယေဟောဝါအကြောင်း ဒါဝိဒ် ဘာသိလာသလဲ။
၁၆ ဖန်ဆင်းခြင်းလက်ရာတွေကနေ ယေဟောဝါအကြောင်း ဒါဝိဒ် သင်ယူတယ်။ ဒါဝိဒ် ငယ်ငယ်တုန်းက ဖခင်ရဲ့ သိုးတွေကို ထိန်းကျောင်းရင်း ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို တွေးတောဆင်ခြင်ခဲ့ပုံရတယ်။ ဥပမာ၊ ညဘက်မှာ ကြယ်အတိပြီးတဲ့ ကောင်းကင်ကို ကြည့်ရင်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေအကြောင်း စဉ်းစားမိမှာပဲ။ ဒါကြောင့် “ကောင်းကင်က ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ကြေညာနေတယ်။ အထက်မိုးကောင်းကင်က ဘုရားရဲ့ လက်ရာတွေအကြောင်း ပြောကြားနေတယ်” လို့ ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၉:၁၊ ၂) လူတွေ ဖန်ဆင်းခံရပုံကို စဉ်းစားပြီးတော့လည်း ယေဟောဝါရဲ့ ဉာဏ်ပညာကို သိလာတယ်။ (ဆာ. ၁၃၉:၁၄) ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို ဆင်ခြင်တဲ့အခါ ဘုရားရှေ့မှာ မိမိဘယ်လောက် သေးနုပ်ကြောင်း သိလာတယ်။—ဆာ. ၁၃၉:၆။
၁၇။ ဖန်ဆင်းရာတွေကို တွေးတောဆင်ခြင်ရင် ဘာသိလာမလဲ။
၁၇ ဘာသင်ခန်းစာ ရသလဲ။ ဖန်ဆင်းရာတွေကို စိတ်ဝင်စားပါ။ ယေဟောဝါ ဖန်ဆင်းထားတဲ့ ကမ္ဘာရဲ့ အလှအပကို ခံစားဖို့ အချိန်ယူပါ။ နေ့စဉ်ဘဝမှာ ဝန်းကျင်က သစ်ပင်၊ တိရစ္ဆာန်၊ လူတွေစတဲ့ ဖန်ဆင်းရာတွေက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲဆိုတာ တွေးတောဆင်ခြင်ပါ။ ဒါဆိုရင် နေ့သစ်တိုင်း ယေဟောဝါအကြောင်း ပိုသိလာပါလိမ့်မယ်။ (ရော. ၁:၂၀) နေ့တိုင်း ဘုရားကို ချစ်တဲ့မေတ္တာ တိုးများလာပါလိမ့်မယ်။
၁၈။ ဆာလံ ၁၈ မှာ ဖော်ပြတဲ့အတိုင်း ဒါဝိဒ် ဘာကို အသိအမှတ်ပြုသလဲ။
၁၈ မိမိကို ယေဟောဝါ ကူညီပေးနေကြောင်း ဒါဝိဒ် သိတယ်။ ဥပမာ၊ ဖခင်ရဲ့ သိုးတွေကို ခြင်္သေ့နဲ့ ဝက်ဝံရန်ကနေ ကယ်တဲ့အခါ၊ စစ်သူကြီး ဂေါလျတ်ကို ရင်ဆိုင်တိုက်ခိုက်တဲ့အခါ မိမိကို ယေဟောဝါ ကူညီပေးကြောင်း ဒါဝိဒ် သိတယ်။ (၁ ရှ. ၁၇:၃၇) မနာလိုဖြစ်နေတဲ့ ဘုရင် ရှောလု လက်ကနေ လွတ်တဲ့အခါမှာလည်း မိမိကို ယေဟောဝါ ကယ်တင်ပေးကြောင်း ဒါဝိဒ် သိတယ်။ (ဆာ. ၁၈၊ ထိပ်စီး) မာနကြီးသူသာဆိုရင် အဲဒီလိုအောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်မှာပဲ။ ဒါပေမဲ့ ဒါဝိဒ်ကတော့ နှိမ့်ချတဲ့အတွက် ယေဟောဝါရဲ့ ကူညီမှုကို အသိအမှတ်ပြုခဲ့တယ်။—ဆာ. ၁၃၈:၆။
၁၉။ ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၉ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါဆီ အကူအညီ တောင်းခံရုံထက်မက လုပ်ဆောင်ရမယ်။ ဘယ်အချိန်မှာ ဘယ်လို ကူညီပေးကြောင်း အသိအမှတ်ပြုရမယ်။ ကိုယ့်မှာ အကန့်အသတ်တွေ ရှိတယ်ဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုမယ်ဆိုရင် ယေဟောဝါကြောင့်သာ တတ်စွမ်းနိုင်တာ ဖြစ်ကြောင်း သိလာပါလိမ့်မယ်။ ယေဟောဝါရဲ့ ကူညီမှုကို တွေ့မြင်ရတဲ့အခါတိုင်း ဘုရားနဲ့ ဆက်ဆံရေး ပိုခိုင်မာလာပါလိမ့်မယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့တဲ့ ဖီဂျီနိုင်ငံက ညီအစ်ကို အိုင်းဇက် ဒီလိုပြောတယ်– “ကျမ်းစာ စလေ့လာချိန်ကနေ အခုအချိန်ထိ ယေဟောဝါ ကူညီပေးခဲ့တာကို တွေ့ရလို့ ယေဟောဝါဟာ ကျွန်တော့်အတွက် တကယ့်ပုဂ္ဂိုလ် ဖြစ်လာတယ်။”
၂၀။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ဒါဝိဒ် ဘာအကျိုးရသလဲ။
၂၀ ဒါဝိဒ်ဟာ ယေဟောဝါရဲ့ အရည်အသွေးတွေကို တုပတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါကို တုပနိုင်တဲ့ က. ၁:၂၆) ယေဟောဝါရဲ့ အရည်အသွေးတွေကို ပိုသိလာလေ ပိုတုပနိုင်လေပဲ။ ဒါဝိဒ်ဟာ ကောင်းကင်ဖခင်ကို သိကျွမ်းတဲ့အတွက် တခြားသူတွေနဲ့ ဆက်ဆံရာမှာ ဘုရားကို တုပနိုင်ခဲ့တယ်။ ဥပမာ၊ ဒါဝိဒ်ဟာ ယေဟောဝါကို တုပပြီး တခြားသူတွေကို ကရုဏာပြခဲ့တယ်။ ဒါကြောင့် ဗာသရှေဘနဲ့ အိမ်ထောင်ရေး ဖောက်ပြန်၊ သူ့ယောက်ျားကို လုပ်ကြံပြီး ယေဟောဝါကို ပြစ်မှားချိန်မှာ ယေဟောဝါ သူ့ကို ကရုဏာပြခဲ့တယ်။ (၂ ရှ. ၁၁:၁-၄၊ ၁၅) ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အတွက် ဒါဝိဒ်ဟာ အစ္စရေးမှာ အချစ်ခံရတဲ့ ဘုရင် ဖြစ်လာတယ်။ တခြားဘုရင်တွေကို အကဲဖြတ်ရာမှာ ဒါဝိဒ်ကို စံအဖြစ် ယေဟောဝါ သုံးခဲ့တယ်။—၁ ဘု. ၁၅:၁၁။ ၂ ဘု. ၁၄:၁-၃။
စွမ်းရည်နဲ့ ဖန်ဆင်းခံထားရတယ်။ (၂၁။ ဧဖက် ၄:၂၄ နဲ့ ၅:၁ အရ “ဘုရားသခင်ကို အတုယူ” ရင် ဘာအကျိုးတွေ ရမလဲ။
၂၁ ဘာသင်ခန်းစာ ရသလဲ။ ဘုရားသခင်ကို ကျွန်တော်တို့ “အတုယူ” ရမယ်။ ဒါဆိုရင် ကိုယ်တိုင် အကျိုးရရုံသာမက ဘုရားအကြောင်း ပိုသိလာမယ်။ ဘုရားရဲ့ သားသမီးတွေ ဖြစ်လာမယ်။—ဧဖက် ၄:၂၄။ ၅:၁ ကိုဖတ်ပါ။
ယေဟောဝါအကြောင်း ပိုသိအောင် သင်ယူပါ
၂၂-၂၃။ ယေဟောဝါအကြောင်း သိလာတာကို လက်တွေ့ကျင့်မယ်ဆိုရင် ဘာအကျိုးရမလဲ။
၂၂ ယေဟောဝါဟာ ဖန်ဆင်းခြင်းနဲ့ ကျမ်းစာကတစ်ဆင့် မိမိအကြောင်း ဖော်ပြမှန်း ကျွန်တော်တို့ သိခဲ့ရတယ်။ ကျမ်းစာမှာ မောရှေ၊ ဒါဝိဒ် စတဲ့ ကျွန်တော်တို့ တုပနိုင်တဲ့ သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာတွေ အပြည့်ပဲ။ ယေဟောဝါက မိမိအပိုင်းကို လုပ်ဆောင်တယ်။ ကျွန်တော်တို့လည်း ကိုယ့်အပိုင်းကို လုပ်ဆောင်ပြီး ယေဟောဝါအကြောင်း အတတ်နိုင်ဆုံး သင်ယူရမယ်။
၂၃ ယေဟောဝါအကြောင်း သင်ယူလို့ မကုန်ဆုံးနိုင်ဘူး။ (ဒေ. ၃:၁၁) ယေဟောဝါအကြောင်း ဘယ်လောက် သိတယ်ဆိုတာထက် သိတာကို လက်တွေ့ကျင့်ဖို့က ပိုအရေးကြီးတယ်။ သိတာကို လက်တွေ့ကျင့်ပြီး မေတ္တာရှင် ဖခင်ကို တုပမယ်ဆိုရင် ဘုရားနဲ့ ဆက်ရင်းနှီးနေပါလိမ့်မယ်။ (ယာ. ၄:၈) ဘုရားက မိမိကို ရှာတဲ့သူတွေကို ဘယ်တော့မှ မစွန့်ဘူးလို့ ကျမ်းစာကတစ်ဆင့် အာမခံထားတယ်။
သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
^ အပိုဒ်၊ 5 လူများစွာက ဘုရား ရှိတယ်လို့ ယုံပေမဲ့ ဘုရားအကြောင်း မသိကြဘူး။ ယေဟောဝါကို သိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဘယ်လို တည်ဆောက်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး မောရှေနဲ့ ဘုရင် ဒါဝိဒ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ အဖြေပေးပါမယ်။