လေ့လာရန် ဆောင်းပါး ၅၁
‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’
“ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာ. ၃၄:၁၈။
သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
အကြိုသုံးသပ်ချက် *
၁-၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
လူ့ဘဝဟာ တိုတောင်းပြီး “ဒုက္ခတွေ ပြည့်နှက်နေတယ်။” (ယောဘ ၁၄:၁) ဒါကြောင့်လည်း ကျွန်တော်တို့ မကြာခဏ စိတ်ဓာတ်ကျရတာ ဖြစ်တယ်။ ရှေးခေတ် ဘုရားကျေးကျွန်များစွာလည်း အဲဒီလို ခံစားရပြီး တချို့ဆိုရင် သေချင်တဲ့အထိတောင် ဖြစ်ခဲ့ကြတယ်။ (၁ ဘု. ၁၉:၂-၄။ ယောဘ ၃:၁-၃၊ ၁၁။ ၇:၁၅၊ ၁၆) ဒါပေမဲ့ သူတို့ ယုံကြည်ကိုးစားတဲ့ ဘုရား ယေဟောဝါက သူတို့ကို အမြဲ နှစ်သိမ့်ပြီး ခွန်အားပေးခဲ့တယ်။ ကျွန်တော်တို့ကို နှစ်သိမ့်ပေးဖို့၊ သွန်သင်ဆုံးမဖို့ အဲဒီအကြောင်းတွေ မှတ်တမ်းတင်ထားတယ်။—ရော. ၁၅:၄။
၂ စိတ်ဓာတ်ကျစရာ အခြေအနေတွေကို ခံရပ်ခဲ့တဲ့ ဘုရားကျေးကျွန်တချို့အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ သူတို့ကတော့ ယာကုပ်ရဲ့ သား ယောသပ်၊ မုဆိုးမ နောမိနဲ့ ချွေးမ ရုသ၊ ဆာလံ ၇၃ ကို ရေးခဲ့တဲ့ လေဝိအမျိုးသား၊ တမန်တော် ပေတရုတို့ ဖြစ်တယ်။ သူတို့ကို ယေဟောဝါ ဘယ်လို ခွန်အားပေးခဲ့သလဲ။ သူတို့ရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်” ဆိုတာ သိလာရပါမယ်။—ဆာ. ၃၄:၁၈။
ရက်စက်မှု၊ မတရားမှုတွေ ကြုံရတဲ့ ယောသပ်
၃-၄။ လူငယ် ယောသပ် ဘာတွေ ကြုံရသလဲ။
၃ ယောသပ် အသက် ၁၇ နှစ်လောက်မှာ ဘုရားဆီက အိပ်မက် နှစ်ခု ရတယ်။ တစ်နေ့ကျရင် ယောသပ်ဟာ မိသားစုဝင်တွေ လေးစားရတဲ့ ပုဂ္ဂိုလ် ဖြစ်လာမယ် ဆိုတာ အဲဒီအိပ်မက်တွေက ဖော်ပြတယ်။ (က. ၃၇:၅-၁၀) ဒါပေမဲ့ အိပ်မက် ရပြီး မကြာခင်မှာပဲ အခြေအနေတွေ ပြောင်းသွားတယ်။ အစ်ကိုတွေက ယောသပ်ကို လေးစားမယ့်အစား ကျွန်အဖြစ် ရောင်းစားလိုက်ကြတယ်။ နောက်ပိုင်း၊ အီဂျစ် အရာရှိ ပေါတိဖာရဲ့ အိမ်မှာ ကျွန် ဖြစ်သွားတယ်။ (က. ၃၇:၂၁-၂၈) ယောသပ်ဟာ အချိန်တိုအတွင်းမှာပဲ ဖခင်ရဲ့ အချစ်ရဆုံး သားဘဝကနေ အီဂျစ် နန်းတွင်းအရာရှိရဲ့ နိမ့်ကျတဲ့ ကျွန်ဘဝ ရောက်သွားတယ်။—က. ၃၉:၁။
၄ အခြေအနေတွေ ပိုဆိုးလာတယ်။ မတရားကျင့်ဖို့ ကြံစည်ပါတယ်ဆိုပြီး ယောသပ်ကို ပေါတိဖာရဲ့ ဇနီး စွပ်စွဲတယ်။ ပေါတိဖာက မစစ်ဆေး၊ မမေးမြန်းဘဲ ယောသပ်ကို ထောင်ချပြီး သံကြိုးတွေနဲ့ တုပ်နှောင်လိုက်တယ်။ (က. ၃၉:၁၄-၂၀။ ဆာ. ၁၀၅:၁၇၊ ၁၈) မတရားကျင့်ဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲခံရတဲ့အခါ လူငယ် ယောသပ် ဘယ်လို ခံစားရမယ်၊ ယေဟောဝါနာမည်လည်း ဘယ်လောက် ကဲ့ရဲ့စရာ ဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယောသပ် စိတ်ဓာတ်ကျမယ်ဆိုရင် ကျချင်စရာပါပဲ။
၅။ စိတ်ဓာတ်ကျမှုကို ယောသပ် ဘယ်လို တိုက်လှန်ခဲ့သလဲ။
၅ ကျွန်ဘဝ၊ ထောင်သားဘဝ ရောက်နေတာကို ယောသပ် မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ အပြုသဘောထား ဆက်ရှိဖို့ ဘာလုပ်ခဲ့သလဲ။ မလုပ်နိုင်တော့တာတွေကို အာရုံစိုက်မယ့်အစား ရထားတဲ့ တာဝန်ကို ကြိုးကြိုးစားစား လုပ်တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ အမြဲ အဓိကထားတယ်။ ဒါကြောင့်လည်း ယောသပ် လုပ်သမျှကို ယေဟောဝါ ကောင်းချီးပေးတယ်။—က. ၃၉:၂၁-၂၃။
၆။ အိပ်မက်တွေကြောင့် ယောသပ် ဘယ်လို စိတ်သက်သာရာ ရခဲ့သလဲ။
၆ အိပ်မက်တွေအကြောင်း ပြန်စဉ်းစားရင်း ယောသပ် အားယူခဲ့မှာပဲ။ မိသားစုနဲ့ ပြန်ဆုံရမယ်၊ အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်ဆိုတာ အိပ်မက်တွေက ဖော်ပြနေလို့ပဲ။ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ အသက် ၃၇ နှစ်လောက်မှာ ထူးခြားတဲ့ နည်းနဲ့ အိပ်မက်တွေ စတင် ပြည့်စုံလာတယ်။—က. ၃၇:၇၊ ၉၊ ၁၀။ ၄၂:၆၊ ၉။
၇။ ၁ ပေတရု ၅:၁၀ အရ အခက်အခဲတွေကို ခံရပ်ဖို့ ဘာက ကူညီပေးမလဲ။
၇ ကျွန်တော်တို့အတွက် သင်ခန်းစာ။ ရက်စက်တဲ့ လောကမှာ လူတွေရဲ့ မတရား ဆက်ဆံတာကို ကြုံရနိုင်ကြောင်း ယောသပ်အဖြစ်ကနေ သိရတယ်။ ယုံကြည်သူချင်းတစ်ယောက်က မတရားဆက်ဆံတာတောင် ဖြစ်နိုင်တယ်။ ဆာ. ၆၂:၆၊ ၇။ ၁ ပေတရု ၅:၁၀ ကိုဖတ်ပါ။) ယေဟောဝါဆီက အိပ်မက် ရချိန်မှာ ယောသပ် အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ် ဆိုတာကိုလည်း သတိရပါ။ လူငယ်တွေကို ဘုရား ယုံကြည်စိတ်ချကြောင်း ထင်ရှားတယ်။ ဒီနေ့လည်း လူငယ်များစွာဟာ ယောသပ်လိုပဲ ယေဟောဝါကို ယုံကြည်ကိုးစားကြတယ်။ တချို့ဆိုရင် ဘုရားအပေါ် သမာဓိ စောင့်ထိန်းလို့ မတရား ထောင်ချတာတောင် ခံရတယ်။—ဆာ. ၁၁၀:၃။
ဒါပေမဲ့ ယေဟောဝါကို ကျောက်ဆောင်၊ ခိုလှုံရာအဖြစ် ရှုမြင်မယ်ဆိုရင် စိတ်ဓာတ်ကျမှာ၊ ဘုရားကို ဝတ်မပြုတော့တဲ့အထိ ဖြစ်မှာ မဟုတ်ဘူး။ (ဝမ်းနည်းပူဆွေးနေတဲ့ အမျိုးသမီး နှစ်ယောက်
၈။ နောမိနဲ့ ရုသ ဘာဖြစ်ခဲ့သလဲ။
၈ ယုဒပြည်မှာ အငတ်ဘေး ဆိုက်လို့ နောမိနဲ့ မိသားစု မောဘပြည်မှာ တိုင်းတစ်ပါးသားအဖြစ် သွားရောက်နေထိုင်တယ်။ မောဘပြည်မှာ ခင်ပွန်း ဧလိမလက် ဆုံးသွားတော့ နောမိ သားနှစ်ယောက်နဲ့ ကျန်ရစ်တယ်။ နောက်ပိုင်း သားနှစ်ယောက်ဟာ ရုသနဲ့ ဩရပလို့ ခေါ်တဲ့ မောဘအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျတယ်။ ဆယ်နှစ်လောက်ကြာတော့ သားသမီးတွေ မကျန်ဘဲ ဆုံးသွားတယ်။ (ရု. ၁:၁-၅) အမျိုးသမီးသုံးယောက် ဘယ်လောက် ပူဆွေးနေမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ရုသနဲ့ ဩရပကတော့ နောက်အိမ်ထောင်ပြုလို့ ရသေးတယ်။ သက်ကြီး နောမိကိုကျတော့ ဘယ်သူ စောင့်ရှောက်မလဲ။ နောမိ စိတ်ဓာတ်ကျလွန်းလို့ “ကျွန်မကို နောမိလို့ မခေါ်ကြပါနဲ့။ ကျွန်မဘဝမှာ ခါးသီးတဲ့ ဒုက္ခတွေ ကြုံရအောင် အနန္တတန်ခိုးရှင် ခွင့်ပြုခဲ့တဲ့အတွက် မာရလို့ပဲ ခေါ်ကြပါ” ဆိုပြီး ပြောခဲ့တယ်။ စိတ်ကြေကွဲနေတဲ့ နောမိဟာ ဘက်သလီဟင်မြို့ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရုသလည်း လိုက်သွားတယ်။—ရု. ၁:၇၊ ၁၈-၂၀။
၉။ ရုသ ၁:၁၆၊ ၁၇၊ ၂၂ အရ နောမိကို ရုသ ဘယ်လို ကူညီထောက်မခဲ့သလဲ။
၉ နောမိကို ဘာက ကူညီပေးသလဲ။ ခိုင်မြဲတဲ့ မေတ္တာပါပဲ။ ဥပမာ၊ ရုသဟာ နောမိကို မစွန့်ခွာဘဲ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်။ (ရုသ ၁:၁၆၊ ၁၇၊ ၂၂ ကိုဖတ်ပါ။) ဘက်သလီဟင်မြို့မှာ ကောက်သင်းကောက်ပြီး နောမိကို လုပ်ကျွေးတယ်။ ဒါကြောင့် ရုသ နာမည်ကောင်း ရခဲ့တယ်။—ရု. ၃:၁၁။ ၄:၁၅။
၁၀။ နောမိ၊ ရုသတို့လို ဆင်းရဲသားတွေအတွက် ယေဟောဝါ မေတ္တာ ဘယ်လို ပြသလဲ။
၁၀ နောမိ၊ ရုသတို့လို ဆင်းရဲသားတွေအတွက် မေတ္တာပါတဲ့ ပညတ်တစ်ခု အစ္စရေးတွေကို ယေဟောဝါ ပေးထားတယ်။ လယ်ရိတ်သိမ်းတဲ့အခါ လယ်ကွက်အနားတစ်လျှောက်ကို အကုန် မရိတ်ဘဲ ဆင်းရဲသားတွေအတွက် ချန်ထားဖို့ ဖြစ်တယ်။ (ဝတ်. ၁၉:၉၊ ၁၀) ဒါကြောင့် နောမိနဲ့ ရုသဟာ တောင်းရမ်းစားသောက်နေစရာ မလိုဘူး။ သိက္ခာရှိရှိ ရှာဖွေစားသောက်နိုင်ခဲ့တယ်။
၁၁-၁၂။ ဗောဇဟာ နောမိနဲ့ ရုသကို ဘယ်လိုနည်းနဲ့ ပျော်ရွှင်စေသလဲ။
၁၁ ရုသ ကောက်သင်းကောက်တဲ့ လယ်ရဲ့ ပိုင်ရှင်ဟာ ဗောဇ ဖြစ်တယ်။ နောမိအပေါ် ထားတဲ့ ရုသရဲ့ သစ္စာနဲ့ မေတ္တာကို မြင်ပြီး စိတ်ထိမိသွားလို့ နောမိရဲ့ မိသားစု အမွေမြေကို ဝယ်တယ်။ ရုသကိုလည်း ဇနီးအဖြစ် ယူလိုက်တယ်။ (ရု. ၄:၉-၁၃) ဩဗက်လို့ ခေါ်တဲ့ သားလေး ရလာတယ်။ ဩဗက်ဟာ ဘုရင် ဒါဝိဒ်ရဲ့ အဘိုး ဖြစ်လာတယ်။—ရု. ၄:၁၇။
၁၂ ဩဗက်လေး မွေးလာတော့ နောမိ ဘယ်လောက် ပျော်ပြီး ယေဟောဝါကို ကျေးဇူးတင်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ နောမိနဲ့ ရုသအတွက် နောက်ထပ် ကောင်းချီး ရှိသေးတယ်။ ဩဗက်ဟာ ကတိထားရာ မေရှိယ ယေရှုခရစ်ရဲ့ ဘိုးဘေး ဖြစ်ခဲ့မှန်း နောမိနဲ့ ရုသ ရှင်ပြန်ထမြောက်တဲ့အခါ သိလာရလိမ့်မယ်။
၁၃။ နောမိနဲ့ ရုသမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။
၁၃ ကျွန်တော်တို့အတွက် သင်ခန်းစာ။ အခက်အခဲတွေ ကြုံရတဲ့အခါ စိတ်ဓာတ်ကျပြီး စိတ်ထောင်းကိုယ်ကြေတောင် ဖြစ်နိုင်တယ်။ လွတ်လမ်း မရှိဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ ကောင်းကင်ဖခင်ကို အပြည့်အဝ ယုံကြည်ကိုးစားပြီး ယုံကြည်သူချင်းတွေနဲ့ ရင်းရင်းနှီးနှီး ပညာ. ၁၇:၁၇။
နေသင့်တယ်။ ယေဟောဝါက အခက်အခဲကို ဖယ်ရှားပေးချင်မှ ဖယ်ရှားပေးမယ်။ ဥပမာ၊ နောမိရဲ့ ခင်ပွန်းနဲ့ သားတွေ အသက်ပြန်ရှင်လာအောင် မလုပ်ပေးဘူး။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့ ကြင်နာတဲ့ လုပ်ရပ်တွေကတစ်ဆင့် အခက်အခဲတွေကို ကျွန်တော်တို့ ခံရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ခြေလှမ်း မှားလုမတတ် ဖြစ်ခဲ့တဲ့ လေဝိအမျိုးသား
၁၄။ လေဝိအမျိုးသားတစ်ယောက် ဘာကြောင့် အလွန်အမင်း စိတ်ဓာတ်ကျခဲ့သလဲ။
၁၄ ဆာလံ ၇၃ ကို ရေးသားသူဟာ လေဝိအမျိုးသား ဖြစ်ပြီး ယေဟောဝါရဲ့ ဝတ်ပြုရာအိမ်တော်မှာ အမှုဆောင်ခွင့် ရထားတယ်။ ဒါတောင် တစ်ကြိမ်မှာ အလွန်အမင်း စိတ်ဓာတ်ကျခဲ့တယ်။ လူဆိုးတွေ၊ မောက်မာသူတွေကို မနာလို မရှုဆိတ် ဖြစ်လာလို့ပဲ။ (ဆာ. ၇၃:၂-၉၊ ၁၁-၁၄) သူတို့ ကြီးပွားချမ်းသာပြီး အပူအပင် ကင်းကင်းနဲ့ ကောင်းစားနေကြတာကို မြင်တော့ စိတ်ဓာတ်ကျလွန်းလို့ “ငါ့စိတ်ကို ဖြူစင်အောင်ထားလည်း အလကားပဲ။ ငါ့လက်ကို အပြစ်မဲ့ခြင်းနဲ့ ဆေးရင်လည်း အလကားပဲ” လို့ ပြောခဲ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နေပြီ။
၁၅။ ဆာလံ ၇၃:၁၆-၁၉၊ ၂၂-၂၅ အရ ဆာလံဆရာ လေဝိအမျိုးသားဟာ စိတ်ဓာတ်ကျမှုကို ဘယ်လို တိုက်လှန်ခဲ့သလဲ။
၁၅ ဆာလံ ၇၃:၁၆-၁၉၊ ၂၂-၂၅ ကိုဖတ်ပါ။ လေဝိအမျိုးသားဟာ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာ ဌာနတော်ထဲ ဝင်” တယ်။ အဲဒီမှာ ယုံကြည်သူချင်းတွေနဲ့အတူ ဝတ်ပြုရင်း မိမိအခြေအနေအကြောင်း ဆုတောင်းပြီး အရှိအတိုင်း တည်တည်ငြိမ်ငြိမ် ဆန်းစစ်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အတွေးအခေါ် မှားနေမှန်း၊ ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တဲ့ အန္တရာယ်လမ်းပေါ် ရောက်နေမှန်း မြင်လာတယ်။ လူဆိုးတွေဟာ “ချော်တဲ့ မြေပေါ်” မှာ ရှိနေပြီး “ဆိုးဆိုးရွားရွား ဇာတ်သိမ်း” သွားမယ်ဆိုတာကိုလည်း နားလည်လာတယ်။ မနာလိုစိတ်နဲ့ စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ဆာလံဆရာဟာ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ လိုအပ်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ငြိမ်သက်မှု ပြန်ရပြီး ပျော်ရွှင်လာတယ်။ “[ယေဟောဝါ] ရှိနေသရွေ့ ဘာမှ မလိုအပ်ပါဘူး” လို့ ပြောနိုင်ခဲ့တယ်။
၁၆။ လေဝိအမျိုးသားဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၆ ကျွန်တော်တို့အတွက် သင်ခန်းစာ။ ကြီးပွားကောင်းစားနေပုံရတဲ့ လူဆိုးတွေကို ဘယ်တော့မှ မနာလို မဖြစ်ပါနဲ့။ သူတို့ရဲ့ ပျော်ရွှင်မှုဟာ အပေါ်ယံပဲ၊ ခဏပဲ။ ဒေ. ၈:၁၂၊ ၁၃) သူတို့ကို မနာလို ဖြစ်နေရင် ကိုယ်ပဲ စိတ်ဓာတ်ကျလာမယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်လာမယ်။ ဒါကြောင့် ကြီးပွားကောင်းစားနေပုံရတဲ့ လူဆိုးတွေကို မနာလို ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် လေဝိအမျိုးသားလို လုပ်ပါ၊ ဘုရားရဲ့ မေတ္တာပါ အကြံဉာဏ်ကို လိုက်နာပါ။ ဘုရားအလိုဆောင်သူတွေနဲ့ ပေါင်းသင်းပါ။ အရာရာထက် ယေဟောဝါကို ချစ်မယ်ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရမယ်။ “စစ်မှန်တဲ့ အသက်” ရစေမယ့် လမ်းပေါ် ဆက်ရှိနေနိုင်ပါလိမ့်မယ်။—၁ တိ. ၆:၁၉။
သူတို့မှာ တည်မြဲတဲ့ အနာဂတ် မရှိဘူး။ (အားနည်းချက်တွေကြောင့် စိတ်ဓာတ်ကျခဲ့တဲ့ ပေတရု
၁၇။ ဘယ်အကြောင်းရင်းတွေကြောင့် ပေတရု စိတ်ဓာတ်ကျနိုင်သလဲ။
၁၇ တမန်တော် ပေတရုဟာ တက်ကြွထက်သန်သူ ဖြစ်တယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ဒါကြောင့်လည်း နောက်မှ နောင်တရမယ့်အရာတွေ ပြောမိ၊ လုပ်မိတယ်။ ဥပမာ၊ မိမိ ဝေဒနာခံပြီး အသတ်ခံရမယ့်အကြောင်း တမန်တော်တွေကို ယေရှု ပြောတဲ့အခါ “ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့ ယေရှုကို အပြစ်တင်တယ်။ (မ. ၁၆:၂၁-၂၃) ပေတရုကို ယေရှု ဆုံးမခဲ့ရတယ်။ ယေရှုကို လူအုပ် လာဖမ်းတော့ ပုရောဟိတ်မင်း ကျွန်ရဲ့ နားရွက်ကို ပေတရု ဓားနဲ့ ကမူးရှူးထိုး ခုတ်လိုက်တယ်။ (ယော. ၁၈:၁၀၊ ၁၁) ဒီတစ်ခါလည်း ပေတရုကို ယေရှု ဆုံးမရပြန်တယ်။ ဒါ့အပြင် တခြားတမန်တော်တွေ စွန့်ခွာသွားရင်တောင် ခရစ်တော်ကို ဘယ်တော့မှ မစွန့်ဘူးလို့ ပေတရု ကြွားတယ်။ (မ. ၂၆:၃၃) ဒါပေမဲ့ ပေတရုဟာ ထင်ထားသလောက် သတ္တိမရှိဘူး။ လူကို ကြောက်တဲ့အတွက် အဲဒီညမှာပဲ ယေရှုကို သုံးကြိမ် ငြင်းခဲ့တယ်။ အကြီးအကျယ် စိတ်ထိခိုက်သွားလို့ “အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချ” ခဲ့တယ်။ (မ. ၂၆:၆၉-၇၅) ယေရှု ခွင့်လွှတ်ပါတော့မလားလို့ တွေးပူခဲ့မှာပဲ။
၁၈။ စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ပေတရုကို ယေရှု ဘယ်လို ကူညီပေးသလဲ။
၁၈ ပေတရုဟာ စိတ်ဓာတ်ကျလွန်းလို့ ယေဟောဝါကို ဝတ်မပြုတဲ့အထိတော့ မဖြစ်ခဲ့ဘူး။ အမှားလုပ်မိပေမဲ့ ယော. ၂၁:၁-၃။ တ. ၁:၁၅၊ ၁၆) ပေတရုကို ဘာက ကူညီပေးသလဲ။ အစောပိုင်းတုန်းက ပေတရုရဲ့ ယုံကြည်ခြင်း အားမနည်းသွားအောင် ယေရှု ဆုတောင်းပေးခဲ့တယ်။ နောင်တရပြီး ပြန်လှည့်လာတာနဲ့ ညီအစ်ကိုတွေကို အားပေးထောက်မဖို့ မှာခဲ့တယ်။ အဲဒီဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်။ နောက်ပိုင်း ပေတရုကို ယေရှု ကိုယ်ထင်ပြတယ်။ ပေတရုကို အားပေးချင်လို့ဆိုတာ ထင်ရှားပါတယ်။ (လု. ၂၂:၃၂။ ၂၄:၃၃၊ ၃၄။ ၁ ကော. ၁၅:၅) တစ်ညလုံး ငါးမရလို့ စိတ်ဓာတ်ကျနေတဲ့ တမန်တော်တွေကိုလည်း ယေရှု ကိုယ်ထင်ပြတယ်။ အဲဒီအချိန်မှာ မိမိကို ဘယ်လောက် ချစ်ကြောင်း ပြောဖို့ ပေတရုကို ယေရှု အခွင့်အရေး ပေးတယ်။ ပေတရုကို ခွင့်လွှတ်ပြီး နောက်ထပ် အလုပ်တာဝန်တွေ အပ်နှင်းခဲ့တယ်။—ယော. ၂၁:၁၅-၁၇။
နောင်တယူပြီး တခြားတမန်တော်တွေနဲ့အတူ ယေဟောဝါကို ဆက်ဝတ်ပြုတယ်။ (၁၉။ အမှားလုပ်မိတဲ့အခါ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်ဖို့ ဆာလံ ၁၀၃:၁၃၊ ၁၄ က ဘယ်လို ကူညီပေးသလဲ။
၁၉ ကျွန်တော်တို့အတွက် သင်ခန်းစာ။ ပေတရုကို ဆက်ဆံပုံမှာ ယေရှုရဲ့ ကရုဏာ ပေါ်လွင်တယ်။ ဖခင်ကို ယေရှု အပြည့်အဝ တုပတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း အမှား လုပ်မိတဲ့အခါ ယေဟောဝါ ခွင့်လွှတ်တော့မှာ မဟုတ်ဘူးလို့ မတွေးသင့်ဘူး။ ကျွန်တော်တို့ကို စာတန် အဲဒီလိုပဲ တွေးစေချင်တယ်ဆိုတာ သတိရပါ။ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ကို ပြစ်မှားသူတွေကိုပါ ကောင်းကင်ဖခင် မြင်သလို မြင်ဖို့ ကြိုးစားကြပါစို့။—ဆာလံ ၁၀၃:၁၃၊ ၁၄ ကိုဖတ်ပါ။
၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂၀ ယောသပ်၊ နောမိနဲ့ ရုသ၊ လေဝိအမျိုးသား၊ ပေတရုတို့ရဲ့ ပုံနမူနာတွေက “ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိ” ကြောင်း ယုံကြည်စိတ်ချစေတယ်။ (ဆာ. ၃၄:၁၈) ကျွန်တော်တို့ အခက်အခဲတွေ ကြုံဖို့၊ စိတ်ဓာတ်ကျဖို့ တစ်ခါတလေ ဘုရား ခွင့်ပြုတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ အောင်မြင်စွာ ခံရပ်တဲ့အခါ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ (၁ ပေ. ၁:၆၊ ၇) မစုံလင်မှုကြောင့်၊ ခက်ခဲတဲ့ အခြေအနေတွေကြောင့် စိတ်ဓာတ်ကျနေတဲ့ သစ္စာရှိသူတွေကို ယေဟောဝါ ဘယ်လို ထောက်မကြောင်း နောက်ဆောင်းပါးမှာ တွေ့ရပါမယ်။
သီချင်း ၇ ယေဟောဝါ၊ တို့ခွန်အား
^ အပိုဒ်၊ 5 ယောသပ်၊ နောမိ၊ ရုသ၊ လေဝိအမျိုးသားတစ်ယောက်နဲ့ တမန်တော် ပေတရုတို့ဟာ စိတ်ဓာတ်ကျစရာ အခြေအနေတွေ ကြုံတွေ့ခဲ့ရတယ်။ သူတို့ကို ယေဟောဝါ ဘယ်လို နှစ်သိမ့်ပြီး ခွန်အားပေးခဲ့ကြောင်း ဒီဆောင်းပါးမှာ တွေ့ရပါမယ်။ သူတို့ရဲ့ ပုံနမူနာကနေ၊ သူတို့ကို ဘုရား မေတ္တာပါပါ ကူညီပေးခဲ့ပုံကနေ ဘာသင်ယူနိုင်ကြောင်းကိုလည်း ဆွေးနွေးသွားပါမယ်။
^ အပိုဒ်၊ 56 ပုံအညွှန်း– နောမိ၊ ရုသနဲ့ ဩရပတို့ အိမ်ထောင်ဖက် သေဆုံးသွားလို့ ပူဆွေးပြီး စိတ်ဓာတ်ကျနေ။ နောက်ပိုင်း ဩဗက် မွေးလာလို့ ဗောဇနဲ့အတူ ရုသ၊ နောမိ ပျော်ရွှင်နေ။