လေ့လာရန် ဆောင်းပါး ၄၆
သင့်ရဲ့ “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” ကို ဂရုတစိုက် ထိန်းသိမ်းနေသလား
‘ယုံကြည်ခြင်း ဒိုင်းလွှားကြီးကို ကိုင်ဆောင်ထားကြ။’—ဧ. ၆:၁၆။
သီချင်း ၁၁၉ ယုံကြည်ခြင်း ရှိရမယ်
အကြိုသုံးသပ်ချက် *
၁-၂။ (က) ဧဖက် ၆:၁၆ အရ “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” ကို ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
သင့်မှာ “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” ရှိသလား။ (ဧဖက် ၆:၁၆ ကိုဖတ်ပါ။) ရှိမှာ သေချာတယ်။ ဒိုင်းလွှားက ကိုယ်ခန္ဓာကို ကာကွယ်ပေးသလို ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက လောကစနစ်ရဲ့ အကျင့်ပျက်မှု၊ အကြမ်းဖက်မှုနဲ့ ဘုရားတရားမဲ့ အခြေအနေတွေကနေ ကာကွယ်ပေးတယ်။
၂ ကျွန်တော်တို့ဟာ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေတဲ့အတွက် ယုံကြည်ခြင်း အမြဲ စမ်းသပ်ခံရလိမ့်မယ်။ (၂ တိ. ၃:၁) ကိုယ့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှား ခိုင်ခံ့မှု ရှိမရှိ ဘယ်လို စစ်ဆေးနိုင်မလဲ၊ ဆက်ခိုင်ခံ့အောင် ဘာလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဆွေးနွေးကြစို့။
သင့်ဒိုင်းလွှားကို အသေအချာ စစ်ဆေးပါ
၃။ စစ်သားတွေဟာ ဒိုင်းလွှားကို ဘာလုပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။
၃ ကျမ်းစာခေတ်က စစ်သားတွေရဲ့ ဒိုင်းလွှားကို သားရေနဲ့ ဖုံးအုပ်ထားလေ့ရှိတယ်။ စစ်သားတွေက ဒိုင်းလွှားရဲ့ သားရေတွေ ကြာရှည်ခံပြီး သတ္တုအပိုင်းတွေ သံချေးမတက်အောင် ဆီသုတ်လိမ်းပေးတယ်။ ဒိုင်းလွှား ပျက်နေရင် ပြန်ပြင်တယ်။ ဒါမှ တိုက်ပွဲအတွက် အမြဲ အသင့်ဖြစ်နေမယ်။ ဒီဥပမာက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။
၄။ သင့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကို ဘာကြောင့် စစ်ဆေးရမလဲ။ ဘယ်လို စစ်ဆေးသင့်သလဲ။
၄ ရှေးခေတ်စစ်သားတွေလိုပဲ ကျွန်တော်တို့လည်း တိုက်ပွဲအတွက် အမြဲ အသင့်ဖြစ်အောင် ယုံကြည်ခြင်း ဒိုင်းလွှားကို ပုံမှန် စစ်ဆေးပြီး ထိန်းသိမ်းရမယ်။ ဧ. ၆:၁၀-၁၂) ယုံကြည်ခြင်း ဒိုင်းလွှားကို ကျွန်တော်တို့ကိုယ်စား ဘယ်သူမှ ထိန်းသိမ်းပေးလို့ မရဘူး။ စမ်းသပ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်မဖြစ် ဘယ်လို သိနိုင်မလဲ။ ဘုရားသခင့် အကူအညီ ရဖို့ ဆုတောင်းပါ။ ကိုယ့်ကို ဘုရား ရှုမြင်သလို ရှုမြင်နိုင်အောင် ကျမ်းစာ ဖတ်ပါ။ (ဟီ. ၄:၁၂) “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၃:၅၊ ၆) ဒါကို စိတ်ထဲ ထားပြီး မကြာသေးခင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ပါ။ ဥပမာ၊ ငွေကြေး ခက်ခဲတဲ့အခါ ဟီဘရူး ၁၃:၅ မှာပါတဲ့ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သတိရသလား။ အဲဒီကတိအတိုင်း ယေဟောဝါ ကူညီမယ်ဆိုတာ စိတ်ချသလား။ စိတ်ချတယ်ဆိုရင် သင့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှား အခြေအနေကောင်းနေတယ်။
ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ရန်သူနတ်ဆိုးတွေကို တိုက်လှန်နေရတယ်။ (၅။ ကိုယ့်ယုံကြည်ခြင်းကို စစ်ဆေးတဲ့အခါ ဘာတွေ တွေ့လာနိုင်သလဲ။
၅ ကိုယ့်ယုံကြည်ခြင်းကို အသေအချာ စစ်ဆေးလိုက်တဲ့အခါ သတိမထားမိတဲ့ အားနည်းချက်တွေကို တွေ့လာနိုင်တယ်။ ဥပမာ၊ စိုးရိမ်ပူပန်မှုတွေ၊ အလိမ်အညာတွေ၊ စိတ်ဓာတ်ကျတာတွေကြောင့် သင့်ရဲ့ ယုံကြည်ခြင်း ထိခိုက်နေမှန်း တွေ့လာနိုင်တယ်။ ဒါဆိုရင် ပိုမဆိုးအောင် ဘယ်လို ကာကွယ်နိုင်သလဲ။
စိုးရိမ်ပူပန်မှု၊ အလိမ်အညာနဲ့ စိတ်ဓာတ်ကျမှုတွေကနေ ကာကွယ်ပါ
၆။ သင့်တော်တဲ့ စိုးရိမ်ပူပန်မှုတချို့ကို ဥပမာပေးပါ။
၆ တချို့စိုးရိမ်ပူပန်မှုတွေဟာ သင့်တော်ပါတယ်။ ဥပမာ၊ ယေဟောဝါနဲ့ ယေရှု မနှစ်သက်မှာကို စိုးရိမ်တာဟာ သင့်တော်တယ်။ (၁ ကော. ၇:၃၂) ကြီးလေးတဲ့အပြစ် ကျူးလွန်ထားမယ်ဆိုရင် ဘုရားနဲ့ ဆက်ဆံရေးကောင်း ပြန်မရမှာ စိုးရိမ်တတ်ကြတယ်။ (ဆာ. ၃၈:၁၈) အိမ်ထောင်ဖက်၊ မိသားစုဝင်နဲ့ ယုံကြည်သူချင်းတွေရဲ့ အကျိုးအတွက် ကျွန်တော်တို့ စိုးရိမ်ကြတယ်။—၁ ကော. ၇:၃၃။ ၂ ကော. ၁၁:၂၈။
၇။ ပညာအလိမ္မာ ၂၉:၂၅ အရ လူကို ဘာကြောင့် မကြောက်သင့်သလဲ။
၇ မသင့်တော်တဲ့ စိုးရိမ်ပူပန်မှုကတော့ ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တယ်။ ဥပမာ၊ စားဝတ်နေရေးအတွက် အမြဲ တွေးပူမိနိုင်တယ်။ (မ. ၆:၃၁၊ ၃၂) ဒါကြောင့် ရုပ်ပစ္စည်း ပိုင်ဆိုင်ဖို့ အာရုံစိုက်လာနိုင်တယ်။ ငွေတပ်မက်စိတ် ဝင်လာနိုင်တယ်။ ဒါဆိုရင် ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းလာမယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်လာမယ်။ (မာ. ၄:၁၉။ ၁ တိ. ၆:၁၀) မသင့်တော်တဲ့ စိုးရိမ်ပူပန်မှု နောက်တစ်မျိုးကတော့ လူတွေရဲ့ မျက်နှာသာရဖို့ တွေးပူနေခြင်းပဲ။ ယေဟောဝါ မနှစ်သက်မှာထက် လူတွေ လှောင်ပြောင်မှာ၊ နှိပ်စက်မှာကို စိုးရိမ်လာနိုင်တယ်။ အဲဒီလိုမဖြစ်အောင် ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပေးဖို့ ယေဟောဝါဆီ အသနားခံရမယ်။—ပညာအလိမ္မာ ၂၉:၂၅ ကိုဖတ်ပါ။ လု. ၁၇:၅။
၈။ အလိမ်အညာတွေကို ဘယ်လို တုံ့ပြန်သင့်သလဲ။
၈ “မုသားရဲ့ အဖ” စာတန်ဟာ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအကြောင်း အလိမ်အညာတွေ ဖြန့်ဖို့ မိမိထိန်းချုပ်ထားသူတွေကို သုံးနေတယ်။ (ယော. ၈:၄၄) ဥပမာ၊ အယူဖောက်ပြန်သူတွေက ဝက်ဘ်ဆိုက်၊ တီဗီနဲ့ တခြား မီဒီယာတွေမှာ ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း အလိမ်အညာတွေ ဖြန့်နေတယ်။ အဲဒါတွေဟာ စာတန် ပစ်ခတ်တဲ့ “မီးမြားတွေ” ပဲ။ (ဧ. ၆:၁၆) ဒီလိုအလိမ်အညာတွေကို ဘယ်လို တုံ့ပြန်သင့်သလဲ။ လုံးဝ ရှောင်သင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချလို့ပဲ။ အယူဖောက်ပြန်သူတွေကို ကျွန်တော်တို့ ဝေးဝေး ရှောင်ကြတယ်။ ဘာအကြောင်းနဲ့မှ သူတို့နဲ့ အငြင်းအခုံ မလုပ်ဘူး။ သူတို့ ဘာပြောသလဲဆိုပြီး စပ်စုတာမျိုးတောင် မလုပ်ကြဘူး။
၉။ စိတ်ဓာတ်ကျတာက ကျွန်တော်တို့ကို ဘယ်လို ထိခိုက်စေနိုင်သလဲ။
၉ စိတ်ဓာတ်ကျတာက ယုံကြည်ခြင်း အားနည်းစေနိုင်တယ်။ တစ်ခါတလေ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျမိနိုင်တယ်။ အဲဒီပြဿနာတွေကို လျစ်လျူရှုလို့လည်း မရပြန်ဘူး။ လျစ်လျူရှုလိုက်ရင် တာဝန်မသိတတ်သူ ဖြစ်သွားမယ်။ ဒါပေမဲ့ ပြဿနာအကြောင်းပဲ တစ်ချိန်လုံး စဉ်းစားမနေသင့်ဘူး။ စဉ်းစားနေရင် ယေဟောဝါ ပေးတဲ့ အံ့ဖွယ်မျှော်လင့်ချက်ကို မျက်ခြည်ပြတ်သွားနိုင်တယ်။ (ဗျာ. ၂၁:၃၊ ၄) စိတ်ဓာတ်ကျရင် အားလျော့ပြီး ဘုရားကို ကျောခိုင်းမိနိုင်တယ်။ (ပညာ. ၂၄:၁၀) ကျွန်တော်တို့ အဲဒီလိုအဖြစ်မျိုး ကြုံစရာ မလိုပါဘူး။
၁၀။ ညီအစ်မတစ်ယောက်ရဲ့ စာကနေ ဘာသိရသလဲ။
၁၀ အသည်းအသန် ဖျားနေတဲ့ ခင်ပွန်းကို ပြုစုရင်း ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့တဲ့ အမေရိကန်က ညီအစ်မတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ “ဖိစီးမှုများပြီး စိတ်ဓာတ်ကျပေမဲ့ ကျွန်မတို့ရဲ့ မျှော်လင့်ချက် ခိုင်မာနေတယ်။ ယုံကြည်ခြင်း ခိုင်မြဲစေဖို့၊ စိတ်အားတက်စေဖို့ ယေဟောဝါ ပြင်ဆင်ပေးသမျှအတွက် သိပ်ကျေးဇူးတင်တယ်။ ဒီလိုအကြံဉာဏ်နဲ့ အားပေးမှုကို ကျွန်မတို့ လိုနေတာ။ ဒါက ကျွန်မတို့ကို ရှေ့ဆက်စေတယ်။ စာတန်ကြောင့် ကြုံနေရတဲ့ အခက်အခဲတွေကို ခံရပ်စေတယ်” လို့ ဌာနချုပ်ကို စာရေးတယ်။ စိတ်ဓာတ်ကျမှုကို ဘယ်လို အောင်မြင်နိုင်ကြောင်း ဒီညီအစ်မရဲ့ စာကနေ သိရတယ်။ အခက်အခဲတွေကို စာတန်ရဲ့ စမ်းသပ်မှုအဖြစ် ရှုမြင်ပါ။ ယေဟောဝါကို နှစ်သိမ့်ပေးရှင်အဖြစ် ယုံကြည်ပါ။ ဘုရား ပြင်ဆင်ပေးရာတွေကို တန်ဖိုးထားပါ။
၁၁။ ကိုယ့်ယုံကြည်ခြင်း အခြေအနေကို သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၁ သင့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှားမှာ ပြုပြင်ဖို့ လိုနေတဲ့ အပိုင်းတွေကို သတိထားမိသလား။ လွန်ခဲ့တဲ့ လအနည်းငယ်က မသင့်တော်တဲ့ စိုးရိမ်ပူပန်မှုတွေကို ရှောင်နိုင်ခဲ့သလား။ အယူဖောက်ပြန်သူတွေရဲ့ အလိမ်အညာတွေကို နားမထောင်ဘဲ၊ အငြင်းအခုံ မလုပ်ဘဲ ရှောင်နိုင်ခဲ့သလား။ စိတ်ဓာတ်ကျတာကို
အနိုင်ယူခဲ့သလား။ ဒါဆိုရင် သင့်ယုံကြည်ခြင်း အခြေအနေကောင်းနေတယ်။ ဒါပေမဲ့ စာတန်ဟာ ကျွန်တော်တို့ကို တိုက်ဖို့ တခြားလက်နက်တွေ သုံးနေတဲ့အတွက် အမြဲ သတိရှိနေရမယ်။ လက်နက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။ရုပ်ပစ္စည်းကို အဓိကမထားမိအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ
၁၂။ ရုပ်ပစ္စည်း အဓိကထားခြင်းက ဘာဖြစ်စေနိုင်သလဲ။
၁၂ ရုပ်ပစ္စည်း အဓိကထားခြင်းက အာရုံလွဲစေပြီး ယုံကြည်ခြင်း ဒိုင်းလွှားကို လျစ်လျူရှုမိစေနိုင်တယ်။ “စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး” လို့ တမန်တော် ပေါလု ပြောတယ်။ (၂ တိ. ၂:၄) ရောမစစ်သားတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ခွင့် မရှိဘူး။ ဒီတောင်းဆိုချက်ကို မလိုက်နာရင် ဘာဖြစ်နိုင်သလဲ။
၁၃။ စစ်သားတစ်ယောက်ဟာ စီးပွားရေးကိစ္စမှာ ဘာကြောင့် မပါဝင်သင့်သလဲ။
၁၃ စဉ်းစားကြည့်ပါ။ စစ်သားတစ်စု မနက်ပိုင်း စစ်ရေးလေ့ကျင့်ချိန်မှာ တစ်ယောက်က ပျက်ကွက်နေတယ်။ သူက စျေးမှာ အစားအသောက်တွေ ရောင်းနေတယ်။ ညနေပိုင်းမှာ စစ်သားတွေဟာ ချပ်ဝတ်တန်ဆာတွေကို စစ်ဆေးပြီး ဓားသွေးနေချိန်မှာ စျေးရောင်းတဲ့ စစ်သားကတော့ နောက်တစ်နေ့ ရောင်းမယ့် အစားအသောက်တွေကို ပြင်ဆင်နေတယ်။ နောက်တစ်နေ့မနက် ရန်သူတွေ ရုတ်တရက် လာတိုက်တဲ့အခါ ဘယ်စစ်သားက တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီး တပ်မှူးရဲ့ မျက်နှာသာကို ရမလဲ။ သင့်ဘေးမှာ ဘယ်သူ့ကို ရှိစေချင်မလဲ။ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ စစ်သားလား။ စျေးရောင်းဖို့ အလုပ်များနေတဲ့ စစ်သားလား။
၁၄။ ခရစ်တော်ရဲ့ စစ်သားတွေအနေနဲ့ ကျွန်တော်တို့ ဘာကို တန်ဖိုးထားကြသလဲ။
၁၄ စစ်သားကောင်းတွေလိုပဲ ကျွန်တော်တို့လည်း တပ်မှူးတွေ ဖြစ်တဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ မျက်နှာသာ ရဖို့ဆိုတဲ့ အဓိကပန်းတိုင်ကနေ အာရုံမလွဲကြဘူး။ အဲဒါကို စာတန့်လောက ကမ်းလှမ်းတဲ့အရာမှန်သမျှထက် တန်ဖိုးထားကြတယ်။ ယေဟောဝါအတွက် အမှုဆောင်ဖို့ အချိန်နဲ့ ခွန်အား ရှိအောင်၊ ယုံကြည်ခြင်း ဒိုင်းလွှားနဲ့ တခြားချပ်ဝတ်တန်ဆာ
တွေ အခြေအနေကောင်းနေအောင် ကြိုးစားကြတယ်။၁၅။ ကျွန်တော်တို့ကို ပေါလု ဘယ်လို သတိပေးသလဲ။ ဘာကြောင့်လဲ။
၁၅ ကျွန်တော်တို့ အမြဲ သတိရှိနေရမယ်။ ဘာကြောင့်လဲ။ “ချမ်းသာဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ” ဟာ “ယုံကြည်ခြင်းကနေ လမ်းလွဲသွား” မယ်လို့ တမန်တော် ပေါလု သတိပေးထားလို့ပဲ။ (၁ တိ. ၆:၉၊ ၁၀) “လမ်းလွဲ” ဆိုတဲ့ အသုံးအနှုန်းက မလိုအပ်တဲ့ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ဖို့ ကြိုးစားရင်း အာရုံလွဲသွားနိုင်ကြောင်း ဖော်ပြတယ်။ “မိုက်မဲပြီး အန္တရာယ်ရှိတဲ့ အလိုဆန္ဒတွေ” ကျွန်တော်တို့ စိတ်ထဲ ပေါ်လာနိုင်တယ်။ အဲဒီဆန္ဒတွေကို စိတ်နှလုံးထဲ ဆက်ရှိခွင့်ပြုမယ့်အစား စာတန် သုံးနေတဲ့ လက်နက်တွေအဖြစ် ရှုမြင်သင့်တယ်။
၁၆။ မာကု ၁၀:၁၇-၂၂ မှာပါတဲ့ မှတ်တမ်းအရ ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၆ ရုပ်ပစ္စည်းတွေ ဝယ်ဖို့ ငွေကြေးတတ်နိုင်တယ် ဆိုပါစို့။ မလိုအပ်ပေမဲ့ လိုချင်တာကို ဝယ်တာ မှားသလား။ မမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– တစ်ခုခုကို ဝယ်နိုင်တယ်ဆိုရင်တောင် ဒါကို သုံးဖို့၊ ထိန်းသိမ်းဖို့ အချိန်နဲ့ ခွန်အား ရှိရဲ့လား။ ပစ္စည်းဥစ္စာတွေကို အလွန် စွဲလမ်းနေသလား။ ရုပ်ပစ္စည်း စွဲလမ်းစိတ်က ဘုရားအမှုတော်မှာ ပိုပါဝင်ဖို့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်တဲ့ လူငယ်မာကု ၁၀:၁၇-၂၂ ကိုဖတ်ပါ။) ဘဝကို ရိုးရိုးရှင်းရှင်း ထားတာ၊ တန်ဖိုးရှိတဲ့ အချိန်နဲ့ ခွန်အားကို အလိုတော် ထမ်းဆောင်ရာမှာ သုံးတာက ပိုကောင်းပါတယ်။
လို ဖြစ်သွားစေမလား။ (ယုံကြည်ခြင်း ဒိုင်းလွှားကို မြဲမြဲ ကိုင်ထားပါ
၁၇။ ဘယ်အချက်ကို မမေ့သင့်သလဲ။
၁၇ ကျွန်တော်တို့ဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရကြောင်း မမေ့ပါနဲ့။ တိုက်ပွဲအတွက် နေ့တိုင်း အသင့်ဖြစ်နေရမယ်။ (ဗျာ. ၁၂:၁၇) ယုံကြည်ခြင်း ဒိုင်းလွှားကို ကျွန်တော်တို့ကိုယ်စား ညီအစ်ကို/မတွေ သယ်ပေးလို့ မရဘူး။ ကိုယ်တိုင် မြဲမြဲ ကိုင်ထားရမယ်။
၁၈။ ရှေးခေတ် စစ်သားတွေဟာ ဒိုင်းလွှားကို ဘာကြောင့် မြဲမြဲ ကိုင်ထားကြသလဲ။
၁၈ ရှေးခေတ် စစ်သားတစ်ယောက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်တဲ့အခါ ဂုဏ်ပြုခံရတယ်။ ဒါပေမဲ့ ဒိုင်းလွှား မပါဘဲ အိမ်ပြန်လာရင်တော့ ရှက်စရာပဲ။ “ဒိုင်းလွှားကို စွန့်ပစ်ခဲ့တာဟာ အလွန်ရှက်စရာပဲ” လို့ ရောမသမိုင်းပညာရှင် တက်စီတပ်စ် ရေးတယ်။ ဒါကြောင့် စစ်သားတွေဟာ ဒိုင်းလွှားကို စစ်မြေပြင်မှာ မြဲမြဲ ကိုင်ထားကြတာ ဖြစ်တယ်။
၁၉။ ယုံကြည်ခြင်း ဒိုင်းလွှားကို ဘယ်လို မြဲမြဲ ကိုင်ထားနိုင်သလဲ။
၁၉ ကျွန်တော်တို့ဟာ အစည်းအဝေး မှန်မှန်တက်ခြင်း၊ ယေဟောဝါရဲ့ နာမည်နဲ့ နိုင်ငံတော်အကြောင်း တခြားသူတွေကို ဟောပြောခြင်းအားဖြင့် ယုံကြည်ခြင်း ဒိုင်းလွှားကို မြဲမြဲ ကိုင်ထားကြတယ်။ (ဟီ. ၁၀:၂၃-၂၅) နေ့တိုင်း ကျမ်းစာဖတ်ပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့ ဆုတောင်းကြတယ်။ (၂ တိ. ၃:၁၆၊ ၁၇) အဲဒီလိုလုပ်နေရင် စာတန် သုံးတဲ့ ဘယ်လက်နက်မှ ကျွန်တော်တို့ကို ထာဝစဉ် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ (ဟေရှာ. ၅၄:၁၇) “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” က ကျွန်တော်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။ ညီအစ်ကို/မတွေနဲ့အတူ အခိုင်အမာ ရပ်တည်ရင်း နေ့စဉ်တိုက်ပွဲတွေကို ကျွန်တော်တို့ အောင်မြင်ကြပါလိမ့်မယ်။ စာတန်နဲ့ သူ့နောက်လိုက်တွေကို အနိုင်ယူတဲ့ စစ်ပွဲမှာ ယေရှုဘက်က ရပ်တည်ခွင့်ကိုလည်း ရပါလိမ့်မယ်။—ဗျာ. ၁၇:၁၄။ ၂၀:၁၀။
သီချင်း ၁၁၈ ‘ယုံကြည်ခြင်း တိုးများစေပါ’
^ အပိုဒ်၊ 5 စစ်သားတွေဟာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဒိုင်းလွှားကို အားကိုးရတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ ဒိုင်းလွှားနဲ့ တူတယ်။ ပကတိဒိုင်းလွှားလိုပဲ ယုံကြည်ခြင်းကိုလည်း ဂရုတစိုက် ထိန်းသိမ်းဖို့ လိုတယ်။ “ယုံကြည်ခြင်း ဒိုင်းလွှားကြီး” ကို ထိန်းသိမ်းဖို့ ဘာတွေ လုပ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
^ အပိုဒ်၊ 59 ပုံအညွှန်း– ယေဟောဝါသက်သေတွေအကြောင်း အလိမ်အညာတွေ ဖြန့်တဲ့ အယူဖောက်ပြန်သူတွေရဲ့ သတင်း ပါလာတဲ့အခါ သက်သေခံမိသားစု တီဗီကို ချက်ချင်း ပိတ်ပစ်။
^ အပိုဒ်၊ 61 ပုံအညွှန်း– နောက်ပိုင်း၊ ဖခင်က မိသားစု ဝတ်ပြုမှုမှာ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ကျမ်းချက် ဖတ်ပြနေ။