လေ့လာရန် ဆောင်းပါး ၂၁
ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား
“ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။” —ဆာ. ၄၀:၅။
သီချင်း ၅ ဘုရားသခင့် အံ့ဖွယ်အမှုတော်များ
အကြိုသုံးသပ်ချက် *
၁-၂။ ဆာလံ ၄၀:၅ အရ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လက်ဆောင်တွေ ပေးထားသလဲ။ အဲဒါတွေအကြောင်း ဒီဆောင်းပါးမှာ ဘာကြောင့် ဆွေးနွေးကြမလဲ။
ယေဟောဝါဟာ ရက်ရောတဲ့ဘုရား ဖြစ်တယ်။ ဘုရားပေး လက်ဆောင်တချို့ကို စဉ်းစားကြည့်ပါ။ ထူးခြားလှပတဲ့ ကမ္ဘာမြေ၊ အံ့ဖွယ်ဒီဇိုင်းနဲ့ ဦးနှောက်၊ အဖိုးတန် သမ္မာကျမ်းစာတို့ ဖြစ်တယ်။ အဲဒီလက်ဆောင် သုံးခု ပေးထားလို့ ကျွန်တော်တို့ နေစရာ နေရာ ရတယ်၊ တွေးခေါ်ဆက်သွယ်နိုင်တယ်၊ အရေးကြီးဆုံး မေးခွန်းတွေရဲ့ အဖြေကို ရတယ်။—ဆာလံ ၄၀:၅ ကိုဖတ်ပါ။
၂ ဒီဆောင်းပါးမှာ အဲဒီလက်ဆောင် သုံးခုအကြောင်း အကျဉ်းချုပ် ဆွေးနွေးသွားပါမယ်။ အဲဒါတွေကို ပိုတွေးတောလေ မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ယေဟောဝါရဲ့ နှစ်သက်မှု ရလိုတဲ့ ဆန္ဒ ပိုတိုးများလေ ဖြစ်မယ်။ (ဗျာ. ၄:၁၁) မှားယွင်းတဲ့ ဆင့်ကဲအယူကြောင့် လမ်းလွဲနေသူတွေကိုလည်း ပိုထိရောက်စွာ ကူညီပေးနိုင်ပါလိမ့်မယ်။
ထူးခြားတဲ့ ကမ္ဘာမြေ
၃။ ကမ္ဘာမြေဟာ ဘာကြောင့် ထူးခြားသလဲ။
၃ ကမ္ဘာ့စံအိမ်ကို တည်ဆောက်ထားပုံမှာ ဘုရားသခင့် ဉာဏ်ပညာကို အထင်အရှား တွေ့မြင်ရတယ်။ (ရော. ၁:၂၀။ ဟီ. ၃:၄) နေကို လှည့်ပတ်နေတဲ့ တခြားဂြိုဟ်တွေ ရှိပေမဲ့ ကမ္ဘာဂြိုဟ်ဟာ လူ့အသက်ကို ထောက်မပေးဖို့ အဘက်ဘက်ကနေ ပြည့်စုံတဲ့အတွက် ထူးခြားတဲ့ ဂြိုဟ်ဖြစ်တယ်။
၄။ ကမ္ဘာမြေကို ပုံစံပြုထားပုံမှာ ဘုရားသခင့် ဉာဏ်ပညာကို ဘယ်လို တွေ့မြင်ရသလဲ။ ဥပမာပေးပါ။
၄ ကမ္ဘာမြေဟာ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ထဲ မျောနေတဲ့ သင်္ဘောနဲ့ တူတယ်။ ဒါပေမဲ့ လူအပြည့် တင်ထားတဲ့ လူလုပ်သင်္ဘောနဲ့ ကမ္ဘာမြေမှာ ကွာခြားချက်တွေ ရှိတယ်။ ဥပမာ၊ အောက်ဆီဂျင်၊ ရေ၊ အစားအစာကို ကိုယ့်ဘာသာကိုယ်
ထုတ်လုပ်ရမယ်၊ စွန့်ပစ်ပစ္စည်းတွေကို ရေထဲ စွန့်ပစ်လို့ မရဘူးဆိုရင် သင်္ဘောပေါ်က လူတွေ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ။ မကြာခင် သေဆုံးသွားမှာပဲ။ ကမ္ဘာမြေကတော့ သက်ရှိ သန်းပေါင်းများစွာကို ထောက်ပံ့ပေးဖို့ အောက်ဆီဂျင်၊ အစားအစာ၊ ရေတွေ ထုတ်လုပ်ပေးတယ်။ အဲဒီအထောက်အပံ့တွေ ကုန်သွားတာမျိုး မရှိဘူး။ စွန့်ပစ်ပစ္စည်းတွေကိုလည်း အာကာသထဲ စွန့်ပစ်ဖို့ မလိုဘူး။ ဒါတောင် ကမ္ဘာမြေဟာ လှပဆဲ၊ နေထိုင်လို့ ရနေဆဲပဲ။ ဘာကြောင့်လဲ။ ယေဟောဝါက စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်တဲ့အစွမ်းနဲ့ ကမ္ဘာမြေကို ပုံစံပြုထားလို့ပဲ။ အောက်ဆီဂျင် သံသရာနဲ့ ရေ သံသရာက ယေဟောဝါရဲ့ ဉာဏ်ပညာကို ဘယ်လို ဖော်ပြကြောင်း ဆွေးနွေးကြရအောင်။၅။ အောက်ဆီဂျင် သံသရာဆိုတာ ဘာလဲ။ ဘာကို အတည်ပြုပေးသလဲ။
၅ အောက်ဆီဂျင်ဟာ အသက်ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်ငွေ့ ဖြစ်တယ်။ ခန့်မှန်းချက်တစ်ခုအရ ကျွန်တော်တို့ အပါအဝင် သက်ရှိတချို့ဟာ နှစ်စဉ် အောက်ဆီဂျင် တန်ချိန် သန်းထောင်ပေါင်းများစွာ ရှူရှိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ကြတယ်။ ဒါပေမဲ့ အောက်ဆီဂျင် ကုန်သွားတာ၊ စွန့်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထုထဲ ပြည့်ကျပ်သွားတာမျိုး မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါ ဖန်ဆင်းထားတဲ့ သစ်ပင် အရွယ်အစား မျိုးစုံက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးလို့ပဲ။ ‘ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတယ်’ ဆိုတဲ့ တမန်တော် ၁၇:၂၄၊ ၂၅ မှန်ကန်ကြောင်း အောက်ဆီဂျင် သံသရာက အတည်ပြုပေးတယ်။
၆။ ရေသံသရာဆိုတာ ဘာလဲ။ ဘာပေါ်လွင်ထင်ရှားသလဲ။ (“ ယေဟောဝါပေးတဲ့ လက်ဆောင် ရေသံသရာ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၆ ကမ္ဘာမြေဟာ နေနဲ့ အလောတော် အကွာအဝေးမှာ ရှိတဲ့အတွက် ရေဟာ အရည်အဖြစ် ကမ္ဘာပေါ်မှာ ရှိနေတယ်။ နေနဲ့သာ အခုထက် နည်းနည်းလေး ပိုနီးရင် ရေအားလုံး အငွေ့ပျံပြီး ကမ္ဘာဟာ ပူပြင်းခြောက်သွေ့သွားမယ်။ ဘယ်သက်ရှိမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ နေနဲ့သာ အခုထက် နည်းနည်းလေး ပိုဝေးရင် ရေအားလုံး အေးခဲပြီး ကမ္ဘာဟာ ရေခဲတုံးကြီး ဖြစ်နေလိမ့်မယ်။ ယေဟောဝါဟာ ကမ္ဘာကို အကောင်းဆုံး နေရာမှာ ထားတဲ့အတွက် ရေသံသရာအားဖြင့် သက်ရှိတွေ ရှင်သန်နိုင်တယ်။ နေဟာ ပင်လယ်နဲ့ ကမ္ဘာပေါ်က ရေတွေကို အငွေ့ပျံစေတယ်။ အငွေ့ပျံသွားတဲ့ ရေတွေဟာ တိမ်တွေ ဖြစ်သွားတယ်။ နှစ်တိုင်း နေဟာ ရေကုဗမိုင် ၁၂၀,၀၀၀ နီးပါးကို အငွေ့ပျံစေတယ်။ အဲဒီရေဟာ ဆယ်ရက်လောက် ကြာမှ မိုး ဒါမှမဟုတ် နှင်းအဖြစ် ရွာချတယ်။ နောက်ဆုံး ပင်လယ်ထဲ ပြန်ရောက်ပြီး သံသရာ တစ်ပတ်လည်သွားတယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ တန်ခိုး ပေါ်လွင်ထင်ရှားတယ်။—ယောဘ ၃၆:၂၇၊ ၂၈။ ဒေ. ၁:၇။
၇။ ဆာလံ ၁၁၅:၁၆ မှာ ဖော်ပြထားတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တဲ့ နည်းတချို့က ဘာတွေလဲ။
၇ အံ့ဖွယ်ကမ္ဘာမြေနဲ့ အထောက်အပံ့ အားလုံးအတွက် ကျေးဇူးတင်စိတ် ဘယ်လို တိုးများစေနိုင်သလဲ။ (ဆာလံ ၁၁၅:၁၆ ကိုဖတ်ပါ။) တစ်နည်းကတော့ ယေဟောဝါ ပြုလုပ်ပေးထားတာတွေကို တွေးတောဆင်ခြင်ခြင်းပါပဲ။ ဒါက ယေဟောဝါ ပေးထားတဲ့ ကောင်းမွန်ရာတွေအတွက် နေ့တိုင်း ကျေးဇူးတင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ကိုယ့်ဝန်းကျင်ကို အတတ်နိုင်ဆုံး သန့်ရှင်းအောင် ထားခြင်းအားဖြင့်လည်း ကမ္ဘာမြေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။
ထူးခြားတဲ့ ဦးနှောက်
၈။ ဦးနှောက်ဟာ အံ့ဖွယ် အင်ဂျင်နီယာ ဒီဇိုင်း ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၈ လူ့ဦးနှောက်ဟာ အံ့ဖွယ် အင်ဂျင်နီယာ ဒီဇိုင်းပါပဲ။ မိခင်ဝမ်းထဲ သင် ရှိစဉ်မှာ ဦးနှောက်ဟာ ဒီဇိုင်းဆွဲထားပြီးသား ပုံစံအတိုင်း ဖွံ့ဖြိုးလာတယ်။ မိနစ်တိုင်း ဦးနှောက်ဆဲလ်အသစ် ထောင်ပေါင်းများစွာ ဖြစ်ပေါ်တယ်။ လူကြီးတစ်ယောက်ရဲ့ ဦးနှောက်မှာ နျူရွန်လို့ခေါ်တဲ့ အထူးဆဲလ်
ဘီလီယံ ၁၀၀ နီးပါး ရှိတယ်လို့ ပညာရှင်တွေ ခန့်မှန်းကြတယ်။ ၃.၃ ပေါင်လောက် ရှိတဲ့ ဦးနှောက်ကို အဲဒီဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဦးနှောက်ရဲ့ အံ့ဖွယ်စွမ်းရည်တချို့ကို စဉ်းစားကြည့်ပါ။၉။ စကားပြောနိုင်စွမ်းဟာ ဘုရားပေး လက်ဆောင် ဖြစ်ကြောင်း ဘာက သက်သေထူသလဲ။
၉ စကားပြောနိုင်စွမ်းဟာ အံ့ဖွယ်ပါပဲ။ စကားတစ်ခွန်း ပြောလိုက်တိုင်း လျှာ၊ လည်ချောင်း၊ နှုတ်ခမ်း၊ မေးရိုး၊ ရင်ဘတ် ကြွက်သား ၁၀၀ လောက်ကို ဦးနှောက်က ထိန်းညှိပေးတယ်။ စကားလုံးတွေကို ရှင်းလင်းပြတ်သားစွာ ပြောနိုင်ဖို့ အဲဒီကြွက်သားအားလုံး အချိန်ကိုက် လှုပ်ရှားကြရတယ်။ ဘာသာစကား ပြောဆိုနိုင်စွမ်းနဲ့ပတ်သက်ပြီး ၂၀၁၉ လေ့လာမှုတစ်ခုအရ မွေးကင်းစ ကလေးတွေဟာ စကားလုံးတွေကို မှတ်မိပြီး တုံ့ပြန်နိုင်ကြောင်း တွေ့ရတယ်။ ဒီတွေ့ရှိချက်က လူသားတွေဟာ မွေးကတည်းက ဘာသာစကားတွေကို မှတ်မိပြီး သင်ယူနိုင်စွမ်း ရှိတယ်ဆိုတဲ့ ပညာရှင်တွေ လက်ခံထားပြီးသား အချက်ကို အတည်ပြုပေးတယ်။ စကားပြောနိုင်စွမ်းဟာ ဘုရားပေး လက်ဆောင်ပါပဲ။—ထွ. ၄:၁၁။
၁၀။ ဘုရားပေးတဲ့ စကားပြောနိုင်စွမ်း လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၀ စကားပြောနိုင်စွမ်း လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ဖန်ဆင်းရှင်ကို ကျွန်တော်တို့ ဘာကြောင့် ယုံကြည်ကြောင်း ဆင့်ကဲဝါဒီတွေကို ရှင်းပြခြင်းပါပဲ။ (ဆာ. ၉:၁။ ၁ ပေ. ၃:၁၅) ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိအားလုံးဟာ မတော်တဆ ဖြစ်လာတာလို့ ဆင့်ကဲဝါဒီတွေ ပြောကြတယ်။ ကျမ်းစာနဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အချက်တချို့ကို သုံးပြီး ကောင်းကင်ဖခင်အကြောင်း ကျွန်တော်တို့ ခုခံပြောဆိုနိုင်တယ်။ ယေဟောဝါဟာ ကောင်းကင်၊ မြေကြီး ဖန်ဆင်းရှင် ဖြစ်တယ်လို့ ကျွန်တော်တို့ ဘာကြောင့် ယုံကြည်ကြောင်း နားထောင်လိုသူတွေကို ရှင်းပြနိုင်တယ်။—ဆာ. ၁၀၂:၂၅။ ဟေရှာ. ၄၀:၂၅၊ ၂၆။
၁၁။ ဦးနှောက်ဟာ အံ့ဖွယ် ဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းရင်း တစ်ခုက ဘာလဲ။
၁၁ မှတ်မိနိုင်စွမ်းဟာ အံ့ဖွယ်ပါပဲ။ လူ့ဦးနှောက်ဟာ စာအုပ် သန်း ၂၀ နဲ့ ညီမျှတာတွေကို မှတ်မိနိုင်စွမ်း ရှိတယ်လို့ အရင်က စာရေးဆရာတစ်ယောက် ခန့်မှန်းခဲ့တယ်။ အခုတော့ မှတ်မိနိုင်စွမ်းဟာ အဲဒီထက်ပိုတယ်လို့ ယူဆကြတယ်။ မှတ်မိနိုင်စွမ်းကြောင့် ကျွန်တော်တို့ ဘာတွေ လုပ်နိုင်သလဲ။
၁၂။ သင်ခန်းစာ ယူနိုင်စွမ်းက လူသားတွေနဲ့ တိရစ္ဆာန်တွေကို ဘယ်လို ကွာခြားစေသလဲ။
၁၂ ကမ္ဘာပေါ်က သက်ရှိအားလုံးထဲမှာ လူတွေပဲ အတိတ်ဖြစ်ရပ်တွေကို မှတ်မိနိုင်စွမ်း၊ ဆန်းစစ်နိုင်စွမ်း၊ သင်ခန်းစာ ယူနိုင်စွမ်း ရှိတယ်။ ဒါကြောင့် ကိုယ်ကျင့်တရား စံနှုန်းတွေ ပိုကောင်းလာပြီး အတွေးအခေါ်၊ အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲနိုင်တယ်။ (၁ ကော. ၆:၉-၁၁။ ကော. ၃:၉၊ ၁၀) အမှားအမှန် ခွဲခြားတတ်ဖို့ သိစိတ်ကို လေ့ကျင့်ပေးနိုင်တယ်။ (ဟီ. ၅:၁၄) မေတ္တာ၊ ထောက်ထားစာနာမှု၊ ကရုဏာ၊ တရားမျှတမှု ပြဖို့ သင်ယူနိုင်တယ်။
၁၃။ ဆာလံ ၇၇:၁၁၊ ၁၂ အရ မှတ်မိနိုင်စွမ်း လက်ဆောင်ကို ဘယ်လို သုံးသင့်သလဲ။
ဆာလံ ၇၇:၁၁၊ ၁၂ ကိုဖတ်ပါ။ ၇၈:၄၊ ၇) နောက်တစ်နည်းကတော့ တခြားသူတွေ လုပ်ပေးတဲ့ ကောင်းမွန်ရာတွေကို မှတ်မိနေခြင်း၊ ကျေးဇူးတင်နေခြင်း ဖြစ်တယ်။ ကျေးဇူးတင်တတ်သူတွေဟာ ပိုပျော်ရွှင်ကြောင်း ပညာရှင်တွေ တွေ့ရှိခဲ့တယ်။ ကိစ္စတချို့ကို မေ့ပစ်ရာမှာလည်း ယေဟောဝါကို တုပသင့်တယ်။ ဥပမာ၊ ယေဟောဝါမှာ ပြည့်ဝစုံလင်တဲ့ မှတ်ဉာဏ်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောင်တရတဲ့အခါ အမှားတွေကို ခွင့်လွှတ်ပြီး မေ့ပျောက်ပေးတယ်။ (ဆာ. ၂၅:၇။ ၁၃၀:၃၊ ၄) တခြားသူတွေ ကျွန်တော်တို့ကို စိတ်ထိခိုက်အောင် လုပ်ပြီး အမှားအတွက် နောင်တရတဲ့အခါ ခွင့်လွှတ်ရမယ်။ ယေဟောဝါ အဲဒီလိုပဲ လုပ်စေချင်တယ်။—မ. ၆:၁၄။ လု. ၁၇:၃၊ ၄။
၁၃ မှတ်မိနိုင်စွမ်း လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ယေဟောဝါ အရင်က ကူညီ၊ နှစ်သိမ့်ပေးခဲ့တာတွေကို အမြဲ အမှတ်ရနေခြင်းပါပဲ။ ဒါက အနာဂတ်မှာလည်း ဘုရား ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ (၁၄။ အံ့ဖွယ်လက်ဆောင် ဦးနှောက်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၄ ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ ဦးနှောက်ကို သုံးခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ လူတချို့က ကိုယ်ကျိုးအတွက်၊ ကိုယ်ပိုင် အမှားအမှန်စံနှုန်း သတ်မှတ်ဖို့ ဦးနှောက်ကို သုံးကြတယ်။ ဒါပေမဲ့ ယေဟောဝါ ဖန်ဆင်းထားတဲ့ ဦးနှောက်ကို သုံးပြီး သတ်မှတ်တဲ့ စံနှုန်းတွေဟာ ဘုရားစံနှုန်းတွေထက် ပိုကောင်းနိုင်ပါ့မလား။ (ရော. ၁၂:၁၊ ၂) ဘုရားစံနှုန်းအတိုင်း အသက်ရှင်ရင် ဘဝ ငြိမ်းချမ်းမယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဖန်ဆင်းရှင် ဖခင်ကို ဂုဏ်တင်ပြီး စိတ်ရွှင်လန်းစေတဲ့အတွက် ဘဝရည်ရွယ်ချက် အစစ်အမှန် ရှိလာမယ်။—ပညာ. ၂၇:၁၁။
ထူးခြားတဲ့ လက်ဆောင် ကျမ်းစာ
၁၅။ ကျမ်းစာ လက်ဆောင်ဟာ လူတွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို ဖော်ပြသလဲ။
၁၅ ကျမ်းစာဟာ ဘုရားဆီက မေတ္တာလက်ဆောင် ဖြစ်တယ်။ မြေကြီးပေါ်က သားသမီးတွေကို အလွန်ဂရုစိုက်တဲ့အတွက် ကျမ်းစာ ရေးသားဖို့ လူတချို့ကို သန့်ရှင်းသော အာဖရိက ဘာသာစကားတွေနဲ့ ကျမ်းစာ ထုတ်ဝေခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။
စွမ်းအားတော်နဲ့ လမ်းညွှန်ခဲ့တယ်။ ယေဟောဝါက ကျမ်းစာကတစ်ဆင့် အရေးကြီးဆုံး မေးခွန်းတွေကို ဖြေပေးတယ်။ ဥပမာ၊ လူသားတွေ ဘယ်က ဖြစ်လာတာလဲ၊ ဘဝရည်ရွယ်ချက်က ဘာလဲ၊ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲစတဲ့ မေးခွန်းတွေ ဖြစ်တယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိစေချင်တဲ့အတွက် ရာစုနှစ်တစ်လျှောက် ကျမ်းစာကို ဘာသာစကားများစွာနဲ့ ဘာသာပြန်စေခဲ့တယ်။ ဒီနေ့ခေတ်မှာ တစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကား ၃၀၀၀ ကျော်နဲ့ ရရှိနိုင်ပြီ။ ကျမ်းစာဟာ သမိုင်းတစ်လျှောက် ဘာသာ အပြန်ရဆုံး၊ အထုတ်ဝေရဆုံး စာအုပ် ဖြစ်တယ်။ လူတွေ ဘယ်မှာပဲ နေနေ၊ ဘယ်ဘာသာစကားပဲ ပြောပြော အများစုက ကျမ်းစာသတင်းစကားကို မိခင်ဘာသာစကားနဲ့ သင်ယူနိုင်ပြီ။—“၁၆။ မဿဲ ၂၈:၁၉၊ ၂၀ အရ ကျမ်းစာအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၆ ကျမ်းစာ နေ့တိုင်း ဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ကျမ်းစာအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။ ကျမ်းစာသတင်းစကားကို လူများနိုင်သမျှ များများ ကြားအောင် ဝေမျှခြင်းအားဖြင့်လည်း ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။—ဆာ. ၁:၁-၃။ မ. ၂၄:၁၄။ မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။
၁၇။ ဒီဆောင်းပါးမှာ ဘယ်လက်ဆောင်တွေအကြောင်း လေ့လာခဲ့သလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၇ ဒီဆောင်းပါးမှာ ဘုရားပေး လက်ဆောင်တွေ ဖြစ်တဲ့ ကမ္ဘာ့စံအိမ်၊ အံ့ဖွယ်ဒီဇိုင်းနဲ့ ဦးနှောက်၊ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာအကြောင်း လေ့လာခဲ့တယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ လက်ဆောင်တွေလည်း ယေဟောဝါ ပေးထားသေးတယ်။ နောက်ဆောင်းပါးမှာ အဲဒီလက်ဆောင်တွေအကြောင်း ဆွေးနွေးပါမယ်။
သီချင်း ၁၂ ကြီးမြတ်သောဘုရား ယေဟောဝါ
^ အပိုဒ်၊ 5 ဒီဆောင်းပါးက ယေဟောဝါဘုရားနဲ့ ဘုရားပေး လက်ဆောင် သုံးခုအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေပါလိမ့်မယ်။ ဘုရား ရှိတာကို သံသယဖြစ်နေသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်ဖို့လည်း ကူညီပေးပါလိမ့်မယ်။
^ အပိုဒ်၊ 64 ပုံအညွှန်း– ပြောင်းရွှေ့လာသူတွေကို ကျမ်းစာ အမှန်တရား သင်ပေးနိုင်ဖို့ ညီအစ်မတစ်ယောက် ဘာသာခြားစကား သင်ယူနေ။