ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
‘ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရားပဲ။’ —ထွ. ၃၄:၆။
၁။ ယေဟောဝါက မိမိအကြောင်း မောရှေကို အထူးနည်းနဲ့ ဘယ်လို ဖော်ပြခဲ့သလဲ။ အဲဒါ ဘာကြောင့် ထူးခြားသလဲ။
တစ်ကြိမ်မှာ ဘုရားသခင်က မိမိရဲ့ နာမည်နဲ့ အရည်အသွေးအကြောင်း မောရှေကို ဖော်ပြခဲ့တယ်။ ကရုဏာနဲ့ သနားစာနာမှုကို ဦးဆုံးဖော်ပြတယ်။ (ထွက်မြောက်ရာ ၃၄:၅-၇ ကိုဖတ်ပါ။) တန်ခိုး၊ ဉာဏ်ပညာအကြောင်း ယေဟောဝါ ဖော်ပြလို့ရတယ်။ ဒါပေမဲ့ မောရှေက ဘုရားသခင့် ကျောထောက်နောက်ခံမှု ရှိမရှိ သိချင်နေတယ်။ ဒါကြောင့် မိမိကျေးကျွန်တွေကို ကူညီပေးချင်မှန်း ဖော်ပြတဲ့ အရည်အသွေးတွေကို ယေဟောဝါ အလေးပေးခဲ့တယ်။ (ထွ. ၃၃:၁၃) တခြားအရည်အသွေးတွေထက် ဒီနှစ်လို့ဖွယ် အရည်အသွေးတွေကို ဦးစားပေးဖော်ပြတဲ့အတွက် သင် စိတ်ထိမိတယ် မဟုတ်လား။ တခြားသူရဲ့ အခက်အခဲဒုက္ခကို စာနာနားလည်ပေးနိုင်တဲ့အစွမ်း သနားစာနာမှုအကြောင်း ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးသွားပါမယ်။
၂၊ ၃။ (က) သနားစာနာစိတ်ဟာ လူ့ပင်ကိုစိတ်ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။ (ခ) သနားစာနာမှုနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။
၂ လူသားတွေဟာ ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရတယ်။ ယေဟောဝါ သနားစာနာတတ်တဲ့အတွက် လူ့ပင်ကိုစိတ်မှာ အဲဒီအရည်အသွေး ပါက. ၁:၂၇) ကျမ်းစာမှတ်တမ်းများစွာက သနားစာနာစိတ်အကြောင်း ပေါ်လွင်စေတယ်။ ဘယ်သူက မိခင်ရင်း ဖြစ်ကြောင်း ရှောလမုန်ရှေ့မှာ ငြင်းခုံတဲ့ ပြည့်တန်ဆာ နှစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ စမ်းတဲ့သဘောနဲ့ ကလေးကို နှစ်ပိုင်းပိုင်းဖို့ အမိန့်ပေးတဲ့အခါ မိခင်ရင်းရဲ့ သနားစာနာမှု ထင်ရှားလာတယ်။ ဒါနဲ့ ကလေးကို အသေမခံဘဲ တခြားအမျိုးသမီးဆီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ (၁ ဘု. ၃:၂၃-၂၇) သူငယ်မောရှေကို ကယ်တင်ခဲ့တဲ့ ဖာရောရဲ့ သမီးအကြောင်းလည်း စဉ်းစားကြည့်ပါ။ ဟီဘရူးကလေးဖြစ်မှန်း၊ မကယ်သင့်မှန်း သိလျက်နဲ့ “ကလေးကို သနားသွား” ပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်။—ထွ. ၂:၅၊ ၆။
လာတယ်။ ဘုရားသခင်ကို မသိတဲ့လူတွေတောင် သနားစာနာမှု တင်ပြလေ့ရှိကြတယ်။ (၃ သနားစာနာစိတ်အကြောင်း ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ ယေဟောဝါကို တုပဖို့ ကျမ်းစာမှာ တိုက်တွန်းထားလို့ပါပဲ။ (ဧ. ၅:၁) လူသားတွေဟာ သနားစာနာစိတ်နဲ့ ဖန်ဆင်းခံရပေမဲ့ အာဒံရဲ့ မစုံလင်မှုအမွေ ရထားလို့ အတ္တစိတ် ရှိကြတယ်။ တခြားသူကို ကူညီရမလား၊ ကိုယ့်အတွက်ပဲ ကြည့်ရမလားဆိုတာ ဆုံးဖြတ်ဖို့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ တချို့ကတော့ အမြဲဝေခွဲမရ ဖြစ်နေတတ်တယ်။ တခြားသူတွေကို စိတ်ဝင်စားမှု ပြနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ ပထမ၊ သနားစာနာမှုကို ယေဟောဝါ ဘယ်လိုပြခဲ့ကြောင်း၊ တခြားသူတွေ ဘယ်လို တင်ပြခဲ့ကြကြောင်း အချိန်ယူ ဆန်းစစ်ပါ။ ဒုတိယ၊ ဘုရားသခင့် ပုံသက်သေကို ဘယ်လို တုပနိုင်ကြောင်း၊ တုပလို့ ဘယ်လို အကျိုးရကြောင်း စဉ်းစားပါ။
အကောင်းဆုံး သနားစာနာမှု ပုံနမူနာရှင် ယေဟောဝါ
၄။ (က) သောဒုံမြို့ဆီ ယေဟောဝါ ဘာကြောင့် ကောင်းကင်တမန်တွေ စေလွှတ်ခဲ့သလဲ။ (ခ) လောတနဲ့ သမီးတွေရဲ့ အဖြစ်က ဘာသင်ပေးသလဲ။
၄ ယေဟောဝါရဲ့ သနားစာနာမှုကို ဖြစ်ရပ်များစွာမှာ တွေ့ရတယ်။ ဖြောင့်မတ်သူ လောတအတွက် ဘာလုပ်ဆောင်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ လောတဟာ သောဒုံနဲ့ ဂေါမောရမြို့သားတွေရဲ့ အရှက်မဲ့တဲ့အကျင့်ကြောင့် “အကြီးအကျယ် စိတ်ဆင်းရဲခဲ့” တယ်။ အဲဒီအကျင့်ပျက်သူတွေကို ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်ခဲ့တယ်။ (၂ ပေ. ၂:၇၊ ၈) လောတကို ကယ်ဖို့ ကောင်းကင်တမန်တွေကို ဘုရားသခင် စေလွှတ်တယ်။ မြို့ထဲနေ ထွက်ပြေးဖို့ လောတနဲ့ မိသားစုကို ကောင်းကင်တမန်တွေ တိုက်တွန်းတယ်။ “လောတ အချိန်ဆွဲနေတော့ ယေဟောဝါရဲ့ သနားညှာတာမှုကြောင့် ကောင်းကင်တမန်တွေက လောတ၊ သူ့ဇနီးနဲ့ သမီးနှစ်ယောက်ကို လက်ဆွဲပြီး မြို့ပြင် ခေါ်ထုတ်သွားတယ်။” (က. ၁၉:၁၆) သစ္စာရှိ ကျေးကျွန်တွေ ကြုံရတဲ့ အခက်အခဲတွေကို ယေဟောဝါ အပြည့်အဝ နားလည်ကြောင်း အဲဒီဖြစ်ရပ်က ဖော်ပြတယ် မဟုတ်လား။—ဟေရှာ. ၆၃:၇-၉။ ယာ. ၅:၁၁။ ၂ ပေ. ၂:၉။
၅။ ၁ ယောဟန် ၃:၁၇ က သနားစာနာမှု ပြတတ်အောင် ဘယ်လို ကူညီပေးသလဲ။
၅ ယေဟောဝါ သနားစာနာမှု ပြရုံသာမက မိမိလူမျိုးကိုလည်း သနားစာနာမှုပြဖို့ သင်ပေးတယ်။ လူတစ်ယောက်ရဲ့ အဝတ်ကို အပေါင်ပစ္စည်းအဖြစ် ယူတာနဲ့ပတ်သက်တဲ့ ပညတ်ကို သုံးသပ်ကြည့်ပါ။ (ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇ ကိုဖတ်ပါ။) စာနာမှုမဲ့တဲ့ကြွေးရှင်က ကြွေးတင်သူရဲ့အဝတ်ကို သိမ်းလိုက်လို့ ကြွေးတင်သူခမျာ ခြုံစရာမရှိဘဲ အိပ်ရမယ်။ ဒါပေမဲ့ အဲဒီလို စာနာမှုမဲ့တဲ့ သဘောထားနဲ့ လုပ်ရပ်ကို ရှောင်ဖို့ မိမိလူမျိုးကို ယေဟောဝါ သင်ပေးတယ်။ သူတို့တစ်တွေ သနားစာနာတတ်ရမယ်။ အဲဒီပညတ်မှာပါတဲ့ အခြေခံမူက လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ် မဟုတ်လား။ ညီအစ်ကိုတွေရဲ့ ဆင်းရဲဒုက္ခ သက်သာအောင် တစ်ခုခု လုပ်ပေးနိုင်လျက်နဲ့ စောင်မပါဘဲ အိပ်ရအောင် ပစ်ထားမလား။—ကော. ၃:၁၂။ ယာ. ၂:၁၅၊ ၁၆။ ၁ ယောဟန် ၃:၁၇ ကို ဖတ်ပါ။
၆။ အပြစ်ရှိတဲ့ အစ္စရေးတွေကို ယေဟောဝါ ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။
၂ ရာ. ၃၆:၁၅) အပြစ်ရှိတဲ့ လမ်းစဉ်အတွက် နောင်တယူပြီး ဘုရားသခင့် မျက်နှာသာ ပြန်ရနိုင်ချေ ရှိသူတွေအပေါ် အလားတူ စာနာသင့်တယ် မဟုတ်လား။ လာမယ့် တရားစီရင်ခြင်းမှာ ဘယ်သူ့ကိုမှ ယေဟောဝါ မပျက်စီးစေချင်ဘူး။ (၂ ပေ. ၃:၉) ဒါကြောင့် လူဆိုးတွေကို ဘုရားသခင် ဖျက်ဆီးတဲ့အချိန်အထိ သနားစာနာမှု သတိပေးသတင်း ဆက်ကြေညာကြစို့။
၆ အစ္စရေးလူမျိုး အပြစ်လုပ်တာတောင် ယေဟောဝါ သနားစာနာခဲ့တယ်။ “ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေ လွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။” (၇၊ ၈။ ယေဟောဝါ သနားစာနာတယ်လို့ မိသားစုတစ်စု ဘာကြောင့် ယုံကြည်ခဲ့သလဲ။
၇ ဘုရားသခင့် သနားစာနာမှုကို ဖော်ပြတဲ့ဖြစ်ရပ် များစွာရှိတယ်။ မီလန်ဆိုတဲ့ ၁၂ နှစ်အရွယ် လူငယ်လေးရဲ့ မိသားစုအကြောင်း စဉ်းစားကြည့်ပါ။ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်း လူမျိုးရေးပဋိပက္ခ ဖြစ်နေချိန်မှာပေါ့။ မီလန်၊ ညီ၊ မိဘတွေဟာ သက်သေခံတချို့နဲ့အတူ အစည်းအဝေးကြီး တက်ဖို့ ဘော့စနီးယားကနေ ဆားဗီးယားကို ဘတ်စကား စီးသွားကြတယ်။ အဲဒီအစည်းအဝေးကြီးမှာ မီလန်ရဲ့ မိဘတွေ နှစ်ခြင်းခံမှာ။ ဒါပေမဲ့ နယ်စပ်မှာ စစ်သားတွေက လူမျိုးရေးကြောင့် မီလန်တို့မိသားစုကို ကားပေါ်က ဆင်းခိုင်းပြီး တခြားညီအစ်ကိုတွေကို ဆက်သွားခွင့်ပေးတယ်။ နှစ်ရက် ချုပ်ထားပြီးတဲ့နောက်မှာ တာဝန်ခံက အထက်အရာရှိကို ဘာဆက်လုပ်ရမလဲလို့ လှမ်းမေးတယ်။ “ခေါ်သွားပြီး ပစ်သတ်လိုက်” လို့ပြန်ပြောတာကို အားလုံး ကြားရတယ်။
၈ တာဝန်ခံက သူ့လူတွေနဲ့ စကားပြောနေတုန်း အမျိုးသားနှစ်ယောက် ရောက်လာပြီး သက်သေခံတွေပါလို့ မိသားစုကို တိတ်တိတ်လေး အသိပေးလိုက်တယ်။ ဘတ်စကားပေါ်က တခြားသူတွေဆီကနေ ဒီအကြောင်း ကြားခဲ့ကြတာတဲ့။ ကလေးတွေရဲ့ စာရွက်စာတမ်းကို ရဲတွေ မစစ်ဆေးဘူးဆိုတော့ မီလန်နဲ့ ညီကို သူတို့ကားပေါ် တက်ခိုင်းတယ်။ မိဘတွေကိုတော့ စစ်ဆေးရေးဂိတ်ရဲ့ အနောက်ဘက်ကနေ လျှောက်သွားခိုင်းပြီး တစ်ဖက်နယ်စပ်မှာ တွေ့ဖို့ ပြောတယ်။ မီလန် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားတယ်။ “လမ်းလျှောက်ဖြတ်သွားခွင့် ပြုမယ်လို့ ထင်နေသလား” ဆိုပြီး မိဘတွေ မေးပေမဲ့ သူတို့ ဖြတ်သွားချိန်မှာ စစ်သားတွေက ကြောင်ပြီး ငေးကြည့်နေသလိုပဲ။ တစ်ဖက်နယ်စပ်မှာ မိဘနဲ့ ကလေးတွေ ပြန်တွေ့ပြီး အစည်းအဝေးကြီး ကျင်းပတဲ့မြို့ကို ဆက်သွားကြတယ်။ သူတို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်တယ်လို့ ယုံကြည်ကြတယ်။ ကျေးကျွန်တွေကို ကာကွယ်ဖို့ ယေဟောဝါ တိုက်ရိုက် ကြားမဝင်တဲ့ အချိန်တွေလည်း ရှိကြောင်း ကျမ်းစာကနေ သိရတယ်။ (တ. ၇:၅၈-၆၀) ဒါပေမဲ့ “စစ်သားတွေ မမြင်အောင် ကောင်းကင်တမန်တွေ လုပ်လိုက်သလိုပဲ။ ကျွန်တော်တို့ကို ယေဟောဝါ ကယ်တင်ခဲ့တယ်” လို့ မီလန် ပြောပြတယ်။—ဆာ. ၉၇:၁၀။
၉။ မိမိနောက် လိုက်လာတဲ့ လူအုပ်ကို ယေရှု ဘာလုပ်ပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၉ ယေရှုရဲ့ ပုံသက်သေကနေ သင်ယူနိုင်ပါတယ်။ “အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တဲ့ လူအုပ်ကို တွေ့တဲ့အခါ သနားစာနာမိတယ်။ သနားလို့ “အများကြီး သွန်သင်ပေးတယ်။” (မ. ၉:၃၆။ မာကု ၆:၃၄ ကိုဖတ်ပါ။) သာမန်လူတွေကို ကူညီချင်စိတ် မရှိတဲ့ ဖာရိရှဲတွေနဲ့ ကွာခြားလှပါတယ်။ (မ. ၁၂:၉-၁၄။ ၂၃:၄။ ယော. ၇:၄၉) ဘုရားရေးရာမှာ ငတ်ပြတ်နေသူတွေကို ကျွေးမွေးဖို့ ယေရှုလို သင် စိတ်ပြင်းပြသလား။
၁၀၊ ၁၁။ သနားစာနာမှုပြတိုင်း သင့်လျော်သလား။ ရှင်းပြပါ။
၁၀ အခြေအနေတိုင်းမှာ သနားစာနာရမယ်လို့တော့ မဆိုလိုပါဘူး။ အထက်မှာ ဆွေးနွေးခဲ့တဲ့ ကျမ်းစာ ပုံနမူနာတွေမှာ ဘုရားသခင့် သနားစာနာမှုက သင့်လျော်၁ ရှ. ၁၅:၃၊ ၉၊ ၁၅) ယေဟောဝါဟာ ဖြောင့်မတ်တဲ့ တရားသူကြီး ဖြစ်တယ်။ လူ့စိတ်နှလုံးကို သိနိုင်တယ်။ သနားစာနာမှု မပြရမယ့်အချိန်ကိုလည်း သိတယ်။ (မြည်. ၂:၁၇။ ယေဇ. ၅:၁၁) မနာခံသူအားလုံးကို တရားစီရင်မယ့်အချိန် ရောက်တော့မယ်။ (၂ သက်. ၁:၆-၁၀) အဲဒီအချိန်ဟာ လူဆိုးအဖြစ် ယေဟောဝါ သတ်မှတ်သူတွေကို သနားစာနာရမယ့်အချိန် မဟုတ်ဘူး။ သူတို့ကို ကွပ်မျက်တာဟာ ဘုရားသခင် ကယ်တင်မယ့် ဖြောင့်မတ်သူတွေကို သနားစာနာမှု ပြတာပါပဲ။
တယ်။ ဘုရင်ရှောလုဟာ နာခံမှုမရှိဘဲ မသနားသင့်တဲ့သူတွေကို သနားစာနာခဲ့တယ်။ ဘုရားသခင့်လူမျိုးရဲ့ ရန်သူ အာဂတ်ကို အသက်ချမ်းသာပေးပြီး အကောင်းဆုံး သိုးနွားတွေကို မသတ်ခဲ့ဘူး။ ဒါကြောင့် အစ္စရေးဘုရင်အဖြစ်ကနေ ရှောလုကို ယေဟောဝါ ဖယ်ရှားခဲ့တယ်။ (၁၁ ဘယ်သူ့ကို ကွပ်မျက်ရမယ်၊ ကယ်တင်ရမယ်လို့ ဆုံးဖြတ်တာ ကျွန်တော်တို့ရဲ့ တာဝန် မဟုတ်ဘူး။ လူတွေကို အတတ်နိုင်ဆုံး ကူညီပေးရမယ်။ လူတွေကို လက်တွေ့ကျနည်းတွေနဲ့ သင့်လျော်တဲ့ သနားစာနာမှု ဘယ်လို တင်ပြနိုင်သလဲ။ အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ။
သင့်လျော်တဲ့ သနားစာနာစိတ်ကို မွေးမြူပြသခြင်း
၁၂။ တခြားသူတွေနဲ့ ဆက်ဆံရာမှာ သနားစာနာမှု ဘယ်လို တင်ပြနိုင်သလဲ။
၁၂ နေ့စဉ် အသက်တာမှာ ကူညီပေးပါ။ လူလူချင်းနဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို သနားစာနာမှုပြခြင်းဟာ ယေရှုကို တုပသူတွေအတွက် အခြေခံလိုအပ်ချက်ပါပဲ။ (ယော. ၁၃:၃၄၊ ၃၅။ ၁ ပေ. ၃:၈) သနားစာနာမှုရဲ့ အဓိပ္ပာယ်တစ်ခုက “မျှဝေခံစားပေးခြင်း” ပါပဲ။ သနားစာနာတတ်သူဟာ တခြားသူရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်းအားဖြင့် သက်သာရာ ရစေတယ်။ အဲဒီလိုလုပ်ဖို့ အခွင့်အရေး ရှာပါ။ ဥပမာ၊ ဝေယျာဝိစ္စတွေ လုပ်ပေးခြင်းအားဖြင့် တစ်ယောက်ယောက်ကို ကူညီပေးနိုင်သလား။—မ. ၇:၁၂။
၁၃။ သဘာဝဘေးတွေ ဖြစ်ပြီးနောက် ဘုရားသခင့် လူမျိုးရဲ့ ဘယ်အရည်အသွေးတွေ အထူးပေါ်လွင်သလဲ။
၁၃ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ပါ။ သဘာဝဘေး ကြုံရသူတွေကို လူများစွာ သနားစာနာကြတယ်။ ယေဟောဝါရဲ့ လူမျိုးလည်း အဲဒီလိုအချိန်တွေမှာ ကူညီပေးကြတယ်။ (၁ ပေ. ၂:၁၇) ၂၀၁၁၊ မြေငလျင်နဲ့ ဆူနာမီဘေးသင့်ဒေသမှာ နေထိုင်တဲ့ ဂျပန်ညီအစ်မ တစ်ယောက်က ဂျပန်နဲ့ နိုင်ငံရပ်ခြား စေတနာ့ ဝန်ထမ်းများစွာကြောင့် “သိပ်အားရှိပြီး နှစ်သိမ့်မှု ရခဲ့တယ်” လို့ပြောတယ်။ “ဒီအတွေ့အကြုံက ယေဟောဝါ ဂရုစိုက်နေကြောင်း သိစေတယ်။ သက်သေခံတွေလည်း အချင်းချင်းကို ဂရုစိုက်ကြတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မများစွာ ကျွန်မတို့အတွက် ဆုတောင်းပေးနေတယ်” လို့ရေးခဲ့တယ်။
၁၄။ မကျန်းမာသူ၊ အသက်ကြီးသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ မကျန်းမာသူ၊ အသက်ကြီးသူတွေကို ကူညီပါ။ အာဒံ့အပြစ်ရဲ့ ဆိုးကျိုး ခံစားနေရသူတွေကို တွေ့တဲ့အခါ သနားစာနာမှုပြဖို့ လှုံ့ဆော်ခံရကြတယ်။ ဖျားနာမှု၊ အိုမင်းမှု အဆုံးတိုင်တာကို ကျွန်တော်တို့ မြင်ချင်လှပါပြီ။ ဒါကြောင့် ဘုရားနိုင်ငံတော် လာဖို့ ဆုတောင်းကြတယ်။ ဒီအတောအတွင်း လိုအပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ အယ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သက်ကြီးရွယ်အို မိခင်အကြောင်း စာရေးဆရာတစ်ယောက် ရေးခဲ့တယ်။ တစ်နေ့၊ အမေ့အဝတ်တွေ ပေကုန်တယ်။ ဆေးကြောဖို့ လုပ်နေတုန်း တံခါးခေါင်းလောင်း မြည်လာတယ်။ ပုံမှန် လာလည်နေကျ သက်သေခံနှစ်ယောက် ဖြစ်နေတယ်။ ကူညီပေးရမလားလို့ သူတို့ မေးတော့ “အားနာပေမဲ့ ကူညီပေးပါ” လို့ပြောတယ်။ ဒါနဲ့ ကူညီဆေးကြောပေးကြတယ်။ ပြီးတော့ လက်ဖက်ရည် ဖျော်ပေးပြီး စကားထိုင်ပြောကြတယ်။ သားဖြစ်သူ သိပ်ကျေးဇူးတင်မိတယ်။ “ဒီသက်သေခံတွေကို ဂုဏ်ပြုကြပါ။ သူတို့ဟာ ဟောတဲ့အတိုင်း ကျင့်ကြတယ်” လို့ရေးခဲ့တယ်။ မကျန်းမာသူ၊ အသက်ကြီးသူတွေကို သနားစာနာခြင်းက အတတ်နိုင်ဆုံး ကူညီဖို့ သင့်ကို လှုံ့ဆော်ပေးသလား။—ဖိ. ၂:၃၊ ၄။
၁၅။ ဟောပြောခြင်းလုပ်ငန်းက ဘယ်အခွင့်အရေးတွေ ရရှိစေသလဲ။
၁၅ လူတွေကို ဘုရားရေးရာဘက်မှာ ကူညီပေးပါ။ လူတွေရဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် သူတို့ကို ဘုရားရေးရာဘက်မှာ ကူညီပေးချင်ကြတယ်။ ဘုရားသခင်အကြောင်း၊ လူသားတွေအတွက် ဘုရားနိုင်ငံတော် ပြုလုပ်ပေးမယ့် အရာတွေအကြောင်း သင်ပေးခြင်းအားဖြင့် အကောင်းဆုံး ကူညီပေးနိုင်တယ်။ ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်ခြင်းရဲ့ ပညာရှိမှုကို နားလည်လာအောင် ကူညီပေးနိုင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါကို ဂုဏ်တင်တဲ့၊ တခြားသူတွေကို သနားစာနာကြောင်း ဖော်ပြတဲ့ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်နိုင်မလား။—၁ တိ. ၂:၃၊ ၄။
သနားစာနာမှုက သင့်ကိုလည်း အကျိုးပြု
၁၆။ သနားစာနာတတ်သူဟာ ကိုယ်တိုင် ဘယ်လို အကျိုးရရှိသလဲ။
၁၆ သနားစာနာတတ်အောင် လေ့ကျင့်ခြင်းက ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကို တိုးတက်စေနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေ ပြောကြတယ်။ တခြားသူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေတဲ့အခါ ကိုယ်တိုင် ပိုပြီး ပျော်ရွှင်လာမယ်။ အပြုသဘောထား ရှိလာမယ်။ အထီးကျန်စိတ်နဲ့ အပျက်သဘောထားတွေ လျော့နည်းလာမယ်။ မှန်ပါတယ်၊ သနားစာနာမှုက သင့်ကိုလည်း အကျိုးပြုပါလိမ့်မယ်။ (ဧ. ၄:၃၁၊ ၃၂) တခြားသူတွေကို မေတ္တာနဲ့ ကူညီပေးတဲ့ ခရစ်ယာန်တွေဟာ ကျမ်းစာမူတွေအတိုင်း နေထိုင်တယ်ဆိုတဲ့ အသိစိတ်ကြောင့် ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိကြတယ်။ အဲဒါက ပိုဂရုစိုက်တတ်တဲ့ မိဘ၊ ပိုကောင်းတဲ့ အိမ်ထောင်ဖက်၊ ပိုကောင်းတဲ့ မိတ်ဆွေ ဖြစ်စေတယ်။ သနားစာနာတတ်သူတွေဟာ လိုအပ်ချိန်မှာ ကူညီထောက်မမှု ပြန်ရတတ်ပါတယ်။—မဿဲ ၅:၇ နဲ့ လုကာ ၆:၃၈ တို့ကိုဖတ်ပါ။
၁၇။ သနားစာနာမှုကို ဘာကြောင့် မွေးမြူပြသချင်ရသလဲ။
၁၇ ကိုယ်တိုင် အကျိုးခံစားရလို့ပဲ သနားစာနာစိတ် မွေးမြူသင့်တာ မဟုတ်ဘူး။ အဓိကအကြောင်းရင်းက မေတ္တာနဲ့ သနားစာနာမှုရဲ့ ပင်ရင်း ယေဟောဝါဘုရားကို တုပ၊ ဂုဏ်တင်ချင်စိတ်ကြောင့် ဖြစ်သင့်တယ်။ (ပညာ. ၁၄:၃၁) ဘုရားသခင် အကောင်းဆုံး ပုံနမူနာ ချမှတ်ခဲ့တယ်။ သနားစာနာမှု တင်ပြခြင်းအားဖြင့် ဘုရားသခင်ကို တုပဖို့၊ ညီအစ်ကိုတွေကြားမှာ မေတ္တာတိုးများစေဖို့၊ လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါစို့။—ဂလ. ၆:၁၀။ ၁ ယော. ၄:၁၆။