မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်ပုံ

ထိရောက်ပျော်ရွှင်စွာ ကျမ်းစာလေ့လာနိုင်ပုံ

ယောရှု စိန်ခေါ်ချက်​ကြီး​တစ်ခု ရင်ဆိုင်​နေရတယ်။ အခက်အခဲတွေ​ကြား အစ္စရေးတွေကို ကတိထားရာပြည်​ထဲ ဦးဆောင်​ခေါ်သွား​ရမယ်။ ဒါပေမဲ့ ‘ရဲစွမ်း​သတ္တိ ရှိပါ။ ပညတ်တရား​ကို လိုက်နာပါ။ အဲဒီမှာ​ရေး​ထားသမျှကို ဂရုတစိုက် လိုက်နာ​နိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်​ပါ။ ဒါဆိုရင် ဘဝ​လမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာ​ရှိ​ရှိ လုပ်ဆောင်​နိုင်မယ်’ လို့ ယေဟောဝါ အားပေးတယ်။—ယောရှု ၁:၇၊ ၈

“အလွန် ခက်ခဲကျပ်တည်း” တဲ့ နောက်ဆုံး​ကာလမှာ ကျွန်တော်တို့လည်း အခက်အခဲတွေ ကြုံနေ​ရတယ်။ (၂ တိ. ၃:၁) ယေဟောဝါ​ပေးတဲ့ အကြံဉာဏ်​ကို လိုက်နာခြင်း​အားဖြင့် ယောရှု​လို​ပဲ အောင်မြင်​နိုင်တယ်။ ကျမ်းစာ မှန်မှန်​ဖတ်ပြီး ကျမ်းစာ​မူတွေကို ကျင့်သုံး​ရမယ်။

ကျွန်တော်တို့ အများစုက စာဖတ်​ဝါသနာ​ပါ​သူတွေ မဟုတ်​ကြဘူး။ ဒါပေမဲ့ ကျမ်းစာ​လေ့လာဖို့​တော့ အလွန်​အရေးကြီးတယ်။ “ အကြံပြုချက်တွေကို စမ်းကြည့်ပါ” ဆိုတဲ့ လေးထောင့်ကွက်​မှာ ထိရောက်​ပျော်ရွှင်စွာ ကျမ်းစာ​လေ့လာ​နိုင်မယ့် နည်းတွေကို ဖော်ပြထားတယ်။

“ပညတ်​လမ်းစဉ်​အတိုင်း လမ်းပြ​ပေး​လှည့်​ပါ။ ပညတ်ချက်​တွေ​ကို နှစ်သက်​မြတ်နိုး​လို့​ပါ” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၁၉:၃၅) ကျမ်းစာ​လေ့လာခြင်း​က​နေ ပျော်ရွှင်မှု ရနိုင်ပါတယ်။ ဘုရားရေးရာ ရတနာများ​စွာ​ကို တူးဖော်​နိုင်ပါတယ်။

ကျွန်တော်တို့ဟာ ယောရှု​လို လူမျိုးတစ်မျိုး​ကို ဦးဆောင်​နေရတာ မဟုတ်ပေ​မဲ့ အခက်အခဲ​ကိုယ်စီ ရှိကြတယ်။ ကျွန်တော်တို့ အကျိုး​အတွက် ရေးထားတဲ့​ကျမ်းစာကို ယောရှု​လို​ပဲ ဖတ်ရှု၊ လိုက်နာမယ်​ဆိုရင် အောင်မြင်ပြီး ပညာရှိရှိ လုပ်ဆောင်​နိုင်​ပါလိမ့်မယ်။