မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

လက်မ​ထပ်​ရသေးတဲ့ စုံတွဲ​ဟာ မသင့်တော်တဲ့ အခြေအနေ​မှာ ညဘက် အတူ​ရှိနေ​ခဲ့ရင် တရားရေး​အရ ကိုင်တွယ်​ဖို့ လိုသလား။

လို​ပါတယ်။ လိင်​အကျင့် မ​ယိုယွင်း​ခဲ့​ကြောင်း ခိုင်လုံတဲ့ အထောက်အထား မပြ​နိုင်​ရင် တရားရေး​ကော်မတီ ဖွဲ့​ဖို့ လို​ပါတယ်။—၁ ကော. ၆:၁၈

အကြီးအကဲအဖွဲ့​က အခြေအနေ​တစ်ခုစီ​ကို အသေအချာ အကဲဖြတ်​ပြီး တရားရေး​ကော်မတီ ဖွဲ့​သင့်​မသင့် ဆုံးဖြတ်​ပါ​မယ်။ ဥပမာ၊ ဒီ​စုံတွဲ​က သမီး​ရည်းစား​တွေ​လား။ သူတို့ရဲ့ အပြုအမူနဲ့​ပတ်သက်ပြီး အရင်က ဆုံးမခံ​ရ​ဖူး​သလား။ ဘာကြောင့် တစ်ညလုံး အတူ​ရှိနေကြ​တာလဲ။ ကြိုတင်​စီစဉ်​ထားတာ​လား။ တခြား​ရွေးချယ်စရာ ရှိသလား။ ကြိုတင်​မမြင်နိုင်တဲ့ အခြေအနေတွေ၊ အရေးပေါ်​အခြေအနေတွေကြောင့် မဖြစ်​မနေ အတူ​ရှိနေ​ခဲ့​ကြ​တာ​လား။ (ဒေ. ၉:၁၁) ဘယ်မှာ အိပ်​ကြသလဲ။ အခြေအနေတွေ မတူညီတဲ့​အတွက် အကြီးအကဲတွေ ထည့်​စဉ်းစား​ရမယ့် တခြား​အချက်တွေ​လ​ည်း ရှိ​နိုင်တယ်။

အချက်အလက်တွေ​ကို ရယူ​ပြီးနောက် အကြီးအကဲအဖွဲ့​က တရားရေး​ကော်မတီ ဖွဲ့​သင့်​မသင့် ဆုံးဖြတ်​ပါ​မယ်။