သင့်သိစိတ်ကို ဘုရားသခင့် ပညတ်နဲ့ မူတွေ လေ့ကျင့်ပေးပါစေ
‘သတိပေးချက်တွေကို စဉ်းစားဆင်ခြင်ပါတယ်။’—ဆာ. ၁၁၉:၉၉။
၁။ လူတွေ တိရစ္ဆာန်ထက် သာလွန်ရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။
လူတွေ တိရစ္ဆာန်ထက် သာလွန်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ အမှားအမှန်သိစိတ် ရှိလို့ပဲ။ အာဒံနဲ့ ဧဝမှာ သိစိတ်ရှိကြောင်း ဘယ်လို သိရသလဲ။ ယေဟောဝါရဲ့ ပညတ်ကို ချိုးဖောက်ပြီးနောက် သူတို့ပုန်းနေခဲ့ကြတယ်။ သိစိတ် နှောင့်ယှက်လို့ပဲ။
၂။ သိစိတ်ဟာ သံလိုက်အိမ်မြှောင်နဲ့ ဘယ်လို တူသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၂ ကောင်းကောင်း မလေ့ကျင့်ထားတဲ့ သိစိတ်ရှိသူတွေကို ချို့ယွင်းနေတဲ့ သံလိုက်အိမ်မြှောင်ပါတဲ့ သင်္ဘောနဲ့ နှိုင်းယှဉ်နိုင်တယ်။ တိကျတဲ့ သံလိုက်အိမ်မြှောင် မပါဘဲ ခရီးသွားတာ အန္တရာယ်ရှိတယ်။ လေနဲ့ ပင်လယ်ရေစီးကြောင်းက သင်္ဘောကို လမ်းကြောင်းပြောင်းသွားစေနိုင်တယ်။ စံကိုက်ချိန်ညှိထားတဲ့ သံလိုက်အိမ်မြှောင်ကတော့ သင်္ဘောကို လမ်းမှန်ပေါ် ရှိနေစေတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်လည်း သံလိုက်အိမ်မြှောင်လိုပဲ။ အမှားအမှန်သိစိတ်က လမ်းမှန်ကို လမ်းညွှန်ပေးနိုင်တယ်။ သိစိတ် ကောင်းစွာ လမ်းညွှန်နိုင်ဖို့ဆိုရင် မှန်မှန်ကန်ကန် ချိန်ညှိထားရမယ်။
၃။ သိစိတ်ကို မှန်မှန်ကန်ကန် မလေ့ကျင့်ပေးရင် ဘာဖြစ်နိုင်သလဲ။
၃ လူတစ်ယောက်ရဲ့ သိစိတ်ကို မှန်မှန်ကန်ကန် မလေ့ကျင့်ထားရင် မကောင်းမှုတွေကိုရှောင်ဖို့ ထိန်းပေးမှာ မဟုတ်ဘူး။ (၁ တိ. ၄:၁၊ ၂) “အဆိုးကို အကောင်း” လို့ တောင် ထင်စေနိုင်တယ်။ (ဟေရှာ. ၅:၂၀) “ခင်ဗျားတို့ကို သတ်ဖြတ်တာဟာ ဘုရားအတွက် အမှုဆောင်နေတာလို့ ထင်မှတ်တဲ့အချိန် ရောက်လာလိမ့်မယ်” ဆိုပြီး နောက်လိုက်တွေကို ယေရှု သတိပေးတယ်။ (ယော. ၁၆:၂) တပည့်သတေဖန်ကို သတ်တဲ့သူတွေ အဲဒီလိုပဲ ထင်ခဲ့ကြတယ်။ (တ. ၆:၈၊ ၁၂။ ၇:၅၄-၆၀) သမိုင်းတစ်လျှောက် ဘာသာတရား ကိုင်းရှိုင်းသူများစွာဟာ လူသတ်မှုလို ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ဘုရားအတွက် လုပ်တာလို့ ယူမှတ်ခဲ့ကြတယ်။ တကယ်တော့ ဘုရားပညတ်တွေကို ချိုးဖောက်တာပဲ။ (ထွ. ၂၀:၁၃) သူတို့ရဲ့သိစိတ် မှန်မှန်ကန်ကန် လမ်းညွှန်မပေးတာ ထင်ရှားပါတယ်။
၄။ သိစိတ် မထုံထိုင်းအောင် ဘယ်လို ကာကွယ်နိုင်သလဲ။
၄ သိစိတ် မထုံထိုင်းအောင် ဘယ်လို ကာကွယ်နိုင်သလဲ။ ကျမ်းစာမှာပါတဲ့ ပညတ်တွေ၊ မူတွေက “သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။” (၂ တိ. ၃:၁၆) ဒါကြောင့် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင့် အတွေးအခေါ်နဲ့ ကိုက်ညီအောင် သိစိတ်ကို လေ့ကျင့်ပေးနိုင်တယ်။ ဒါဆိုရင် စိတ်ချရတဲ့ လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။ သိစိတ်ကို လေ့ကျင့်ရာမှာ ယေဟောဝါရဲ့ ပညတ်နဲ့ မူတွေ ကူညီပေးနိုင်ကြောင်း လေ့လာကြည့်ကြစို့။
ဘုရားသခင့် ပညတ်တွေ လေ့ကျင့်ပေးပါစေ
၅၊ ၆။ ဘုရားသခင့် ပညတ်တွေ လိုက်နာခြင်းကနေ ဘာအကျိုး ခံစားရသလဲ။
၅ ဘုရားသခင့် ပညတ်တွေကနေ အကျိုးရဖို့ ဖတ်ရုံ၊ အကျွမ်းတဝင် ဖြစ်ရုံထက်မက လိုအပ်တယ်။ ပညတ်တွေကို မြတ်နိုးစိတ်၊ လေးမြတ်စိတ် တိုးပွားစေရမယ်။ “မကောင်းမှုကို မုန်းပါ။ ကောင်းမှုကို ချစ်ပါ” လို့ ကျမ်းစာ ပြောတယ်။ (အာ. ၅:၁၅) ဘယ်လို လုပ်နိုင်သလဲ။ အဓိကကတော့ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တတ်ရမယ်။ ဥပမာ၊ အိပ်မပျော်တဲ့ရောဂါရှိနေတယ် ဆိုပါစို့။ ဆရာဝန်က အစားအစာ၊ လေ့ကျင့်ခန်း၊ ဘဝပုံစံ အပြောင်းအလဲတွေပါဝင်တဲ့ ဆေးညွှန်းပေးတယ်။ ဆေးညွှန်းအတိုင်း လိုက်လို့ ရောဂါသက်သာလာတယ်ဆိုရင် ဆရာဝန်ကို ကျေးဇူးတင်မှာပဲ။
၆ ဖန်ဆင်းရှင်လည်း ကျွန်တော်တို့ကို အပြစ်ရဲ့ ဆိုးကျိုးကနေ ကာကွယ်ဖို့၊ ဘဝတိုးတက်စေဖို့ ပညတ်တွေ ပေးထားတယ်။ လိမ်ပြောတာ၊ မကောင်းကြံစည်တာ၊ ခိုးတာ၊ လိင်အကျင့်ပျက်တာ၊ အကြမ်းဖက်တာ၊ နတ်ဆိုးပညာလိုက်စားတာနဲ့ပတ်သက်တဲ့ ကျမ်းစာပညတ်တွေ လိုက်နာခြင်းရဲ့ အကျိုးကို စဉ်းစားကြည့်ပါ။ (ပညာအလိမ္မာ ၆:၁၆-၁၉ ကိုဖတ်ပါ။ ဗျာ. ၂၁:၈) ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လိုက်တဲ့အတွက် အကျိုးခံစားရတဲ့အခါ ယေဟောဝါနဲ့ ပညတ်တွေကို မြတ်နိုးစိတ်၊ လေးမြတ်စိတ် တိုးပွားလာတယ်။
၇။ ကျမ်းစာပါ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ဖတ်ရှု၊ ဆင်ခြင်ခြင်းက ဘာလုပ်ဖို့ ကူညီပေးနိုင်သလဲ။
၇ ဘုရားသခင့် ပညတ်တွေ ချိုးဖောက်ပြီး ဆိုးကျိုးခံရမှ သင်ခန်းစာယူဖို့ မလိုပါဘူး။ ကျမ်းစာမှာပါတဲ့ တခြားသူတွေရဲ့ အမှားကနေ သင်ယူနိုင်ပါတယ်။ “ဉာဏ်ပညာရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်” လို့ ပညာအလိမ္မာ ၁:၅ မှာ ပြောတယ်။ ကျမ်းစာပါ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ဖတ်ရှု၊ ဆင်ခြင်ခြင်းကနေ ဘုရားသခင်ဆီက အကောင်းဆုံး သွန်သင်ချက်တွေ ရနိုင်ပါတယ်။ ဥပမာ၊ ယေဟောဝါရဲ့ ပညတ်ကို မနာခံဘဲ ဗာသရှေဘနဲ့ ဖောက်ပြန်ပြီးနောက် ဘုရင်ဒါဝိဒ် ခံစားခဲ့ရတဲ့ နာကျင်မှုကို စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၂:၇-၁၄) အဲဒီမှတ်တမ်းကို ဖတ်ရှု၊ ဆင်ခြင်တဲ့အခါ ‘ဗာသရှေဘနဲ့ ဖောက်ပြန်ပြီး စိတ်ဒုက္ခ မရောက်ရအောင် ဒါဝိဒ် ဘယ်လို ရှောင်နိုင်သလဲ။ ငါသာ အဲဒီလို သွေးဆောင်ခံရရင် လှည့်ထွက်သွားနိုင်မလား။ ယောသပ်လို ထွက်ပြေးမလား၊ ဒါဝိဒ်လို အလျှော့ပေးမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ (က. ၃၉:၁၁-၁၅) အပြစ်ရဲ့ ဆိုးကျိုးတွေကို စဉ်းစားခြင်းအားဖြင့် “မကောင်းမှုကို မုန်း” လာပါလိမ့်မယ်။
၈၊ ၉။ (က) ကျွန်တော်တို့ရဲ့ သိစိတ်က ဘာလုပ်ဖို့ ကူညီပေးသလဲ။ (ခ) ကျမ်းစာမူတွေက သိစိတ်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
၈ ဘုရားသခင် မုန်းတဲ့ အကျင့်တွေကို ကျွန်တော်တို့ ဝေးဝေးရှောင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ တိတိကျကျ မမိန့်မှာထားတဲ့ ဘဝကဏ္ဍတွေ၊ လုပ်ဆောင်မှုတွေလည်း ရှိတယ်။ အဲဒီလို ကဏ္ဍတွေမှာ ဘုရားသခင် နှစ်သက်လက်ခံရာကို ဘယ်လို သိနိုင်မလဲ။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ် ရှိမယ်ဆိုရင် သိနိုင်ပါတယ်။
၉ သိစိတ်ကို လမ်းညွှန်ပေးနိုင်တဲ့ အခြေခံမူတွေကို ယေဟောဝါ မေတ္တာပါစွာ ပေးထားတယ်။ ဘုရားသခင်က “ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့အရှင်ပဲ” လို့ ပြောတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ကျမ်းစာမူတွေကို လေးလေးနက်နက် တွေးတောဆင်ခြင်ခြင်းအားဖြင့် သိစိတ်ကို တည့်မတ်၊ လမ်းညွှန်၊ ပုံသွင်းနိုင်ပါတယ်။ ဒါက ပညာရှိဆုံးဖြတ်ချက်တွေ ချစေနိုင်တယ်။
ဘုရားသခင့် မူတွေ လမ်းညွှန်ပေးပါစေ
၁၀။ မူဆိုတာ ဘာလဲ။ ယေရှု ဘယ်လို ထိရောက်စွာ အသုံးပြုခဲ့သလဲ။
၁၀ မူဆိုတာ အတွေးအခေါ်၊ အပြုအမူတွေကို လမ်းညွှန်ပေးတဲ့ အခြေခံ အမှန်တရား ဖြစ်တယ်။ မူကို နားလည်ခြင်းက ပညတ်ပေးရှင် ယေဟောဝါလို စဉ်းစားတတ်ဖို့၊ ပညတ်ပေးရတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့ ကူညီပေးတယ်။ သဘောထားနဲ့ လုပ်ရပ်တချို့မှာ အကျိုးဆက်ရှိကြောင်း တပည့်တွေ နားလည်အောင် မူတွေသုံးပြီး ယေရှု သင်ပေးခဲ့တယ်။ ဥပမာ၊ နာကြည်းစိတ်က အကြမ်းဖက်မှုကို ဖြစ်စေနိုင်ကြောင်း၊ တပ်မက်စိတ်က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ဖြစ်စေနိုင်ကြောင်း သင်ပေးခဲ့တယ်။ (မ. ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈) ကောင်းစွာလေ့ကျင့်ထားတဲ့ သိစိတ်ရှိနိုင်ဖို့ ဘုရားသခင့် မူတွေရဲ့ လမ်းညွှန်မှု ခံယူရမယ်။ ဒီနည်းနဲ့ ဘုရားကို ဘုန်းထင်ရှားစေနိုင်တယ်။—၁ ကော. ၁၀:၃၁။
၁၁။ တစ်ယောက်နဲ့ တစ်ယောက် သိစိတ် ဘယ်လို ကွဲပြားနိုင်သလဲ။
၁၁ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ် ရှိတဲ့ ခရစ်ယာန်နှစ်ယောက်ဟာ ကိစ္စတချို့မှာ သဘောထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်။ အရက်ယမကာ သောက်သုံးတဲ့ကိစ္စကို သုံးသပ်ကြည့်ပါ။ အတော်အသင့် သောက်သုံးတာကို ကျမ်းစာ မတားမြစ်ဘူး။ သောက်ကြူးတာ၊ မူးယစ်တာကိုတော့ တားမြစ်ထားတယ်။ (ပညာ. ၂၀:၁။ ၁ တိ. ၃:၈) ဒါဟာ အတော်အသင့် သောက်သုံးနေသရွေ့ တခြားအချက်တွေကို ထည့်စဉ်းစားစရာ မလိုဘူးလို့ ဆိုလိုသလား။ မဆိုလိုဘူး။ ကိုယ့်သိစိတ် အနှောင့်အယှက် မဖြစ်ပေမဲ့ တခြားသူတွေရဲ့ သိစိတ်ကိုလည်း ထည့်စဉ်းစားရမယ်။
၁၂။ ရောမ ၁၄:၂၁ မှာပါတဲ့ စကားတွေက တခြားသူတွေရဲ့ သိစိတ်ကို လေးစားဖို့ ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ။
၁၂ တခြားသူတွေရဲ့ သိစိတ်ကို ထည့်စဉ်းစားဖို့ လိုကြောင်း ပေါလု ဒီလိုရေးတယ်– “ညီအစ်ကိုအတွက် တိုက်မိလဲစရာ ဖြစ်စေမယ်ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မလုပ်တာ အကောင်းဆုံးပါပဲ။” (ရော. ၁၄:၂၁) ကိုယ်နဲ့ သိစိတ်ချင်း မတူတဲ့ ညီအစ်ကို,ကို တိုက်မိလဲစေမယ်ဆိုရင် ကိုယ့်လုပ်ပိုင်ခွင့်ကို လိုလိုလားလား စွန့်လွှတ်မလား။ စွန့်လွှတ်မှာ သေချာပါတယ်။ ညီအစ်ကိုတချို့ဟာ အမှန်တရား မရခင်တုန်းက အရက် အလွန်အကျွံ သောက်ခဲ့သူတွေ ဖြစ်တယ်။ အခုတော့ လုံးဝ ရှောင်ဖို့ ဆုံးဖြတ်ထားတယ်။ အကျင့်ဟောင်း ပြန်ကျင့်မိအောင် ကျွန်တော်တို့ တွန်းအားပေးချင်မှာ မဟုတ်ပါဘူး။ (၁ ကော. ၆:၉၊ ၁၀) ဒါကြောင့် အိမ်ရှင်အနေနဲ့ အရက်မသောက်ချင်တဲ့ ညီအစ်ကို,ကို သောက်ဖို့ ဖိအားပေးတာ မေတ္တာမဲ့ရာကျပါတယ်။
၁၃။ တခြားသူတွေ သတင်းကောင်း လက်ခံလာအောင် တိမောသေ ဘယ်လို ပုံသက်သေကောင်း ပြခဲ့သလဲ။
၁၃ အသက် ၂၀ ဝန်းကျင် လူငယ် တိမောသေဟာ နာကျင်ပေမဲ့ အရေဖျားဖြတ်ခဲ့တယ်။ ဒါဟာ သူသွားဟောပြောတ. ၁၆:၃။ ၁ ကော. ၉:၁၉-၂၃) တိမောသေလိုပဲ သင်လည်း တခြားသူတွေရဲ့ အကျိုးအတွက် လိုလိုလားလား ကိုယ်ကျိုးစွန့်မလား။
မယ့် ဂျူးတွေအတွက် အရေးကြီးမှန်း သိလို့ပဲ။ တမန်တော်ပေါလုလိုပဲ တခြားသူတွေကို တိမောသေ တိုက်မိမလဲစေချင်ဘူး။ (“ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြ”
၁၄၊ ၁၅။ (က) ရင့်ကျက်မှုမှာ ဘာပါဝင်သလဲ။ (ခ) တခြားသူတွေကို မေတ္တာပြခြင်းက ရင့်ကျက်မှုနဲ့ ဘယ်လို ဆက်စပ်နေသလဲ။
၁၄ ခရစ်ယာန်အားလုံး “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံအယူဝါဒတွေကို ချန်ထားပြီး ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်း” သင့်တယ်။ (ဟီ. ၆:၁) ဒါဟာ အလိုလို ဖြစ်လာတာတော့ မဟုတ်ဘူး။ “တက်လှမ်း” နေဖို့၊ ဆက်ကြိုးစားနေဖို့ လိုတယ်။ ရင့်ကျက်ခြင်းမှာ အသိပညာနဲ့ ထိုးထွင်းဉာဏ် တိုးများအောင် လုပ်ဆောင်ခြင်း ပါဝင်တယ်။ ဒါကြောင့် နေ့တိုင်း ကျမ်းစာဖတ်ဖို့ လိုတယ်။ (ဆာ. ၁:၁-၃) အဲဒီလိုဖတ်ဖို့ ပန်းတိုင်ထားသလား။ ကျမ်းစာဖတ်ခြင်းက ယေဟောဝါရဲ့ ပညတ်နဲ့ မူတွေကို ပိုနားလည်စေတယ်။
၁၅ ခရစ်ယာန်တွေအတွက် အရေးကြီးဆုံးပညတ်ဟာ မေတ္တာပညတ်ပဲ။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) မေတ္တာကို “တော်ဝင်ပညတ်” လို့ တပည့်တော်ယာကုပ် ခေါ်ခဲ့တယ်။ (ယာ. ၂:၈) “မေတ္တာထားတာဟာ ပညတ်အားလုံးကို လိုက်နာနေတာပဲ” လို့ ပေါလု ပြောတယ်။ (ရော. ၁၃:၁၀) “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်” တယ်လို့ ကျမ်းစာမှာ ပြောတဲ့အတွက် မေတ္တာကို အလေးပေးထားတာ မဆန်းပါဘူး။ (၁ ယော. ၄:၈) ဘုရားသခင့်မေတ္တာဟာ ခံစားချက်သက်သက် မဟုတ်ဘူး။ “ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်” လို့ ယောဟန် ရေးခဲ့တယ်။ (၁ ယော. ၄:၉) ဘုရားသခင့်မေတ္တာက လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ ယေဟောဝါ၊ သားတော်၊ ညီအစ်ကို/မတွေအပြင် လူသားချင်းကို ချစ်ကြောင်း ပြတာဟာ ခရစ်ယာန် ရင့်ကျက်မှု ရှိကြောင်း အထောက်အထားပါပဲ။—မ. ၂၂:၃၇-၃၉။
၁၆။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာလေ မူတွေကို ဘာကြောင့် ပိုတန်ဖိုးထားလေ ဖြစ်သလဲ။
၁၆ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာလေ မူတွေကို ပို၁ ကော. ၁၅:၃၃) ဒါပေမဲ့ ကလေး ကြီးပြင်းလာတာနဲ့အမျှ စဉ်းစားတတ်လာပြီး ကျမ်းစာ အခြေခံမူတွေကို ဆင်ခြင်လာနိုင်တယ်။ ဒီလိုနဲ့ အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်တတ်လာတယ်။ (၁ ကောရိန္သု ၁၃:၁၁။ ၁၄:၂၀ ကိုဖတ်ပါ။) ကျမ်းစာမူတွေကို ဆင်ခြင်တဲ့အခါ သိစိတ်ဟာ ဘုရားသခင့် အတွေးအခေါ်နဲ့ ပိုကိုက်ညီပြီး ပိုစိတ်ချရတဲ့ လမ်းညွှန် ဖြစ်လာတယ်။
တန်ဖိုးထားလေပဲ။ ပညတ်တွေဟာ သတ်သတ်မှတ်မှတ် အခြေအနေတွေနဲ့ပဲ သက်ဆိုင်တယ်။ မူတွေကတော့ ပိုကျယ်ပြန့်တယ်။ ဥပမာ၊ မကောင်းတဲ့ အပေါင်းအသင်းရဲ့ အန္တရာယ်အကြောင်း ကလေးငယ်တစ်ယောက် နားမလည်သေးတဲ့အတွက် မိဘတွေက စည်းကမ်းတွေ ထုတ်ပြီး ကာကွယ်ပေးရတယ်။ (၁၇။ ပညာရှိဆုံးဖြတ်ချက်တွေ ချဖို့ လိုအပ်တာတွေကို ရထားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၇ ယေဟောဝါ နှစ်သက်တဲ့ ပညာရှိဆုံးဖြတ်ချက်တွေ ချဖို့ လိုအပ်တာမှန်သမျှ ရထားသလား။ ရထားပါတယ်။ ကျမ်းစာမှာပါတဲ့ ပညတ်တွေ၊ မူတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးခြင်းအားဖြင့် “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေလိမ့်မယ်။” (၂ တိ. ၃:၁၆၊ ၁၇) ဒါကြောင့် “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်” ဖို့ ကျမ်းစာမူတွေကို ရှာဖွေပါ။ (ဧ. ၅:၁၇) ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန်၊ ကင်းမျှော်စင် စာကြည့်တိုက်၊ အွန်လိုင်း ကင်းမျှော်စင် စာကြည့်တိုက်၊ JW Library app စတဲ့ လေ့လာမှု အထောက်အကူတွေကို ကောင်းကောင်း အသုံးပြုပါ။ အဲဒါတွေက ကိုယ်ပိုင်နဲ့ မိသားစု လေ့လာမှုကနေ အကျိုးအများဆုံး ရရှိစေနိုင်တယ်။
ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်က ကောင်းချီးတွေ ရစေ
၁၈။ ယေဟောဝါရဲ့ ပညတ်တွေ၊ မူတွေနဲ့အညီ လုပ်ဆောင်ရင် ဘာကောင်းချီးတွေ ရမလဲ။
၁၈ ယေဟောဝါရဲ့ ပညတ်နဲ့ မူတွေကို လိုက်နာခြင်းရဲ့ ကောင်းချီးတွေအကြောင်း ဆာလံ ၁၁၉:၉၇-၁၀၀ မှာ ဒီလိုဖတ်ရတယ်– “ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။ ပညတ်ချက်တွေ ကိုယ်နဲ့မကွာ အမြဲရှိနေလို့ ကျွန်တော်ဟာ ရန်သူတွေထက် ဉာဏ်ပညာ ရှိလာတယ်။ သတိပေးချက်တွေကို စဉ်းစားဆင်ခြင်လို့ ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာတယ်။ အမိန့်တော်တွေကို စောင့်ထိန်းလို့ အသက်ကြီးသူတွေထက် သိနားလည်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်တာပါ။” ဘုရားသခင့် ပညတ်တွေ၊ မူတွေကို အချိန်ယူ “စဉ်းစားဆင်ခြင်” မယ်ဆိုရင် ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ သိနားလည်မှုနဲ့အညီ လုပ်ဆောင်လာနိုင်မယ်။ ပညတ်တွေ၊ မူတွေအားဖြင့် သိစိတ်ကို လေ့ကျင့်ပေးဖို့ ဝီရိယရှိရှိ ကြိုးစားမယ်ဆိုရင် “ခရစ်တော်လို လုံးလုံးလျားလျား ရင့်ကျက်တဲ့အဖြစ်ကို ရောက်ရှိ” နိုင်ပါတယ်။—ဧ. ၄:၁၃။