လေ့လာရန် ဆောင်းပါး ၂၄
စာတန်ရဲ့ ထောင်ချောက်တွေကနေ သင် လွတ်မြောက်နိုင်
“မာရ်နတ် ထောင်ထားတဲ့ ကျော့ကွင်းကနေ လွတ်ကောင်း လွတ်နိုင်လိမ့်မယ်။”—၂ တိ. ၂:၂၆။
သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့
အကြိုသုံးသပ်ချက် *
၁။ စာတန်ကို မုဆိုးနဲ့ ဘာကြောင့် ခိုင်းနှိုင်းနိုင်သလဲ။
မုဆိုးမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ သားကောင်ကို ဖမ်းဖို့၊ သတ်ဖို့ပဲ။ ထောင်ချောက် အမျိုးမျိုး သုံးနိုင်တယ်။ ကျမ်းစာမှာတောင် အဲဒီအကြောင်း ပြောထားတယ်။ (ယောဘ ၁၈:၈-၁၀) မုဆိုးဟာ ထောင်ချောက်ဆင်နိုင်ဖို့ သားကောင်အကြောင်း သေသေချာချာ လေ့လာတယ်။ ဘယ်တွေ သွားတတ်သလဲ၊ ဘာကြိုက်တတ်သလဲ၊ ဘာနဲ့ ထောင်ဖမ်းရင် မိနိုင်မလဲ ဆိုတာမျိုးပေါ့။ စာတန်လည်း အဲဒီမုဆိုးလိုပဲ။ ကျွန်တော်တို့အကြောင်း သေသေချာချာ လေ့လာတယ်။ ကျွန်တော်တို့ ဘယ်တွေ သွားတတ်တယ်၊ ဘာတွေ စိတ်ဝင်စားတယ်ဆိုတာ သတိထားကြည့်တယ်။ ပြီးနောက် အလစ်မှာ ဖမ်းဖို့ ကျော့ကွင်း ထောင်တယ်။ ဒါပေမဲ့ စာတန့် ကျော့ကွင်းထဲ မိသွားရင်တောင် ဘယ်လို လွတ်မြောက်နိုင်ကြောင်း၊ စာတန့်ကျော့ကွင်းတွေကို ဘယ်လို ရှောင်နိုင်ကြောင်း ကျမ်းစာမှာ ပြောထားတယ်။
၂။ စာတန်ရဲ့ အထိရောက်ဆုံး ထောင်ချောက် နှစ်ခုက ဘာလဲ။
၂ စာတန်ရဲ့ အထိရောက်ဆုံး ထောင်ချောက် နှစ်ခုကတော့ မာနနဲ့ လောဘ ဖြစ်တယ်။ * အဲဒီထောင်ချောက်တွေ သုံးပြီး အောင်မြင်နေတာ နှစ်ပေါင်း ထောင်နဲ့ချီပြီ။ စာတန်ဟာ ထောင်ချောက် ဒါမှမဟုတ် ကျော့ကွင်း ထောင်ထားတဲ့ ငှက်ဖမ်းသမားလိုပဲ။ (ဆာ. ၉၁:၃) ဒါပေမဲ့ စာတန်ရဲ့ ထောင်ချောက်ထဲ ကျွန်တော်တို့ မိစရာ မလိုပါဘူး။ စာတန်ရဲ့ နည်းပရိယာယ်တွေကို ယေဟောဝါ ကြိုအသိပေးထားလို့ပဲ။—၂ ကော. ၂:၁၁။
၃။ ကျမ်းစာမှာ ပုံနမူနာတချို့ကို ယေဟောဝါ ဘာကြောင့် ဖော်ပြထားသလဲ။
၁ ကော. ၁၀:၁၁) သတိပေး ပုံနမူနာတွေကနေ သင်ယူပြီး စာတန့်ထောင်ချောက်တွေကို ရှောင်နိုင်တယ်ဆိုတာ ယေဟောဝါ သိတယ်။
၃ မာနနဲ့ လောဘ အန္တရာယ်အကြောင်း ယေဟောဝါ သတိပေးတဲ့ တစ်နည်းကတော့ အဲဒီလို ထောင်ချောက်ထဲ ကျရောက်ခဲ့သူတွေအကြောင်း ပြောပြခြင်းအားဖြင့်ပါပဲ။ ရင့်ကျက်တဲ့ ကျေးကျွန်တွေကိုတောင် စာတန် ထောင်ဖမ်းနိုင်ခဲ့ကြောင်း သိလာရပါမယ်။ ဒါဆို စာတန့်ထောင်ချောက်တွေကို မရှောင်နိုင်တော့ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ “ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ်” အဲဒီပုံနမူနာတွေကို ကျမ်းစာမှာ ယေဟောဝါ ဖော်ပြထားတာပါ။ (မာန ထောင်ချောက်
၄။ မာနစိတ် ဝင်လာရင် ဘယ်လို ဖြစ်သွားနိုင်သလဲ။
၄ စာတန်က ကျွန်တော်တို့ကို မာနကြီးစေချင်တယ်။ မာနစိတ် ဝင်လာရင် သူ့လို ဖြစ်ပြီး ထာဝရအသက် ဆုံးရှုံးမယ်ဆိုတာ သိတယ်။ (ပညာ. ၁၆:၁၈) လူတစ်ယောက်ဟာ ‘ထောင်လွှားလာပြီး မာရ်နတ် ခံရမယ့် ပြစ်ဒဏ်စီရင်မှုမျိုး ခံရနိုင်တယ်’ လို့ တမန်တော် ပေါလု သတိပေးတယ်။ (၁ တိ. ၃:၆၊ ၇) လူသစ်ဖြစ်စေ၊ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာသူ ဖြစ်စေ ဘယ်သူမဆို အဲဒီလို ဖြစ်သွားနိုင်တယ်။
၅။ ဒေသနာ ၇:၁၆၊ ၂၀ အရ မာနကြီးကြောင်း ဘယ်လို ပြမိနိုင်သလဲ။
၅ မာနကြီးသူတွေဟာ တစ်ကိုယ်ကောင်းဆန်တယ်။ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်အောင် စာတန် သွေးဆောင်တယ်။ ဥပမာ၊ မဟုတ်မမှန် စွပ်စွဲခံနေရသလား။ မတရား ဆက်ဆံခံနေရသလား။ အဲဒီအချိန်မှာ ယေဟောဝါ ဒါမှမဟုတ် ညီအစ်ကို/မတွေကို ကျွန်တော်တို့ အပြစ်တင်ရင် စာတန် သိပ်ပျော်မှာ။ ယေဟောဝါ ပေးတဲ့ ကျမ်းစာ လမ်းညွှန်ချက်အတိုင်း လိုက်တာထက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်တယ်လို့ စာတန် ထင်စေချင်တယ်။—ဒေသနာ ၇:၁၆၊ ၂၀ ကိုဖတ်ပါ။
၆။ နယ်သာလန်နိုင်ငံက ညီအစ်မဆီကနေ ဘာသိရသလဲ။
၆ နယ်သာလန်နိုင်ငံက ညီအစ်မ တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ တခြားသူတွေရဲ့ မစုံလင်မှုကြောင့် ဒေါသ၂၀၁၆၊ မတ်လ JW ရုပ်သံ® အစီအစဉ်မှာ တခြားသူတွေရဲ့ မစုံလင်မှုကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ အကြံပြုချက်တွေ ကြည့်ရတယ်။ “အသင်းတော်က ညီအစ်ကို/မတွေကို ပြောင်းလဲဖို့ထက် ကိုယ့်အမှားတွေကို ရိုးရိုးသားသား နှိမ့်ချစွာ မြင်တတ်ဖို့ လိုတယ်ဆိုတာ သိလာတယ်။ ယေဟောဝါနဲ့ အချုပ်အခြာအာဏာ ကိစ္စကို အာရုံစိုက်ဖို့ ဒီအစီအစဉ်က ကူညီပေးတယ်” လို့ ပြောတယ်။ ဆိုလိုတာကို သဘောပေါက်သလား။ အခက်အခဲ ကြုံရချိန်မှာ ယေဟောဝါကိုပဲ အာရုံစိုက်ပါ။ တခြားသူတွေကို ဘုရား မြင်သလို မြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ယေဟောဝါက သူတို့ရဲ့ အမှားတွေကို သိတာတောင် လိုလိုလားလား ခွင့်လွှတ်တယ်။ သင့်ကိုလည်း အဲဒီလိုပဲ ခွင့်လွှတ်စေချင်တယ်။—၁ ယော. ၄:၂၀။
ဖြစ်ပြီး ဆက်သည်းမခံနိုင်တော့ဘူးလို့ ခံစားရတယ်။ “ညီအစ်ကို/မတွေကို မကြည်ဖြူတဲ့အတွက် အထီးကျန်လာတယ်။ အသင်းတော် ပြောင်းဖို့တောင် ယောက်ျားကို ပြောခဲ့တယ်” လို့ ညီအစ်မ ပြောတယ်။ နောက်ပိုင်း၇။ ဘုရင် ဩဇိ ဘာဖြစ်သွားသလဲ။
၇ ယုဒဘုရင် ဩဇိဟာ မာနစိတ်ကြောင့် ရောင့်တက်လာပြီး သတိပေးစကားကို နားမထောင်ဘူး။ တကယ်တော့ ဩဇိဟာ စွမ်းဆောင်ရည် ရှိသူ ဖြစ်တယ်။ တိုက်ပွဲ များစွာ အောင်နိုင်ခဲ့တယ်။ မြို့တွေ တည်ဆောက်တယ်။ စိုက်ပျိုးရေးမှာလည်း အောင်မြင်တယ်။ “ယေဟောဝါက သူ့ကို တိုးတက်အောင်မြင်စေတယ်။” (၂ ရာ. ၂၆:၃-၇၊ ၁၀) ‘ဒါပေမဲ့ ဩဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတယ်’ လို့ ကျမ်းစာ ပြောတယ်။ ဗိမာန်တော်မှာ နံ့သာပေါင်း ပူဇော်ဖို့ ပုရောဟိတ်တွေကိုပဲ ယေဟောဝါ မိန့်မှာထားတာ။ ဒါပေမဲ့ ဩဇိဟာ နံ့သာပေါင်း ပူဇော်ဖို့ ရောင့်တက်စွာ ဗိမာန်တော်ထဲ ဝင်သွားတယ်။ သူ့လုပ်ရပ်ကို ယေဟောဝါ မနှစ်သက်လို့ အနာကြီးရောဂါနဲ့ ဒဏ်ခတ်လိုက်တယ်။ မာနကြီးတဲ့ ဩဇိဟာ ကျန်ဘဝတစ်လျှောက်လုံး အနာကြီးရောဂါ ခံစားခဲ့ရတယ်။—၂ ရာ. ၂၆:၁၆-၂၁။
၈။ ၁ ကောရိန္သု ၄:၆၊ ၇ ကို လိုက်နာတာက မာနကြီးတာကို ရှောင်ဖို့ ဘယ်လို ကူညီပေးသလဲ။
၈ ဩဇိလိုပဲ ကျွန်တော်တို့လည်း မာန ထောင်ချောက်ထဲ ကျရောက်နိုင်သလား။ ဟိုစေးအကြောင်း စဉ်းစားကြည့်ပါ။ အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်ပြီး အသင်းတော်မှာလည်း လေးစားခံရတဲ့ အကြီးအကဲ ဖြစ်တယ်။ အစည်းအဝေးပွဲတွေ၊ ခရိုင်အစည်းအဝေးတွေမှာ ဟောပြောချက် ပေးခွင့်ရသူ ဖြစ်တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေတောင် သူ့ဆီ အကြံဉာဏ် တောင်းကြတယ်။ “ကိုယ့်အစွမ်းအစ၊ အတွေ့အကြုံကိုပဲ အားကိုးပြီး ယေဟောဝါကို ဘေးချိတ်ထားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်ပြီး ယေဟောဝါရဲ့ သတိပေး၁ ကောရိန္သု ၄:၆၊ ၇ ကိုဖတ်ပါ။) ကျွန်တော်တို့ မာနကြီးမယ်ဆိုရင် ယေဟောဝါ သုံးမှာ မဟုတ်ဘူး။
ချက်နဲ့ ဆုံးမစကားကို ဂရုမစိုက်ခဲ့ဘူး” လို့ ဟိုစေး ပြောတယ်။ နောက်ပိုင်း၊ ကြီးလေးတဲ့ အပြစ် လုပ်မိပြီး နှင်ထုတ်ခံလိုက်ရတယ်။ အသင်းတော်ထဲ ပြန်ရောက်တာတော့ နှစ်အတော်ကြာပါပြီ။ “ရာထူး၊ ဂုဏ်ထူးတွေထက် ဘုရား မှာတဲ့အတိုင်း လုပ်ဖို့ အရေးကြီးတယ်ဆိုတာ ယေဟောဝါ သင်ပေးတယ်” လို့ အခု ဟိုစေး ပြောတယ်။ ကိုယ့်မှာ ရှိထားတဲ့ အစွမ်းအစတွေ၊ အသင်းတော်မှာ ရထားတဲ့ အခွင့်ထူးတွေဟာ ယေဟောဝါဆီက ဖြစ်ကြောင်း သတိရကြပါစို့။ (လောဘ ထောင်ချောက်
၉။ လောဘစိတ်ကြောင့် စာတန်နဲ့ ဧဝ ဘာလုပ်ခဲ့သလဲ။
၉ လောဘအကြောင်း စဉ်းစားလိုက်တာနဲ့ ကျွန်တော်တို့ စိတ်ထဲ စာတန် မာရ်နတ် ပေါ်လာမှာပဲ။ ယေဟောဝါရဲ့ ကောင်းကင်တမန် ဖြစ်ခဲ့ဖူးတဲ့ စာတန်မှာ အခွင့်ထူး များစွာ ရှိခဲ့မှာပဲ။ ဒါပေမဲ့ သူ ပိုလိုချင်လာတယ်။ ယေဟောဝါပဲ ရထိုက်တဲ့ ကိုးကွယ်မှုကို လိုချင်လာတယ်။ ကျွန်တော်တို့ကိုလည်း သူ့လိုပဲ ဖြစ်စေချင်တယ်။ ရှိတာနဲ့ မရောင့်ရဲဘဲ ပိုလိုချင်လာအောင် သွေးဆောင်တယ်။ ဧဝကို အဲဒီလိုပဲ သွေးဆောင်ခဲ့တယ်။ ယေဟောဝါက အာဒံနဲ့ ဧဝကို အပင်တစ်ပင်ကလွဲလို့ “ဥယျာဉ်ထဲမှာ ရှိတဲ့ အပင်အားလုံးရဲ့ အသီးကို” စိတ်ကြိုက် စားခွင့်ပေးထားတယ်။ (က. ၂:၁၆) ဒါပေမဲ့ တားမြစ်ထားတဲ့ အပင်ရဲ့ အသီးကိုပဲ စားချင်လာအောင် စာတန် သွေးဆောင်တယ်။ ဧဝဟာ ကိုယ့်မှာ ရှိတာတွေအတွက် ကျေးဇူးမတင်ဘဲ ပိုလိုချင်ခဲ့တယ်။ ဒါကြောင့် အပြစ်လုပ်မိပြီး နောက်ဆုံးမှာ သေခဲ့ရတယ်။—က. ၃:၆၊ ၁၉။
၁၀။ ဘုရင် ဒါဝိဒ် လောဘတက်လာတဲ့အခါ ဘာဖြစ်သွားသလဲ။
၁၀ ဘုရင် ဒါဝိဒ်ဟာ ဘုရားပေး လက်ဆောင်တွေ “ပြောမကုန်နိုင်အောင် များလှတယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (ဆာ. ၄၀:၅) ဒါပေမဲ့ လောဘတက်လာတဲ့အခါမှာတော့ ယေဟောဝါ ပေးထားတဲ့ ချမ်းသာကြွယ်ဝမှု၊ ထင်ပေါ်ကျော်ကြားမှု၊ ရန်သူတွေအပေါ် အောင်ပွဲခံနိုင်ခွင့် စတာတွေကို မေ့သွားတယ်။ မရောင့်ရဲတော့ဘူး။ ပိုလိုချင်လာတယ်။ ကိုယ့်မှာ မိန်းမ အများကြီး ရှိပေမဲ့ တခြားသူရဲ့ ဇနီးမယားကို တစ်ကိုယ်ကောင်းဆန်စွာ တပ်မက်လာတယ်။ ဟိတ္တိလူ ဥရိယရဲ့ ဇနီး ဗာသရှေဘနဲ့ အတူအိပ်တဲ့အတွက် ဗာသရှေဘမှာ ကိုယ်ဝန် ရှိလာတယ်။ ဒါဝိဒ်ဟာ သူများ မယားကို ပြစ်မှားရုံသာမက ယောက်ျားကိုပါ သတ်ဖို့ စီစဉ်တယ်။ (၂ ရှ. ၁၁:၂-၁၅) ဒါဝိဒ် ဘယ်လို စဉ်းစားခဲ့သလဲ။ ယေဟောဝါ မမြင်ပါဘူးလို့များ ထင်နေသလား။ ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိလာပြီးမှ လောဘကြောင့် ဒုက္ခ အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အမှား ကို ဝန်ခံပြီး နောင်တယူခဲ့လို့ ဝမ်းသာစရာပဲ။ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရလို့ သိပ်ကျေးဇူးတင်ခဲ့မှာပဲ။—၂ ရှ. ၁၂:၇-၁၃။
၁၁။ ဧဖက် ၅:၃၊ ၄ အရ လောဘစိတ်ကို ဘယ်လို တိုက်ထုတ်နိုင်သလဲ။
၁၁ ဒါဝိဒ်ရဲ့ ပုံနမူနာကနေ ဘာသိရသလဲ။ ယေဟောဝါ ပေးထားတာ အားလုံးအတွက် ကျေးဇူးတင်လေးမြတ်စိတ် ရှိနေမယ်ဆိုရင် လောဘစိတ်ကို တိုက်ထုတ်နိုင်တယ်ဆိုတာ သိရတယ်။ (ဧဖက် ၅:၃၊ ၄ ကိုဖတ်ပါ။) ကိုယ့်မှာ ရှိတာနဲ့ ရောင့်ရဲရမယ်။ ကျွန်တော်တို့ တခြားသူတွေကို ကျမ်းစာ သင်ပေးတဲ့အခါ ယေဟောဝါ ပေးထားတဲ့ သတ်သတ်မှတ်မှတ် ကောင်းချီးတစ်ခုအကြောင်း စဉ်းစားပြီး ကျေးဇူးတင်ဖို့ အားပေးလေ့ရှိတယ်။ လူတစ်ယောက်ဟာ အဲဒီလိုသာ နေ့တိုင်း လုပ်ရင် တစ်ပတ်ကြာတဲ့အခါ ကျေးဇူးတင်စရာ အကြောင်း ခုနစ်ခု ရှိလာမယ်။ (၁ သက်. ၅:၁၈) သင် အဲဒီလို လုပ်နေသလား။ သင့်အတွက် ယေဟောဝါ လုပ်ပေးထားတာ အားလုံးကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျေးဇူးတင်လေးမြတ်စိတ် ရှိလာမယ်။ ကျေးဇူးတင်စိတ် ရှိရင် ရောင့်ရဲလာမယ်။ ရောင့်ရဲရင် လောဘစိတ် ဝင်တော့မှာ မဟုတ်ဘူး။
၁၂။ လောဘစိတ်ကြောင့် ယုဒရှကာရုတ် ဘာလုပ်ခဲ့သလဲ။
၁၂ ယုဒရှကာရုတ်ဟာ လောဘစိတ်ကြောင့် သစ္စာဖောက် ဖြစ်သွားတယ်။ အစကတော့ သူ အဲဒီလို မဟုတ်ဘူး။ (လု. ၆:၁၃၊ ၁၆) တမန်တော်အဖြစ်တောင် သူ့ကို ယေရှု ရွေးချယ်ခဲ့တယ်။ ငွေသေတ္တာ ကိုင်ရသူ ဖြစ်လို့ စွမ်းဆောင်ရည် ရှိသူ၊ အားကိုးရသူ ဖြစ်တာ ထင်ရှားတယ်။ အဲဒီငွေကို ဟောပြောခြင်းလုပ်ငန်း အကုန်အကျအတွက် ယေရှုနဲ့ တမန်တော်တွေ သုံးတယ်။ ဒီနေ့ခေတ် ကမ္ဘာချီလုပ်ငန်း အလှူငွေလိုမျိုးပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ယုဒဟာ ငွေတွေ စခိုးလာတယ်။ လောဘနဲ့ပတ်သက်တဲ့ ယေရှုရဲ့ သတိပေးချက်တွေကို အကြိမ်ကြိမ် ကြားရတာတောင် လျစ်လျူရှုခဲ့တယ်။—မာ. ၇:၂၂၊ ၂၃။ လု. ၁၁:၃၉။ ၁၂:၁၅။
၁၃။ ဘယ်အချိန်မှာ ယုဒရဲ့ လောဘစိတ် သိသာထင်ရှားလာသလဲ။
၁၃ ယေရှု မသေဆုံးခင်လေးမှာ ယုဒရဲ့ လောဘ သိသာထင်ရှားလာတယ်။ အနာကြီးရောဂါသည် ရှိမုန်က အိမ်မှာ ယေရှုနဲ့ တပည့်တွေကို ဧည့်ခံတယ်။ မာရိ၊ မာသလည်း ရှိနေတယ်။ စားသောက်နေတုန်း မာရိက တန်ဖိုးကြီးတဲ့ ဆီမွှေးကို ယေရှု ခေါင်းပေါ် လောင်းလိုက်တယ်။ အဲဒါကို မြင်တဲ့အခါ ယုဒနဲ့ တခြားတပည့်တွေ စိတ်ဆိုးကြတယ်။ အဲဒီပိုက်ဆံကို ဆင်းရဲသားတွေအတွက် သုံးတာ ပိုကောင်းမယ်လို့ တခြားတပည့်တွေ ထင်နေကြတာ ဖြစ်နိုင်တယ်။ ယုဒ စိတ်ဆိုးတာကတော့ တခြား အကြောင်းကြောင့်ပဲ။ ငွေ “ခိုးယူ” ချင်လို့ ဖြစ်တယ်။ နောက်ပိုင်း၊ လောဘစိတ်ကြောင့် ကျွန်တစ်ယောက်ရဲ့ တန်ဖိုးနဲ့ ယေရှုကို သစ္စာဖောက်တဲ့အထိ ဖြစ်ခဲ့တယ်။—ယော. ၁၂:၂-၆။ မ. ၂၆:၆-၁၆။ လု. ၂၂:၃-၆။
၁၄။ လုကာ ၁၆:၁၃ မှာပါတဲ့ အကြံဉာဏ်ကို မောင်နှံတစ်စုံ ဘယ်လို လိုက်နာခဲ့သလဲ။
၁၄ “ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ နောက်လိုက်တွေကို ယေရှု သတိပေးတယ်။ (လုကာ ၁၆:၁၃ ကိုဖတ်ပါ။) အဲဒါ အခုအချိန်ထိ မှန်ကန်နေဆဲပါပဲ။ ယေရှု ပြောခဲ့တဲ့ စကားတွေကို ရိုမေးနီးယားက မောင်နှံတစ်စုံ ဘယ်လို ကျင့်သုံးခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ချမ်းသာတဲ့ နိုင်ငံတစ်ခုမှာ ယာယီအလုပ် လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ “ဘဏ်ကို အကြွေးဆပ်စရာ အများကြီး ရှိလို့ ဒီအလုပ် ရတာ ယေဟောဝါဆီက ကောင်းချီးပဲလို့ အစပိုင်းမှာ ထင်ခဲ့တယ်” ဆိုပြီး သူတို့ ပြောတယ်။ ဒါပေမဲ့ ပြဿနာက အလုပ် လက်ခံလိုက်ရင် ယေဟောဝါအတွက် အမှုဆောင်ဖို့ အချိန် နည်းနည်းပဲ ကျန်တော့မယ်။ ၂၀၀၈၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် “ပြည့်ဝသောနှလုံးဖြင့် တည်ကြည်မှုကို ထိန်းသိမ်းပါ” ဆောင်းပါးကို ဖတ်ပြီးနောက် ဆုံးဖြတ်ချက် ချခဲ့ကြတယ်။ “တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ရတဲ့ ရည်ရွယ်ချက်က ငွေပိုရှာဖို့ ဖြစ်မယ်ဆိုရင် ယေဟောဝါကို ဒုတိယနေရာ ထားလိုက်ရာ ကျမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်သွားမှာ သိနေတယ်” လို့ သူတို့ ပြောတယ်။ ဒါကြောင့် အဲဒီအလုပ်ကို ငြင်းလိုက်တယ်။ ဘာဆက်ဖြစ်သလဲ။ ယောက်ျားဖြစ်သူဟာ ကိုယ့်နိုင်ငံမှာပဲ လိုအပ်တဲ့ငွေ အလုံအလောက် ရစေမယ့် အလုပ်တစ်ခု တွေ့ခဲ့တယ်။ “ယေဟောဝါ ဘယ်တော့မှ လက်မတိုဘူး” လို့ ဇနီးဖြစ်သူ ပြောတယ်။ အခု အဲဒီမောင်နှံဟာ ငွေအစား ယေဟောဝါကို သခင်အဖြစ် အမှုဆောင်ရင်း ပျော်ရွှင်နေကြပြီ။
စာတန့်ထောင်ချောက်တွေကို ရှောင်ပါ
၁၅။ စာတန့်ထောင်ချောက်တွေကနေ လွတ်မြောက်နိုင်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၅ မာန ဒါမှမဟုတ် လောဘ ထောင်ချောက်ထဲ ကျနေတာ သတိထားမိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ လွတ်မြောက်နိုင်ပါတယ်။ မာရ်နတ် “အရှင်လတ်လတ် ဖမ်းဆီးထား” သူတွေ လွတ်မြောက်နိုင်တယ်လို့ ပေါလု ပြောတယ်။ (၂ တိ. ၂:၂၆) ဒါဝိဒ် အဲဒီလို လွတ်မြောက်ခဲ့တယ်။ နာသန်ရဲ့ ဆုံးမစကားကို နားထောင်ပြီး မိမိရဲ့ လောဘအတွက် နောင်တရခဲ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ခဲ့တယ်။ စာတန်ထက် ယေဟောဝါ တန်ခိုးကြီးတာကို ဘယ်တော့မှ မမေ့ပါနဲ့။ ယေဟောဝါရဲ့ အကူအညီကို လက်ခံမယ်ဆိုရင် မာရ်နတ် ထောင်ထားတဲ့ ဘယ်ထောင်ချောက်မျိုးကနေမဆို လွတ်မြောက်နိုင်ပါတယ်။
၁၆။ စာတန့် ထောင်ချောက်တွေကို ရှောင်နိုင်ဖို့ ဘာက ကူညီပေးမလဲ။
၁၆ စာတန့် ထောင်ချောက်တွေကနေ လွတ်မြောက်တာထက် မကျအောင် ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘုရား အကူအညီနဲ့သာ အဲဒီလို ရှောင်နိုင်မယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးသင့်ဘူး။ ယေဟောဝါကို နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူတွေတောင် မာနနဲ့ လောဘစိတ် ဝင်လာကြတယ်။ ဒါကြောင့် ကိုယ့်အတွေးနဲ့ လုပ်ရပ်တွေမှာ အဲဒီစိတ်တွေ လွှမ်းမိုးနေသလား သိနိုင်ဖို့ ယေဟောဝါဆီ နေ့တိုင်း အကူအညီ တောင်းပါ။ (ဆာ. ၁၃၉:၂၃၊ ၂၄) မာနစိတ်၊ လောဘစိတ် ဘယ်တော့မှ မဝင်လာပါစေနဲ့။
၁၇။ မကြာခင် ရန်သူမာရ်နတ် ဘာဖြစ်သွားမလဲ။
၁၇ စာတန် မုဆိုး လုပ်နေတာ နှစ်ပေါင်း ထောင်နဲ့ချီပြီ။ မကြာခင် ချုပ်နှောင်ခံရပြီး ဖျက်ဆီးခံရတော့မယ်။ (ဗျာ. ၂၀:၁-၃၊ ၁၀) အဲဒီနေ့ကို ကျွန်တော်တို့ မျှော်နေကြတယ်။ အဲဒီအချိန် မရောက်ခင်အထိတော့ စာတန့်ထောင်ချောက်တွေကို သတိပြုနေပါ။ မာနစိတ်၊ လောဘစိတ် မဝင်လာဖို့ ကြိုးစားကာကွယ်ပါ။ “မာရ်နတ်ကို ခုခံတွန်းလှန်” ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ‘ဒါဆိုရင် ကျွန်တော်တို့ဆီကနေ သူ ထွက်ပြေးသွားပါလိမ့်မယ်။’—ယာ. ၄:၇။
သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်
^ အပိုဒ်၊ 5 စာတန်ဟာ ကျွမ်းကျင်တဲ့ မုဆိုးနဲ့ တူတယ်။ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာပါစေ ကျွန်တော်တို့ကို ထောင်ဖမ်းဖို့ ကြိုးစားနေတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပျက်အောင် မာနနဲ့ လောဘကို စာတန် ဘယ်လို သုံးနေတယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ မာနနဲ့ လောဘ ထောင်ချောက်ထဲ ကျခဲ့သူ တချို့အကြောင်း၊ အဲဒီထောင်ချောက်တွေကို ဘယ်လို ရှောင်နိုင်ကြောင်း သိလာရပါမယ်။
^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ မာနစိတ်ဆိုတာ တခြားသူထက် ပိုသာတယ်ဆိုတဲ့ သဘောထား ဖြစ်ပြီး လောဘစိတ်ဆိုတာ ပိုက်ဆံ၊ အာဏာ၊ လိင်၊ တခြားအရာတွေကို ငမ်းငမ်းတက်လိုချင်တဲ့ ဆန္ဒ ဖြစ်တယ်။
^ အပိုဒ်၊ 53 ပုံအညွှန်း– ပညာရှိ လမ်းညွှန်ချက်ကို ညီအစ်ကိုတစ်ယောက် မာနကြီးစွာ ငြင်းဆန်နေ။ ပစ္စည်း အများကြီး ပိုင်ဆိုင်ထားပြီးသား ညီအစ်မဟာ နောက်ထပ် ပိုလိုချင်နေ။
^ အပိုဒ်၊ 55 ပုံအညွှန်း– ဘုရားသခင့် နာမ်ဝိညာဉ် သားတစ်ယောက်နဲ့ ဘုရင် ဩဇိ မာနစိတ် ဝင်လာ။ ဧဝ တားမြစ်ထားတဲ့ အသီး စားတာ၊ ဒါဝိဒ် ဗာသရှေဘနဲ့ ဖောက်ပြန်တာ၊ ယုဒ ငွေခိုးတာ အားလုံးဟာ လောဘကြောင့် ဖြစ်။